ကမာၻ႔အခ်မ္းသာဆံုးပုဂၢိဳဟ္မ်ား၏ ေငြေၾကးဆိုင္ရာသင္ခန္းစာမ်ား
ကမာၻ႔အခ်မ္းသာဆံုးပုဂၢိဳဟ္ေတြဟာ အျခားသူေတြနဲ႔ ကြဲျပားျခားနာစြာ ေတြးေခၚျပဳမူတတ္ၾကပါတယ္။ သူတို႔ဟာ ခ်မ္းသားၾကြယ္၀လာေအာင္ လုပ္ေဆာင္ႏိုင္စြမ္းရွိ႐ုံသာမက ပိုခ်မ္းသာလာေအာင္နဲ႔ မယုတ္ေလ်ာ့သြားေအာင္လည္း ထိန္းသိမ္းတတ္ၾကပါတယ္။ ဒီလို ေငြေရးေၾကးေရး ေအာင္ျမင္မႈေတြ ဘယ္လိုရရွိလာသလဲဆိုတာ သိခ်င္ရင္ေတာ့ သူတို႔ဆီက ေငြေၾကးဆိုင္ရာ အယူအဆ သင္ခန္းစာေတြကို ေလ့လာၾကည့္ဖို႔ လိုပါလိမ့္မယ္။
၁။ ေငြေၾကး = လြတ္လပ္မႈ
လြတ္လပ္မႈကို ေငြနဲ႔၀ယ္လို႔ေတာ့ မရပါဘူး။ ဒါေပမယ့္ သင့္ရဲ႕စား၀တ္ေနေရးလို အေျခခံလိုအပ္ခ်က္ေတြအတြက္ လုံေလာက္ပိုလွ်ံတဲ့ေငြေၾကးရွိမယ္ဆိုရင္ေတာ့ သင္လုပ္ခ်င္တာကို လုပ္ခ်င္တဲ့အခ်ိန္မွာ လုပ္ႏိုင္တဲ့လြတ္လပ္မႈကို ရရွိမွာျဖစ္ပါတယ္။။ လက္ရွိအလုပ္ကို မလုပ္ခ်င္ေတာ့ဘူးလား။ ထြက္လုိက္႐ုံပါပဲ။ အပန္းေျဖခရီးသြားခ်င္တာလား။ ျပႆနာမရွိပါဘူး။ ဘယ္အခ်ိန္အလုပ္လုပ္မယ္၊ ဘယ္အခ်ိန္အိပ္မယ္ ဆိုတာက သင့္ရဲ႕ေရြးခ်ယ္မႈပါပဲ။ ေနမေကာင္းရင္ေရာ။ အေကာင္းဆံုးဆရာ၀န္ေတြ၊ ေဆး၀ါးကုသမႈေတြ ရယူႏိုင္တာပဲ။ ဒါ့ေၾကာင့္ ေငြေၾကးဟာ လြတ္လပ္မႈလို႔ လူခ်မ္းသာေတြက ယူဆၾကပါတယ္။
၂။ ေန႔တိုင္း ရင္းႏွီးျမဳပ္ႏွံဖို႔အခြင့္အလမ္း ရွာေဖြပါ။
လူခ်မ္းသာေတြက အနာဂတ္အတြက္ အျမဲတမ္းေတြးေလ့ရွိၾကပါတယ္။ ဒါ့ေၾကာင့္ပဲ ေန႔စဥ္နဲ႔အမွ်ဆိုသလို ရင္းႏွီးျမဳပ္ႏွံမႈအခြင့္အလမ္းသစ္ေတြကို ရွာေဖြေနတတ္ၾကပါတယ္။ သူတို႔သားသမီးေတြက ေနာက္ဆံုးေပၚ လူမႈကြန္ယက္အေၾကာင္း ဒါမွမဟုတ္ စတိုးဆိုင္မွာ စားေသာက္ကုန္အသစ္ေတြ႕ခဲ့ေၾကာင္း ေျပာတာေတြေပၚမွာ မူတည္ၿပီးေတာ့ေတာင္မွ ဘယ္လိုေငြရွာလို႔ရမလဲဆိုတာကို ေတြးေနတတ္ၾကပါတယ္။ သူတို႔ၾကားေနရတဲ့ အေၾကာင္းအရာကို သူတို႔မႀကိဳက္ရင္ေတာင္မွ ေသခ်ာနားေထာင္တတ္ၾကပါတယ္။
၃။ ႐ႈပ္ေထြးေသာ ရင္းႏွီးျမဳပ္ႏွံမႈမ်ားကို ေရွာင္ရွားပါ။
႐ႈပ္ေထြးတဲ့ ရင္းႏွီးျမဳပ္ႏွံမႈပံုစံေတြကို လူခ်မ္းသာေတြက ေ၀းေ၀းကေရွာင္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ထိန္းခ်ဳပ္မရႏိုင္တဲ့ ျပႆနာေတြအမ်ားႀကီး ပါ၀င္လာႏိုင္လို႔ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူတို႔နားမလည္းတဲ့ ရင္းႏွီးျမဳပ္ႏွံမႈပံုစံေတြကို သူတို႔မစဥ္းစားပါဘူး။
၄။ မသံုးမျဖဳန္းတာကလည္း ေငြရွာနည္းတစ္ခုပါပဲ။
မသံုးမျဖဳန္းဘူးဆိုတာက အသံုးစရိတ္ေတြအားလံုးကို ျဖတ္ေတာက္ၿပီး ကပ္စီးကုပ္ေနဖို႔ ေျပာတာမဟုတ္ပါဘူး။ သင့္အတြက္ အဆင္ေျပႏိုင္ေလာက္တဲ့ အသံုးစရိတ္ေခၽြတာမႈက တျခားေနရာမွာ ရင္းႏွီးျမဳပ္ႏွံႏိုင္မွာ ျဖစ္ပါတယ္။ ဥပမာ – ရန္ကုန္ကေန မႏၱေလးကို အဆင္ေျပႏိုင္မယ္ဆိုရင္ ေလယာဥ္နဲ႔မသြားပဲ ကားနဲ႔သြားတာမ်ိဳးျဖစ္ပါတယ္။ ဒီလိုေခၽြတာလိုက္တဲ့အတြက္ အပိုထြက္လာတဲ့ေငြဟာ သင့္ရဲ႕၀င္ေငြျဖစ္ၿပီး ေနာက္ထပ္ရင္းႏွီးျမဳပ္ႏွံမႈအတြက္ အသံုးျပဳႏိုင္ပါတယ္။
၅။ ေငြရွာေပးႏိုင္သည့္ ပိုင္ဆိုင္မႈမ်ားအတြက္ သံုးစြဲပါ။
ေအာင္ျမင္ခ်မ္းသာသူေတြက သူတို႔ရဲ႕ေငြေၾကးေတြကို အ၀တ္အစားေတြ၊ ကားေတြ၀ယ္ဖို႔ခ်ည္းပဲ သံုးမပစ္တတ္ၾကပါဘူး။ သူတို႔အတြက္ အနာဂတ္မွာ ေငြျပန္ရွာေပးႏိုင္မယ့္ ပိုင္ဆိုင္မႈေတြကိုပဲ ၀ယ္ယူသံုးစြဲေလ့ရွိၾကပါတယ္။ ဥပမာ – အိမ္ျခံေျမေတြ ၀ယ္ထားတာလိုမ်ိဳးျဖစ္ပါတယ္။
၆။ ရင္းႏွီးျမဳပ္ႏွံမႈတစ္ခုတည္းမွာ စုျပဳံမထည့္၀င္ပါနဲ႕။
ရင္းႏွီးျမဳပ္ႏွံမႈတစ္ခုထဲမွာ ရွိသမွ်ေငြအားလံုးကို စုျပံဳထည့္၀င္တာဟာ မိုက္မဲရာက်ပါတယ္။ သင့္ရဲ႕ေငြေၾကးေတြကို စီးပြားေရးလုပ္ငန္းေတြ၊ အိမ္ျခံေျမေတြစတဲ့ အမ်ိဳးမ်ိဳးေသာ ရင္းႏွီးျမဳပ္ႏွံမႈေတြမွာ သီးျခားစီထည့္၀င္ထားသင့္ပါတယ္။ ရင္းႏွီးျမဳပ္ႏံွမႈကို ခြဲျခားတယ္ဆိုတာက လုပ္ငန္းနယ္ပယ္မတူတဲ့ ကုမၸဏီေတြမွာ သီးျခားစီထည့္၀င္တာကို ဆိုလိုပါတယ္။ ဒါမွသာ တစ္ခုခုက ဆံုး႐ႈံးရရင္ေတာင္မွ အျခားရင္းႏွီးျမဳပ္ႏွံမႈေတြက ဆက္လက္လည္ပတ္ေနမွာျဖစ္ပါတယ္။
၇။ အသားတင္ၾကြယ္၀မႈက ကိုယ္ပိုင္တန္ဖိုးမဟုတ္ပါဘူး။
အခ်စ္၊ ေလးစားမႈ၊ မိတ္ေဆြေကာင္းနဲ႔ ေပ်ာ္ရႊင္မႈ စတာေတြကို ေငြနဲ႔၀ယ္လို႔မရဘူးဆိုတာကို လူခ်မ္းသာေတြက သေဘာေပါက္ၾကပါတယ္။ သူတို႔ရ႕ဲ ပိုင္ဆိုင္မႈေတြက သူတို႔ရဲ႕တန္ဖိုးကို ျမွင့္တင္မေပးႏိုင္တာကို သိထားၾကပါတယ္။ ဒါ့ေၾကာင့္ ဇနီးမယား၊ သမီးသားေတြနဲ႔ အခ်ိန္ျဖဳန္းဖို႔ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပါးဖို႔ကို အခ်ိန္ေပးတတ္ၾကသလို လူမႈ၀န္ထမ္းအလုပ္ေတြ လုပ္ေဆာင္ၿပီးေတာ့လည္း သူတို႔ရဲ႕ကိုယ္ပိုင္တန္ဖိုးကို ျမွင့္တင္တတ္ၾကပါတယ္။
=================================================================================================
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုဟ်များ၏ ငွေကြေးဆိုင်ရာသင်ခန်းစာများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုဟ်တွေဟာ အခြားသူတွေနဲ့ ကွဲပြားခြားနာစွာ တွေးခေါ်ပြုမူတတ်ကြပါတယ်။ သူတို့ဟာ ချမ်းသားကြွယ်ဝလာအောင် လုပ်ဆောင်နိုင်စွမ်းရှိရုံသာမက ပိုချမ်းသာလာအောင်နဲ့ မယုတ်လျော့သွားအောင်လည်း ထိန်းသိမ်းတတ်ကြပါတယ်။ ဒီလို ငွေရေးကြေးရေး အောင်မြင်မှုတွေ ဘယ်လိုရရှိလာသလဲဆိုတာ သိချင်ရင်တော့ သူတို့ဆီက ငွေကြေးဆိုင်ရာ အယူအဆ သင်ခန်းစာတွေကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။
၁။ ငွေကြေး = လွတ်လပ်မှု
လွတ်လပ်မှုကို ငွေနဲ့ဝယ်လို့တော့ မရပါဘူး။ ဒါပေမယ့် သင့်ရဲ့စားဝတ်နေရေးလို အခြေခံလိုအပ်ချက်တွေအတွက် လုံလောက်ပိုလျှံတဲ့ငွေကြေးရှိမယ်ဆိုရင်တော့ သင်လုပ်ချင်တာကို လုပ်ချင်တဲ့အချိန်မှာ လုပ်နိုင်တဲ့လွတ်လပ်မှုကို ရရှိမှာဖြစ်ပါတယ်။။ လက်ရှိအလုပ်ကို မလုပ်ချင်တော့ဘူးလား။ ထွက်လိုက်ရုံပါပဲ။ အပန်းဖြေခရီးသွားချင်တာလား။ ပြဿနာမရှိပါဘူး။ ဘယ်အချိန်အလုပ်လုပ်မယ်၊ ဘယ်အချိန်အိပ်မယ် ဆိုတာက သင့်ရဲ့ရွေးချယ်မှုပါပဲ။ နေမကောင်းရင်ရော။ အကောင်းဆုံးဆရာဝန်တွေ၊ ဆေးဝါးကုသမှုတွေ ရယူနိုင်တာပဲ။ ဒါ့ကြောင့် ငွေကြေးဟာ လွတ်လပ်မှုလို့ လူချမ်းသာတွေက ယူဆကြပါတယ်။
၂။ နေ့တိုင်း ရင်းနှီးမြုပ်နှံဖို့အခွင့်အလမ်း ရှာဖွေပါ။
လူချမ်းသာတွေက အနာဂတ်အတွက် အမြဲတမ်းတွေးလေ့ရှိကြပါတယ်။ ဒါ့ကြောင့်ပဲ နေ့စဉ်နဲ့အမျှဆိုသလို ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းသစ်တွေကို ရှာဖွေနေတတ်ကြပါတယ်။ သူတို့သားသမီးတွေက နောက်ဆုံးပေါ် လူမှုကွန်ယက်အကြောင်း ဒါမှမဟုတ် စတိုးဆိုင်မှာ စားသောက်ကုန်အသစ်တွေ့ခဲ့ကြောင်း ပြောတာတွေပေါ်မှာ မူတည်ပြီးတော့တောင်မှ ဘယ်လိုငွေရှာလို့ရမလဲဆိုတာကို တွေးနေတတ်ကြပါတယ်။ သူတို့ကြားနေရတဲ့ အကြောင်းအရာကို သူတို့မကြိုက်ရင်တောင်မှ သေချာနားထောင်တတ်ကြပါတယ်။
၃။ ရှုပ်ထွေးသော ရင်းနှီးမြုပ်နှံမှုများကို ရှောင်ရှားပါ။
ရှုပ်ထွေးတဲ့ ရင်းနှီးမြုပ်နှံမှုပုံစံတွေကို လူချမ်းသာတွေက ဝေးဝေးကရှောင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ထိန်းချုပ်မရနိုင်တဲ့ ပြဿနာတွေအများကြီး ပါဝင်လာနိုင်လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့နားမလည်းတဲ့ ရင်းနှီးမြုပ်နှံမှုပုံစံတွေကို သူတို့မစဉ်းစားပါဘူး။
၄။ မသုံးမဖြုန်းတာကလည်း ငွေရှာနည်းတစ်ခုပါပဲ။
မသုံးမဖြုန်းဘူးဆိုတာက အသုံးစရိတ်တွေအားလုံးကို ဖြတ်တောက်ပြီး ကပ်စီးကုပ်နေဖို့ ပြောတာမဟုတ်ပါဘူး။ သင့်အတွက် အဆင်ပြေနိုင်လောက်တဲ့ အသုံးစရိတ်ချွေတာမှုက တခြားနေရာမှာ ရင်းနှီးမြုပ်နှံနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ – ရန်ကုန်ကနေ မန္တလေးကို အဆင်ပြေနိုင်မယ်ဆိုရင် လေယာဉ်နဲ့မသွားပဲ ကားနဲ့သွားတာမျိုးဖြစ်ပါတယ်။ ဒီလိုချွေတာလိုက်တဲ့အတွက် အပိုထွက်လာတဲ့ငွေဟာ သင့်ရဲ့ဝင်ငွေဖြစ်ပြီး နောက်ထပ်ရင်းနှီးမြုပ်နှံမှုအတွက် အသုံးပြုနိုင်ပါတယ်။
၅။ ငွေရှာပေးနိုင်သည့် ပိုင်ဆိုင်မှုများအတွက် သုံးစွဲပါ။
အောင်မြင်ချမ်းသာသူတွေက သူတို့ရဲ့ငွေကြေးတွေကို အဝတ်အစားတွေ၊ ကားတွေဝယ်ဖို့ချည်းပဲ သုံးမပစ်တတ်ကြပါဘူး။ သူတို့အတွက် အနာဂတ်မှာ ငွေပြန်ရှာပေးနိုင်မယ့် ပိုင်ဆိုင်မှုတွေကိုပဲ ဝယ်ယူသုံးစွဲလေ့ရှိကြပါတယ်။ ဥပမာ – အိမ်ခြံမြေတွေ ဝယ်ထားတာလိုမျိုးဖြစ်ပါတယ်။
၆။ ရင်းနှီးမြုပ်နှံမှုတစ်ခုတည်းမှာ စုပြုံမထည့်ဝင်ပါနဲ့။
ရင်းနှီးမြုပ်နှံမှုတစ်ခုထဲမှာ ရှိသမျှငွေအားလုံးကို စုပြုံထည့်ဝင်တာဟာ မိုက်မဲရာကျပါတယ်။ သင့်ရဲ့ငွေကြေးတွေကို စီးပွားရေးလုပ်ငန်းတွေ၊ အိမ်ခြံမြေတွေစတဲ့ အမျိုးမျိုးသော ရင်းနှီးမြုပ်နှံမှုတွေမှာ သီးခြားစီထည့်ဝင်ထားသင့်ပါတယ်။ ရင်းနှီးမြုပ်နှံမှုကို ခွဲခြားတယ်ဆိုတာက လုပ်ငန်းနယ်ပယ်မတူတဲ့ ကုမ္ပဏီတွေမှာ သီးခြားစီထည့်ဝင်တာကို ဆိုလိုပါတယ်။ ဒါမှသာ တစ်ခုခုက ဆုံးရှုံးရရင်တောင်မှ အခြားရင်းနှီးမြုပ်နှံမှုတွေက ဆက်လက်လည်ပတ်နေမှာဖြစ်ပါတယ်။
၇။ အသားတင်ကြွယ်ဝမှုက ကိုယ်ပိုင်တန်ဖိုးမဟုတ်ပါဘူး။
အချစ်၊ လေးစားမှု၊ မိတ်ဆွေကောင်းနဲ့ ပျော်ရွှင်မှု စတာတွေကို ငွေနဲ့ဝယ်လို့မရဘူးဆိုတာကို လူချမ်းသာတွေက သဘောပေါက်ကြပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေက သူတို့ရဲ့တန်ဖိုးကို မြှင့်တင်မပေးနိုင်တာကို သိထားကြပါတယ်။ ဒါ့ကြောင့် ဇနီးမယား၊ သမီးသားတွေနဲ့ အချိန်ဖြုန်းဖို့ သူငယ်ချင်းတွေနဲ့ ပျော်ပါးဖို့ကို အချိန်ပေးတတ်ကြသလို လူမှုဝန်ထမ်းအလုပ်တွေ လုပ်ဆောင်ပြီးတော့လည်း သူတို့ရဲ့ကိုယ်ပိုင်တန်ဖိုးကို မြှင့်တင်တတ်ကြပါတယ်။
=================================================================================================