Gentleman

လူခ်စ္လူခင္မ်ားၿပီး ေပၚျပဴလာျဖစ္ေစမယ့္ နည္းလမ္းမ်ား

လူခ်စ္လူခင္မ်ားၿပီး ေပၚျပဴလာျဖစ္ေစမယ့္ နည္းလမ္းမ်ား

အထက္တန္းေက်ာင္းသားဘ၀မွာဆိုရင္ လူသိမ်ားထင္ရွားမႈကို လိုခ်င္တတ္ၾကပါတယ္။ လူခ်စ္လူခင္မ်ားၿပီး ေပၚျပဴလာျဖစ္တယ္ဆိုရာမွာ ေကာင္းတာေၾကာင့္လည္း ရွိသလို မေကာင္းတာေတြေၾကာင့္လည္း ရွိပါတယ္။ ဒါေပမယ့္ လူတစ္ခ်ိဳ႕ကေတာ့ အားလံုးထက္ ေပၚျပဴလာျဖစ္ေနတာက အမွန္တရားပါပဲ။ ၿပီးေတာ့ သူတို႔ေတြ ေပၚျပဴလာျဖစ္တဲ့ အေၾကာင္းရင္းက လွပမႈ၊ နာမည္ႀကီးမႈနဲ႔ ဘ၀အေျခအေနျမင့္မားမႈေတြေၾကာင့္ မဟုတ္ပဲ အျခားလူေတြက သူတို႔ကို သေဘာမက်ပဲမေနႏိုင္ေအာင္ ျဖစ္ေနတတ္တာမ်ိဳးလည္း ရွိပါတယ္။ ဒီလိုျဖစ္ရတာက သူတို႔ရဲ႕ေနထိုင္ျပဳမႈတဲ့ နည္းလမ္းတစ္ခ်ိဳ႕ေၾကာင့္ပဲျဖစ္ပါတယ္။

၁။ အျခားသူေတြအေၾကာင္း အတင္းအဖ်င္း မေျပာတတ္ၾကဘူး။
လူခ်စ္လူခင္ေပါမ်ားၿပီး ေပၚျပဴလာျဖစ္သူေတြဟာ အျခားသူေတြနဲ႔ ပတ္သက္ၿပီး အပိုစာသားေတြ၊ အတင္းအဖ်င္းေတြ မေျပာတတ္ၾကပါဘူး။ ေနာက္ကြယ္မွာ အျခားလူေတြအေၾကာင့္ ေလွ်ာက္ေျပာေလ့မရွိတာေၾကာင့္ လူေတြက သူတို႔ကိုသေဘာက်တတ္ၾကတာျဖစ္ပါတယ္။

၂။ ဘ၀ကို လက္ေတြ႕က်က်႐ႈျမင္ၿပီး အ႐ႈံးေတြကို ရင္ဆိုင္တတ္တယ္။
အေျပာင္းအလဲမ်ားလြန္းတဲ့ ဘ၀မွာရွင္သန္ႏိုင္ဖို႔ ႐ႈံးနိမ့္မႈေတြကို ရင္ဆိုင္ႏိုင္စြမ္းရွိဖို႔ လိုပါတယ္။ ဒီလို အ႐ႈံးနဲ႔ ရင္ဆိုင္ဖို႔ သတိၱရွိသူေတြကို လူေတြက သေဘာက်ႏွစ္သက္တတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရတဲ့အခါမွာ သူတို႔ရဲ႕ေက်ာ္ျဖတ္ေအာင္ျမင္ခဲ့တဲ့ အေတြ႕အၾကံဳေတြကို ေ၀မွ်ေပးတတ္ၾကတာေၾကာင့္ ျဖစ္ပါတယ္။

၃။ အသိအမွတ္ျပဳနားလည္လက္ခံေပးတတ္တယ္။
လူခ်စ္လူခင္မ်ားသူေတြဟာ အျခားသူေတြကို နားလည္ေပးတတ္ၾကၿပီး အသိအမွတ္ျပဳတတ္ၾကပါတယ္။ ခ်ီးက်ဴးစကားကိုလည္း အလြယ္တကူေျပာႏိုင္ၾကပါတယ္။ ဒါ့အျပင္ သူတို႔ကို ခ်ီးက်ဴးစကားေျပာလာရင္လည္း ဂုဏ္ယူစြာနဲ႔ လက္ခံၿပီး ေက်းဇူးတင္ေၾကာင္း ေဖာ္ျပတတ္ၾကပါတယ္။

၄။ ဟာသဉာဏ္ရွိၾကတယ္။
တခၤႏုပတိၱဉာဏ္နဲ႔ ဟာသဓာတ္ခံရွိမႈေတြက ခ်စ္ျခင္းေမတၱာ၊ အေပါင္းအသင္းစိတ္ဓာတ္နဲ႔ အေကာင္းျမင္မႈေတြကို တည္ေဆာက္ေပးႏိုင္ပါတယ္။ ရယ္ေမာ္ေပ်ာ္ရႊင္မႈနဲ႔ တင္းက်ပ္ဖိစီးမႈေတြကို ေျပေလ်ာ့ေစႏိုင္ၿပီး တစ္ဦးနဲ႔တစ္ဦးကိုလည္း ပိုမိုရင္းႏွီးေစပါတယ္။

၅။ မေကာင္းျမင္မႈေတြကို ေျပလည္စြာ ကိုင္တြယ္ေျဖရွင္းတတ္ၾကတယ္။
မလိုမုန္းထားသူေတြကေတာ့ ဘာပဲလုပ္လုပ္ မေကာင္းျမင္ေနမွာပဲျဖစ္ပါတယ္။ လူတိုင္း စိတ္ေက်နပ္ေအာင္ မလုပ္ႏိုင္ဘူးဆိုတာကို လူခ်စ္လူခင္မ်ားသူေတြက နားလည္ထားၾကပါတယ္။ သူတို႔က အရွိအတိုင္းပဲ ေနထိုင္တတ္ၾကၿပီး အျခားသူေတြရဲ႕ မေကာင္းျမင္စိတ္ထားနဲ႔အျပဳအမူေတြကို အေကာင္းဆံုးေျဖရွင္းသြားတတ္ၾကပါတယ္။ အဆိုးျမင္သမားေတြကို ေ၀းေ၀းေရွာင္ၿပီး သူတို႔ေၾကာင့္ စိတ္ညစ္ညဴးမခံတတ္ၾကဘူ။

၆။ တဖက္လူမ်က္လံုးထဲကို ၾကည့္တတ္သလို သူတို႔မ်က္လံုးထဲကိုလည္း ျမင္ခြင့္ေပးတယ္။
လူခ်စ္လူခင္မ်ားသူေတြဟာ ႐ိုးသားပြင့္လင္းသူေတြျဖစ္ပါတယ္။ သူတို႔ ဘယ္လိုခံစားေနရတယ္ဆိုတာကို ဖံုးကြယ္မထားတတ္ၾကပါဘူး။ တစ္ေယာက္ေယာက္ရဲ႕ ခံစားခ်က္ကို မသိဘူးဆိုရင္ သူ႔ကို ယုံၾကည္ဖို႔ ခက္ခဲပါလိမ့္မယ္။ ဒါ့ေၾကာင့္ ႐ိုးသားပြင့္လင္းသူေတြကို လူေတြက သေဘာက်ႏွစ္သက္တတ္ၾကတာ ျဖစ္ပါတယ္။

၇။ ရင္းႏွီးေဖာ္ေရြတတ္ၾကတယ္။
အျခားသူေတြက သင့္ကို သေဘာက်ႏွစ္သက္ေစခ်င္တယ္ဆိုရင္ သင္ကိုယ္တိုင္ကလည္း သူတို႔ကို သေဘာက်ႏွစ္သက္ဖို႔ လိုပါတယ္။ လူခ်စ္လူခင္မ်ားသူေတြဟာ ပြင့္လင္းျမင္သာၿပီး ရင္းႏွီးေဖာ္ေရြတဲ့ ကိုယ္ေနဟန္ထားေတြကို အသံုးျပဳတတ္ၾကပါတယ္။ သူတို႔က မ်က္ႏွာတည္တည္၊ အထာႀကီးေတြနဲ႔ မေနတတ္ၾကပါဘူး။ ခ်စ္ခင္ေလးစားေလာက္စရာ ႐ိုးသားပြင္းလင္းတဲ့ပံုစံက လူခ်စ္လူခင္မ်ားျခင္းရဲ႕ အဓိကပံုစံတစ္ခုျဖစ္ပါတယ္။

၈။ ၀န္းက်င္သစ္ေတြမွာလည္း သူတို႔ရဲ႕အရည္အခ်င္းကို ယုံၾကည္မႈရွိၾကတယ္။
ေျပာင္းလဲမႈေတြ၊ မရင္းႏီွးေသးတဲ့ ပတ္၀န္းက်င္ေတြက ကၽြန္ေတာ္တို႔အမ်ားစုကို ေၾကာင္အမ္းအမ္းျဖစ္သြားေစပါတယ္။ ဒါေပမယ့္ ၀န္းက်င္သစ္မွာ စိုးရိမ္သိမ္ငယ္ေနမယ့္အစား အေတြ႕အၾကံဳသစ္ေတြကို ရရွိဖို႔ စိတ္အားထက္သန္သူေတြအတြက္ကေတာ့ ျပႆနာမရွိၾကပါဘူး။ လူခ်စ္လူခင္မ်ားသူေတြက အေျပာင္းအလဲေတြကို လမ္းဖြင့္ထားတတ္ၾကၿပီး အျခားသူေတြအေၾကာင္းကို သိလိုစိတ္မ်ားသလို စူးစမ္းေဖာ္ထုတ္မႈေတြကို စိတ္၀င္စားတတ္ၾကပါတယ္။

================================

လူချစ်လူခင်များပြီး ပေါ်ပြူလာဖြစ်စေမယ့် နည်းလမ်းများ

အထက်တန်းကျောင်းသားဘဝမှာဆိုရင် လူသိများထင်ရှားမှုကို လိုချင်တတ်ကြပါတယ်။ လူချစ်လူခင်များပြီး ပေါ်ပြူလာဖြစ်တယ်ဆိုရာမှာ ကောင်းတာကြောင့်လည်း ရှိသလို မကောင်းတာတွေကြောင့်လည်း ရှိပါတယ်။ ဒါပေမယ့် လူတစ်ချို့ကတော့ အားလုံးထက် ပေါ်ပြူလာဖြစ်နေတာက အမှန်တရားပါပဲ။ ပြီးတော့ သူတို့တွေ ပေါ်ပြူလာဖြစ်တဲ့ အကြောင်းရင်းက လှပမှု၊ နာမည်ကြီးမှုနဲ့ ဘဝအခြေအနေမြင့်မားမှုတွေကြောင့် မဟုတ်ပဲ အခြားလူတွေက သူတို့ကို သဘောမကျပဲမနေနိုင်အောင် ဖြစ်နေတတ်တာမျိုးလည်း ရှိပါတယ်။ ဒီလိုဖြစ်ရတာက သူတို့ရဲ့နေထိုင်ပြုမှုတဲ့ နည်းလမ်းတစ်ချို့ကြောင့်ပဲဖြစ်ပါတယ်။

၁။ အခြားသူတွေအကြောင်း အတင်းအဖျင်း မပြောတတ်ကြဘူး။
လူချစ်လူခင်ပေါများပြီး ပေါ်ပြူလာဖြစ်သူတွေဟာ အခြားသူတွေနဲ့ ပတ်သက်ပြီး အပိုစာသားတွေ၊ အတင်းအဖျင်းတွေ မပြောတတ်ကြပါဘူး။ နောက်ကွယ်မှာ အခြားလူတွေအကြောင့် လျှောက်ပြောလေ့မရှိတာကြောင့် လူတွေက သူတို့ကိုသဘောကျတတ်ကြတာဖြစ်ပါတယ်။

၂။ ဘဝကို လက်တွေ့ကျကျရှုမြင်ပြီး အရှုံးတွေကို ရင်ဆိုင်တတ်တယ်။
အပြောင်းအလဲများလွန်းတဲ့ ဘဝမှာရှင်သန်နိုင်ဖို့ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်နိုင်စွမ်းရှိဖို့ လိုပါတယ်။ ဒီလို အရှုံးနဲ့ ရင်ဆိုင်ဖို့ သတ္တိရှိသူတွေကို လူတွေက သဘောကျနှစ်သက်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူတို့ရဲ့ကျော်ဖြတ်အောင်မြင်ခဲ့တဲ့ အတွေ့အကြုံတွေကို ဝေမျှပေးတတ်ကြတာကြောင့် ဖြစ်ပါတယ်။

၃။ အသိအမှတ်ပြုနားလည်လက်ခံပေးတတ်တယ်။
လူချစ်လူခင်များသူတွေဟာ အခြားသူတွေကို နားလည်ပေးတတ်ကြပြီး အသိအမှတ်ပြုတတ်ကြပါတယ်။ ချီးကျူးစကားကိုလည်း အလွယ်တကူပြောနိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို ချီးကျူးစကားပြောလာရင်လည်း ဂုဏ်ယူစွာနဲ့ လက်ခံပြီး ကျေးဇူးတင်ကြောင်း ဖော်ပြတတ်ကြပါတယ်။

၄။ ဟာသဉာဏ်ရှိကြတယ်။
တင်္ခနုပတ္တိဉာဏ်နဲ့ ဟာသဓာတ်ခံရှိမှုတွေက ချစ်ခြင်းမေတ္တာ၊ အပေါင်းအသင်းစိတ်ဓာတ်နဲ့ အကောင်းမြင်မှုတွေကို တည်ဆောက်ပေးနိုင်ပါတယ်။ ရယ်မော်ပျော်ရွှင်မှုနဲ့ တင်းကျပ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပြီး တစ်ဦးနဲ့တစ်ဦးကိုလည်း ပိုမိုရင်းနှီးစေပါတယ်။

၅။ မကောင်းမြင်မှုတွေကို ပြေလည်စွာ ကိုင်တွယ်ဖြေရှင်းတတ်ကြတယ်။
မလိုမုန်းထားသူတွေကတော့ ဘာပဲလုပ်လုပ် မကောင်းမြင်နေမှာပဲဖြစ်ပါတယ်။ လူတိုင်း စိတ်ကျေနပ်အောင် မလုပ်နိုင်ဘူးဆိုတာကို လူချစ်လူခင်များသူတွေက နားလည်ထားကြပါတယ်။ သူတို့က အရှိအတိုင်းပဲ နေထိုင်တတ်ကြပြီး အခြားသူတွေရဲ့ မကောင်းမြင်စိတ်ထားနဲ့အပြုအမူတွေကို အကောင်းဆုံးဖြေရှင်းသွားတတ်ကြပါတယ်။ အဆိုးမြင်သမားတွေကို ဝေးဝေးရှောင်ပြီး သူတို့ကြောင့် စိတ်ညစ်ညူးမခံတတ်ကြဘူ။

၆။ တဖက်လူမျက်လုံးထဲကို ကြည့်တတ်သလို သူတို့မျက်လုံးထဲကိုလည်း မြင်ခွင့်ပေးတယ်။
လူချစ်လူခင်များသူတွေဟာ ရိုးသားပွင့်လင်းသူတွေဖြစ်ပါတယ်။ သူတို့ ဘယ်လိုခံစားနေရတယ်ဆိုတာကို ဖုံးကွယ်မထားတတ်ကြပါဘူး။ တစ်ယောက်ယောက်ရဲ့ ခံစားချက်ကို မသိဘူးဆိုရင် သူ့ကို ယုံကြည်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် ရိုးသားပွင့်လင်းသူတွေကို လူတွေက သဘောကျနှစ်သက်တတ်ကြတာ ဖြစ်ပါတယ်။

၇။ ရင်းနှီးဖော်ရွေတတ်ကြတယ်။
အခြားသူတွေက သင့်ကို သဘောကျနှစ်သက်စေချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း သူတို့ကို သဘောကျနှစ်သက်ဖို့ လိုပါတယ်။ လူချစ်လူခင်များသူတွေဟာ ပွင့်လင်းမြင်သာပြီး ရင်းနှီးဖော်ရွေတဲ့ ကိုယ်နေဟန်ထားတွေကို အသုံးပြုတတ်ကြပါတယ်။ သူတို့က မျက်နှာတည်တည်၊ အထာကြီးတွေနဲ့ မနေတတ်ကြပါဘူး။ ချစ်ခင်လေးစားလောက်စရာ ရိုးသားပွင်းလင်းတဲ့ပုံစံက လူချစ်လူခင်များခြင်းရဲ့ အဓိကပုံစံတစ်ခုဖြစ်ပါတယ်။

၈။ ဝန်းကျင်သစ်တွေမှာလည်း သူတို့ရဲ့အရည်အချင်းကို ယုံကြည်မှုရှိကြတယ်။
ပြောင်းလဲမှုတွေ၊ မရင်းနှီးသေးတဲ့ ပတ်ဝန်းကျင်တွေက ကျွန်တော်တို့အများစုကို ကြောင်အမ်းအမ်းဖြစ်သွားစေပါတယ်။ ဒါပေမယ့် ဝန်းကျင်သစ်မှာ စိုးရိမ်သိမ်ငယ်နေမယ့်အစား အတွေ့အကြုံသစ်တွေကို ရရှိဖို့ စိတ်အားထက်သန်သူတွေအတွက်ကတော့ ပြဿနာမရှိကြပါဘူး။ လူချစ်လူခင်များသူတွေက အပြောင်းအလဲတွေကို လမ်းဖွင့်ထားတတ်ကြပြီး အခြားသူတွေအကြောင်းကို သိလိုစိတ်များသလို စူးစမ်းဖော်ထုတ်မှုတွေကို စိတ်ဝင်စားတတ်ကြပါတယ်။

Related Posts

%%footer%%