ေအာင္ျမင္မႈဆီသို႔ တြန္းအားေပးသည့္ အရာတစ္ခု
ေအာင္ျမင္မႈအတြက္ အေရးအႀကီးဆံုးအရာက ဘာျဖစ္မယ္လို႔ ထင္ပါသလဲ။ ဉာဏ္ရည္ဉာဏ္ေတြ၊ အရည္အခ်င္း၊ စိတ္အားတက္ၾကြမႈ၊ ဇြဲလံု႔လ စသျဖင့္ အမ်ိဳးစံုေနေအာင္ ေျပာၾကာတာေတြ ၾကားဖူးပါလိမ့္မယ္။ ဒါေပမယ့္ တကယ္တမ္း အေရးအႀကီးဆံုးလိုအပ္ခ်က္ကေတာ့ ေအာင္ျမင္မႈကို ဆာေလာင္မြတ္သိပ္တဲ့ စိတ္ပဲ ျဖစ္ပါတယ္။ ဒီ ဆာေလာင္မႈမရွိဘူးဆိုရင္ က်န္တာေတြလည္း ရွိမလာႏိုင္ပါဘူး။ ေအာင္ျမင္မႈကို ဆာေလာင္ေနမွသာ စစ္မွန္တဲ့ေအာင္ျမင္မႈကို ရရွိမွာျဖစ္ပါတယ္။ မဟုတ္ရင္ေတာ့ သာမန္အေနအထားနဲ႔ပဲ ေက်နပ္ေနရမွာပါ။ ဒါ့ေၾကာင့္ ဆာေလာင္မႈက အေရးႀကီးရတဲ့အေၾကာင္းရင္း (၅)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ဆာေလာင္မႈက အ႐ႈံးကို ေမ့သြားေစတယ္။
ေအာင္ျမင္မႈကို အရမ္းဆာေလာင္ေနၿပီဆိုရင္ ဘာကိုမွ စဥ္းစားမေနပဲ ကိုယ္ေရာ စိတ္ပါ ရွိသမွ်ရင္းၿပီး လုပ္ေဆာင္မွာ ျဖစ္ပါတယ္။ အခြင့္သာခ်ိန္ဆိုတာမ်ိဳးကို ေစာင့္ေနမွာမဟုတ္ပါဘူး။
၂။ ဆာေလာင္မႈက တိုးတက္ဖြံ႕ၿဖိဳးမႈကို ေမာင္းႏွင္ေပးတယ္။
ေအာင္ျမင္မႈကို ဆာေလာင္ေနခ်ိန္မွာ ေတာ္သင့္ရံုဆိုတာမ်ိဳးကို ေက်နပ္မွာမဟုတ္ပါဘူး။ အေကာင္းဆံုးျဖစ္ဖို႔ကို ႀကိဳးစားမွာျဖစ္ပါတယ္။
၃။ ဆာေလာင္မႈက ေျဖရွင္းခ်က္ေတြ ရရွိေစတယ္။
အစာငတ္ေနခ်ိန္မွာ တစ္ခုခုကို မျဖစ္မေနရွာၾကံစားေသာက္သလိုပါပဲ။ ေအာင္ျမင္မႈကို ငတ္မြတ္ေနၿပီဆိုရင္ မျဖစ္ျဖစ္ေအာင္ လုပ္ခ်င္စိတ္ေတြရွိလာမွာ ျဖစ္ပါတယ္။
၄။ ဆာေလာင္မႈက ေမာင္းႏွင္ႏိုင္စြမ္းရွိတယ္။
ဆာေလာင္မႈကို တကူးတက စီစဥ္စရာမလိုပါဘူး။ သူ႔အလုိလို ေအာင္ျမင္မႈပန္းတိုင္ရွိရာကို ေမာင္းႏွင္သြားပါလိမ့္မယ္။
၅။ ဆာေလာင္မႈက မ်က္လံုးေတြကို ဖြင့္ေပးတယ္။
ေအာင္ျမင္မႈကို ဆာေလာင္ေနတဲ့စိတ္က အခြင့္အလမ္း ေသးေသးေလးကိုေတာင္မွ ျမင္ေတြ႕ႏုိင္ေအာင္ မ်က္လံုးေတြကို ဖြင့္ေပးမွျဖစ္ပါတယ္။
ေအာင္ျမင္မႈကို ဆာေလာင္တဲ့စိတ္ဟာ အလွည့္အေျပာင္းေတြကို ျဖစ္ေစပါတယ္။ သင္ကိုယ္တိုင္ကမွ တိုးတက္ေအာင္ျမင္ခ်င္စိတ္မရွိဘူးဆိုရင္ သင့္ကို တြန္းအားေပးမယ့္အရာ ရွိမွာမဟုတ္ပါဘူး။
================================================
အာင်မြင်မှုဆီသို့ တွန်းအားပေးသည့် အရာတစ်ခု
အောင်မြင်မှုအတွက် အရေးအကြီးဆုံးအရာက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။ ဉာဏ်ရည်ဉာဏ်တွေ၊ အရည်အချင်း၊ စိတ်အားတက်ကြွမှု၊ ဇွဲလုံ့လ စသဖြင့် အမျိုးစုံနေအောင် ပြောကြာတာတွေ ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်း အရေးအကြီးဆုံးလိုအပ်ချက်ကတော့ အောင်မြင်မှုကို ဆာလောင်မွတ်သိပ်တဲ့ စိတ်ပဲ ဖြစ်ပါတယ်။ ဒီ ဆာလောင်မှုမရှိဘူးဆိုရင် ကျန်တာတွေလည်း ရှိမလာနိုင်ပါဘူး။ အောင်မြင်မှုကို ဆာလောင်နေမှသာ စစ်မှန်တဲ့အောင်မြင်မှုကို ရရှိမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ သာမန်အနေအထားနဲ့ပဲ ကျေနပ်နေရမှာပါ။ ဒါ့ကြောင့် ဆာလောင်မှုက အရေးကြီးရတဲ့အကြောင်းရင်း (၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဆာလောင်မှုက အရှုံးကို မေ့သွားစေတယ်။
အောင်မြင်မှုကို အရမ်းဆာလောင်နေပြီဆိုရင် ဘာကိုမှ စဉ်းစားမနေပဲ ကိုယ်ရော စိတ်ပါ ရှိသမျှရင်းပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အခွင့်သာချိန်ဆိုတာမျိုးကို စောင့်နေမှာမဟုတ်ပါဘူး။
၂။ ဆာလောင်မှုက တိုးတက်ဖွံ့ဖြိုးမှုကို မောင်းနှင်ပေးတယ်။
အောင်မြင်မှုကို ဆာလောင်နေချိန်မှာ တော်သင့်ရုံဆိုတာမျိုးကို ကျေနပ်မှာမဟုတ်ပါဘူး။ အကောင်းဆုံးဖြစ်ဖို့ကို ကြိုးစားမှာဖြစ်ပါတယ်။
၃။ ဆာလောင်မှုက ဖြေရှင်းချက်တွေ ရရှိစေတယ်။
အစာငတ်နေချိန်မှာ တစ်ခုခုကို မဖြစ်မနေရှာကြံစားသောက်သလိုပါပဲ။ အောင်မြင်မှုကို ငတ်မွတ်နေပြီဆိုရင် မဖြစ်ဖြစ်အောင် လုပ်ချင်စိတ်တွေရှိလာမှာ ဖြစ်ပါတယ်။
၄။ ဆာလောင်မှုက မောင်းနှင်နိုင်စွမ်းရှိတယ်။
ဆာလောင်မှုကို တကူးတက စီစဉ်စရာမလိုပါဘူး။ သူ့အလိုလို အောင်မြင်မှုပန်းတိုင်ရှိရာကို မောင်းနှင်သွားပါလိမ့်မယ်။
၅။ ဆာလောင်မှုက မျက်လုံးတွေကို ဖွင့်ပေးတယ်။
အောင်မြင်မှုကို ဆာလောင်နေတဲ့စိတ်က အခွင့်အလမ်း သေးသေးလေးကိုတောင်မှ မြင်တွေ့နိုင်အောင် မျက်လုံးတွေကို ဖွင့်ပေးမှဖြစ်ပါတယ်။
အောင်မြင်မှုကို ဆာလောင်တဲ့စိတ်ဟာ အလှည့်အပြောင်းတွေကို ဖြစ်စေပါတယ်။ သင်ကိုယ်တိုင်ကမှ တိုးတက်အောင်မြင်ချင်စိတ်မရှိဘူးဆိုရင် သင့်ကို တွန်းအားပေးမယ့်အရာ ရှိမှာမဟုတ်ပါဘူး။