ဉာဏ္ႀကီးရွင္တစ္ေယာက္ရဲ႕ လကၡဏာမ်ား

[sg_popup id=”5″ event=”onload”][/sg_popup]ဉာဏ္ႀကီးရွင္တစ္ေယာက္ရဲ႕ လကၡဏာမ်ား

သင္လည္းပဲ ဉာဏ္ႀကီးရွင္တစ္ေယာက္ျဖစ္ႏိုင္တယ္ဆိုတာကို သင္သိပါသလား။ သင့္ကိုယ္သင္ ဉာဏ္ရည္ဉာဏ္ေသြး အရမ္းထက္ျမက္တယ္လို႔ မထင္ထားရင္ေတာင္မွ ဉာဏ္ႀကီးရွင္တစ္ေယာက္ရဲ႕ အမူအက်င့္ေတြရွိေနႏိုင္ပါတယ္။ ေသခ်ာေလ့လာၾကည့္မယ္ဆိုရင္ ဉာဏ္ႀကီးရွင္အမ်ားစုမွာ တူညီတဲ့ကိုယ္ရည္ကိုယ္ေသြး၊ အမူအက်င့္နဲ႔ အျပဳအမူေတြရိွတာကိုေတြ႕ႏိုင္ပါတယ္။ တကယ္လို႔ သင့္အေနနဲ႔ အခုေဖာ္ျပထားတဲ့လကၡဏာ(၇)ခုနဲ႔ ကိုက္ညီမႈရွိတယ္ဆိုရင္ ထင္ထားတာထက္ ပိုၿပီးထူးခၽြန္ထက္ျမက္သူတစ္ေယာက္ျဖစ္ႏိုင္ပါတယ္။

၁။ အရာအားလံုးကို စူးစမ္းသိရွိခ်င္တယ္။
ဘာသာရပ္အမ်ိဳးမ်ိဳးကို ဖတ္၊ ဘေလာ့ေတြအမ်ိဳးမ်ိဳးကို ေလ့လာ႐ုံသာမက ေခါင္းထဲမွာသိခ်င္တာ တစ္ခုခုရွိလာတိုင္း အေျဖကို အင္တာနက္ထဲမွာ ေမႊေႏွာက္ရွာေဖြေလ့ရွိပါသလား။ ဘာလုပ္ရင္ ဘာျဖစ္တယ္ဆိုတာကို လက္ေတြ႕စမ္းသပ္ၾကည့္လိုက္ရမွ ေက်နပ္တာမ်ိဳးရွိပါသလား။ ဉာဏ္ႀကီးရွင္ေတြက စူးစမ္းသိရွိခ်င္တဲ့လူေတြျဖစ္ပါတယ္။ သူတို႔ေခါင္းထဲမွာ ေမးခြန္းေတြအျမဲရွိေနၿပီး အေျဖကိုလည္း အျမဲတမ္းရွာေဖြေနတတ္ၾကပါတယ္။

၂။ သင့္ကိုယ္သင္ စကားေျပာတတ္တယ္။
ဟုတ္ပါတယ္။ သင့္ကိုယ္သင္ စကားေတြျပန္ေျပာေနမိလို႔ စိုးရိမ္မသြားပါနဲ႔။ ဒါက ဉာဏ္ႀကီးရွင္တို႔ရဲ႕ လကၡဏာတစ္ခုျဖစ္ပါတယ္။ သင့္ရဲ႕စိတ္ကအျမဲတမ္း ေတြးေတာဆင္ျခင္ေနတဲ့အခါမွာ အေမးပုစာၦေတြ၊ အေျပာစကားနဲ႔ စိတ္ကူးေတြ အမ်ားႀကီးရွိလာပါတယ္။ ဒီျဖစ္စဥ္ ပိုၿပီးျပင္ထန္လာတာနဲ႔အမ်ား သင့္ကိုယ္သင္ စကားေတြပိုၿပီးေျပာျဖစ္လာပါလိမ့္မယ္။

၃။ အျမဲတမ္းစာဖတ္တယ္။
လူအမ်ားစုက စာဖတ္ရတာကို သေဘာက်ၾကပါတယ္။ ဒါေပမယ့္ ဉာဏ္ႀကီးရွင္ေတြကေတာ့ စာဖတ္ျခင္းကို စြဲလမ္းေနၾကသူေတြျဖစ္ပါတယ္။ သာမန္ထက္ပိုၿပီးဉာဏ္ရည္ဉာဏ္ေသြးထက္ျမက္တဲ့ လူေတြကေတာ့ စာေပအမ်ိဳးအစားတစ္ခုတည္းကိုပဲ စြဲစြဲျမဲျမဲအာ႐ုံစိုက္ဖတ္႐ႈေလ့ရွိပါတယ္။ အမ်ားစုကေတာ့ နယ္ပယ္အမ်ိဳးမ်ိဳးက စာေပေတြကို ဖတ္ၾကပါတယ္။ သင့္အေနန႔ဲ ဘယ္လိုစာေပမ်ိဳးကိုပဲ ဖတ္သည္ျဖစ္ေစ၊ သင့္စာအုပ္စင္မွာ စာအုပ္ေတြနဲ႔ျပည့္ေနၿပီး ေနာက္ထပ္လည္းအသစ္အသစ္ေတြကို ဖတ္ခ်င္ေနတယ္ဆိုရင္ေတာ့ ဉာဏ္ႀကီးရွင္စာရင္း၀င္ေနၿပီလို႔ ဆိုႏိုင္ပါတယ္။

၄။ ဉာဏ္ရည္ဉာဏ္ေသြးကို စိန္ေခၚရတာမ်ိဳးကို သေဘာက်တယ္။
က်ိဳးေၾကာင္းဆက္စပ္ေတြးေခၚရတာေတြ၊ စာလံုးဆက္တာေတြ၊ ဉာဏ္စမ္းပေဟဠိေတြ စသျဖင့္ ဦးေႏွာက္ကို စမ္းသပ္တဲ့ ကစားနည္းေတြကို သေဘာက်ပါသလား။ ဒါဆိုရင္ေတာ့ ဉာဏ္ရည္ထက္ျမက္သူေတြနဲ႔ တူညီတဲ့ အေလ့အက်င့္တစ္ခုရွိတယ္လို႔ ဆိုႏိုင္ပါတယ္။ ဉာဏ္ႀကီးရွင္အမ်ားစုက အျခားသူေတြ Facebook ၾကည့္ေနၾကခ်ိန္မွာ ဆူဒိုကုပုစာၦေတြ၊ စကားလံုးရွာေဖြတာေတြကို လုပ္ၿပီးအခ်ိန္ကုန္တတ္ၾကပါတယ္။

၅။ သတိေမ့ေလ်ာ့တတ္တယ္။
အရမ္းဉာဏ္ေကာင္းတဲ့လူေတြရဲ႕ စိတ္ထဲမွာ ႐ႈပ္ေထြးနက္နဲတဲ့အေၾကာင္းအရာေတြ ျပည့္ႏွက္ေနတတ္ပါတယ္။ သူတို႔ေခါင္းထဲမွာ စိတ္ကူးေတြ၊ စီမံခ်က္ေတြက ေနရာယူထားတတ္တဲ့အတြက္ သာမန္႐ိုးရွင္းလြယ္ကူတဲ့ ကိစၥေတြကို ေမ့တတ္ေလ်ာ့တတ္ၾကပါတယ္။ အရမ္းေတာ္တဲ့လူေတြက တစ္ခါတစ္ေလမွာ အခန္းထဲကို ၀င္လာၿပီး ဘာေၾကာင့္၀င္လာတာလဲဆိုတာကို ေမ့ေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ပဲ သူတို႔ေတြက မၾကာခဏဆိုသလို ပစၥည္းေမ့က်န္ခဲ့တာ၊ ခ်ိန္းထားၿပီးေမ့ေနတာမ်ိဳးေတြ ျဖစ္တတ္ၾကပါတယ္။

၆။ မေကာင္းတဲ့အတိတ္ဆိုးေတြရွိခဲ့ဖူးတယ္။
ဉာဏ္ႀကီးရွင္အမ်ားစုမွာ မေကာင္းတဲ့အတိတ္ဆိုးေတြ ရွိခဲ့ၾကတာကို ကၽြန္ေတာ္တို႔ဖတ္ဖူးၾကပါတယ္။ တခ်ိဳ႕ေတြဆိုရင္ အရမ္းကိုသိမ္ႏုတ္တဲ့ဘ၀ကိုျဖတ္သန္းခဲ့ရသလို၊ တစ္ခ်ိဳ႕ေတြကေတာ့ မူးယစ္ေဆး၀ါးသံုးစြဲတာ၊ အရက္စြဲလမ္းတာေတြ ျဖစ္ခဲ့ဖူးၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေကာင္းတဲ့ကိစၥမဟုတ္ေပမယ့္ မဟုတ္တာေတြလုပ္ခဲ့ဖူးၿပီး၊ မေကာင္းတဲ့အတိတ္ဆိုးေတြရွိခဲ့ဖူးတာကလည္း ဉာဏ္ႀကီးရွင္တို႔ရဲ႕ လကၡဏာတစ္ခုလို႔ ဆိုႏိုင္ပါတယ္။

၇။ အေတြးလြန္ၿပီး စိုးရိမ္တတ္တယ္။
ဉာဏ္ႀကီးရွင္ေတြက ကိုယ့္ကိုယ္ကို ယုံၾကည္မႈအျပည့္ရွိတယ္လို႔ ထင္ပါသလား။ တကယ္တမ္းကေတာ့ သူတို႔မွာလည္း သံသယေတြအျပည့္ရွိေနတတ္ပါတယ္။ အေရးကိစၥတစ္ခုနဲ႔ပတ္သက္ၿပီး အျဖဴအမဲသဲကြဲတဲ့ ေျဖရွင္းခ်က္တစ္ခုပဲ ရွိတာမဟုတ္ဘူးဆိုတာကို သူတို႔သိထားၾကပါတယ္။ အမွန္တရားက တစ္ျဖည္းျဖည္းခ်င္း ေပၚေပါက္လာတတ္တာမ်ိဳးလို႔ လက္ခံထားတတ္ၾကပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ သူတို႔ေတြက ယုံၾကည္မႈကင္းမဲ့သြားတတ္ၾကပါတယ္။

======================

ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ လက္ခဏာများ

သင်လည်းပဲ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်နိုင်တယ်ဆိုတာကို သင်သိပါသလား။ သင့်ကိုယ်သင် ဉာဏ်ရည်ဉာဏ်သွေး အရမ်းထက်မြက်တယ်လို့ မထင်ထားရင်တောင်မှ ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ အမူအကျင့်တွေရှိနေနိုင်ပါတယ်။ သေချာလေ့လာကြည့်မယ်ဆိုရင် ဉာဏ်ကြီးရှင်အများစုမှာ တူညီတဲ့ကိုယ်ရည်ကိုယ်သွေး၊ အမူအကျင့်နဲ့ အပြုအမူတွေရှိတာကိုတွေ့နိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အခုဖော်ပြထားတဲ့လက္ခဏာ(၇)ခုနဲ့ ကိုက်ညီမှုရှိတယ်ဆိုရင် ထင်ထားတာထက် ပိုပြီးထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်နိုင်ပါတယ်။

၁။ အရာအားလုံးကို စူးစမ်းသိရှိချင်တယ်။
ဘာသာရပ်အမျိုးမျိုးကို ဖတ်၊ ဘလော့တွေအမျိုးမျိုးကို လေ့လာရုံသာမက ခေါင်းထဲမှာသိချင်တာ တစ်ခုခုရှိလာတိုင်း အဖြေကို အင်တာနက်ထဲမှာ မွှေနှောက်ရှာဖွေလေ့ရှိပါသလား။ ဘာလုပ်ရင် ဘာဖြစ်တယ်ဆိုတာကို လက်တွေ့စမ်းသပ်ကြည့်လိုက်ရမှ ကျေနပ်တာမျိုးရှိပါသလား။ ဉာဏ်ကြီးရှင်တွေက စူးစမ်းသိရှိချင်တဲ့လူတွေဖြစ်ပါတယ်။ သူတို့ခေါင်းထဲမှာ မေးခွန်းတွေအမြဲရှိနေပြီး အဖြေကိုလည်း အမြဲတမ်းရှာဖွေနေတတ်ကြပါတယ်။

၂။ သင့်ကိုယ်သင် စကားပြောတတ်တယ်။
ဟုတ်ပါတယ်။ သင့်ကိုယ်သင် စကားတွေပြန်ပြောနေမိလို့ စိုးရိမ်မသွားပါနဲ့။ ဒါက ဉာဏ်ကြီးရှင်တို့ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့စိတ်ကအမြဲတမ်း တွေးတောဆင်ခြင်နေတဲ့အခါမှာ အမေးပုစ္ဆာတွေ၊ အပြောစကားနဲ့ စိတ်ကူးတွေ အများကြီးရှိလာပါတယ်။ ဒီဖြစ်စဉ် ပိုပြီးပြင်ထန်လာတာနဲ့အများ သင့်ကိုယ်သင် စကားတွေပိုပြီးပြောဖြစ်လာပါလိမ့်မယ်။

၃။ အမြဲတမ်းစာဖတ်တယ်။
လူအများစုက စာဖတ်ရတာကို သဘောကျကြပါတယ်။ ဒါပေမယ့် ဉာဏ်ကြီးရှင်တွေကတော့ စာဖတ်ခြင်းကို စွဲလမ်းနေကြသူတွေဖြစ်ပါတယ်။ သာမန်ထက်ပိုပြီးဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ လူတွေကတော့ စာပေအမျိုးအစားတစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲအာရုံစိုက်ဖတ်ရှုလေ့ရှိပါတယ်။ အများစုကတော့ နယ်ပယ်အမျိုးမျိုးက စာပေတွေကို ဖတ်ကြပါတယ်။ သင့်အနေနဲ့ ဘယ်လိုစာပေမျိုးကိုပဲ ဖတ်သည်ဖြစ်စေ၊ သင့်စာအုပ်စင်မှာ စာအုပ်တွေနဲ့ပြည့်နေပြီး နောက်ထပ်လည်းအသစ်အသစ်တွေကို ဖတ်ချင်နေတယ်ဆိုရင်တော့ ဉာဏ်ကြီးရှင်စာရင်းဝင်နေပြီလို့ ဆိုနိုင်ပါတယ်။

၄။ ဉာဏ်ရည်ဉာဏ်သွေးကို စိန်ခေါ်ရတာမျိုးကို သဘောကျတယ်။
ကျိုးကြောင်းဆက်စပ်တွေးခေါ်ရတာတွေ၊ စာလုံးဆက်တာတွေ၊ ဉာဏ်စမ်းပဟေဠိတွေ စသဖြင့် ဦးနှောက်ကို စမ်းသပ်တဲ့ ကစားနည်းတွေကို သဘောကျပါသလား။ ဒါဆိုရင်တော့ ဉာဏ်ရည်ထက်မြက်သူတွေနဲ့ တူညီတဲ့ အလေ့အကျင့်တစ်ခုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဉာဏ်ကြီးရှင်အများစုက အခြားသူတွေ Facebook ကြည့်နေကြချိန်မှာ ဆူဒိုကုပုစ္ဆာတွေ၊ စကားလုံးရှာဖွေတာတွေကို လုပ်ပြီးအချိန်ကုန်တတ်ကြပါတယ်။

၅။ သတိမေ့လျော့တတ်တယ်။
အရမ်းဉာဏ်ကောင်းတဲ့လူတွေရဲ့ စိတ်ထဲမှာ ရှုပ်ထွေးနက်နဲတဲ့အကြောင်းအရာတွေ ပြည့်နှက်နေတတ်ပါတယ်။ သူတို့ခေါင်းထဲမှာ စိတ်ကူးတွေ၊ စီမံချက်တွေက နေရာယူထားတတ်တဲ့အတွက် သာမန်ရိုးရှင်းလွယ်ကူတဲ့ ကိစ္စတွေကို မေ့တတ်လျော့တတ်ကြပါတယ်။ အရမ်းတော်တဲ့လူတွေက တစ်ခါတစ်လေမှာ အခန်းထဲကို ဝင်လာပြီး ဘာကြောင့်ဝင်လာတာလဲဆိုတာကို မေ့နေတတ်ကြပါတယ်။ ဒါ့ကြောင့်ပဲ သူတို့တွေက မကြာခဏဆိုသလို ပစ္စည်းမေ့ကျန်ခဲ့တာ၊ ချိန်းထားပြီးမေ့နေတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။

၆။ မကောင်းတဲ့အတိတ်ဆိုးတွေရှိခဲ့ဖူးတယ်။
ဉာဏ်ကြီးရှင်အများစုမှာ မကောင်းတဲ့အတိတ်ဆိုးတွေ ရှိခဲ့ကြတာကို ကျွန်တော်တို့ဖတ်ဖူးကြပါတယ်။ တချို့တွေဆိုရင် အရမ်းကိုသိမ်နုတ်တဲ့ဘဝကိုဖြတ်သန်းခဲ့ရသလို၊ တစ်ချို့တွေကတော့ မူးယစ်ဆေးဝါးသုံးစွဲတာ၊ အရက်စွဲလမ်းတာတွေ ဖြစ်ခဲ့ဖူးကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတဲ့ကိစ္စမဟုတ်ပေမယ့် မဟုတ်တာတွေလုပ်ခဲ့ဖူးပြီး၊ မကောင်းတဲ့အတိတ်ဆိုးတွေရှိခဲ့ဖူးတာကလည်း ဉာဏ်ကြီးရှင်တို့ရဲ့ လက္ခဏာတစ်ခုလို့ ဆိုနိုင်ပါတယ်။

၇။ အတွေးလွန်ပြီး စိုးရိမ်တတ်တယ်။
ဉာဏ်ကြီးရှင်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်လို့ ထင်ပါသလား။ တကယ်တမ်းကတော့ သူတို့မှာလည်း သံသယတွေအပြည့်ရှိနေတတ်ပါတယ်။ အရေးကိစ္စတစ်ခုနဲ့ပတ်သက်ပြီး အဖြူအမဲသဲကွဲတဲ့ ဖြေရှင်းချက်တစ်ခုပဲ ရှိတာမဟုတ်ဘူးဆိုတာကို သူတို့သိထားကြပါတယ်။ အမှန်တရားက တစ်ဖြည်းဖြည်းချင်း ပေါ်ပေါက်လာတတ်တာမျိုးလို့ လက်ခံထားတတ်ကြပါတယ်။ ဒီအချက်ကြောင့်ပဲ သူတို့တွေက ယုံကြည်မှုကင်းမဲ့သွားတတ်ကြပါတယ်။

%d bloggers like this: