အသက္ ၂၀ ၀န္းက်င္ကိုု အေကာင္းဆံုုးဘယ္လိုုျဖတ္သန္းၾကမလဲ

[sg_popup id=”6″ event=”onload”][/sg_popup]အသက္ ၂၀ ၀န္းက်င္ကိုု အေကာင္းဆံုုးဘယ္လိုုျဖတ္သန္းၾကမလဲ

[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

အောင်မြင်ကျော်ကြားသူတိုင်း အသက်၂ဝတွင် လုပ်ခဲ့သော အရာ(၁၈)ခု

အသက်(၂၀)ပတ်ဝန်းကျင်ဆိုတာ ဘဝတစ်ခုလုံးအတွက် အရေးကြီးတဲ့ အပြောင်းအလဲတွေကို ဆုံးဖြတ်ပေးနိုင်တဲ့ အချိန်ပါ။ကိုယ်ကိုယ်တိုင်တွေ့ကြုံရတဲ့ အတွေ့အကြုံတွေထက် ဘယ်သူပြောပြတာကမှ မကောင်းနိုင်ပါပေမယ့် အောက်ဖော်ပြပါအချက် (၁၈)ချက်ကတော့ အသက်(၂၀)ပတ်ဝန်းကျင်ကို ဘယ်လိုအကောင်းဆုံးဖြတ်သန်းမလဲဆိုတဲ့ အချက်တွေကို နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့သူတွေက ပြောပြထားပါတယ်။

၁။သူတို့အချိန်ကို ကောင်းကောင်းအသုံးချခဲ့ပါတယ်။
လုပ်နေတဲ့အလုပ်တိုင်းကို ပြီးရမယ့်အချိန်သတ်မှတ်ထားဖို့နဲ့ အလုပ်အများအပြားကို တစ်ပြိုင်နက်တည်းမလုပ်ဖို့ဆိုတဲ့ အချက်(၂)ချက်က အချိန်ကို ဘယ်လိုအသုံးချရမလဲဆိုတာကို ကောင်းစွာစီမံခန့်ခွဲစေပါတယ်။
၂။သူတို့ပိုက်ဆံကို အရေးအကြီးဆုံးအရာလို့ မတွေးထားကြပါဘူး။

ပိုက်ဆံရှာနိုင်တာကတော့ ကောင်းတဲ့အချက်တစ်ချက်ပါ။ဒါပေမယ့် ငွေကို ကိုးကွယ်ဖို့တော့မလိုအပ်ပါဘူး။
၃။သူတို့ ငွေစုကြတယ်။

ဘဏ်တစ်ခုက စာရင်းကောက်ယူချက်အရ အသက်(၂၀)ပတ်ဝန်းကျင်လူ(၁၀၀၃)ယောက်အနက် (၆၉)ရာခိုင်နှုန်းက အငြိမ်းစားယူရမယ့်အချိန်တွေအတွက် ကြိုတင်ပြီးငွေစုတဲ့ အကျင့် မရှိတတ်ကြပါဘူး။
၄။သူတို့မှာ အကြွေးထားလေ့မရှိပါဘူး။ရှိရင်လည်း အမြန်ပြန်ပေးဖို့ အစီအမံတွေ လုပ်ထားကျပါတယ်။

အကြွေးမရှိရင် ကောင်းပါတယ်။အကြွေးရှိရင်တော့ အဲ့ဒီအကြွေးက တဖြည်းဖြည်းပိုများလာဖို့ပဲရှိပါတယ်။အကြွေးတွေကို ကိုယ်တတ်နိုင်တဲ့အချိန်မှာ အမြန်ဆုံးပြန်ပေးဖို့ အစီအစဉ်တစ်ခုဆွဲပါ။ကိုယ်မတတ်နိုင်တဲ့အရာတွေကို အကြွေးဝယ်ဖို့ သိပ်ပြီးတော့ အစီအစဉ်မဆွဲပါနဲ့နော်။
၅။ကျန်းမာရေးဂရုစိုက်ပါ။

အသက်ကြီးလာလေလေ လေ့ကျင့်ခန်းလုပ်ဖို့ သက်လုံမကောင်းတော့လေလေ ဖြစ်ပါတယ်။အသက်ငယ်တုန်းမှာ လေ့ကျင့်ခန်းအနည်းငယ်လုပ်လိုက်ပါ။
၆။သူတို့မှာ ခံနိုင်ရည်စွမ်းအားမြင့်မားကျပါတယ်။

အမြဲတမ်းအနိုင်ရနေမှာမဟုတ်ပါဘူး။ဒါပေမယ့် ရှုံးနိမ့်တဲ့အချိန်မှာ အမြန်ဆုံးပြန်လည်ထူထောင်နိုင်တာက အောင်မြင်သူတစ်ဦးရဲ့ အရည်အချင်းတစ်ရပ်ပါ။
၇။သူတို့ကလူတိုင်းရဲ့ စိတ်အလိုမလိုက်ကျပါဘူး။

အသက်(၂၀)ပတ်ဝန်းကျင်အရွယ်ဆိုတာ သက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုတည်ထောင်ဖို့အတွက် ပတ်ဝန်းကျင်တစ်ခုရဖို့ အပေါင်းအသင်းဝင်ဆံ့ရမယ့်အရွယ်ပါ။လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံနိုင်တာ ရင်းနှီးနေတာက လုပ်သင့်တဲ့အလုပ်မှန်း သင်လည်းသိနေမှာပါ။ဒါပေမယ့် ကိုယ့်ကိုမနှစ်သက်တဲ့ ကိုယ်ကလည်း မနှစ်သက်တဲ့လူတွေနဲ့ တွေ့ဆုံရမှာကလည်း သဘာဝပါပဲ။အဲ့ဒီလိုလူတွေအတွက်နဲ့တော့ ကိုယ့်ကိုကိုယ်မပြောင်းလဲလိုက်ပါနဲ့။

၈။သူတို့က ပေါင်းရသင်းရလွယ်ပါတယ်။

အသက်(၂၀)ပတ်ဝန်းကျင်လူငယ်တွေရဲ့ အဓိကပြသာနာကတော့ သူတို့ဟာ ပုံသေကားချနေထိုင်ကျင့်သုံးခြင်းပါ။ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင်နေပြီး အတွေးသစ်အမြင်သစ်တွေကို လက်ခံရယူလိုက်ပါ။အသက်(၂၀)ပတ်ဝန်းကျင်မှာ သဟဇာတဖြစ်အောင်နေပြီး ပတ်ဝန်းကျင်တစ်ခုထဲမှာ နေရာရနေတာက အသက်(၃၀)ပတ်ဝန်းကျင်မှာ ပျော်ရွှင်နေရပါလိမ့်မယ်။

၉။သူတို့က အခက်အခဲကို ကြိုတင်တွက်ဆထားတတ်ကြပါတယ်။

တကယ်တော့ ကိုယ်ရဲ့ရည်မှန်းချက်ကို ချိုးနှိမ်ထားသလိုပဲ ကိုယ်တာဝန်မဲ့ခဲ့တဲ့အလုပ်ရဲ့ ရလဒ်ကို ပြန်ခံနေရတာက ဆိုးရွားလွန်းလှပါတယ်။ဖြစ်လာနိုင်တဲ့အခြေအနေတစ်ခုကို အချိန်ယူတွက်ဆပြီး ဆိုးရွားတဲ့ရလဒ်အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
၁၀။သူတို့က ပညာဆက်သင်နေတုန်းပါပဲ။

အဆင့်မြင့်တက္ကသိုလ်တွေက ဘွဲ့ဒီဂရီတွေကြောင့် သင်က ပိုတော်ပိုတတ်ပြီး ပိုဂုဏ်ရှိနေပါလိမ့်မယ်။ဒါပေမယ့် ဆက်လက်ပြီး လေ့လာသင်ကြားခြင်း မလုပ်ဘူးဆိုရင်တော့ အဲ့ဒီပညာတွေက အလဟာသဖြစ်သွားပါလိမ့်မယ်။လုပ်ငန်းအကြောင်းကို စာဖတ်နိုင်သလောက်ရှာဖတ်ပြီး ကျောင်းသင်ခန်းစာတွေထဲမှာ မသင်ခဲ့ရတဲ့ ပေါင်းသင်းဆက်ဆံနိုင်စွမ်းတို့ ညှိနှိုင်းနိုင်စွမ်းတို့ ဆွဲဆောင်နိုင်စွမ်းတို့လို အရည်အချင်းတွေကို မြှင့်တင်လိုက်ပါ။
၁၁။သူတို့က သူတို့ကိုယ်သူတို့ နေရာတစ်ခုထဲ ပိတ်ထားလေ့မရှိပါဘူး။

အသက်(၂၀)ပတ်ဝန်းကျင်အရွယ်ဆိုတာ ကိုဟ်ပိုင်ဝင်ငွေနဲ့ သွားဖို့လာဖို့ ရင့်ကျက်တဲ့အရွယ်ဖြစ်ပြီး လူအများဆီကနေ လေ့လာသင်ယူဖို့တော့ မရင့်ကျက်သေးတဲ့အရွယ် ဖြစ်ပါတယ်။
သွားနိုင်လာနိုင်သမျှ သွားရင်းလာရင်းနဲ့ ကိုယ်နဲ့အဝေးမှာ ရှိနေတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ ရှာဖွေလိုက်ပါ။
၁၂။သူတို့က အပေါင်းအသင်းတွေနဲ့ အဆက်အသွယ်မပြတ်ဘူး။

လူတိုင်းက သူတို့ဘဝနဲ့သူတို့ ရုန်းကန်လှုပ်ရှားရင်း အချိန်ကုန်နေတာကြောင့် အပေါင်းအသင်းတွေကို အဆက်အသွယ်ပြတ်တတ်ကျလို့ အဆက်အသွယ်မပြတ်ပဲ နီးကပ်နေတတ်ကျဖို့ ဆိုတာ သတိထားလုပ်ကိုင်ရမှာဖြစ်ပါတယ်။မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အဆက်အသွယ်သိပ်မပြတ်တဲ့သူဟာ အောင်မြင်ဖို့ သူများထက်ရှေ့ရောက်ဖို့ပိုလွယ်ပါတယ်။သူတို့မှာ နေရာအသီးသီးကနေ အကြံအစည်ကောင်းများစွာ ရရှိနေလို့ပါ။
၁၃။သူတို့ကို ပိုတော်အောင် လုပ်ပေးတဲ့သူတွေကို သစ္စာစောင့်သိကျတယ်။

အချင်းချင်းသစ္စာမစောင့်သိတဲ့ အပေါင်းအသင်း(သို့မဟုတ်)လုပ်ငန်းဖော်ကို ဆက်ပြီး တွဲဖက်အလုပ်လုပ်ပေါင်းသင်းမနေသင့်ပါဘူး။
၁၄။သူတို့က ဥပေက္ခာထားရမယ့်အရာကို ဥပေက္ခာပြုတယ်။

အပျက်အစီးတွေကို ဆုပ်ကိုင်ထားမယ်ဆိုရင် ဘဝတစ်ခုလုံးက စိတ်ပျက်စရာကောင်းနေပါလိမ့်မယ်။ဥပေက္ခာပြုသင့်တဲ့ အဆိုးတွေကို ဥပေက္ခာပြုလိုက်ပါ။

၁၅။သူတို့ရဲ့ဆုံးဖြတ်ချက်တိုင်းရဲ့ ရိုက်ခတ်မှုကို သေချာတွေးတယ်။

စိတ်ခံစားချက်တစ်ခုကြောင့် မိုက်မိုက်မဲမဲပြုလုပ်လိုက်တဲ့ အပြုအမူတစ်ခုက သင့်ကို နှစ်ပေါင်းများစွာ ပျော်ရွှင်မှုကင်းမဲ့သွားစေနိုင်ပါတယ်။
၁၆။မိဘတွေက အမြဲမမှန်ဘူးဆိုတာကို သူတို့တွေသိတယ်။

မိဘတွေဆိုတာလည်း လူတွေပါပဲ။လူတွေဆိုတာ အမြဲတမ်းတော့ မမှန်တတ်ဘူးလေ။
၁၇။သူတို့က ရိုးသားဖြောင့်မတ်ကျတယ်။

အမှန်တရားဆိုတာ ခါးသီးပါတယ်။လက်ခံနိုင်ရလောက်အောင်ရိုးသားဖြောင့်မတ်လိုက်ပါ။ကိုယ့်ကိုကိုယ် ရိုးသားဖြောင့်မတ်လိုက်လေလေ ကိုယ်ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာကို ပိုပိုပြီးသဘောပေါက်လာပါလိမ့်မယ်။
၁၈။သူတို့ကကိုယ်ရေးကိုယ်တာတွေကို အဆင်ပြေစေဖို့ အလုပ်ပိုလုပ်ပါတယ်။

လုပ်နေတဲ့အလုပ်ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အလုပ်လုပ်ရင်းနဲ့ ငြီးငွေ့လာရင် ဘဝတိုးတက်ဖို့ ကြိုးစားနေရမယ်ဆိုတာကို သတိရလ်ို္က်ပါ။

[/showhide]

အသက္(၂၀)ပတ္ဝန္းက်င္ဆိုတာ ဘဝတစ္ခုလံုးအတြက္ အေရးၾကီးတဲ့ အေျပာင္းအလဲေတြကို ဆံုးျဖတ္ေပးနိုင္တဲ့ အခ်ိန္ပါ။ကိုယ္ကိုယ္တိုင္ေတြ႕ၾကံဳရတဲ့ အေတြ႕အၾကံဳေတြထက္ ဘယ္သူေျပာျပတာကမွ မေကာင္းနိုင္ပါေပမယ့္ ေအာက္ေဖာ္ျပပါအခ်က္ (၁၈)ခ်က္ကေတာ့ အသက္(၂၀)ပတ္ဝန္းက်င္ကို ဘယ္လိုအေကာင္းဆံုးျဖတ္သန္းမလဲဆိုတဲ့ အခ်က္ေတြကို နယ္ပယ္အသီးသီးမွာ ေအာင္ျမင္ေနတဲ့သူေတြက ေျပာျပထားပါတယ္။

၁။သူတို႕အခ်ိန္ကို ေကာင္းေကာင္းအသံုးခ်ခဲ့ပါတယ္။
လုပ္ေနတဲ့အလုပ္တိုင္းကို ျပီးရမယ့္အခ်ိန္သတ္မွတ္ထားဖို႕နဲ႕ အလုပ္အမ်ားအျပားကို တစ္ျပိဳင္နက္တည္းမလုပ္ဖို႕ဆိုတဲ့ အခ်က္(၂)ခ်က္က အခ်ိန္ကို ဘယ္လိုအသံုးခ်ရမလဲဆိုတာကို ေကာင္းစြာစီမံခန္႕ခြဲေစပါတယ္။

၂။သူတို႕ပိုက္ဆံကို အေရးအၾကီးဆံုးအရာလို႕ မေတြးထားၾကပါဘူး။

ပိုက္ဆံရွာနိုင္တာကေတာ့ ေကာင္းတဲ့အခ်က္တစ္ခ်က္ပါ။ဒါေပမယ့္ ေငြကို ကိုးကြယ္ဖို႔ေတာ့မလိုအပ္ပါဘူး။

၃။သူတို႕ ေငြစုၾကတယ္။

ဘဏ္တစ္ခုက စာရင္းေကာက္ယူခ်က္အရ အသက္(၂၀)ပတ္ဝန္းက်င္လူ(၁၀၀၃)ေယာက္အနက္ (၆၉)ရာခိုင္ႏႈန္းက အျငိမ္းစားယူရမယ့္အခ်ိန္ေတြအတြက္ ၾကိဳတင္ျပီးေငြစုတဲ့ အက်င့္ မရွိတတ္ၾကပါဘူး။

၄။သူတို႕မွာ အေၾကြးထားေလ့မရွိပါဘူး။ရွိရင္လည္း အျမန္ျပန္ေပးဖို႕ အစီအမံေတြ လုပ္ထားက်ပါတယ္။

အေၾကြးမရွိရင္ ေကာင္းပါတယ္။အေၾကြးရွိရင္ေတာ့ အဲ့ဒီအေၾကြးက တျဖည္းျဖည္းပိုမ်ားလာဖို႕ပဲရွိပါတယ္။အေၾကြးေတြကို ကိုယ္တတ္နိုင္တဲ့အခ်ိန္မွာ အျမန္ဆံုးျပန္ေပးဖို႕ အစီအစဥ္တစ္ခုဆြြဲပါ။ကိုယ္မတတ္နိုင္တဲ့အရာေတြကို အေၾကြးဝယ္ဖို႕ သိပ္ျပီးေတာ့ အစီအစဥ္မဆြဲပါနဲ႕ေနာ္။

၅။က်န္းမာေရးဂရုစိုက္ပါ။

အသက္ၾကီးလာေလေလ ေလ့က်င့္ခန္းလုပ္ဖို႕ သက္လံုမေကာင္းေတာ့ေလေလ ျဖစ္ပါတယ္။အသက္ငယ္တုန္းမွာ ေလ့က်င့္ခန္းအနည္းငယ္လုပ္လိုက္ပါ။

၆။သူတို႕မွာ ခံနိုင္ရည္စြမ္းအားျမင့္မားက်ပါတယ္။

အျမဲတမ္းအနိုင္ရေနမွာမဟုတ္ပါဘူး။ဒါေပမယ့္ ရွံဳးနိမ့္တဲ့အခ်ိန္မွာ အျမန္ဆံုးျပန္လည္ထူေထာင္နိုင္တာက ေအာင္ျမင္သူတစ္ဦးရဲ႕ အရည္အခ်င္းတစ္ရပ္ပါ။

၇။သူတို႕ကလူတိုင္းရဲ႕ စိတ္အလိုမလိုက္က်ပါဘူး။

အသက္(၂၀)ပတ္ဝန္းက်င္အရြယ္ဆိုတာ သက္ေမြးဝမ္းေၾကာင္းလုပ္ငန္းတစ္ခုတည္ေထာင္ဖို႕အတြက္ ပတ္ဝန္းက်င္တစ္ခုရဖို႕ အေပါင္းအသင္းဝင္ဆံ့ရမယ့္အရြယ္ပါ။လူတိုင္းနဲ႕ ေပါင္းသင္းဆက္ဆံနိုင္တာ ရင္းႏွီးေနတာက လုပ္သင့္တဲ့အလုပ္မွန္း သင္လည္းသိေနမွာပါ။ဒါေပမယ့္ ကိုယ့္ကိုမႏွစ္သက္တဲ့ ကိုယ္ကလည္း မႏွစ္သက္တဲ့လူေတြနဲ႕ ေတြ႕ဆံုရမွာကလည္း သဘာဝပါပဲ။အဲ့ဒီလိုလူေတြအတြက္နဲ႕ေတာ့ ကိုယ့္ကိုကိုယ္မေျပာင္းလဲလိုက္ပါနဲ႕။

၈။သူတို႕က ေပါင္းရသင္းရလြယ္ပါတယ္။

အသက္(၂၀)ပတ္ဝန္းက်င္လူငယ္ေတြရဲ႕ အဓိကျပသာနာကေတာ့ သူတို႕ဟာ ပံုေသကားခ်ေနထိုင္က်င့္သံုးျခင္းပါ။ပတ္ဝန္းက်င္နဲ႕ သဟဇာတျဖစ္ေအာင္ေနျပီး အေတြးသစ္အျမင္သစ္ေတြကို လက္ခံရယူလိုက္ပါ။အသက္(၂၀)ပတ္ဝန္းက်င္မွာ သဟဇာတျဖစ္ေအာင္ေနျပီး ပတ္ဝန္းက်င္တစ္ခုထဲမွာ ေနရာရေနတာက အသက္(၃၀)ပတ္ဝန္းက်င္မွာ ေပ်ာ္ရႊင္ေနရပါလိမ့္မယ္။

၉။သူတို႕က အခက္အခဲကို ၾကိဳတင္တြက္ဆထားတတ္ၾကပါတယ္။

တကယ္ေတာ့ ကိုယ္ရဲ႕ရည္မွန္းခ်က္ကို ခ်ိဳးႏွိမ္ထားသလိုပဲ ကိုယ္တာဝန္မဲ့ခဲ့တဲ့အလုပ္ရဲ႕ ရလဒ္ကို ျပန္ခံေနရတာက ဆိုးရြားလြန္းလွပါတယ္။ျဖစ္လာနိုင္တဲ့အေျခအေနတစ္ခုကို အခ်ိန္ယူတြက္ဆျပီး ဆိုးရြားတဲ့ရလဒ္အတြက္ ၾကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။

၁၀။သူတို႕က ပညာဆက္သင္ေနတုန္းပါပဲ။

အဆင့္ျမင့္တကၠသိုလ္ေတြက ဘြဲ႕ဒီဂရီေတြေၾကာင့္ သင္က ပိုေတာ္ပိုတတ္ျပီး ပိုဂုဏ္ရွိေနပါလိမ့္မယ္။ဒါေပမယ့္ ဆက္လက္ျပီး ေလ့လာသင္ၾကားျခင္း မလုပ္ဘူးဆိုရင္ေတာ့ အဲ့ဒီပညာေတြက အလဟာသျဖစ္သြားပါလိမ့္မယ္။လုပ္ငန္းအေၾကာင္းကို စာဖတ္နိုင္သေလာက္ရွာဖတ္ျပီး ေက်ာင္းသင္ခန္းစာေတြထဲမွာ မသင္ခဲ့ရတဲ့ ေပါင္းသင္းဆက္ဆံနိုင္စြမ္းတို႕ ညွိႏႈိင္းနိုင္စြမ္းတို႕ ဆြဲေဆာင္နိုင္စြမ္းတို႕လို အရည္အခ်င္းေတြကို ျမွင့္တင္လိုက္ပါ။

၁၁။သူတို႕က သူတို႕ကိုယ္သူတို႕ ေနရာတစ္ခုထဲ ပိတ္ထားေလ့မရွိပါဘူး။

အသက္(၂၀)ပတ္ဝန္းက်င္အရြယ္ဆိုတာ ကိုဟ္ပိုင္ဝင္ေငြနဲ႕ သြားဖို႕လာဖို႕ ရင့္က်က္တဲ့အရြယ္ျဖစ္ျပီး လူအမ်ားဆီကေန ေလ့လာသင္ယူဖို႕ေတာ့ မရင့္က်က္ေသးတဲ့အရြယ္ ျဖစ္ပါတယ္။သြားနိုင္လာနိုင္သမ်ွ သြားရင္းလာရင္းနဲ႕ ကိုယ္နဲ႕အေဝးမွာ ရွိေနတဲ့ အလုပ္အကိုင္အခြင့္အလမ္းေတြကိုပါ ရွာေဖြလိုက္ပါ။

၁၂။သူတို႕က အေပါင္းအသင္းေတြနဲ႕ အဆက္အသြယ္မျပတ္ဘူး။

လူတိုင္းက သူတို႕ဘဝနဲ႕သူတို႔ ရုန္းကန္လႈပ္ရွားရင္း အခ်ိန္ကုန္ေနတာေၾကာင့္ အေပါင္းအသင္းေတြကို အဆက္အသြယ္ျပတ္တတ္က်လို႕ အဆက္အသြယ္မျပတ္ပဲ နီးကပ္ေနတတ္က်ဖို႕ ဆိုတာ သတိထားလုပ္ကိုင္ရမွာျဖစ္ပါတယ္။မိတ္ေဆြအေပါင္းအသင္းေတြနဲ႕ အဆက္အသြယ္သိပ္မျပတ္တဲ့သူဟာ ေအာင္ျမင္ဖို႕ သူမ်ားထက္ေရွ႕ေရာက္ဖို႕ပိုလြယ္ပါတယ္။သူတို႕မွာ ေနရာအသီးသီးကေန အၾကံအစည္ေကာင္းမ်ားစြာ ရရွိေနလို႕ပါ။

၁၃။သူတို႕ကိုု ပိုေတာ္ေအာင္ လုပ္ေပးတဲ့သူေတြကို သစၥာေစာင့္သိက်တယ္။

အခ်င္းခ်င္းသစၥာမေစာင့္သိတဲ့ အေပါင္းအသင္း(သို႕မဟုတ္)လုပ္ငန္းေဖာ္ကို ဆက္ျပီး တြဲဖက္အလုပ္လုပ္ေပါင္းသင္းမေနသင့္ပါဘူး။

၁၄။သူတို႕က ဥေပကၡာထားရမယ့္အရာကို ဥေပကၡာျပဳတယ္။

အပ်က္အစီးေတြကို ဆုပ္ကိုင္ထားမယ္ဆိုရင္ ဘဝတစ္ခုလံုးက စိတ္ပ်က္စရာေကာင္းေနပါလိမ့္မယ္။ဥေပကၡာျပဳသင့္တဲ့ အဆိုးေတြကို ဥေပကၡာျပဳလိုက္ပါ။

၁၅။သူတို႕ရဲ႕ဆံုးျဖတ္ခ်က္တိုင္းရဲ႕ ရိုက္ခတ္မႈကို ေသခ်ာေတြးတယ္။

စိတ္ခံစားခ်က္တစ္ခုေၾကာင့္ မိုက္မိုက္မဲမဲျပဳလုပ္လိုက္တဲ့ အျပဳအမူတစ္ခုက သင့္ကို ႏွစ္ေပါင္းမ်ားစြာ ေပ်ာ္ရႊင္မႈကင္းမဲ့သြားေစနိုင္ပါတယ္။

၁၆။မိဘေတြက အျမဲမမွန္ဘူးဆိုတာကို သူတို႕ေတြသိတယ္။

မိဘေတြဆိုတာလည္း လူေတြပါပဲ။လူေတြဆိုတာ အျမဲတမ္းေတာ့ မမွန္တတ္ဘူးေလ။

၁၇။သူတို႕က ရိုးသားေျဖာင့္မတ္က်တယ္။

အမွန္တရားဆိုတာ ခါးသီးပါတယ္။လက္ခံနိုင္ရေလာက္ေအာင္ရိုးသားေျဖာင့္မတ္လိုက္ပါ။ကိုယ့္ကိုကိုယ္ ရိုးသားေျဖာင့္မတ္လိုက္ေလေလ ကိုယ္ဘာလုပ္ခ်င္တယ္ ဘာျဖစ္ခ်င္တယ္ဆိုတာကို ပိုပိုျပီးသေဘာေပါက္လာပါလိမ့္မယ္။

၁၈။သူတို႕ကကိုယ္ေရးကိုယ္တာေတြကို အဆင္ေျပေစဖို႕ အလုပ္ပိုလုပ္ပါတယ္။

လုပ္ေနတဲ့အလုပ္ကို ၾကိဳက္သည္ျဖစ္ေစ မၾကိဳက္သည္ျဖစ္ေစ အလုပ္လုပ္ရင္းနဲ႕ ျငီးေငြ႕လာရင္ ဘဝတိုးတက္ဖို႕ ၾကိဳးစားေနရမယ္ဆိုတာကို သတိရလို္္က္ပါ။


Related Posts

%%footer%%