June Special : စိတ္ဓာတ္ခြန္အားျဖည့္ႏိုင္မည့္ နည္းလမ္း (၁၀)ခု

June Special : စိတ္ဓာတ္ခြန္အားျဖည့္ႏိုင္မည့္ နည္းလမ္း (၁၀)ခု

(Zawgyi)

ဘ၀မွာ ေအာင္ျမင္မႈရရွိဖို႔အတြက္ အေထာက္အကူျဖစ္ေစမယ့္ လုပ္ငန္းအစီအစဥ္ေတြကို လစဥ္ေဖာ္ျပသြားမွာျဖစ္ပါတယ္။ အခု ဇြန္လမွာေတာ့ ဘ၀ကို အာ႐ုံစိုက္ၿပီး ေရွ႕ဆက္ရမယ့္လမ္းေတြကို စိတ္ဓာတ္ခြန္အားအျပည့္နဲ႔ ေလွ်ာက္လွမ္းႏိုင္ေစမယ့္အရာေတြကို လုပ္ဖို႔လိုပါတယ္။

၁။ စြဲစြဲလမ္းလမ္းေလ့လာသင္ယူပါ
သင္ လုပ္ေနတဲ့အရာကို ကၽြမ္းက်င္ပိုင္ႏိုင္လာဖို႔အတြက္ ေန႔စဥ္မျပတ္ တိုးတက္လာေအာင္ အာ႐ုံစိုက္ေလ့လာဖို႔ လိုပါတယ္။ ဒါ့ေၾကာင့္ ပင္ပန္းၿပီး လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိတဲ့အခ်ိန္မွာေတာင္မွ မသိေသးတဲ့အရာတစ္ခုခုကို တက္ၾကြစြဲလမ္းမႈအျပည့္နဲ႔ ေလ့လာသင္ယူပါ။

၂။ မိမိကိုယ္ကို ႏွိမ့္ခ်ဆက္ဆံပါ။
ေအာင္ျမင္မႈကို ခံစားႏိုင္ပါတယ္။ ဒါေပမယ့္ သင့္အတၱကိုေတာ့ မပ်ိဳးေထာင္ပါနဲ႔။ သင္လက္ရွိေရာက္ေနတဲ့ေနရာကို ေရာက္လာဖို႔ ကူညီေပးခဲ့တဲ့လူေတြကို စာရင္းလုပ္ထားပါ။

၃။ အသံုးအစြဲဆင္ျခင္ပါ။
သံုးစြဲသမွ်အားလံုးကို မွတ္သားထားႏိုင္ဖို႔က မလြယ္ပါဘူး။ ဒါေပမယ့္ အခုလကစၿပီး သင့္ကိုအခက္ေတြ႕ေစႏိုင္ေလာက္တဲ့ သံုးစြဲမႈေတြကို ေစာင့္ၾကည့္မွတ္သားၿပီး ဘယ္ေနရာက စၿပီးေလွ်ာ့လိုက္ရမလဲ သံုးသပ္ပါ။

၄။ ခံစားစရာရွိတာေတြ ခံစားပါ
ဘ၀မွာ အခက္အခဲေတြၾကံဳေတြ႕ရၿပီး စိတ္ပ်က္အားငယ္စရာေတြ ရွိလာတဲ့အခါမွာ ဘာမွမျဖစ္သလို႔ ဟန္ေဆာင္ေနတာက နည္းလမ္းေကာင္းမဟုတ္ပါဘူး။ စိတ္ခံစားမႈေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနထိုင္ႏိုင္မွ အခက္အခဲေတြကို ျဖတ္ေက်ာ္ႏိုင္မယ့္ နည္းလမ္းကို ေတြ႕မွာျဖစ္ပါတယ္။

၅။ အိပ္ရာေစာေစာထပါ
မနက္အေစာႀကီးထခ်င္တဲ့သူ မရွိသေလာက္နည္းပါတယ္။ ဒါေပမယ့္ မနက္ခင္းရဲ႕ ဆိတ္ၿငိမ္မႈက သင့္အတြက္ အက်ိဳးျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒီလကစၿပီး ပံုမွန္အိပ္ရာထခ်ိန္ထက္ တစ္နာရီေစာထၿပီး ဘာေတြထူးျခားလာလဲ ေစာင့္ၾကည့္ပါ။

၆။ အသက္႐ႈပါ။
စိတ္ရွည္သည္းခံႏိုင္စြမ္းမရွိလို႔ အခက္ေတြ႕ေနပါသလား။ အသက္ျပင္းျပင္း သံုးေလးႀကိမ္ေလာက္ ႐ႈလိုက္ပါ။ တစ္ခါတစ္ေလမွာ တံု႔ျပန္မႈမလုပ္ခင္မွာ ဦးေႏွာက္ကို တည္ၿငိမ္ေအးခ်မ္းေအာင္ လုပ္ေပးဖို႔ လိုပါတယ္။

၇။ အေၾကြးတင္မခံပါနဲ႔။
အေၾကြးသံသရာထဲကို ၀င္ဖို႔လြယ္သေလာက္ လြတ္ေျမာက္ဖို႔ ခက္ပါတယ္။ ဒါ့ေၾကာင့္ အခုလကစၿပီး သင့္၀င္ေငြနဲ႔ ေငြေၾကးကို ေသခ်ာစိစစ္ဖို႔ လိုပါတယ္။ အသံုးနဲ႔ အျဖဳန္းကို ခြဲျခားဖို႔ အခ်ိန္ေရာက္ပါၿပီ။

၈။ ကိုယ့္ကိုယ္ကိုယ္ ဆန္းစစ္ပါ
သင္လုပ္ေနတဲ့အလုပ္က ပ်င္းစရာေကာင္းေနတာမ်ိဳး မျဖစ္သင့္ပါဘူး။ သင့္ကို စိတ္အားတက္ၾကြေစမယ့္အရာ ၁၀ ခုကို ခ်ေရးထားလိုက္ပါ။

၉။ အေၾကာဆန္႔ပါ
ေန႔တိုင္း ကြန္ပ်ဴတာေရွ႕မွာ ထိုင္ၿပီးအလုပ္လုပ္ရတယ္ဆိုရင္ တစ္နာရီၾကာတိုင္း အခ်ိန္ဆယ္မိနစ္ေလာက္ လမ္းေလွ်ာက္ၿပီး သင့္အေၾကာေတြကို ေျဖေလွ်ာ့ေပးပါ။ မ်က္လံုးကိုလည္း အနားေပးပါ။ စိတ္ကိုျပန္လည္ လန္းဆန္းလာဖို႔ အခ်ိန္ေပးပါ။

၁၀။ အာ႐ုံစိုက္ႏိုင္ဖို႔ ႀကိဳးစားပါ။
ေန႔စဥ္ၾကံဳေတြ႕ေနရတဲ့ အေႏွာက္အယွက္ေတြေၾကာင့္ အေသးငယ္ဆံုးရည္မွန္းခ်က္ေလးကိုေတာင္မွ ေအာင္ျမင္ေအာင္ မလုပ္ႏိုင္တာမ်ိဳး ျဖစ္တတ္ပါတယ္။ သင့္စိတ္ကူးနဲ႔ ရည္မွန္းခ်က္ေတြကို မိသားစုနဲ႔ အသိမိတ္ေဆြေတြကို ေျပာျပထားၿပီး လုပ္စရာရွိတာေတြ လုပ္ႏိုင္ေအာင္ အခ်ိန္သီးျခားဖယ္ၿပီး လုပ္ေဆာင္ပါ။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ရေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++

June Special : စိတ်ဓာတ်ခွန်အားဖြည့်နိုင်မည့် နည်းလမ်း (၁၀)ခု

(Unicode)

ဘ၀မှာ အောင်မြင်မှုရရှိဖို့အတွက် အထောက်အကူဖြစ်စေမယ့် လုပ်ငန်းအစီအစဉ်တွေကို လစဉ်ဖော်ပြသွားမှာဖြစ်ပါတယ်။ အခု ဇွန်လမှာတော့ ဘ၀ကို အာရုံစိုက်ပြီး ရှေ့ဆက်ရမယ့်လမ်းတွေကို စိတ်ဓာတ်ခွန်အားအပြည့်နဲ့ လျှောက်လှမ်းနိုင်စေမယ့်အရာတွေကို လုပ်ဖို့လိုပါတယ်။

၁။ စွဲစွဲလမ်းလမ်းလေ့လာသင်ယူပါ
သင် လုပ်နေတဲ့အရာကို ကျွမ်းကျင်ပိုင်နိုင်လာဖို့အတွက် နေ့စဉ်မပြတ် တိုးတက်လာအောင် အာရုံစိုက်လေ့လာဖို့ လိုပါတယ်။ ဒါ့ကြောင့် ပင်ပန်းပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့အချိန်မှာတောင်မှ မသိသေးတဲ့အရာတစ်ခုခုကို တက်ကြွစွဲလမ်းမှုအပြည့်နဲ့ လေ့လာသင်ယူပါ။

၂။ မိမိကိုယ်ကို နှိမ့်ချဆက်ဆံပါ။
အောင်မြင်မှုကို ခံစားနိုင်ပါတယ်။ ဒါပေမယ့် သင့်အတ္တကိုတော့ မပျိုးထောင်ပါနဲ့။ သင်လက်ရှိရောက်နေတဲ့နေရာကို ရောက်လာဖို့ ကူညီပေးခဲ့တဲ့လူတွေကို စာရင်းလုပ်ထားပါ။

၃။ အသုံးအစွဲဆင်ခြင်ပါ။
သုံးစွဲသမျှအားလုံးကို မှတ်သားထားနိုင်ဖို့က မလွယ်ပါဘူး။ ဒါပေမယ့် အခုလကစပြီး သင့်ကိုအခက်တွေ့စေနိုင်လောက်တဲ့ သုံးစွဲမှုတွေကို စောင့်ကြည့်မှတ်သားပြီး ဘယ်နေရာက စပြီးလျှော့လိုက်ရမလဲ သုံးသပ်ပါ။

၄။ ခံစားစရာရှိတာတွေ ခံစားပါ
ဘ၀မှာ အခက်အခဲတွေကြုံတွေ့ရပြီး စိတ်ပျက်အားငယ်စရာတွေ ရှိလာတဲ့အခါမှာ ဘာမှမဖြစ်သလို့ ဟန်ဆောင်နေတာက နည်းလမ်းကောင်းမဟုတ်ပါဘူး။ စိတ်ခံစားမှုတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေထိုင်နိုင်မှ အခက်အခဲတွေကို ဖြတ်ကျော်နိုင်မယ့် နည်းလမ်းကို တွေ့မှာဖြစ်ပါတယ်။

၅။ အိပ်ရာစောစောထပါ
မနက်အစောကြီးထချင်တဲ့သူ မရှိသလောက်နည်းပါတယ်။ ဒါပေမယ့် မနက်ခင်းရဲ့ ဆိတ်ငြိမ်မှုက သင့်အတွက် အကျိုးဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလကစပြီး ပုံမှန်အိပ်ရာထချိန်ထက် တစ်နာရီစောထပြီး ဘာတွေထူးခြားလာလဲ စောင့်ကြည့်ပါ။

၆။ အသက်ရှုပါ။
စိတ်ရှည်သည်းခံနိုင်စွမ်းမရှိလို့ အခက်တွေ့နေပါသလား။ အသက်ပြင်းပြင်း သုံးလေးကြိမ်လောက် ရှုလိုက်ပါ။ တစ်ခါတစ်လေမှာ တုံ့ပြန်မှုမလုပ်ခင်မှာ ဦးနှောက်ကို တည်ငြိမ်အေးချမ်းအောင် လုပ်ပေးဖို့ လိုပါတယ်။

၇။ အကြွေးတင်မခံပါနဲ့။
အကြွေးသံသရာထဲကို ၀င်ဖို့လွယ်သလောက် လွတ်မြောက်ဖို့ ခက်ပါတယ်။ ဒါ့ကြောင့် အခုလကစပြီး သင့်၀င်ငွေနဲ့ ငွေကြေးကို သေချာစိစစ်ဖို့ လိုပါတယ်။ အသုံးနဲ့ အဖြုန်းကို ခွဲခြားဖို့ အချိန်ရောက်ပါပြီ။

၈။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ
သင်လုပ်နေတဲ့အလုပ်က ပျင်းစရာကောင်းနေတာမျိုး မဖြစ်သင့်ပါဘူး။ သင့်ကို စိတ်အားတက်ကြွစေမယ့်အရာ ၁၀ ခုကို ချရေးထားလိုက်ပါ။

၉။ အကြောဆန့်ပါ
နေ့တိုင်း ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်ရတယ်ဆိုရင် တစ်နာရီကြာတိုင်း အချိန်ဆယ်မိနစ်လောက် လမ်းလျှောက်ပြီး သင့်အကြောတွေကို ဖြေလျှော့ပေးပါ။ မျက်လုံးကိုလည်း အနားပေးပါ။ စိတ်ကိုပြန်လည် လန်းဆန်းလာဖို့ အချိန်ပေးပါ။

၁၀။ အာရုံစိုက်နိုင်ဖို့ ကြိုးစားပါ။
နေ့စဉ်ကြုံတွေ့နေရတဲ့ အနှောက်အယှက်တွေကြောင့် အသေးငယ်ဆုံးရည်မှန်းချက်လေးကိုတောင်မှ အောင်မြင်အောင် မလုပ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ သင့်စိတ်ကူးနဲ့ ရည်မှန်းချက်တွေကို မိသားစုနဲ့ အသိမိတ်ဆွေတွေကို ပြောပြထားပြီး လုပ်စရာရှိတာတွေ လုပ်နိုင်အောင် အချိန်သီးခြားဖယ်ပြီး လုပ်ဆောင်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျရစေမည့်
Gentleman Magazine

Related Posts

%%footer%%