ရည္မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ သင္ခန္းစာ (၄)ခု
(Zawgyi) >>>>>Pdf download<<<<
ကၽြန္ေတာ္တို႔ အားလံုးမွာ ရည္မွန္းခ်က္ေတြ ကိုယ္စီရွိၾကပါတယ္။ ဒီရည္မွန္းခ်က္ေတြကို ဘယ္လိုအေကာင္အထည္ေဖာ္မလဲဆိုတာကလည္း ေမးစရာတစ္ခုျဖစ္ေနပါတယ္။ တကယ္ေတာ့ ဒီကိစၥက ထင္ထားသလာက္ မ႐ႈပ္ေထြးပါဘူး။ ေျခတလွမ္းေလာက္ေနာက္ဆုတ္ၿပီး အလံုးစံုကို ျမင္ေအာင္ၾကည္ႏိုင္ဖို႔ပဲ လိုတာပါ။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔ ခင္ဗ်ားတို႔ရဲ႕ ရည္မွန္းခ်က္ေတြ ၿပီးေျမာက္ေအာင္ျမင္လာဖို႔၊ အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ စိတ္ထဲမွာအျမဲတမ္းမွတ္သားထားဖို႔လိုတဲ့ သင္ခန္းစာတစ္ခ်ိဳ႕ကို ေ၀မွ်ေပးလိုက္ပါတယ္။
၁။ ဘာလိုခ်င္လဲဆိုတာထက္ ဘာလိုအပ္လဲဆိုတာကို အာ႐ုံစိုက္ပါ။
ဇိမ္ခံအိမ္အႀကီးႀကီးတစ္လံုးနဲ႔ ကားအေကာင္းစားသံုးစီးေလာက္ လိုခ်င္ေနတာလား။ ဒါေပမယ့္ စဥ္းစားၾကည့္ပါ။ အဲ့ဒါေတြကို တကယ္ေရာလုိအပ္ေနလို႔လား။ ဒီအခ်က္က စစ္မွန္တဲ့ဦးစားေပးလုပ္ေဆာင္စရာကိစၥေတြကို သိလာႏိုင္မယ့္ ႐ိုးရွင္းတဲ့အခ်က္တစ္ခုပါပဲ။ ဒါေပမယ့္ လူနည္းစုေလာက္ပဲ သေဘာေပါက္ၾကပါတယ္။ လိုခ်င္တာေတြဆိုတာက စိတ္ေပ်ာ္ရႊင္မႈကလြဲၿပီး ဘာမွမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔အေနနဲ႔ ဘာကို အေကာင္အထည္ ေဖာ္ခ်င္တာလဲဆိုတာကို အ႐ူးအမူးျဖစ္ေနဖို႔ လိုပါတယ္။ ဒီလုိမွာမဟုတ္ရင္ေတာ့ ဘာတစ္ခုမွ ျဖစ္လာမွာမဟုတ္ပါဘူး။
၂။ အေကာင္းအဆိုး ဘယ္ကေနမဆို သင္ခန္းစာယူပါ။
ဘ၀က အေကာင္းခ်ည္းပဲ မဟုတ္သလို အဆိုးခ်ည္းပဲလည္း ရွိေနမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔က အေကာင္းအဆိုးႏွစ္ခုစလံုးကေန သင္ခန္းစာယူတတ္ဖို႔ လိုပါတယ္။ ဘ၀မွာ အေကာင္းေတြပဲ ၾကံဳေတြ႕ရတဲ့ အခါမွာ ဒီလိုေအာင္ျမင္လာဖို႔ ဘယ္လိုလုပ္ခဲ့ရတယ္ဆိုတာကို ျပန္ေတြးပါ။ ေနာက္ထပ္ အလားတူေအာင္ျမင္မႈေတြရဖို႔ ဘယ္လိုဆက္လုပ္ရမလဲဆိုတာကို သံုးသပ္ပါ။ ဆန္႔က်င္ဖက္အေနနဲ႔ အဆိုးေတြနဲ႔ ၾကံဳေတြ႕ရတဲ့အခါမွာလည္း ဘာေၾကာင့္ ဒီလိုက်႐ႈံးရတာလဲဆိုတာနဲ႔ ေနာက္တစ္ခါ ဒီလိုမျဖစ္ေအာင္ ဘာေတြကို ဘယ္လိုေရွာင္ရမလဲဆိုတာကို ဆင္ျခင္တတ္ရမွာပါ။ လက္ရွိ ေအာင္ျမင္မႈေတြ၊ က်႐ႈံးမႈေတြကို ဆင္ျခင္သံုးသပ္ႏိုင္ဖို႔အတြက္ အပတ္စဥ္အခ်ိန္အနည္းငယ္ေလာက္ ေပးသင့္ပါတယ္။ ဒီလိုမွာသာ ကၽြန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ မွန္ကန္တဲ့လမ္းေၾကာင္းေပၚမွာ ရွိမရွိ သိႏိုင္မွာျဖစ္ပါတယ္။
၃။ ရရွိပိုင္ဆိုင္ရမယ့္ အက်ိဳးရလဒ္ေပၚမွာ အာ႐ုံစိုက္ပါ။
တစ္ခ်ိန္ထဲမွာ အလုပ္ေတြအမ်ားႀကီး လုပ္လာရတဲ့အခါမွာ အာ႐ုံစူးစိုက္မႈ ေလ်ာ့နည္းသြားဖို႔ လြယ္ပါတယ္။ ရည္မွန္းခ်က္ေတြ အေကာင္အထည္ေပၚလာတဲ့အခါမွာ ရရွိပိုင္ဆိုင္ရမယ့္ အက်ိဳးရလဒ္ေတြကိုပဲ အာ႐ုံစိုက္ထားမယ္ဆိုရင္ ေရတိုေရရွည္ အစီအစဥ္ေတြအတြက္ ဘာလုပ္ရမလဲဆိုတာကို အျမဲတမ္းသိေနမွာ ျဖစ္ပါတယ္။ လုပ္ေနသမွ်အရာအားလံုးကို ေမးခြန္းထုတ္ပါ။ အခုလုပ္ေနတာေတြက ငါ့ရဲ႕ ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ အက်ိဳးရွိလားမရွိဘူးလားဆိုတာကို ကိုယ့္ကိုယ္ကိုယ္ျပန္ေပးပါ။ တကယ္လို႔ အက်ိဳးမရွိဘူးဆိုရင္ေတာ့ လက္ရွိဘာလုပ္ေနတာလဲဆိုတာကို ျပန္သံုးသပ္ဖို႔ လိုပါၿပီ။ အက်ိဳးရလဒ္ေပၚမွာ အာ႐ုံစိုက္တဲ့အခါ အေရးမႀကီးပဲ အခ်ိန္မျဖဳန္းမိေအာင္ ကာကြယ္ၿပီးသား ျဖစ္ေနမွာပါ။
၄။ မလုပ္ခင္ စဥ္းစားပါ၊ လုပ္ၿပီးရင္လည္း စဥ္းစားပါ။
တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ ဘာလုပ္မွာလဲ၊ ဒီလိုလုပ္တာက ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ နီးစပ္သြားေစမွာလား ဆိုတာကို စဥ္းစားပါ။ လုပ္ၿပီးတဲ့အခါမွာလည္း ဘာလုပ္ခဲ့တာလဲဆိုတာနဲ႔ ဒီလိုလုပ္လိုက္လို႔ တစ္ခုခုပိုအက်ိဳးရွိသြားလား၊ ေမွ်ာ္လင့္ထားတဲ့အတိုင္း ျဖစ္လာရဲ႕လားဆိုတာကို ျပန္စဥ္းစားသံုးသပ္ရမွာ ျဖစ္ပါတယ္။ ဒီလို ရပ္ၿပီး စဥ္းစားသံုးသပ္ဖို႔က တစ္ခါတစ္ေလမွာ အခက္အခဲရွိႏိုင္ပါတယ္။ ဒါေပမယ့္ ဒီအခ်က္က အရမ္းကိုအေရးႀကီးပါတယ္။ ဒီအခ်က္ကို လုပ္ႏိုင္ၿပီဆိုတာနဲ႔ လုပ္သမွ်ကိစၥတိုင္းမွာ ရလဒ္ေကာင္းေတြကို ပိုၿပီး ရရွိလာမွာျဖစ္ပါတယ္။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ရေစမည့္
Gentleman Magazine
++++++++++++++++++++++++++++++++
ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ သင်ခန်းစာ (၄)ခု
(Unicode)
ကျွန်တော်တို့ အားလုံးမှာ ရည်မှန်းချက်တွေ ကိုယ်စီရှိကြပါတယ်။ ဒီရည်မှန်းချက်တွေကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာကလည်း မေးစရာတစ်ခုဖြစ်နေပါတယ်။ တကယ်တော့ ဒီကိစ္စက ထင်ထားသလာက် မရှုပ်ထွေးပါဘူး။ ခြေတလှမ်းလောက်နောက်ဆုတ်ပြီး အလုံးစုံကို မြင်အောင်ကြည်နိုင်ဖို့ပဲ လိုတာပါ။ ဒါ့ကြောင့် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်လာဖို့၊ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ထဲမှာအမြဲတမ်းမှတ်သားထားဖို့လိုတဲ့ သင်ခန်းစာတစ်ချို့ကို ေ၀မျှပေးလိုက်ပါတယ်။
၁။ ဘာလိုချင်လဲဆိုတာထက် ဘာလိုအပ်လဲဆိုတာကို အာရုံစိုက်ပါ။
ဇိမ်ခံအိမ်အကြီးကြီးတစ်လုံးနဲ့ ကားအကောင်းစားသုံးစီးလောက် လိုချင်နေတာလား။ ဒါပေမယ့် စဉ်းစားကြည့်ပါ။ အဲ့ဒါတွေကို တကယ်ရောလိုအပ်နေလို့လား။ ဒီအချက်က စစ်မှန်တဲ့ဦးစားပေးလုပ်ဆောင်စရာကိစ္စတွေကို သိလာနိုင်မယ့် ရိုးရှင်းတဲ့အချက်တစ်ခုပါပဲ။ ဒါပေမယ့် လူနည်းစုလောက်ပဲ သဘောပေါက်ကြပါတယ်။ လိုချင်တာတွေဆိုတာက စိတ်ပျော်ရွှင်မှုကလွဲပြီး ဘာမှမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဘာကို အကောင်အထည် ဖော်ချင်တာလဲဆိုတာကို အရူးအမူးဖြစ်နေဖို့ လိုပါတယ်။ ဒီလိုမှာမဟုတ်ရင်တော့ ဘာတစ်ခုမှ ဖြစ်လာမှာမဟုတ်ပါဘူး။
၂။ အကောင်းအဆိုး ဘယ်ကနေမဆို သင်ခန်းစာယူပါ။
ဘ၀က အကောင်းချည်းပဲ မဟုတ်သလို အဆိုးချည်းပဲလည်း ရှိနေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့က အကောင်းအဆိုးနှစ်ခုစလုံးကနေ သင်ခန်းစာယူတတ်ဖို့ လိုပါတယ်။ ဘ၀မှာ အကောင်းတွေပဲ ကြုံတွေ့ရတဲ့ အခါမှာ ဒီလိုအောင်မြင်လာဖို့ ဘယ်လိုလုပ်ခဲ့ရတယ်ဆိုတာကို ပြန်တွေးပါ။ နောက်ထပ် အလားတူအောင်မြင်မှုတွေရဖို့ ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို သုံးသပ်ပါ။ ဆန့်ကျင်ဖက်အနေနဲ့ အဆိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း ဘာကြောင့် ဒီလိုကျရှုံးရတာလဲဆိုတာနဲ့ နောက်တစ်ခါ ဒီလိုမဖြစ်အောင် ဘာတွေကို ဘယ်လိုရှောင်ရမလဲဆိုတာကို ဆင်ခြင်တတ်ရမှာပါ။ လက်ရှိ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေကို ဆင်ခြင်သုံးသပ်နိုင်ဖို့အတွက် အပတ်စဉ်အချိန်အနည်းငယ်လောက် ပေးသင့်ပါတယ်။ ဒီလိုမှာသာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိမရှိ သိနိုင်မှာဖြစ်ပါတယ်။
၃။ ရရှိပိုင်ဆိုင်ရမယ့် အကျိုးရလဒ်ပေါ်မှာ အာရုံစိုက်ပါ။
တစ်ချိန်ထဲမှာ အလုပ်တွေအများကြီး လုပ်လာရတဲ့အခါမှာ အာရုံစူးစိုက်မှု လျော့နည်းသွားဖို့ လွယ်ပါတယ်။ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာတဲ့အခါမှာ ရရှိပိုင်ဆိုင်ရမယ့် အကျိုးရလဒ်တွေကိုပဲ အာရုံစိုက်ထားမယ်ဆိုရင် ရေတိုရေရှည် အစီအစဉ်တွေအတွက် ဘာလုပ်ရမလဲဆိုတာကို အမြဲတမ်းသိနေမှာ ဖြစ်ပါတယ်။ လုပ်နေသမျှအရာအားလုံးကို မေးခွန်းထုတ်ပါ။ အခုလုပ်နေတာတွေက ငါ့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အကျိုးရှိလားမရှိဘူးလားဆိုတာကို ကိုယ့်ကိုယ်ကိုယ်ပြန်ပေးပါ။ တကယ်လို့ အကျိုးမရှိဘူးဆိုရင်တော့ လက်ရှိဘာလုပ်နေတာလဲဆိုတာကို ပြန်သုံးသပ်ဖို့ လိုပါပြီ။ အကျိုးရလဒ်ပေါ်မှာ အာရုံစိုက်တဲ့အခါ အရေးမကြီးပဲ အချိန်မဖြုန်းမိအောင် ကာကွယ်ပြီးသား ဖြစ်နေမှာပါ။
၄။ မလုပ်ခင် စဉ်းစားပါ၊ လုပ်ပြီးရင်လည်း စဉ်းစားပါ။
တစ်ခုခုလုပ်တော့မယ်ဆိုရင် ဘာလုပ်မှာလဲ၊ ဒီလိုလုပ်တာက ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ နီးစပ်သွားစေမှာလား ဆိုတာကို စဉ်းစားပါ။ လုပ်ပြီးတဲ့အခါမှာလည်း ဘာလုပ်ခဲ့တာလဲဆိုတာနဲ့ ဒီလိုလုပ်လိုက်လို့ တစ်ခုခုပိုအကျိုးရှိသွားလား၊ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာရဲ့လားဆိုတာကို ပြန်စဉ်းစားသုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒီလို ရပ်ပြီး စဉ်းစားသုံးသပ်ဖို့က တစ်ခါတစ်လေမှာ အခက်အခဲရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်က အရမ်းကိုအရေးကြီးပါတယ်။ ဒီအချက်ကို လုပ်နိုင်ပြီဆိုတာနဲ့ လုပ်သမျှကိစ္စတိုင်းမှာ ရလဒ်ကောင်းတွေကို ပိုပြီး ရရှိလာမှာဖြစ်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျရစေမည့်
Gentleman Magazine