ကိုယ္တိုင္ဖန္တီးပံုေဖာ္ရမည့္ အက်င့္စ႐ိုက္
[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]
ကိုယ်တိုင်ဖန်တီးပုံဖော်ရမည့် အကျင့်စရိုက်
လူတိုင်းလူတိုင်းမှာ အများနဲ့တူတဲ့ အကျင့်စရိုက်ရော၊ မတူညီတဲ့အကျင့်စရိုက်တွေရော ရှိတတ်ကြပါတယ်။ တစ်ချို့လူတွေမှာ အကျင့်စရိုက်ကောင်းတွေရှိပြီး တစ်ချို့မှာတော့ မရှိကြပါဘူး။ သင့်မှာရော ဘယ်လိုအကျင့်စရိုက်တွေ ရှိပါသလဲ။
လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ပန်းပုရုပ်တစ်ခုလို ဖန်တီးပုံဖော်လို့ ရနိုင်ပါသလား။ သေချာစဉ်းစားကြည့်မယ်ဆိုရင် အကျင့်စရိုက်တစ်ခုဟာ ဖန်တီးမှုမပါပဲ သူ့အလိုလိုဖြစ်တည်လာတဲ့ အရာမဟုတ်တာကို တွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် အကျင့်စရိုက်ဆိုတာက သင်ဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဒါမှမဟုတ် လက်ရှိဖြစ်နေတဲ့သူ ဖြစ်လာဖို့ တဖြည်းဖြည်းချင်းပြောင်းလဲပေးလာတဲ့ ရွေးချယ်မှုပေါင်းများစွာရဲ့ ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။
အကျင့်စရိုက်ဆိုတာက မွေးရာပါဖြစ်ပြီး ပြောင်းလဲလို့ မရတဲ့အရာတစ်ခု မဟုတ်ပါဘူး။ မွေးကတည်းက ပါလာပြီးသားမဟုတ်တဲ့အတွက် အကျင့်စရိုက်ကို ဖန်တီးပြုပြင်ဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင်မှာပဲ တာ၀န်ရှိပါတယ်။ ခက်ခဲဆင်းရဲမှုတွေကြောင့် အကျင့်စရိုက်ပျက်စီးတာ၊ အောင်မြင်မှုကြောင့် အကျင့်စရိုက်ပျက်စီးတာတွေက မဖြစ်နိုင်ပါဘူး။ အောင်မြင်တာပဲဖြစ်ဖြစ်၊ ရှုံးနိမ့်တာပဲဖြစ်ဖြစ်၊ ချမ်းသာတာ၊ ခက်ခဲပင်ပန်းတာ ဘာပဲဖြစ်ဖြစ် ဘ၀မှာဖြစ်ပေါ်လာတဲ့အရာတွေကို ဘယ်လိုတုံ့ပြန်လဲဆိုတာပေါ်မှာ မူတည်ပြီး အကျင့်စရိုက်တွေက ဖြစ်တည်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ စိတ်နှလုံးထဲကဖြစ်ချင်တဲ့ စိတ်ဆန္ဒကို စူးဆောက်သဖွယ် အသုံးပြုပြီး အကြမ်းထည်ကျောက်တုံးတစ်ခုကို လိုချင်တဲ့ပုံစံဖြစ်လာအောင် ထွင်းထုပုံဖော်ရသလို အကျင့်စရိုက်ကိုလည်း ပုံဖော်ရမှာ ဖြစ်ပါတယ်။
အကျင့်စရိုက်နဲ့ ပတ်သက်ပြီး နောက်ထပ်အံ့အားသင့်စရာ အချက်တစ်ခုရှိပါသေးတယ်။ သင်ဖြစ်ချင်တဲ့ ပုံစံတစ်ခု၊ အကျင့်စရိုက်တစ်ခုကို ပုံသွင်းပြီးတဲ့အခါမှာ ဒီအကျင့်စရိုက်နဲ့ပတ်သက်တဲ့ အရည်အသွေးတွေ ရရှိလာရုံသာမကပါဘူး၊ ဒီအရည်အသွေးတွေ အားကောင်းလာဖု့ိလည်း လုပ်ဆောင်ပြီးသား ဖြစ်သွားတာပါပဲ။ ဒါ့ကြောင့် သင်လိုချင်တဲ့ အောင်မြင်မှု၊ သင်နေချင်တဲ့ ဘ၀မျိုးကို ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ အကျင့်စရိုက်တွေကို ဖန်တီးပုံဖော်ယူလိုက်ပါ။ တစ်ခါဖန်တီးလိုက်ပြီဆိုတာနဲ့ အကျင့်စရိုက်တစ်ခုက ခိုင်မာတည်တံ့နေမှာဖြစ်ပြီး သင့်စိတ်ကူးအိပ်မက်တွေကို တည်ဆောက်ဖို့ အခြေခံကောင်းတစ်ခု ဖြစ်နေမှာ အမှန်ပါပဲ။
မိန်းကလေးတိုင်း တောင့်တပြီး ယောၤကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine
[/showhide][sg_popup id=”6″ event=”onload”][/sg_popup]
လူတိုင္းလူတိုင္းမွာ အမ်ားနဲ႔တူတဲ့ အက်င့္စ႐ိုက္ေရာ၊ မတူညီတဲ့အက်င့္စ႐ိုက္ေတြေရာ ရွိတတ္ၾကပါတယ္။ တစ္ခ်ိဳ႕လူေတြမွာ အက်င့္စ႐ိုက္ေကာင္းေတြရွိၿပီး တစ္ခ်ိဳ႕မွာေတာ့ မရွိၾကပါဘူး။ သင့္မွာေရာ ဘယ္လိုအက်င့္စရိုက္ေတြ ရွိပါသလဲ။
လူတစ္ေယာက္ရဲ႕ အက်င့္စ႐ိုက္ကို ပန္းပု႐ုပ္တစ္ခုလို ဖန္တီးပံုေဖာ္လို႔ ရႏိုင္ပါသလား။ ေသခ်ာစဥ္းစားၾကည့္မယ္ဆိုရင္ အက်င့္စ႐ိုက္တစ္ခုဟာ ဖန္တီးမႈမပါပဲ သူ႔အလိုလုိျဖစ္တည္လာတဲ့ အရာမဟုတ္တာကို ေတြ႕ရပါလိမ့္မယ္။ ဒါ့ေၾကာင့္ အက်င့္စ႐ိုက္ဆိုတာက သင္ျဖစ္ခ်င္တဲ့သူျဖစ္လာဖို႔ ဒါမွမဟုတ္ လက္ရွိျဖစ္ေနတဲ့သူ ျဖစ္လာဖို႔ တျဖည္းျဖည္းခ်င္းေျပာင္းလဲေပးလာတဲ့ ေရြးခ်ယ္မႈေပါင္းမ်ားစြာရဲ႕ ရလဒ္တစ္ခုပဲ ျဖစ္ပါတယ္။
အက်င့္စ႐ုိက္ဆိုတာက ေမြးရာပါျဖစ္ၿပီး ေျပာင္းလဲလို႔ မရတဲ့အရာတစ္ခု မဟုတ္ပါဘူး။ ေမြးကတည္းက ပါလာၿပီးသားမဟုတ္တဲ့အတြက္ အက်င့္စ႐ိုက္ကို ဖန္တီးျပဳျပင္ဖို႔အတြက္ ကၽြန္ေတာ္တို႔ကိုယ္တိုင္မွာပဲ တာ၀န္ရွိပါတယ္။ ခက္ခဲဆင္းရဲမႈေတြေၾကာင့္ အက်င့္စ႐ိုက္ပ်က္စီးတာ၊ ေအာင္ျမင္မႈေၾကာင့္ အက်င့္စ႐ိုက္ပ်က္စီးတာေတြက မျဖစ္ႏိုင္ပါဘူး။ ေအာင္ျမင္တာပဲျဖစ္ျဖစ္၊ ႐ႈံးနိမ့္တာပဲျဖစ္ျဖစ္၊ ခ်မ္းသာတာ၊ ခက္ခဲပင္ပန္းတာ ဘာပဲျဖစ္ျဖစ္ ဘ၀မွာျဖစ္ေပၚလာတဲ့အရာေတြကို ဘယ္လိုတံု႔ျပန္လဲဆိုတာေပၚမွာ မူတည္ၿပီး အက်င့္စ႐ိုက္ေတြက ျဖစ္တည္လာတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ စိတ္ႏွလံုးထဲကျဖစ္ခ်င္တဲ့ စိတ္ဆႏၵကို စူးေဆာက္သဖြယ္ အသံုးျပဳၿပီး အၾကမ္းထည္ေက်ာက္တံုးတစ္ခုကို လိုခ်င္တဲ့ပံုစံျဖစ္လာေအာင္ ထြင္းထုပံုေဖာ္ရသလို အက်င့္စ႐ိုက္ကိုလည္း ပံုေဖာ္ရမွာ ျဖစ္ပါတယ္။
အက်င့္စ႐ိုက္နဲ႔ ပတ္သက္ၿပီး ေနာက္ထပ္အံ့အားသင့္စရာ အခ်က္တစ္ခုရွိပါေသးတယ္။ သင္ျဖစ္ခ်င္တဲ့ ပံုစံတစ္ခု၊ အက်င့္စ႐ိုက္တစ္ခုကို ပံုသြင္းၿပီးတဲ့အခါမွာ ဒီအက်င့္စ႐ိုက္နဲ႔ပတ္သက္တဲ့ အရည္အေသြးေတြ ရရွိလာ႐ုံသာမကပါဘူး၊ ဒီအရည္အေသြးေတြ အားေကာင္းလာဖု႔ိလည္း လုပ္ေဆာင္ၿပီးသား ျဖစ္သြားတာပါပဲ။ ဒါ့ေၾကာင့္ သင္လိုခ်င္တဲ့ ေအာင္ျမင္မႈ၊ သင္ေနခ်င္တဲ့ ဘ၀မ်ိဳးကို ရရွိပိုင္ဆုိင္ႏိုင္ဖို႔အတြက္ လိုအပ္တဲ့ အက်င့္စ႐ိုက္ေတြကို ဖန္တီးပံုေဖာ္ယူလိုက္ပါ။ တစ္ခါဖန္တီးလိုက္ၿပီဆိုတာနဲ႔ အက်င့္စ႐ိုက္တစ္ခုက ခိုင္မာတည္တံ့ေနမွာျဖစ္ၿပီး သင့္စိတ္ကူးအိပ္မက္ေတြကို တည္ေဆာက္ဖို႔ အေျခခံေကာင္းတစ္ခု ျဖစ္ေနမွာ အမွန္ပါပဲ။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာၤက်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
++++++++++++++++++++++++++++++++