သင့္အတြက္ မွန္ကန္ကိုက္ညီတဲ့ အလုပ္ျဖစ္ေၾကာင္း သိႏိုင္တဲ့ အခ်က္(၅)ခု

[sg_popup id=”6″ event=”onload”][/sg_popup]သင့္အတြက္ မွန္ကန္ကိုက္ညီတဲ့ အလုပ္ျဖစ္ေၾကာင္း သိႏိုင္တဲ့ အခ်က္(၅)ခု

[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

သင့်အတွက် မှန်ကန်ကိုက်ညီတဲ့ အလုပ်ဖြစ်ကြောင်း သိနိုင်တဲ့ အချက်(၅)ခု

အပတ်စဉ် တနင်္လာနေ့ရောက်တိုင်း အလုပ်သွားဖို့ကို စိတ်မပါ လက်မပါဖြစ်နေတယ်ဆိုရင် သင့်အလုပ်မှာ စိတ်ကျေနပ်ပျော်ရွှင်မှု မရှိဘူးဆိုတာ သိသာပါတယ်။ ဒါပေမယ့်လည်း လူတစ်ချို့ကတော့ တနင်္လာနေ့တွေကို မျှော်နေတတ်ကြပြီး သီတင်းတစ်ပတ်တာကို ဖြတ်သန်းဖို့ ခွန်အားအပြည့်ဖြစ်နေတတ်ကြပါတယ်။ လူအများစုက မှန်ကန်ကိုက်ညီတဲ့အလုပ်ဆိုတာကို ဒဏ္႑ာရီထဲက ဦးချိုတစ်ချောင်းနဲ့ ယူနီကွန်းလို တကယ်မရှိဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုအလုပ်မျိုး တကယ်ရှိပါတယ်။ သင့်ရဲ့လုပ်ငန်းခွင်၊ အလုပ်အကိုင်က အခုဖော်ပြမယ့်အချက်တွေနဲ့ ကိုက်ညီပြီး စိတ်လှုပ်ရှားပျော်ရွှင်စေမယ်ဆိုရင် သင့်အတွက် မှန်ကန်ကိုက်ညီတဲ့ အလုပ်အဖြစ် သတ်မှတ်နိုင်ပါတယ်။

၁။ အလုပ်မှာဆို အချိန်ကို သတိမထားမိဘူး
အလုပ်မှာ မပျော်တဲ့၀န်ထမ်းတစ်ယောက်ရဲ့ သိသာထင်ရှားဆုံးလက္ခဏာကတော့ အလုပ်ထက် နာရီကို ပိုကြည့်တာပဲဖြစ်ပါတယ်။ အလုပ်မှာ မပျော်တဲ့၀န်ထမ်းတွေဟာ ရုံးချိန်ထက်စောပြန်ဖို့ အကြောင်းပြချက်ကို အမြဲတမ်းရှာနေလေ့ရှိပါတယ်။ သင်လက်ရှိလုပ်နေတဲ့အလုပ်က သင့်အတွက် မှန်ကန်ကိုက်ညီတဲ့အလုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ အလုပ်ခိျန်ဘယ်လိုရှိမှန်း သတိတောင်မထားမိပဲ အလုပ်လုပ်နေမိမှာ ဖြစ်ပါတယ်။ အချိန်ကိုမကြည့်ပဲ အကောင်းဆုံးလုပ်ဆောင်ဖို့ပဲ စိတ်အားထက်သန်နေပါလိမ့်မယ်။ အချိန်တွေဘယ်လိုကုန်သွားမှန်းတောင်မသိပဲ နေ့ရက်တွေအများကြီး ဖြတ်သန်းနေရမှာပါ။

၂။ လုပ်နိုင်ကြောင်း သက်သေပြဖို့ထက် ကိုယ်တိုင်တိုးတက်လာဖို့ပဲ အလုပ်လုပ်တယ်။
အလုပ်တစ်ခုကို ပညာရဖို့၊ အတွေ့အကြုံသစ်တွေရဖို့အတွက် လုပ်နေတယ်လို့ ယူဆထားမယ်ဆိုရင် သင့်အတွက် မှန်ကန်ကိုက်ညီတဲ့အလုပ်ပဲ ဖြစ်ပါတယ်။ ဒီလိုအလုပ်မျိုးဖြစ်ခဲ့မယ်ဆိုရင် လုပ်ငန်းရဲ့အောက်ဆုံးအဆင့်ကနေ အလုံးစုံကို ပါ၀င်လုပ်ဆောင်ရဖို့ မျှော်လင့်ချက်တွေရှိနေတတ်ပါတယ်။ ဘယ်၀န်ထမ်းမှ အတိတ်က အောင်မြင်မှုတွေ၊ လုပ်ကိုင်နိုင်စွမ်းတွေနဲ့ ငြိမ်နေလို့မရပါဘူး။ မိမိကိုယ်ကို တတ်နိုင်သမျှ တိုးတက်လာအောင် အခွင့်အရေးရှိသမျှ လုပ်နေဖို့ လိုပါတယ်။

၃။ အလုပ်မှာ စိတ်အေးချမ်းမှုရှိတယ်
ကွန်ဖူးပန်ဒါဇာတ်လမ်းထဲက မာစတာရှီးဖု ပြောတာမှန်ပါတယ်။ အတွင်းစိတ်အေးချမ်းဖို့က ခက်ခဲပါတယ်။ ပြီးတော့ အလုပ်မှာရှာတွေ့ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။ အလုပ်ကို အမှန်တကယ်စိတ်ပါပြီး ယုံကြည်မှုရှိတဲ့ ၀န်ထမ်းတွေပဲ အလုပ်ထဲမှာ စိတ်ကျေနပ်မှုနဲ့ အေးချမ်းမှုကို ရရှိနိုင်ကြပါတယ်။ အလုပ်မှာ စိတ်အေးချမ်းသက်သာသူတစ်ယောက်အတွက် တစ်နေ့တာကို လုပ်စရာရှိတာတွေ လုပ်ရင်ဖြတ်သန်းရတာကိုက ကျေနပ်စရာဖြစ်နေမှာပါ။ ဒီလို၀န်ထမ်းတွေကပဲ အလုပ်ကပေးတဲ့ ဆုလာဘ်နဲ့ အကျိုးခံစားခွင့်တွေကို ရလေ့ရှိပါတယ်။

၄။ လုပ်ငန်းခွင်ထဲက လူတိုင်း၊ အရာတိုင်းနဲ့ လိုက်လျောညီထွေဖြစ်တယ်
စိတ်အေးချမ်းမှုထက် ပိုပြီးခက်ခဲတာက ဟန်ချက်ညီနေဖို့ပါပဲ။ အခုခေတ်မှာ သင့်ရဲ့ဟန်ချက်ကို ပျက်စီးစေနိုင်မယ့် အရာတွေ၊ လူတွေက နေရာတိုင်းမှာ ရှိနေတတ်ပါတယ်။ ဒါပေမယ့် ပတ်၀န်းကျင် အထူးသဖြင့် အလုပ်ထဲမှာ လိုက်လျောညီထွေဖြစ်အောင် နေတတ်သူတွေက သူတို့ဘာလုပ်ရမယ်ဆိုတာကို သိနေတတ်ကြပါတယ်။ အလုပ်အများစုက လူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်ကိုချစ်တဲ့လူတွေအတွက်ကတော့ အလုပ်နဲ့ဘ၀ ဟန်ချက်ကို ထိန်းပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။

၅။ အလုပ်အပေါ်မှာ အမှန်တကယ် စိတ်၀င်စားပျော်ရွှင်မှုရှိတယ်
နောက်ဆုံးအနေနဲ့ကတော့ အခြားအရာတွေအားလုံးထက် အလုပ်လုပ်ချင်စိတ်မရှိဖြစ်စေတဲ့အရာကတော့ အလုပ်ကို စိတ်၀င်စားပျော်ရွှင်မှုမရှိခြင်းပဲ ဖြစ်ပါတယ်။ အလုပ်ကို အမှန်တကယ် စိတ်၀င်စားမြတ်နိုးတဲ့သူတွေအနေနဲ့ သူတို့ရဲ့ စိတ်အားထက်သန်မှုက အလုပ်တွေကို အလွယ်တကူပြီးစီးလုပ်ဆောင်နိုင်အောင် လမ်းပြခေါ်ဆောင်သွားနိုင်ပါတယ်။ သင့်ရဲ့လက်ရှိအလုပ်အကိုင်က ငွေရဖို့သက်သက်မဟုတ်ပဲ ထူးခြားတဲ့အဓိပ္ပါယ်တစ်ခုခုရှိနေမယ်ဆိုရင် မြင့်မားတဲ့ရည်မှန်းချက်တစ်ခုခုရှိနေမယ်ဆိုရင်တော့ သင့်နဲ့ကိုက်ညီတဲ့အလုပ်ပဲ ဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

[/showhide]

အပတ္စဥ္ တနလၤာေန႔ေရာက္တိုင္း အလုပ္သြားဖို႔ကို စိတ္မပါ လက္မပါျဖစ္ေနတယ္ဆိုရင္ သင့္အလုပ္မွာ စိတ္ေက်နပ္ေပ်ာ္ရႊင္မႈ မရွိဘူးဆိုတာ သိသာပါတယ္။ ဒါေပမယ့္လည္း လူတစ္ခ်ိဳ႕ကေတာ့ တနလၤာေန႔ေတြကို ေမွ်ာ္ေနတတ္ၾကၿပီး သီတင္းတစ္ပတ္တာကို ျဖတ္သန္းဖို႔ ခြန္အားအျပည့္ျဖစ္ေနတတ္ၾကပါတယ္။ လူအမ်ားစုက မွန္ကန္ကိုက္ညီတဲ့အလုပ္ဆိုတာကို ဒ႑ာရီထဲက ဦးခ်ိဳတစ္ေခ်ာင္းနဲ႔ ယူနီကြန္းလို တကယ္မရွိဘူးလို႔ ထင္တတ္ၾကပါတယ္။ ဒါေပမယ့္ ဒီလိုအလုပ္မ်ိဳး တကယ္ရွိပါတယ္။ သင့္ရဲ႕လုပ္ငန္းခြင္၊ အလုပ္အကိုင္က အခုေဖာ္ျပမယ့္အခ်က္ေတြနဲ႔ ကိုက္ညီၿပီး စိတ္လႈပ္ရွားေပ်ာ္ရႊင္ေစမယ္ဆိုရင္ သင့္အတြက္ မွန္ကန္ကိုက္ညီတဲ့ အလုပ္အျဖစ္ သတ္မွတ္ႏိုင္ပါတယ္။

၁။ အလုပ္မွာဆို အခ်ိန္ကို သတိမထားမိဘူး
အလုပ္မွာ မေပ်ာ္တဲ့၀န္ထမ္းတစ္ေယာက္ရဲ႕ သိသာထင္ရွားဆံုးလကၡဏာကေတာ့ အလုပ္ထက္ နာရီကို ပိုၾကည့္တာပဲျဖစ္ပါတယ္။ အလုပ္မွာ မေပ်ာ္တဲ့၀န္ထမ္းေတြဟာ ႐ုံးခ်ိန္ထက္ေစာျပန္ဖို႔ အေၾကာင္းျပခ်က္ကို အျမဲတမ္းရွာေနေလ့ရွိပါတယ္။ သင္လက္ရွိလုပ္ေနတဲ့အလုပ္က သင့္အတြက္ မွန္ကန္ကိုက္ညီတဲ့အလုပ္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ အလုပ္ခိ်န္ဘယ္လိုရွိမွန္း သတိေတာင္မထားမိပဲ အလုပ္လုပ္ေနမိမွာ ျဖစ္ပါတယ္။ အခ်ိန္ကိုမၾကည့္ပဲ အေကာင္းဆံုးလုပ္ေဆာင္ဖို႔ပဲ စိတ္အားထက္သန္ေနပါလိမ့္မယ္။ အခ်ိန္ေတြဘယ္လိုကုန္သြားမွန္းေတာင္မသိပဲ ေန႔ရက္ေတြအမ်ားႀကီး ျဖတ္သန္းေနရမွာပါ။

၂။ လုပ္ႏိုင္ေၾကာင္း သက္ေသျပဖို႔ထက္ ကိုယ္တိုင္တိုးတက္လာဖို႔ပဲ အလုပ္လုပ္တယ္။
အလုပ္တစ္ခုကို ပညာရဖို႔၊ အေတြ႕အၾကံဳသစ္ေတြရဖို႔အတြက္ လုပ္ေနတယ္လို႔ ယူဆထားမယ္ဆိုရင္ သင့္အတြက္ မွန္ကန္ကိုက္ညီတဲ့အလုပ္ပဲ ျဖစ္ပါတယ္။ ဒီလိုအလုပ္မ်ိဳးျဖစ္ခဲ့မယ္ဆိုရင္ လုပ္ငန္းရဲ႕ေအာက္ဆံုးအဆင့္ကေန အလံုးစံုကို ပါ၀င္လုပ္ေဆာင္ရဖို႔ ေမွ်ာ္လင့္ခ်က္ေတြရွိေနတတ္ပါတယ္။ ဘယ္၀န္ထမ္းမွ အတိတ္က ေအာင္ျမင္မႈေတြ၊ လုပ္ကိုင္ႏိုင္စြမ္းေတြနဲ႔ ၿငိမ္ေနလို႔မရပါဘူး။ မိမိကိုယ္ကို တတ္ႏိုင္သမွ် တိုးတက္လာေအာင္ အခြင့္အေရးရွိသမွ် လုပ္ေနဖို႔ လိုပါတယ္။

၃။ အလုပ္မွာ စိတ္ေအးခ်မ္းမႈရွိတယ္
ကြန္ဖူးပန္ဒါဇာတ္လမ္းထဲက မာစတာရွီးဖု ေျပာတာမွန္ပါတယ္။ အတြင္းစိတ္ေအးခ်မ္းဖို႔က ခက္ခဲပါတယ္။ ၿပီးေတာ့ အလုပ္မွာရွာေတြ႕ဖို႔ဆိုတာက မျဖစ္ႏိုင္သေလာက္ပါပဲ။ အလုပ္ကို အမွန္တကယ္စိတ္ပါၿပီး ယုံၾကည္မႈရွိတဲ့ ၀န္ထမ္းေတြပဲ အလုပ္ထဲမွာ စိတ္ေက်နပ္မႈနဲ႔ ေအးခ်မ္းမႈကို ရရွိႏိုင္ၾကပါတယ္။ အလုပ္မွာ စိတ္ေအးခ်မ္းသက္သာသူတစ္ေယာက္အတြက္ တစ္ေန႔တာကို လုပ္စရာရွိတာေတြ လုပ္ရင္ျဖတ္သန္းရတာကိုက ေက်နပ္စရာျဖစ္ေနမွာပါ။ ဒီလို၀န္ထမ္းေတြကပဲ အလုပ္ကေပးတဲ့ ဆုလာဘ္နဲ႔ အက်ိဳးခံစားခြင့္ေတြကို ရေလ့ရွိပါတယ္။

၄။ လုပ္ငန္းခြင္ထဲက လူတိုင္း၊ အရာတိုင္းနဲ႔ လိုက္ေလ်ာညီေထြျဖစ္တယ္
စိတ္ေအးခ်မ္းမႈထက္ ပိုၿပီးခက္ခဲတာက ဟန္ခ်က္ညီေနဖို႔ပါပဲ။ အခုေခတ္မွာ သင့္ရဲ႕ဟန္ခ်က္ကို ပ်က္စီးေစႏိုင္မယ့္ အရာေတြ၊ လူေတြက ေနရာတိုင္းမွာ ရွိေနတတ္ပါတယ္။ ဒါေပမယ့္ ပတ္၀န္းက်င္ အထူးသျဖင့္ အလုပ္ထဲမွာ လုိက္ေလ်ာညီေထြျဖစ္ေအာင္ ေနတတ္သူေတြက သူတို႔ဘာလုပ္ရမယ္ဆိုတာကို သိေနတတ္ၾကပါတယ္။ အလုပ္အမ်ားစုက လူေတြအတြက္ စိတ္အေႏွာက္အယွက္ျဖစ္စရာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အလုပ္ကိုခ်စ္တဲ့လူေတြအတြက္ကေတာ့ အလုပ္နဲ႔ဘ၀ ဟန္ခ်က္ကို ထိန္းၿပီး လိုက္ေလ်ာညီေထြျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္စြမ္းရွိၾကပါတယ္။

၅။ အလုပ္အေပၚမွာ အမွန္တကယ္ စိတ္၀င္စားေပ်ာ္ရႊင္မႈရွိတယ္
ေနာက္ဆံုးအေနနဲ႔ကေတာ့ အျခားအရာေတြအားလံုးထက္ အလုပ္လုပ္ခ်င္စိတ္မရွိျဖစ္ေစတဲ့အရာကေတာ့ အလုပ္ကို စိတ္၀င္စားေပ်ာ္ရႊင္မႈမရွိျခင္းပဲ ျဖစ္ပါတယ္။ အလုပ္ကို အမွန္တကယ္ စိတ္၀င္စားျမတ္ႏိုးတဲ့သူေတြအေနနဲ႔ သူတို႔ရဲ႕ စိတ္အားထက္သန္မႈက အလုပ္ေတြကို အလြယ္တကူၿပီးစီးလုပ္ေဆာင္ႏိုင္ေအာင္ လမ္းျပေခၚေဆာင္သြားႏိုင္ပါတယ္။ သင့္ရဲ႕လက္ရွိအလုပ္အကိုင္က ေငြရဖို႔သက္သက္မဟုတ္ပဲ ထူးျခားတဲ့အဓိပၸါယ္တစ္ခုခုရွိေနမယ္ဆိုရင္ ျမင့္မားတဲ့ရည္မွန္းခ်က္တစ္ခုခုရွိေနမယ္ဆိုရင္ေတာ့ သင့္နဲ႔ကိုက္ညီတဲ့အလုပ္ပဲ ျဖစ္ပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++

 

 

Related Posts

%%footer%%