[sg_popup id=”6″ event=”onload”][/sg_popup]အမျိုးသမီးတွေပြောတဲ့ အိပ်ရာထဲမှာ မလုပ်သင့်တဲ့ အရာများ

အမျိုးသားအများစုဟာ ချစ်တင်းနှောဖို့ အိပ်ရာထဲရောက်သွားရင် စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကို မေးမြန်းစုံစမ်းထားတဲ့ အဖြေတွေအရ ချစ်ပွဲဝင်တဲ့အခါမှာ သတိမလွတ်ပဲ ဆင်ခြင်သင့်တာတွေ၊ ကြိုတင်ပြင်ဆင်သင့်တာလေးတွေ ရှိပါတယ်။

၁။ လက်သည်းညှပ်ပါ။
သင့်ရဲ့လက်တွေက အောက်ပိုင်းကို ဆင်းတော့မယ်ဆိုရင် သေချာသန့်ရှင်းစင်ကြယ်နေပြီး လက်သည်းတွေကိုလည်း သပ်သပ်ရပ်ရပ် ညှပ်ထားဖို့ လိုပါတယ်။ ဒီအချက်ကို မပေါ့ပါနဲ့။

၂။ အလျင်မလိုပါနဲ့။
ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံ ဆိုတဲ့ စကားက ဒီနေရာလက်တွေ့အသုံးချရမှာပါ။ ကနဦးပွတ်သပ်ချော့မြူမှုလေးတွေ အလုံအလောက်နဲ့ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး လှုပ်ရှားတာက နှစ်ယောက်စလုံးအတွက် ခံစားမှုကို ပိုကောင်းစေပြီး သာယာမှုပိုရှိစေမှာပါ။

၃။ မပြောမဆိုနဲ့ အနောက်တံခါးကို သွားမစမ်းပါနဲ့။
မလုပ်ပါနဲ့၊ မလုပ်နဲ့ဆို လုံးဝမလုပ်ပါနဲ။ မသိဘူးဆိုရင် ပြောပြပါမယ်။ အနောက်ပေါက်ကို အသုံးပြုဖို့က ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။ စိတ်ကူးထဲပေါ်လာတိုင်း ထလုပ်လို့ ရတာမျိုးမဟုတ်ပါဘူး။ အထူးသဖြင့် ကြိုတင်ပြီး ပြောဆိုထားတာမျိုး မရှိတဲ့အခါမှာ လုံးဝမလုပ်ပါနဲ့။

၎။ ခံစားပါ၊ ဖြစ်သလိုမလုပ်ပါနဲ့။
ဟိုနေရာ ဒီနေရာတွေက အာရုံခံစားနိုင်စွမ်းရှိကြပါတယ် ကိုယ့်လူတို့။ ဒီအတိုင်းထိုးထည့်ပြီး ၀င်လိုက်ထွက်လိုက်လုပ်နေတာထက် ပိုတဲ့နည်းစနစ်တွေ လိုအပ်ပါတယ်။ ဖြည်းဖြည်းချင်း သူမ ဘာကိုသဘောကျလဲ အဖြေရှာပါ။

၅။ လိုချင်တာအတွက် ပေးဆပ်တတ်ရပါမယ်။
မိန်းကလေးရဲ့ နှုတ်ခမ်းတွေကို သင့်အောက်ပိုင်းအတွက် သုံးစေချင်ပေမယ့် အပြန်အလှန် ပေးဆပ်ဖို့အတွက် တွန့်ဆုတ်နေတာက အမှားကြီးမှားတာပါပဲ။ သင်လိုချင်တာအတွက် ပေးဆပ်တတ်ဖို့လည်း လိုပါတယ်။ တစ်ကိုယ်ကောင်းမဆန်ပါနဲ့။

၆။ မေးနေရရင် သင် ညံ့တဲ့သဘောပါပဲ။
မိန်းကလေးကို ကောင်းလား၊ ကိစ္စပြီးပြီလားလို့ မေးနေရတယ်ဆိုရင် သင့်ရဲ့စွမ်းဆောင်ရည် ညံ့ဖျင်းတဲ့သဘောပါပဲ။ အိပ်ရာထဲမှာ တကယ်တော်တဲ့ အမျိုးသားတွေက မေးစရာမလိုလောက်အောင် အစွမ်းကုန်ထုတ်နိုင်ကြပါတယ်။

၇။ စိတ်ကြီးမ၀င်ပါနဲ့။
သင့်ကိုယ်သင် သိပ်ဆရာကျတယ်လို့ ထင်မနေပါနဲ့။ ယုံကြည်မှုလွန်ကဲတာက အိပ်ရာထဲမှာ အသုံးမ၀င်ပါဘူး။

၈။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်
ဟုတ်ပါတယ်။ အကာအကွယ်ကွန်ဒုံး မပါတာက ပိုကောင်းတာ မှန်ပါတယ်။ ဒါပေမယ့် လုပ်သင့်တာကို လုပ်ပါ။

၉။ ဆာဟာရကို လိုချင်ရင် အမဇုန်ကို ရှင်းပါ။
ဘာမှန်းမသိဖြစ်သွားပါသလား။ ရှင်းပြပါမယ်။ အမွှေးအမျှင်မရှိတဲ့ မိန်းကလေးကို မျှော်လင့်နေတယ်ဆိုရင် သင့်ရဲ့ မျက်နှာပေါ်က အမွှေးလောက်ပဲ မရိတ်ပါနဲ့။ သင့် တောင်ပိုင်းက တောအုပ်ကိုလည်း ရှင်းထားပါ။

၁၀။ မမိုက်မဲပါနဲ့။
လူတိုင်းက ပါးစပ်ထဲကို လိုတာထက်ပိုပြီးတစ်ခုခု ၀င်သွားရင် ပျို့တတ်အန်တတ်တာကို သင် သိပြီးသားဖြစ်မှာပါ။ ဒါ့ကြောင့် မိန်းကလေးရဲ့အလိုက်သိမှုကို သင့်ပေါ်မှာ အန်ချပြီး အဆုံးသတ်သွားအောင် မမိုက်မဲပါနဲ့။ ငြိမ်ငြိမ်နေပါ။

၁၁။ မိန်းကလေးက ငြင်းရင် အခန်းတံခါးတောင် သွားမဖွင့်ပါနဲ့။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

++++++++++++++++++++++++++++