ရည္မွန္းခ်က္ဆိုတာ ဘာလဲ??

[sg_popup id=”6″ event=”onload”][/sg_popup]ရည္မွန္းခ်က္ဆိုတာ ဘာလဲ??

[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

ရည်မှန်းချက်ဆိုတာ ဘာလဲ??

(Unicode)

လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီရှိတတ်ကြပါတယ်။ ဒါပေမယ့် ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာတဲ့သူကတော့ ရှားပါလိမ့်မယ်။

တကယ်တော့် ရည်မှန်းချက်ဆိုတာ အချိန်တိုင်း၊ နေ့ရက်တိုင်း ထက်သန်တက်ကြွစွာ ဖြစ်တည်နေတဲ့ လိုလားတောင့်တမှု ဖြစ်ပါတယ်။

လူအများစုအတွက်ကတော့ ရည်မှန်းချက်တွေက လျို့၀ှက်ဆန်းကြယ်မှုတစ်ခုပါပဲ။ အဘိဓာန်အများစုကတော့ ရည်မှန်းချက်ရဲ့အဓိပ္ပါယ်ကို ထက်သန်တဲ့စိတ်လိုအင်ဆန္ဒလို့ ဖွင့်ဆိုကြပါတယ်။ ဒါပေမယ့် ထက်သန်တဲ့စိတ်ဆိုတာကရော ဘာဖြစ်မလဲ။ ကလေးတွေက မွေးနေ့ပွဲကျင်းပရဖို့ စိတ်အားထက်သန်ကြတယ်။ မွေးနေ့ပွဲမှာဆိုရင် အားလုံးရဲ့အရေးပေးတာကို ခံရမယ်၊ လက်ဆောင်တွေအများကြီးရမယ်၊ အစားအသောက်တွေလည်း အများကြီးစားရမယ် ဒါ့ကြောင့် ကလေးတွေက မွေးနေ့ပွဲကျင်းပခွင့်ရဖို့ လိုလားတောင့်တကြပါတယ်။ လူကြီးတွေဆိုရင်ရော။ ဘောလုံးပွဲကြည့်ဖို့၊ သားသမီးတွေ အောင်မြင်ဖို့၊ မိတ်ဆွေဟောင်းကို တွေ့ရဖို့၊ ကားအသစ်တစ်စီးလောက် ၀ယ်နိုင်ဖို့ စသဖြင့် လိုလားတောင့်တမှုတွေ ရှိကြတာပါပဲ။ ဒီတော့ စိတ်အားထက်သန်မှုက ပျော်စရာတွေချည်းပဲလို့ ထင်ရပါတယ်။

ကျွန်တော်တို့အားလုံးမှာ လိုလားတောင့်တတဲ့အရာကို ဖြစ်အောင်လုပ်နိုင်တဲ့ အရည်အချင်းရှိကြပါတယ်။ ဒါပေမယ့် လိုချင်တာနဲ့ လိုလားတောင့်တတာက ကွာခြားပါတယ်။ ကျွန်တော်တို့ရဲ့ ဖြစ်ချင်တဲ့ လိုအင်ဆန္ဒတွေက စစ်မှန်တဲ့လိုလားတောင့်တမှု ဖြစ်လာဖို့ လိုပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် အဓိကလိုအပ်ချက်တော့ လိုအပ်တဲ့ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

၀င်ငွေပိုကောင်းချင်တယ်၊ အပန်းဖြေခရီးသွားချင်တယ်၊ ဘ၀မှာ နည်းနည်းလောက်သက်တောင့်သက်သာ နေချင်တယ် စသဖြင့် လူတွေပြောတဲ့ စိတ်ဆန္ဒတွေကို ကြားဖူးကြမှာသေချာပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ဆန္ဒတွေ တကယ်ဖြစ်လာဖို့က ဖြစ်ချင်စိတ်တစ်ခုတည်းနဲ့ မရပါဘူး။ ဖြစ်အောင်လုပ်ချင်တဲ့ လိုလားတောင့်တာမှု ရည်မှန်းချက်ရှိဖို့ လိုပါတယ်။ သူတို့သာ တကယ်ဖြစ်ချင်စိတ်ရှိတယ်ဆိုရင် TV ကြည့်ရင်း အချိန်ကုန်တဲ့အလုပ်မျိုးတွေကို လုပ်မှာမဟုတ်ပါဘူး။

စစ်မှန်တဲ့ ရည်မှန်းချက်က စည်းစနစ်ကျနပြီး ထက်သန်တဲ့ လိုလားတောင့်တာမှုကို ခေါ်ပါတယ်။ မနက်ဖြန်အစည်းအေ၀းအတွက် အဆင်သင့်ဖြစ်ချင်ရင် ဒီနေ့မှာ ပြင်ဆင်မှုတွေလုပ်ရမယ်၊ သားသမီးတွေ ကျောင်းစရိတ်လုံလောက်အောင် ပေးချင်တယ်ဆိုရင် ဒီနေ့ကစပြီး ငွေစုရမယ်၊ မနက်ဖြန်မှာ ပိုကောင်းတဲ့ဘ၀ကို လိုချင်ရင် ဒီနေ့စပြီး အလုပ်ကြိုးစားရမယ် စသဖြင့် တကယ်စစ်မှန်တဲ့လိုလားတောင့်တမှုနဲ့ တကယ့်ရည်မှန်းချက်ထားပြီး လုပ်ဖို့ လိုပါတယ်။

ရည်မှန်းချက်ဆိုတာ အချိန်တိုင်း၊ နေ့ရက်တိုင်း ထက်သန်တက်ကြွာစွာဖြစ်တည်နေတဲ့ လိုလားတောင့်တမှုဖြစ်ပါတယ်။ သင့်ဘ၀မှာ ပျော်ရွှင်တဲ့မိသားစု၊ ကားအသစ်၊ ခမ်းနားတဲ့အိမ်၊ စိတ်ပူစရာမလိုတဲ့ ငွေကြေးပိုင်ဆိုင်မှု စသဖြင့် ဘာကိုပဲလိုချင်လိုချင် အချိန်တိုင်၊ နေ့ရက်တိုင်းမှာ ရည်မှန်းချက်ကို မမေ့မလျော့ပဲ ရှင်သန်လှုပ်ရှားလိုက်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျရစေမည့်
Gentleman Magazine

[/showhide]

လူတိုင္းမွာ ရည္မွန္းခ်က္ကိုယ္စီရွိတတ္ၾကပါတယ္။ ဒါေပမယ့္ ရည္မွန္းခ်က္ေတြ အေကာင္အထည္ေပၚလာတဲ့သူကေတာ့ ရွားပါလိမ့္မယ္။

တကယ္ေတာ့္ ရည္မွန္းခ်က္ဆိုတာ အခ်ိန္တိုင္း၊ ေန႔ရက္တိုင္း ထက္သန္တက္ၾကြစြာ ျဖစ္တည္ေနတဲ့ လိုလားေတာင့္တမႈ ျဖစ္ပါတယ္။

လူအမ်ားစုအတြက္ကေတာ့ ရည္မွန္းခ်က္ေတြက လ်ိဳ႕၀ွက္ဆန္းၾကယ္မႈတစ္ခုပါပဲ။ အဘိဓာန္အမ်ားစုကေတာ့ ရည္မွန္းခ်က္ရဲ႕အဓိပၸါယ္ကို ထက္သန္တဲ့စိတ္လိုအင္ဆႏၵလို႔ ဖြင့္ဆိုၾကပါတယ္။ ဒါေပမယ့္ ထက္သန္တဲ့စိတ္ဆိုတာကေရာ ဘာျဖစ္မလဲ။ ကေလးေတြက ေမြးေန႔ပြဲက်င္းပရဖို႔ စိတ္အားထက္သန္ၾကတယ္။ ေမြးေန႔ပြဲမွာဆိုရင္ အားလံုးရဲ႕အေရးေပးတာကို ခံရမယ္၊ လက္ေဆာင္ေတြအမ်ားႀကီးရမယ္၊ အစားအေသာက္ေတြလည္း အမ်ားႀကီးစားရမယ္ ဒါ့ေၾကာင့္ ကေလးေတြက ေမြးေန႔ပြဲက်င္းပခြင့္ရဖို႔ လိုလားေတာင့္တၾကပါတယ္။ လူႀကီးေတြဆိုရင္ေရာ။ ေဘာလံုးပြဲၾကည့္ဖို႔၊ သားသမီးေတြ ေအာင္ျမင္ဖို႔၊ မိတ္ေဆြေဟာင္းကို ေတြ႕ရဖို႔၊ ကားအသစ္တစ္စီးေလာက္ ၀ယ္ႏိုင္ဖို႔ စသျဖင့္ လိုလားေတာင့္တမႈေတြ ရွိၾကတာပါပဲ။ ဒီေတာ့ စိတ္အားထက္သန္မႈက ေပ်ာ္စရာေတြခ်ည္းပဲလို႔ ထင္ရပါတယ္။

ကၽြန္ေတာ္တို႔အားလံုးမွာ လိုလားေတာင့္တတဲ့အရာကို ျဖစ္ေအာင္လုပ္ႏိုင္တဲ့ အရည္အခ်င္းရွိၾကပါတယ္။ ဒါေပမယ့္ လိုခ်င္တာနဲ႔ လိုလားေတာင့္တတာက ကြာျခားပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ျဖစ္ခ်င္တဲ့ လိုအင္ဆႏၵေတြက စစ္မွန္တဲ့လိုလားေတာင့္တမႈ ျဖစ္လာဖို႔ လိုပါတယ္။ ဒီလိုျဖစ္လာဖို႔အတြက္ အဓိကလိုအပ္ခ်က္ေတာ့ လိုအပ္တဲ့ေျပာင္းလဲမႈေတြကို လုပ္ေဆာင္ႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။

၀င္ေငြပိုေကာင္းခ်င္တယ္၊ အပန္းေျဖခရီးသြားခ်င္တယ္၊ ဘ၀မွာ နည္းနည္းေလာက္သက္ေတာင့္သက္သာ ေနခ်င္တယ္ စသျဖင့္ လူေတြေျပာတဲ့ စိတ္ဆႏၵေတြကို ၾကားဖူးၾကမွာေသခ်ာပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ စိတ္ဆႏၵေတြ တကယ္ျဖစ္လာဖို႔က ျဖစ္ခ်င္စိတ္တစ္ခုတည္းနဲ႔ မရပါဘူး။ ျဖစ္ေအာင္လုပ္ခ်င္တဲ့ လိုလားေတာင့္တာမႈ ရည္မွန္းခ်က္ရွိဖို႔ လိုပါတယ္။ သူတို႔သာ တကယ္ျဖစ္ခ်င္စိတ္ရွိတယ္ဆိုရင္ TV ၾကည့္ရင္း အခ်ိန္ကုန္တဲ့အလုပ္မ်ိဳးေတြကို လုပ္မွာမဟုတ္ပါဘူး။

စစ္မွန္တဲ့ ရည္မွန္းခ်က္က စည္းစနစ္က်နၿပီး ထက္သန္တဲ့ လိုလားေတာင့္တာမႈကို ေခၚပါတယ္။ မနက္ျဖန္အစည္းအေ၀းအတြက္ အဆင္သင့္ျဖစ္ခ်င္ရင္ ဒီေန႔မွာ ျပင္ဆင္မႈေတြလုပ္ရမယ္၊ သားသမီးေတြ ေက်ာင္းစရိတ္လုံေလာက္ေအာင္ ေပးခ်င္တယ္ဆိုရင္ ဒီေန႔ကစၿပီး ေငြစုရမယ္၊ မနက္ျဖန္မွာ ပိုေကာင္းတဲ့ဘ၀ကို လုိခ်င္ရင္ ဒီေန႔စၿပီး အလုပ္ႀကိဳးစားရမယ္ စသျဖင့္ တကယ္စစ္မွန္တဲ့လိုလားေတာင့္တမႈနဲ႔ တကယ့္ရည္မွန္းခ်က္ထားၿပီး လုပ္ဖို႔ လိုပါတယ္။

ရည္မွန္းခ်က္ဆိုတာ အခ်ိန္တိုင္း၊ ေန႔ရက္တုိင္း ထက္သန္တက္ၾကြာစြာျဖစ္တည္ေနတဲ့ လိုလားေတာင့္တမႈျဖစ္ပါတယ္။ သင့္ဘ၀မွာ ေပ်ာ္ရႊင္တဲ့မိသားစု၊ ကားအသစ္၊ ခမ္းနားတဲ့အိမ္၊ စိတ္ပူစရာမလိုတဲ့ ေငြေၾကးပိုင္ဆိုင္မႈ စသျဖင့္ ဘာကိုပဲလိုခ်င္လိုခ်င္ အခ်ိန္တိုင္၊ ေန႔ရက္တိုင္းမွာ ရည္မွန္းခ်က္ကို မေမ့မေလ်ာ့ပဲ ရွင္သန္လႈပ္ရွားလိုက္ပါ။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ရေစမည့္
Gentleman Magazine


 

 

Related Posts

%%footer%%