မိန္းကေလးတစ္ေယာက္ရဲ႕ အာ႐ုံကိုဖမ္းစားႏိုင္ေအာင္ ဘယ္လို Chat မလဲ

[sg_popup id=”6″ event=”onload”][/sg_popup]မိန္းကေလးတစ္ေယာက္ရဲ႕ အာ႐ုံကိုဖမ္းစားႏိုင္ေအာင္ ဘယ္လို Chat မလဲ

[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

မိန်းကလေးတစ်ယောက်ရဲ့ အာရုံကိုဖမ်းစားနိုင်အောင် ဘယ်လို Chat မလဲ

နည်းပညာတွေထွန်းကားနေတဲ့ ခေတ်ကာလမှာ ချစ်မှုရေးရာကိစ္စတွေ၊ အပြန်အလှန်စကားပြောဆိုမှုတွေကလည်း လူချင်းတွေ့မှ လုပ်ဖြစ်ကြတဲ့ကိစ္စမဟုတ်တော့ပါဘူး။ အွန်လိုင်းပေါ်မှာ လူမှုကွန်ယက်တွေကတဆင့် ကောင်မလေးတစ်ယောက်ကို စကားသွားပြောတာကလည်း ပထမဆုံးအကြိမ်ချိန်းတွေ့သလို အရေးကြီးပါတယ်။ ဒီနေရာ မိန်းကလေးရဲ့ အာရုံကိုဖမ်းစားပြီး ကိုယ့်ကိုစိတ်၀င်စားလာစေဖို့က မိနစ်အနည်းငယ်ပဲ အချိန်ရပါတယ်။ ဒါ့ကြောင့် ဒီအချိန်လေးမှာ မိန်းကလေးရဲ့ အာရုံကိုဖမ်းစားနိုင်ဖို့အတွက် ဆောင်ရန်ရှောင်ရန်လေးတွေ ေ၀မျှပေးချင်ပါတယ်။

၁။ ယုံကြည်မှုရှိပါ
ဒီအချက်ကို ကြားဖူးပြီးသား ဖြစ်နိုင်ပါတယ်။ ယုံကြည်မှုရှိရင် အလုပ်ဖြစ်တာကတော့ သေချာပါတယ်။ တကယ်အပြင်လောကမှာ မိန်းကလေးတစ်ယောက်နဲ့တွေ့တဲ့အခါ သူမရဲ့တည်ရှိမှုက ကျွန်တော်တို့ကို စိုးထိတ်နေစေပါတယ်။ အွန်လိုင်းပေါ်မှာ Chat မယ်ဆိုရင်တော့ ဒီအချက်ကို ကျော်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ လှုပ်ရှားပုံတွေကိုကြည့်ပြီး အကဲဖြတ်ခံရမှာကို စိုးရိမ်နေစရာမလိုပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းက အမျိုးသားတွေအတွက် အကြီးမားဆုံးဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။

၂။ စိတ်၀င်စားပါ။
ကိုယ့်အကြောင်းတွေပဲ ကိုယ်ပြောနေတဲ့ ယောင်္ကျားမျိုးကို မိန်းကလေးတွေက သဘောမကျပါဘူး။ အပြန်အလှန်စကားပြောတဲ့အချိန်မှာလည်း စိတ်မ၀င်စားသလိုဖြစ်နေတာ၊ တုံ့ပြန်မှု နှေးကွေးတာတွေက မိန်းကလေးတွေကို ပိုပြီးစိတ်ပျက်စေပါတယ်။ ဒါ့ကြောင့် စပ်စုတဲ့သဘောမဟုတ်ပဲ သိချင်စိတ်နဲ့ မေးခွန်းတွေမေးပါ။ သူမ ဘာကိုကြိုက်တတ်လဲ၊ ဘာလို့ကြိုက်တာလဲ စတဲ့မေးခွန်းလေးတွေက မိန်းကလေးကို စကားဆက်ပြောနေစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရမ်းစပ်စုတာမျိုးတော့ မဖြစ်အောင် ဂရုစိုက်ပါ။ စည်းတစ်ခုသတ်မှတ်ပြီး မေးမြန်းပြောဆိုတတ်ဖို့ လိုပါတယ်။

၃။ ဂရုစိုက်ပြပါ။
မိန်းကလေးတစ်ယောက်နဲ့ အွန်လိုင်းပေါ်မှာ မကြာခဏစကားပြောဖြစ်နေပြီဆိုရင် သူမရဲ့ဘ၀ကို ဂရုစိုက်တဲ့လက္ခဏာတွေ လုပ်ဆောင်ပေးတတ်ဖို့ လိုပါတယ်။ ဒီနေ့အလုပ်မှာ ပင်ပန်းလာတယ်လို့ ပြောလာခဲ့ရင် စိတ်သက်သာရာရအောင် ပြောဆိုနှစ်သိမ့်ပေးပါ။ အရင်နေ့က ခေါင်းကိုက်တယ်လို့ ပြောထားဖူးတာရှိရင် ဒီနေ့မှာ နေလို့ကောင်းသွားပြီလား၊ အဆင်ပြေရဲ့လား မေးပါ။ စိတ်ပူဂရုစိုက်ပြတာက သူမဟာ အရေးကြီးတယ်လို့ ခံစားသွားရစေမှာ ဖြစ်ပါတယ်။ သူမပြောချင်တာတွေကို နားထောင်ပေးတာကလည်း အမှတ်ကောင်းကောင်းရစေမှာပါ။

၄။ တွေ့ခွင့်ရဖို့ ပြောပါ
မိန်းကလေးတစ်ယောက်နဲ့ အပြန်အလှန်ခင်မင်မှုရရှိပြီး သင်နဲ့စကားပြောရတာကိုလည်း သဘောကျနေတယ်လို့ ယူဆရပြီဆိုရင် နောက်တဆင့်တက်ဖို့ အချိန်ရောက်ပါပြီ။ သူမကို မြင်ချင်တွေ့ချင်တဲ့ စိတ်ရှိကြောင်း ဖော်ပြတတ်ဖို့ လိုပါတယ်။ စာရိုက်ပြီးပြောနေတာထက် Video call နဲ့ မျက်နှာကြည့်ပြီး ပြောနိုင်ဖို့ ကြိုးစားရမှာပါ။ ဒါပေမယ့် ဒီလိုပြောခွင့်ရဖို့ တောင်းဆိုတာကိုတော့ မှန်ကန်တဲ့အချိန်ဖြစ်ဖို့ လိုပါတယ်။ စာရိုက်ပြီး စကားပြောတာ သိပ်မကြာသေးပဲ ခင်မင်ရင်းနှိးကာစ အခြေအနေမှာဆိုရင် မတောင်းဆိုသင့်သေးပါဘူး။ အတိုင်းအတာတစ်ခုအထိ ခင်မင်ရင်းနှီးပြီးမှ တောင်းဆိုသင့်ပါတယ်။

၅။ အစစ်အမှန်ရိုးသားမှုကို ပြပါ။
သူမကို မြင်တွေ့ခွင့်ရပြီဆိုတာနဲ့ အလှအပကို ချီးကျူးစကားပြောပါ။ အရှိအတိုင်းပဲပြောပါ။ ဒီလိုအလှအပရေးရာကိစ္စတွေ ပြောတဲ့အခါမှာ အပိုတွေလျှောက်ပြောတာကို မိန်းကလေးတွေက မလိုလားပါဘူး။ ပြီးတော့ မိန်းကလေးတွေဟာ သူတို့စိတ်ထဲမှာ လုံခြုံစိတ်ချရတယ်လို့ ခံစားရသူတွေကို သဘောကျတတ်ကြပါတယ်။ ဒါ့ကြောင့် ရယ်စရာတွေပြောပါ။ ရယ်မောပြောရွှင်ရအောင် လုပ်ဆောင်ပါ။

ဒါတွေကတော့ မိန်းကလေးတွေရဲ့ အာရုံကိုဖမ်းစားနိုင်ဖို့နဲ့ ပတ်သက်တဲ့ နည်းနာနိဿယအချို့ပဲ ဖြစ်ပါတယ်။ စိတ်၀င်စားနေတဲ့မိန်းကလေးကို မလှုပ်ရှားခင်မှာ ဒီအချက်တွေကို နားလည်ထားဖို့ လိုပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

[/showhide]

နည္းပညာေတြထြန္းကားေနတဲ့ ေခတ္ကာလမွာ ခ်စ္မႈေရးရာကိစၥေတြ၊ အျပန္အလွန္စကားေျပာဆိုမႈေတြကလည္း လူခ်င္းေတြ႕မွ လုပ္ျဖစ္ၾကတဲ့ကိစၥမဟုတ္ေတာ့ပါဘူး။ အြန္လိုင္းေပၚမွာ လူမႈကြန္ယက္ေတြကတဆင့္ ေကာင္မေလးတစ္ေယာက္ကို စကားသြားေျပာတာကလည္း ပထမဆံုးအႀကိမ္ခ်ိန္းေတြ႕သလို အေရးႀကီးပါတယ္။ ဒီေနရာ မိန္းကေလးရဲ႕ အာ႐ုံကိုဖမ္းစားၿပီး ကိုယ့္ကိုစိတ္၀င္စားလာေစဖို႔က မိနစ္အနည္းငယ္ပဲ အခ်ိန္ရပါတယ္။ ဒါ့ေၾကာင့္ ဒီအခ်ိန္ေလးမွာ မိန္းကေလးရဲ႕ အာ႐ုံကိုဖမ္းစားႏိုင္ဖို႔အတြက္ ေဆာင္ရန္ေရွာင္ရန္ေလးေတြ ေ၀မွ်ေပးခ်င္ပါတယ္။

၁။ ယုံၾကည္မႈရွိပါ
ဒီအခ်က္ကို ၾကားဖူးၿပီးသား ျဖစ္ႏိုင္ပါတယ္။ ယုံၾကည္မႈရွိရင္ အလုပ္ျဖစ္တာကေတာ့ ေသခ်ာပါတယ္။ တကယ္အျပင္ေလာကမွာ မိန္းကေလးတစ္ေယာက္နဲ႔ေတြ႕တဲ့အခါ သူမရဲ႕တည္ရွိမႈက ကၽြန္ေတာ္တို႔ကို စိုးထိတ္ေနေစပါတယ္။ အြန္လိုင္းေပၚမွာ Chat မယ္ဆိုရင္ေတာ့ ဒီအခ်က္ကို ေက်ာ္ႏိုင္မွာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ႐ုပ္ရည္သြင္ျပင္နဲ႔ လႈပ္ရွားပံုေတြကိုၾကည့္ၿပီး အကဲျဖတ္ခံရမွာကို စိုးရိမ္ေနစရာမလိုပဲ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈအျပည့္နဲ႔ ေျပာဆိုႏိုင္မွာ ျဖစ္ပါတယ္။ မိမိကိုယ္ကို ယုံၾကည္မႈရွိျခင္းက အမ်ိဳးသားေတြအတြက္ အႀကီးမားဆံုးဆြဲေဆာင္မႈတစ္ခုျဖစ္ပါတယ္။

၂။ စိတ္၀င္စားပါ။
ကိုယ့္အေၾကာင္းေတြပဲ ကိုယ္ေျပာေနတဲ့ ေယာကၤ်ားမ်ိဳးကို မိန္းကေလးေတြက သေဘာမက်ပါဘူး။ အျပန္အလွန္စကားေျပာတဲ့အခ်ိန္မွာလည္း စိတ္မ၀င္စားသလိုျဖစ္ေနတာ၊ တုံ႔ျပန္မႈ ေႏွးေကြးတာေတြက မိန္းကေလးေတြကို ပိုၿပီးစိတ္ပ်က္ေစပါတယ္။ ဒါ့ေၾကာင့္ စပ္စုတဲ့သေဘာမဟုတ္ပဲ သိခ်င္စိတ္နဲ႔ ေမးခြန္းေတြေမးပါ။ သူမ ဘာကိုႀကိဳက္တတ္လဲ၊ ဘာလို႔ႀကိဳက္တာလဲ စတဲ့ေမးခြန္းေလးေတြက မိန္းကေလးကို စကားဆက္ေျပာေနေစမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ အရမ္းစပ္စုတာမ်ိဳးေတာ့ မျဖစ္ေအာင္ ဂ႐ုစိုက္ပါ။ စည္းတစ္ခုသတ္မွတ္ၿပီး ေမးျမန္းေျပာဆိုတတ္ဖို႔ လိုပါတယ္။

၃။ ဂ႐ုစိုက္ျပပါ။
မိန္းကေလးတစ္ေယာက္နဲ႔ အြန္လိုင္းေပၚမွာ မၾကာခဏစကားေျပာျဖစ္ေနၿပီဆိုရင္ သူမရဲ႕ဘ၀ကို ဂ႐ုစိုက္တဲ့လကၡဏာေတြ လုပ္ေဆာင္ေပးတတ္ဖို႔ လိုပါတယ္။ ဒီေန႔အလုပ္မွာ ပင္ပန္းလာတယ္လို႔ ေျပာလာခဲ့ရင္ စိတ္သက္သာရာရေအာင္ ေျပာဆိုႏွစ္သိမ့္ေပးပါ။ အရင္ေန႔က ေခါင္းကိုက္တယ္လို႔ ေျပာထားဖူးတာရွိရင္ ဒီေန႔မွာ ေနလို႔ေကာင္းသြားၿပီလား၊ အဆင္ေျပရဲ႕လား ေမးပါ။ စိတ္ပူဂ႐ုစိုက္ျပတာက သူမဟာ အေရးႀကီးတယ္လို႔ ခံစားသြားရေစမွာ ျဖစ္ပါတယ္။ သူမေျပာခ်င္တာေတြကို နားေထာင္ေပးတာကလည္း အမွတ္ေကာင္းေကာင္းရေစမွာပါ။

၄။ ေတြ႕ခြင့္ရဖို႔ ေျပာပါ
မိန္းကေလးတစ္ေယာက္နဲ႔ အျပန္အလွန္ခင္မင္မႈရရွိၿပီး သင္နဲ႔စကားေျပာရတာကိုလည္း သေဘာက်ေနတယ္လို႔ ယူဆရၿပီဆိုရင္ ေနာက္တဆင့္တက္ဖို႔ အခ်ိန္ေရာက္ပါၿပီ။ သူမကို ျမင္ခ်င္ေတြ႕ခ်င္တဲ့ စိတ္ရွိေၾကာင္း ေဖာ္ျပတတ္ဖို႔ လိုပါတယ္။ စာ႐ိုက္ၿပီးေျပာေနတာထက္ Video call နဲ႔ မ်က္ႏွာၾကည့္ၿပီး ေျပာႏိုင္ဖို႔ ႀကိဳးစားရမွာပါ။ ဒါေပမယ့္ ဒီလိုေျပာခြင့္ရဖို႔ ေတာင္းဆိုတာကိုေတာ့ မွန္ကန္တဲ့အခ်ိန္ျဖစ္ဖို႔ လိုပါတယ္။ စာ႐ိုက္ၿပီး စကားေျပာတာ သိပ္မၾကာေသးပဲ ခင္မင္ရင္းႏွိးကာစ အေျခအေနမွာဆိုရင္ မေတာင္းဆိုသင့္ေသးပါဘူး။ အတိုင္းအတာတစ္ခုအထိ ခင္မင္ရင္းႏွီးၿပီးမွ ေတာင္းဆိုသင့္ပါတယ္။

၅။ အစစ္အမွန္႐ိုးသားမႈကို ျပပါ။
သူမကို ျမင္ေတြ႕ခြင့္ရၿပီဆိုတာနဲ႔ အလွအပကို ခ်ီးက်ဴးစကားေျပာပါ။ အရွိအတိုင္းပဲေျပာပါ။ ဒီလိုအလွအပေရးရာကိစၥေတြ ေျပာတဲ့အခါမွာ အပိုေတြေလွ်ာက္ေျပာတာကို မိန္းကေလးေတြက မလိုလားပါဘူး။ ၿပီးေတာ့ မိန္းကေလးေတြဟာ သူတို႔စိတ္ထဲမွာ လံုျခံဳစိတ္ခ်ရတယ္လို႔ ခံစားရသူေတြကို သေဘာက်တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ရယ္စရာေတြေျပာပါ။ ရယ္ေမာေျပာရႊင္ရေအာင္ လုပ္ေဆာင္ပါ။

ဒါေတြကေတာ့ မိန္းကေလးေတြရဲ႕ အာ႐ုံကိုဖမ္းစားႏိုင္ဖို႔နဲ႔ ပတ္သက္တဲ့ နည္းနာနိႆယအခ်ိဳ႕ပဲ ျဖစ္ပါတယ္။ စိတ္၀င္စားေနတဲ့မိန္းကေလးကို မလႈပ္ရွားခင္မွာ ဒီအခ်က္ေတြကို နားလည္ထားဖို႔ လိုပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++

 

Related Posts

%%footer%%