အမွားကင္းကင္းနဲ႕ျပီးျပည့္စံုုဖိုု႕လိုအပ္သလား ?

[sg_popup id=”6″ event=”onload”][/sg_popup]အမွားကင္းကင္းနဲ႕ျပီးျပည့္စံုုဖိုု႕လိုအပ္သလား ?

[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

ဘာမဆို ပြီးပြည့်စုံဖို့ လိုအပ်သလား ?

ဘယ်ကိစ္စမဆို အကောင်းဆုံးဖြစ်အောင် လုပ်တာက မှန်ပါတယ်။ ဒါပေမယ့် ဘာမဆို ခြောက်ပြစ်သဲကင်းစင် ပြီးပြည့်စုံနေအောင် လုပ်ဆောင်တာကရော အလေ့အကျင့်ကောင်းတစ်ခုလို့ ထင်ပါသလား။ အားလုံးကို ပြီးပြည့်စုံအောင်လုပ်ဆောင်တာက လူတိုင်းကို ကျေနပ်စေလိမ့်မယ်လို့ ခံယူထားပါသလား။ ငယ်ရွယ်စဉ်ကျောင်းသားဘဝမှာတုန်းကတော့ အိမ်စာတွေ လေ့ကျင့်ခန်းတွေကို ဘာတစ်ခုမှ ထောက်ပြစရာ မရှိအောင် လုပ်လာရင် ဆရာဆရာမတွေရဲ့ ချီးကျူးတာကို ခံရမှာတော့ သေချာပါတယ်။

အချိန်တန်အရွယ်ရောက်လာတဲ့အခါမှာ ငယ်စဉ်ကထက် တာဝန်ယူစရာကိစ္စတွေ များမြောင်လာပြီး အားလုံးကို ထောက်ပြစရာမရှိအောင် လုပ်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ အိမ်အလုပ်တွေ၊ မိသားစုအရေးကိစ္စတွေ၊ စီးပွားရေးကိစ္စတွေ၊ လူမှုရေးကိစ္စစသဖြင့် တာဝန်တွေအများကြီးရှိလာတတ်ပါတယ်။ ဒီအခါမှာ ဘယ်ကိစ္စကိုမှ အပြစ်ပြောစရာမရှိတဲ့အထိ ပြီးပြည့်စုံအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဒီလို စိတ်တိုင်းကျ ကျေနပ်တဲ့အထိ ပြီးပြည့်စုံအောင် မလုပ်နိုင်တော့တဲ့အခါမှာ စိတ်သောက ရောက်ရပါလိမ့်မယ်။ ငယ်ငယ်တုန်းကလို ပြီးပြည့်စုံမှုကြောင့် ရရှိတဲ့ စိတ်ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုတွေကို ခံစားရတော့မှာမဟုတ်ပါဘူး။ ဒီလို မကျေမနပ်စိတ်ကြောင့်ပဲ ဘာပဲလုပ်လုပ် စိတ်တိုင်းမကျနိုင်ပဲ ဘဝက အဆင်ပြေမှာမဟုတ်တော့ပါဘူး။

အားလုံးကို ပြီးပြည့်စုံအောင် လုပ်ချင်နေတဲ့ စိတ်ကြောင့် အချိန်စောင့်ရင်းနဲ့ လုပ်စရာရှိတာတွေ နှောင့်နှေးကြန့်ကြာသွားတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းမှာလည်း ရှေ့မဆက်နိုင်ပဲ ရပ်တန့်နေတတ်ပါတယ်။ တကယ်တမ်းတော့ ပြီးပြည့်စုံချင်တဲ့စိတ်ဟာ ကြောက်စိတ်ရဲ့ အသွင်ကွဲတစ်ခုပဲဖြစ်ပါတယ်။ အမှားလုပ်မိမှာကို ကြောက်တဲ့စိတ်၊ အခြားသူတွေ စိတ်ပျက်သွားမှာကို ကြောက်တဲ့စိတ်၊ အရှက်ရမှာ၊ အလဟဿဖြစ်သွားမှာကို ကြောက်တဲ့စိတ်ပဲ ဖြစ်ပါတယ်။ ဒီကြောက်စိတ်ကြောင့်ပဲ ဘာကိုမှာ လုပ်ဆောင်နိုင်စွမ်းမရှိတော့ပဲ သာမန်အဆင့်မှာပဲ ရပ်တန့်နေစေမှာဖြစ်ပါတယ်။ ပြီးပြည့်စုံအောင် လုပ်ဆောင်တာက ကျွန်တော်တို့ကို အလုပ်များစေနိုင်ရုံအပြင် စစ်မှန်တဲ့အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်စေမှာ မဟုတ်ပါဘူး။ ပြီးပြည့်စုံအောင် ကြိုးစားရင် အောင်မြင်တိုးတက်မှုတွေ ရှိနေသလို ထင်ရစေပြီး တကယ်တမ်းတော့ ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပါ။

ဒါ့ကြောင့် ဘာမဆိုပြီးပြည့်စုံအောင် လုပ်ချင်တဲ့စိတ်ကို ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ ကားတစ်စီးကို မထိန်းချုပ်ချင်တော့ဘူးဆိုရင် အရင်ဆုံးရပ်လိုက်ဖို့ လိုပါတယ်။ ဒီလိုပါပဲ။ ဘာမဆို ပြီးပြည့်စုံအောင် လုပ်ချင်တဲ့စိတ်ကို ထိန်းချုပ်ချင်တယ်ဆိုရင် အရင်ဆုံးရပ်လိုက်ရမှာ ဖြစ်ပါတယ်။ ယုံကြည်မှုရှိရှိနဲ့ လုပ်စရာရှိတာကို လုပ်လိုက်ပါ။ အကောင်းဆုံး အပြည့်စုံဆုံးဖြစ်ဖို့ထက် လုပ်ဖြစ်ဖို့က အရေးကြီးပါတယ်။ ယုံကြည်မှုဆိုတာက လှေကားထစ်တွေကို မမြင်ရသေးချိန်မှာ ပထမဆုံးခြေလှမ်းကို လှမ်းတက်ရဲတဲ့စိတ် ဖြစ်တယ်လို့ လူမဲအခွင့်အရေးလှုပ်ရှားသူ Martin Luther King, Jr က ပြောခဲ့ဖူးပါတယ်။ သင့်ရဲ့ရည်မှန်းချက် အစီအစဉ်က ထောက်ပြစရာမရှိအောင် ပြီးပြည့်စုံနေဖို့ မလိုပါဘူး။ အားလုံးကို ပုံဖော်နိုင်စရာဖြစ်ဖို့ မလိုပါဘူး။ စပြီးလုပ်ဖြစ်ဖို့ပဲလိုတာပါ။ ဒီတော့ အမှားကင်းကင်းနဲ့ ပြီးပြည့်စုံဖို့ စိတ်ကူးကိုရပ်ပြီး ပထမဆုံးခြေလှမ်းကို စ လှမ်းရင်း ရည်မှန်းချက်ပန်းတိုင်ဆီကို ချီတက်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

[/showhide]

ဘယ္ကိစၥမဆို အေကာင္းဆံုးျဖစ္ေအာင္ လုပ္တာက မွန္ပါတယ္။ ဒါေပမယ့္ ဘာမဆို ေျခာက္ျပစ္သဲကင္းစင္ ၿပီးျပည့္စံုေနေအာင္ လုပ္ေဆာင္တာကေရာ အေလ့အက်င့္ေကာင္းတစ္ခုလို႔ ထင္ပါသလား။ အားလံုးကို ၿပီးျပည့္စံုေအာင္လုပ္ေဆာင္တာက လူတိုင္းကို ေက်နပ္ေစလိမ့္မယ္လို႔ ခံယူထားပါသလား။ ငယ္ရြယ္စဥ္ေက်ာင္းသားဘ၀မွာတုန္းကေတာ့ အိမ္စာေတြ ေလ့က်င့္ခန္းေတြကို ဘာတစ္ခုမွ ေထာက္ျပစရာ မရွိေအာင္ လုပ္လာရင္ ဆရာဆရာမေတြရဲ႕ ခ်ီးက်ဴးတာကို ခံရမွာေတာ့ ေသခ်ာပါတယ္။

အခ်ိန္တန္အရြယ္ေရာက္လာတဲ့အခါမွာ ငယ္စဥ္ကထက္ တာ၀န္ယူစရာကိစၥေတြ မ်ားေျမာင္လာၿပီး အားလံုးကို ေထာက္ျပစရာမရွိေအာင္ လုပ္ဖို႔ဆိုတာ မလြယ္ေတာ့ပါဘူး။ အိမ္အလုပ္ေတြ၊ မိသားစုအေရးကိစၥေတြ၊ စီးပြားေရးကိစၥေတြ၊ လူမႈေရးကိစၥစသျဖင့္ တာ၀န္ေတြအမ်ားႀကီးရွိလာတတ္ပါတယ္။ ဒီအခါမွာ ဘယ္ကိစၥကိုမွ အျပစ္ေျပာစရာမရွိတဲ့အထိ ၿပီးျပည့္စံုေအာင္ လုပ္ႏိုင္မွာ မဟုတ္ပါဘူး။

ဒီလို စိတ္တိုင္းက် ေက်နပ္တဲ့အထိ ၿပီးျပည့္စံုေအာင္ မလုပ္ႏိုင္ေတာ့တဲ့အခါမွာ စိတ္ေသာက ေရာက္ရပါလိမ့္မယ္။ ငယ္ငယ္တုန္းကလို ၿပီးျပည့္စံုမႈေၾကာင့္ ရရွိတဲ့ စိတ္ေပ်ာ္ရႊင္မႈ၊ ၿငိမ္းခ်မ္းမႈနဲ႔ ေပ်ာ္ရႊင္မႈေတြကို ခံစားရေတာ့မွာမဟုတ္ပါဘူး။ ဒီလို မေက်မနပ္စိတ္ေၾကာင့္ပဲ ဘာပဲလုပ္လုပ္ စိတ္တိုင္းမက်ႏိုင္ပဲ ဘ၀က အဆင္ေျပမွာမဟုတ္ေတာ့ပါဘူး။

အားလံုးကို ၿပီးျပည့္စံုေအာင္ လုပ္ခ်င္ေနတဲ့ စိတ္ေၾကာင့္ အခ်ိန္ေစာင့္ရင္းနဲ႔ လုပ္စရာရွိတာေတြ ေႏွာင့္ေႏွးၾကန္႔ၾကာသြားတတ္ပါတယ္။ စီးပြားေရးလုပ္ငန္းမွာလည္း ေရွ႕မဆက္ႏိုင္ပဲ ရပ္တန္႔ေနတတ္ပါတယ္။ တကယ္တမ္းေတာ့ ၿပီးျပည့္စံုခ်င္တဲ့စိတ္ဟာ ေၾကာက္စိတ္ရဲ႕ အသြင္ကြဲတစ္ခုပဲျဖစ္ပါတယ္။ အမွားလုပ္မိမွာကို ေၾကာက္တဲ့စိတ္၊ အျခားသူေတြ စိတ္ပ်က္သြားမွာကို ေၾကာက္တဲ့စိတ္၊ အရွက္ရမွာ၊ အလဟႆျဖစ္သြားမွာကို ေၾကာက္တဲ့စိတ္ပဲ ျဖစ္ပါတယ္။ ဒီေၾကာက္စိတ္ေၾကာင့္ပဲ ဘာကိုမွာ လုပ္ေဆာင္ႏိုင္စြမ္းမရွိေတာ့ပဲ သာမန္အဆင့္မွာပဲ ရပ္တန္႔ေနေစမွာျဖစ္ပါတယ္။ ၿပီးျပည့္စံုေအာင္ လုပ္ေဆာင္တာက ကၽြန္ေတာ္တို႔ကို အလုပ္မ်ားေစႏိုင္႐ုံအျပင္ စစ္မွန္တဲ့ေအာင္ျမင္မႈလမ္းေၾကာင္းေပၚကို ေရာက္ေစမွာ မဟုတ္ပါဘူး။ ၿပီးျပည့္စံုေအာင္ ႀကိဳးစားရင္ ေအာင္ျမင္တိုးတက္မႈေတြ ရွိေနသလို ထင္ရေစၿပီး တကယ္တမ္းေတာ့ ဒုံရင္းက ဒုံရင္းပဲ ျဖစ္ေနမွာပါ။

ဒါ့ေၾကာင့္ ဘာမဆိုၿပီးျပည့္စံုေအာင္ လုပ္ခ်င္တဲ့စိတ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔လုိပါတယ္။ ကားတစ္စီးကို မထိန္းခ်ဳပ္ခ်င္ေတာ့ဘူးဆိုရင္ အရင္ဆံုးရပ္လိုက္ဖို႔ လိုပါတယ္။ ဒီလိုပါပဲ။ ဘာမဆို ၿပီးျပည့္စံုေအာင္ လုပ္ခ်င္တဲ့စိတ္ကို ထိန္းခ်ဳပ္ခ်င္တယ္ဆိုရင္ အရင္ဆံုးရပ္လုိက္ရမွာ ျဖစ္ပါတယ္။ ယုံၾကည္မႈရွိရွိနဲ႔ လုပ္စရာရွိတာကို လုပ္လိုက္ပါ။ အေကာင္းဆံုး အျပည့္စံုဆံုးျဖစ္ဖို႔ထက္ လုပ္ျဖစ္ဖို႔က အေရးႀကီးပါတယ္။ ယုံၾကည္မႈဆိုတာက ေလွကားထစ္ေတြကို မျမင္ရေသးခ်ိန္မွာ ပထမဆံုးေျခလွမ္းကို လွမ္းတက္ရဲတဲ့စိတ္ ျဖစ္တယ္လို႔ လူမဲအခြင့္အေရးလႈပ္ရွားသူ Martin Luther King, Jr က ေျပာခဲ့ဖူးပါတယ္။ သင့္ရဲ႕ရည္မွန္းခ်က္ အစီအစဥ္က ေထာက္ျပစရာမရွိေအာင္ ၿပီးျပည့္စံုေနဖို႔ မလိုပါဘူး။ အားလံုးကို ပံုေဖာ္ႏိုင္စရာျဖစ္ဖို႔ မလိုပါဘူး။ စၿပီးလုပ္ျဖစ္ဖို႔ပဲလိုတာပါ။ ဒီေတာ့ အမွားကင္းကင္းနဲ႔ ၿပီးျပည့္စံုဖို႔ စိတ္ကူးကိုရပ္ၿပီး ပထမဆံုးေျခလွမ္းကို လွမ္းရင္း ရည္မွန္းခ်က္ပန္းတိုင္ဆီကို ခ်ီတက္လိုက္ပါလို႔ တိုက္တြန္းလိုက္ပါတယ္။[sg_popup id=”6″ event=”onload”][/sg_popup]


 

Related Posts

%%footer%%