[sg_popup id=”6″ event=”onload”][/sg_popup]ပိုမို ပျော်ရွှင်သော ဘ၀ရရှိရေး

ပိုမို ပျော်ရွှင်သော ဘ၀ရရှိရေး

လူအများစုက ကိုယ့်ဘ၀နဲ့ ကိုယ်မပျော်ရွှင်နိုင်ကြတာ များပါတယ်။ သူတို့အတွက် ပျော်ရွှင်မှုဆိုတာက လျို့ဝှက်ဆန်းကျယ်တဲ့အရာတစ်ခုလို့ ရရှိပိုင်ဆိုင်ဖို့ ခက်ခဲနေတတ်ကြပါတယ်။

 

ပျော်ရွှင်မှုဆိုတာ ကမ္ဘာလောကကြီးရဲ့ သမိုင်းတလျှောက်မှာ လေ့လာမှုအများဆုံးအကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ စိတ္တဗေဒနဲ့ ဒဿနိကဗေဒ ပညာရပ်တွေကို လေ့လာကြည့်မယ်ဆိုရင် ပျော်ရွှင်မှုအကြောင်းကိုပဲ ခေါင်းစဉ်တပ်ပြောဆိုနေကြတာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

 

ဒါ့ကြောင့် ပိုမိုပျော်ရွှင်သော ဘ၀တစ်ခုကို ရရှိနိုင်ဖို့အတွက် ပျော်ရွှင်မှုရဲ့ အခြေခံလေးတွေကို ဆန်းစစ်အဖြေရှာ ကြည့်ရအောင်။

 

၁။ ပျော်ရွှင်မှုဆိုတာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့ကို မြင်တဲ့နည်းလမ်းပေါ်မှာ မူတည်ပါတယ်။

တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ အတိတ်မှာရုန်းကန်းခဲ့ရတာတွေ၊ စိန်ခေါ်မှုတွေနဲ့၊ ဒုက္ခတွေနဲ့ နာကျည်းစရာတွေကို ပြန်လည်သတိရမိတတ်ကြပါတယ်။ အတိတ်အကြောင်းတွေးမိတဲ့အခါမှာ အတိတ်က အတိတ်မှာကျန်ခဲ့ပြီလို့ လက်ခံနိုင်ရင် ကောင်းပါတယ်။ အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငြိမ်းချမ်းမှုကို ရှာဖွေပြီး လက်ခံနိုင်တာ၊ အသိအမှတ်ပြုနိုင်တာက လက်ရှိအချိန်မှာ ပိုပြီးလွတ်လပ်ပျော်ရွှင်စေမှာ ဖြစ်ပါတယ်။

 

လက်ရှိအချိန်ကို အာရုံစိုက်ရှင်သန်ခြင်းက ကျွန်တော်တို့ကို ပျော်ရွှင်စေနိုင်ပါတယ်။ လုပ်နေတဲ့အလုပ်ကို စိတ်ဝင်စားနေတာ၊ အမှန်တကယ်စိတ်နှစ်ပြီး လုပ်နေတာတာ၊ စိတ်အားထက်သန်ပြီး စိတ်ဝင်စားတဲ့အရာတစ်ခုကို ရှာဖွေလုပ်ကိုင်နေတာတွေက ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုနဲ့ ပျော်ရွှင်မှုတွေကို ပေးနိုင်ပါတယ်။

 

အနာဂတ်အတွက်ဆိုရင်ကတော့ စိုးရိမ်စရာအနာဂတ်ဖြစ်မလား၊ အခက်အခဲတွေရှိလာနိုင်များ၊ အခုထက်ပိုပြိး ရုန်းကန်ရဖို့ ရှိနေတာလား ဘယ်လိုအနာဂတ်မျိုးပဲဖြစ်နေပါစေ၊ ကြုံလာသမျှကို ရင်ဆိုင်ဖြေရှင်းဖို့ စိတ်လှုပ်ရှားတက်ကြွမှုနဲ့ အသင့်ပြင်ဆင်ထားမယ်ဆိုရင် မနက်ဖြန်တိုင်းက လှပနေမှာပါ။

 

ဒါတွေက ကျွန်တော်တို့ရဲ့ ခံစားမှုပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုအတွက် သိထားသင့်တဲ့အခြေခံပါပဲ။ အတိတ်ကို လက်ခံနိုင်၊ လက်ရှိအချိန်မှာ အာရုံစိုက်ကာ အနာဂတ်အတွက် စိတ်လှုပ်ရှားတက်ကြွမှုအပြည့်နဲ့ ပြင်ဆင်ထားတတ်ဖို့ပဲ လိုပါတယ်။

 

၂။ ပျော်ရွှင်ကျန်းမာအောင် နေတတ်ဖို့လည်း လိုပါတယ်။

စိတ်ခံစားမှုပိုင်းအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ပျော်ရွှင်ကျန်းမာဖို့အတွက် ဘာတွေလိုအပ်မလဲ??

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်က လွယ်ကူပါတယ်။

– တစ်ညကို ရှစ်နာရီ အိပ်စက်ပါ။

– ရေများများသောက်ပါ

– အာရုံစိုက်ချိန်များလာရင် အနားယူပါ။ တစ်နေ့လုံးထိုင်မနေမိအောင် သတိထားပြီးမတ်တပ်ရပ်ပါ။ လမ်းလျှောက်ပါ။

– တစ်ပတ်ကို နှစ်ကြိမ်ကနေ လေးကြိမ်လောက်အထိ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။

– အပြင်ထွက်ပြီး လျှောက်လည်ပါ။

– အစိမ်းရောင်ရှိတာတွေ ပိုစားပါ။

– သကြားနဲ့ ကဖိန်းဓာတ်တွေကို ရှောင်ကြင်ပါ။

– ဓာတ်မတည့်တဲ့အစေားအသောက်တွေကို ရှောင်ပါ။

 

ခန္ဓာကိုယ်ကျန်းမာဖို့အတွက်က ဒီလောက်လွယ်ကူမှန်း အားလုံးသိကြပါတယ်။ ဒါပေမယ့် သိရုံနဲ့ လုပ်ဖြစ်ကြတာတော့ မဟုတ်ပါဘူး။ ဗိုက်ဆာလာပြီဆိုတာနဲ့ အဆင်သင့်တွေ့တဲ့ အမြန်စာတွေ ကောက်စားလိုက်ကြတာပါပဲ။

 

၃။ ချစ်မှုရေးရာကိစ္စတွေကလည်း လူအများစုကို ပျော်ရွှင်မှုနဲ့အလှမ်းဝေးစေတဲ့အရာတစ်ခုပါပဲ။

ဒီလိုပြောလို့ ချစ်သူရည်းစားထားတာ မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ချစ်မှုရေးရာကိစ္စတွေက လူတွေကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သလို မပျော်ရွှင်အောင်လည်း လုပ်နိုင်ပါတယ်။ ဒီတော့ သင့်ရဲ့ ချစ်ရေးကိစ္စမှာ မပျော်ရွှင်ရဘူးလို့ ထင်နေရင် ဒီမေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။

– အခု ချစ်သူကို စိတ်ထဲမှာတကယ်ရှိနေလား?

– သူနဲ့ သူ့အချစ်ကို အသိအမှတ်ပြု မြတ်နိုးရဲ့လား ?

– သူ့အပေါ်ကို သံသယ၀င်နေလား ?

– သူနဲ့ တကယ်ပဲ အပြည့်အ၀အပြန်အလှန်မှီခိုမှုရှိတဲ့ ဆက်ဆံရေးဟုတ်ရဲ့လား?

 

ဒီမေးခွန်းတွေက သင်တို့အတွက် ပြဿနာမဟုတ်ပါဘူး။ တကယ်ဆိုရင် ချစ်သူရည်းစားပဲဖြစ်ဖြစ်၊ လင်မယားပဲဖြစ်ဖြစ် အပြန်အလှန်လေးစားမှုနဲ့ ဂုဏ်ယူနေရမှာ ဖြစ်ပါတယ်။ တစ်ယောက်ရဲ့ဘ၀အတွက် ပျော်စရာကိစ္စတွေကို တစ်ယောက်က ဖန်တီးပေးနေရများဖြစ်ပါတယ်။

 

ဘ၀မှာ ပျော်ရွှင်နေဖို့က တကယ်ဆိုရင် ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။ ပြီးခဲ့တာတွေကို မေ့ထားပြီး လက်ရှိအချိန်မှာ အကောင်းဆုံးလုပ်၊ အနာဂတ်အတွက် ကြိုရင်ခုန်ပါ။ မလိုအပ်တာတွေနဲ့ မဖြစ်သေးတာတွေအတွက် ပူပန်မနေပါနဲ့။ ခန္ဓာကိုယ် ကျန်းမာနေရင် စိတ်လည်းပျော်ရွှင်နေရမျာဖြစ်ပြီး ကိုယ့်ဘ၀ရဲ့လက်တွဲဖော်ကို လေးစားပါ။ ဒီလိုဆိုရင် ပြီးပြည့်စုံ ပျော်ရွှင်ရတဲ့ဘ၀ကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

 

 

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်

Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++++++++
Gentleman Magazine