[sg_popup id=”6″ event=”onload”][/sg_popup]သစ်ကုလားအုတ်များထံမှရရှိနိုင်သည့် ဘ၀သင်ခန်းစာ (၆)ခု

လည်ပင်းရှည်ရှည် သစ်ကုလားအုတ်ကြီးတွေဟာ သဘာဝတရားက ဖန်ဆင်းထားတဲ့ နူးညံ့သိမ်မွေ့သော သတ္တ၀ါကြီးတွေ ဖြစ်ပါတယ်။ သူတို့ဟာ တောထဲက အခြားသတ္တ၀ါအားလုံးထက် လည်ပင်းရှည် အရပ်မြင့်သလောက် တစ်လောကလုံးက အပေါ်စီးက စောင့်ကြည့်လေ့လာတတ်ကြပါတယ်။ သစ်ကုလားအုတ်တွေကို အချိန်ယူလေ့လာကြည့်မယ်ဆိုရင် ကျွန်တော်တို့အတွက် ပျော်ရွှင်မှုနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့အတွက် ဘ၀သင်ခန်းစာတွေကို ရယူနိုင်ပါတယ်။ ဒီတော့ တောရိုင်းသဘာဝရဲ့ လည်ပင်းရှည်သတ္တ၀ါကြီးတွေဆီက ဘ၀သင်ခန်းစာ(၆)ခု ကို ဖော်ပြလိုက်ပါတယ်။

 

၁။ မြင့်မြင့်မားမား ရပ်တည်ပါ။

သစ်ကုလားအုတ်တွေက သဘာဝကပေးတဲ့ သူတို့ရဲ့အားသာချက်အတိုင်း မြင့်မြင့်မားမား ရပ်တည်ကြပါတယ်။ အလားတူပါပဲ။ ကျွန်တော်တို့ဟာလည်း ပင်ကိုယ်အရည်အချင်းတွေကို အသုံးပြုပြီး မြင့်မြင့်မားမားရပ်တည်နိုင်အောင် ကြိုးစားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ အခြားသူတွေရဲ့အားနည်းချက်ပေါ်မှာ အသာစီးယူမယ့်အစား ကိုယ်ပိုင်အားသက်ချက်ကို အာရုံစိုက်အသုံးချပါ။

 

၂။ အစက်အပျောက်တွေကို လက်ခံပါ။

သစ်ကုလားအုတ်တွေမှာ အစက်အပျောက်တွေရှိသလို ကျွန်တော်တို့လူသားတွေရဲ့ အစက်အပျောက်တွေကတော့ ရုပ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။ ဒီလို အားနည်းချက်တွေကြောင့် စိတ်ပျက်ဝမ်းနည်းမနေပဲ လက်ခံနိုင်ဖို့ ကြိုးစားပြီး ရှေ့ဆက်ရမှာဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ သင့်ရဲ့အစက်အပျောက်တွေကပဲ သူမတူအောင် ထူးခြားစေမှာဖြစ်ပါတယ်။

 

၃။ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပါ။

သစ်ကုလားအုတ်တွေဟာ အရပ်အမြင့်ကြီးတွေ ဆိုပေမယ့် မြေပြင်ပေါ်က အစာကိုရှာဖွေစားသောက်ဖို့ ဦးညွှတ်တတ်ကြပါတယ်။

သင်ခန်းစာ ။ ။ ကိုယ့်ဘ၀ကို မမေ့ပါနဲ့။

 

၎။ အမြင့်ကနေ မြင်အောင်ကြည့်တတ်ပါစေ။

သစ်ကုလားအုတ်တွေဟာ အမြင့်ကနေ ပတ်ဝန်းကျင်ကအရာတွေကို ကြည့်နိုင်စွမ်းရှိသလိုပါပဲ ကျွန်တော်တို့ဟာလည်း ထောင့်စေ့အောင် မြင်နိုင်ဖို့အတွက် မြင့်မြင့်မားမားတွေးခေါ်ကြံစည်တတ်ဖို့ လိုပါတယ်။

သင်ခန်းစာ ။ ။ မြင့်မားတဲ့ ရည်မှန်းချက်အမျှော်အမြင်ရှိပါစေ။

 

၅။ အရွယ်အစားနဲ့ ခွန်အားကို မရောထွေးပါနဲ့။

သစ်ကုလားအုတ်တွေက အရပ်အမောင်းမြင့်မားပြီး ကြီးမားပေမယ့် သူတို့ရဲ့ခွန်အားနဲ့ သန်စွမ်းမှုက အကန့်အသစ်ရှိတာကို သိထားကြပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အခြားသူတွေထက် ပိုပြီး အရည်အချင်းရှိတယ်၊ ပိုတော်လာပြီဆိုတာနဲ့ လုပ်တိုင်းဖြစ်မယ်လို့ ထင်လာတတ်ပါတယ်။ ဒီနေရာက စပြီး အမှားတွေ စလာမှာဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ ဘ၀အခြေအနေဘယ်လောက်မြင့်မြင့်၊ လုပ်ပိုင်ခွင့်နဲ့ အခွင့်အာဏာကြောင့် လမ်းကြောင်းမလွဲပါစေနဲ့။

 

၆။ ရင်းနှီးခင်မင်တတ်ပါစေ။

သစ်ကုလားအုတ်တွေဟာ အအုပ်အသင်းနဲ့ နေတတ်တဲ့သတ္တ၀ါတွေ ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားပြီး အတူတူသွားလာလှုပ်ရှားကြသလို လိုအပ်လာရင် စည်းလုံးမှုရှိကြပါတယ်။

သင်ခန်းစာ ။ ။ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း စတဲ့ ပတ်ဝန်းကျင်ကလူတွေနဲ့ ခင်မင်ရင်းနှီးနေပါစေ။ တတ်နိုင်သမျှ အတူတကွပူးပေါင်းဆောင်ရွက်ပါ။

 

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်

Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++++