Facebook တည္ေထာင္သူ Mark Zukerberg ရဲ႕ စိတ္၀င္စားဖြယ္ရာ အခ်က္(၁၅)ခု

[sg_popup id=”6″ event=”onload”][/sg_popup]Facebook တည္ေထာင္သူ Mark Zukerberg ရဲ႕ စိတ္၀င္စားဖြယ္ရာ အခ်က္(၁၅)ခု

(Zawgyi)[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

Facebook တည်ထောင်သူ Mark Zukerberg ရဲ့ စိတ်၀င်စားဖွယ်ရာ အချက်(၁၅)ခု

(Unicode)

ကမ္ဘာမှာ လူသုံးများထင်ရှားတဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook တည်ထောင်သူ Mark Zukerberg (မက် ဇူကာဘက်) ဟာ အင်တာနက်နည်းပညာလောကရဲ့ မျက်နှာစာသစ်ကို ဖွင့်လှစ်နိုင်သူတစ်ဦး ဖြစ်ပါတယ်။ အသက်(၃၂)နှစ်အရွယ်မှာ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ (၅၁.၈)ဘီလီယံထိ ရှိနေပြီဖြစ်တဲ့ ဇူကာဘက်ဟာ ကမ္ဘာကျော်ပုဂိ္ဂုဟ်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ သူနဲ့ပတ်သက်ပြီး စိတ်၀င်စားစရာအချက်တစ်ချို့ရှိနေပါတယ်။

၁။ သူ့အသက် (၁၂)နှစ်မှာကတည်းက သွားဆရာ၀န်ဖြစ်သူ ဖခင်ရဲ့ဆေးခန်းမှာ အသုံးပြုဖို့ ပရိုဂရမ်တစ်ခုကို တီထွင်ခဲ့ပါတယ်။ ဒီပရိုဂရမ်မှာ ဆေးခန်းကို လူနာအသစ်တွေလာတဲ့အခါတိုင်းမှာ တာ၀န်ကျဧည့်ကြိုက ဖုန်းဆက်စရာမလိုပဲ သူ့အဖေကို ခေါ်လို့ရအောင် ရေးဆွဲထားတာဖြစ်ပါတယ်။

၂။ မက် ဇူကာဘက် ငယ်စဉ်ကတည်းက သူ့မိဘတွေက ကွန်ပျူတာပညာရပ်တွေ သင်ပေးဖို့ ဆရာတစ်ယောက် ခေါ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ သင်ယူနိုင်စွမ်းနဲ့ သင်ယူလိုစိတ်ကို ဆရာလုပ်သူက အမှီမလိုက်နိုင်ခဲ့ပါဘူး။

၃။ အထက်တန်းကျောင်းသားဘ၀မှာ AOL ၊ Microsoft တို့လို့ နာမည်ကြီးနည်းပညာကုမ္ပဏီတွေက အလုပ်ခန့်အပ်ဖို့ ကမ်းလှမ်းခဲ့ကြပေမယ့် သူက ငြင်းဆိုခဲ့ပါတယ်။

၄။ Facebook မှာ အမှုဆောင်အရာရှိချုပ် (CEO) အဖြစ်နဲ့ မက်ဇူကာဘက်ရဲ့ လစာက (၁)ဒေါ်လာပဲ ရတာဖြစ်ပါတယ်။

၅။ ဟားဗတ်တက္ကသိုက်တက်နေစဉ်ကလည်း Facemash လို့ခေါ်တဲ့ ၀က်ဘ်ဆိုက်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ ဒီ၀က်ဘ်ဆိုက်မှာ လူနှစ်ယောက်ရဲ့ မျက်နှာကို နှိုင်းယှဉ်ပြီး ဘယ်သူက ပိုကြည့်ကောင်းလဲဆိုတာကို ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။ ဒီ၀က်ဘ်ဆိုက်ကို ဟားဗတ်တက္ကသိုလ်က ပိတ်ချခဲ့ပြီး ဇူကာဘက်ကိုလည်း အခြားသူတွေရဲ့ ကိုယ်ပိုင်လုံခြုမှုကို ချိုးဖောက်တယ်လို့ စွပ်စွဲကာ ကျောင်း၀န်းအတွင်း အင်တာနက်အသုံးပြုခွင့် ပိတ်ထားခဲ့ပါတယ်။

၆။ မက် ဇူကာဘက်က အနီနဲ့ အစိမ်းရောင်တို့ကို မမြင်နိုင်တဲ့ အမြင်ချို့ယွင်းမှုရှိပါတယ်။ ဒါ့ကြောင့် Facebook က အပြာရောင်ဖြစ်နေတာပါ။

၇။ မက် ဇူကာဘက်ဟာ သူ့ရဲ့ဇနီးဖြစ်သူ ပရစ်စီလာ ချန်းကို ဒုတိယနှစ်အတွင်း ပါတီပွဲတစ်ခုမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

၈။ မက်ဇူကာဘက်ဟာ ကမ္ဘာကျော်သူဌေးကြီးတွေဖြစ်တဲ့ ဘီလ်ဂိတ်စ်၊ ဝါရင့်ဘဲဖတ်တို့နဲ့ အတူ The Giving Pledge ဆိုတဲ့ ပရဟိတအဖွဲ့အစည်းမှာ လက်မှတ်ထိုးပါ၀င်ထားပါတယ်။ ဒါ့ကြောင့် အဖွဲ့အစည်းရဲ့စည်းမျဉ်းအရ သူပိုင်ဆိုင်သမျှရဲ့ ထက်၀က်ကို အများကောင်းကျိုးအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

၉။ သူ့ရဲ့ လိပ်စာကဒ်မှာ “I’m CEO, Bitch” (ငါက စီးအီးအို ကွ၊ ကောင်မ)လို တကယ်ရေးထားတာပါ။

၁၀။ ၂၀၁၀ ခုနှစ်မှာ ဇူကာဘက်ဟာ တရုတ်ဘာသာစကားကို သင်ယူခဲ့ပါတယ်။ ဒါ့ကြောင့် သူ့ဇနီးရဲ့ မိဘတွေနဲ့ စကားပြောဆို ဆက်ဆံနိုင်ပါတယ်။

၁၁။ သူ့ရဲ့ သူငယ်ချင်းမိတ်ဆွေတွေက Zuck (ဇက်)လို့ ခေါ်ပြီး သူ့မိခင်ကတော့ ပရင့်စလေ လို့ ခေါ်ပါတယ်။

၁၂။ မက်ဇူကာဘက်ဟာ Google Plus မှာလည်း နောက်လိုက်အများဆုံး ပုဂိ္ဂုဟ်တစ်ယောက်ဖြစ်ပါတယ်။ Google Plus တည်ထောင်သူတွေထက်တောင်မှ အားပေးသူတွေ များပါသေးတယ်။

၁၃။ သူအကြိုက်ဆုံး ဂီတအနုပညာရှင်တွေကတော့ Green Day, Shakira, Jay Z နဲ့ Taylor Swift တို့ပဲ ဖြစ်ပါတယ်။

၁၄။ သူ့ ဇနီးအတွက် လက်ထပ်လက်စွပ်ကို မက် ဇူကာဘက် ကိုယ်တိုင်း ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

၁၅။ သူဟာ နှစ်စဉ်နှစ်တိုင်း ဆုံးဖြတ်ချက်တစ်ခု ချမှတ်လုပ်ဆောင်လေ့ရှိပါတယ်။ ၂၀၀၉ ခုနှစ်မှာ တစ်နှစ်လုံးမှာ လည်စည်းတစ်ခုတည်းကိုပဲ စည်းဖို့ ဆုံးဖြတ်လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ သူကိုယ်တိုင် သတ်တဲ့ တိရစာၦန်အသားကိုပဲ စားဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၁၃ မှာတော့ နေ့စဉ်နေ့တိုင်း Facebook အပြင်ဖက် လောကမှာ လူသစ် မိတ်ဆွေသစ်တစ်ယောက်နဲ့ တွေ့ဆုံဖို့ ကတိပြုလုပ်ဆောင်ခဲ့ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

 

[/showhide]

ကမာၻမွာ လူသံုးမ်ားထင္ရွားတဲ့ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Facebook တည္ေထာင္သူ Mark Zukerberg (မက္ ဇူကာဘက္) ဟာ အင္တာနက္နည္းပညာေလာကရဲ႕ မ်က္ႏွာစာသစ္ကို ဖြင့္လွစ္ႏိုင္သူတစ္ဦး ျဖစ္ပါတယ္။ အသက္(၃၂)ႏွစ္အရြယ္မွာ အသားတင္ပိုင္ဆိုင္မႈ ေဒၚလာ (၅၁.၈)ဘီလီယံထိ ရွိေနၿပီျဖစ္တဲ့ ဇူကာဘက္ဟာ ကမာၻေက်ာ္ပုဂိၢဳဟ္ေတြထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူနဲ႔ပတ္သက္ၿပီး စိတ္၀င္စားစရာအခ်က္တစ္ခ်ိဳ႕ရွိေနပါတယ္။

၁။ သူ႔အသက္ (၁၂)ႏွစ္မွာကတည္းက သြားဆရာ၀န္ျဖစ္သူ ဖခင္ရဲ႕ေဆးခန္းမွာ အသံုးျပဳဖို႔ ပ႐ိုဂရမ္တစ္ခုကို တီထြင္ခဲ့ပါတယ္။ ဒီပ႐ိုဂရမ္မွာ ေဆးခန္းကို လူနာအသစ္ေတြလာတဲ့အခါတိုင္းမွာ တာ၀န္က်ဧည့္ႀကိဳက ဖုန္းဆက္စရာမလိုပဲ သူ႔အေဖကို ေခၚလို႔ရေအာင္ ေရးဆြဲထားတာျဖစ္ပါတယ္။

၂။ မက္ ဇူကာဘက္ ငယ္စဥ္ကတည္းက သူ႔မိဘေတြက ကြန္ပ်ဴတာပညာရပ္ေတြ သင္ေပးဖို႔ ဆရာတစ္ေယာက္ ေခၚေပးခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ သင္ယူႏုိင္စြမ္းနဲ႔ သင္ယူလိုစိတ္ကို ဆရာလုပ္သူက အမွီမလိုက္ႏိုင္ခဲ့ပါဘူး။

၃။ အထက္တန္းေက်ာင္းသားဘ၀မွာ AOL ၊ Microsoft တို႔လို႔ နာမည္ႀကီးနည္းပညာကုမၸဏီေတြက အလုပ္ခန္႔အပ္ဖို႔ ကမ္းလွမ္းခဲ့ၾကေပမယ့္ သူက ျငင္းဆိုခဲ့ပါတယ္။

၄။ Facebook မွာ အမႈေဆာင္အရာရွိခ်ဳပ္ (CEO) အျဖစ္နဲ႔ မက္ဇူကာဘက္ရဲ႕ လစာက (၁)ေဒၚလာပဲ ရတာျဖစ္ပါတယ္။

၅။ ဟားဗတ္တကၠသိုက္တက္ေနစဥ္ကလည္း Facemash လို႔ေခၚတဲ့ ၀က္ဘ္ဆိုက္တစ္ခုကို တည္ေဆာက္ခဲ့ပါတယ္။ ဒီ၀က္ဘ္ဆိုက္မွာ လူႏွစ္ေယာက္ရဲ႕ မ်က္ႏွာကို ႏႈိင္းယွဥ္ၿပီး ဘယ္သူက ပိုၾကည့္ေကာင္းလဲဆိုတာကို ဆံုးျဖတ္ေပးတာျဖစ္ပါတယ္။ ဒီ၀က္ဘ္ဆိုက္ကို ဟားဗတ္တကၠသိုလ္က ပိတ္ခ်ခဲ့ၿပီး ဇူကာဘက္ကိုလည္း အျခားသူေတြရဲ႕ ကိုယ္ပိုင္လံုျခဳမႈကို ခ်ိဳးေဖာက္တယ္လို႔ စြပ္စြဲကာ ေက်ာင္း၀န္းအတြင္း အင္တာနက္အသံုးျပဳခြင့္ ပိတ္ထားခဲ့ပါတယ္။

၆။ မက္ ဇူကာဘက္က အနီနဲ႔ အစိမ္းေရာင္တို႔ကို မျမင္ႏိုင္တဲ့ အျမင္ခ်ိဳ႕ယြင္းမႈရွိပါတယ္။ ဒါ့ေၾကာင့္ Facebook က အျပာေရာင္ျဖစ္ေနတာပါ။

၇။ မက္ ဇူကာဘက္ဟာ သူ႔ရဲ႕ဇနီးျဖစ္သူ ပရစ္စီလာ ခ်န္းကို ဒုတိယႏွစ္အတြင္း ပါတီပြဲတစ္ခုမွာ ေတြ႕ဆံုခဲ့တာ ျဖစ္ပါတယ္။

၈။ မက္ဇူကာဘက္ဟာ ကမာၻေက်ာ္သူေဌးႀကီးေတြျဖစ္တဲ့ ဘီလ္ဂိတ္စ္၊ ၀ါရင့္ဘဲဖတ္တို႔နဲ႔ အတူ The Giving Pledge ဆိုတဲ့ ပရဟိတအဖြဲ႕အစည္းမွာ လက္မွတ္ထိုးပါ၀င္ထားပါတယ္။ ဒါ့ေၾကာင့္ အဖြဲ႕အစည္းရဲ႕စည္းမ်ဥ္းအရ သူပိုင္ဆိုင္သမွ်ရဲ႕ ထက္၀က္ကို အမ်ားေကာင္းက်ိဳးအတြက္ လွဴဒါန္းသြားမွာ ျဖစ္ပါတယ္။

၉။ သူ႔ရဲ႕ လိပ္စာကဒ္မွာ “I’m CEO, Bitch” (ငါက စီးအီးအို ကြ၊ ေကာင္မ)လို တကယ္ေရးထားတာပါ။

၁၀။ ၂၀၁၀ ခုႏွစ္မွာ ဇူကာဘက္ဟာ တ႐ုတ္ဘာသာစကားကို သင္ယူခဲ့ပါတယ္။ ဒါ့ေၾကာင့္ သူ႔ဇနီးရဲ႕ မိဘေတြနဲ႔ စကားေျပာဆို ဆက္ဆံႏိုင္ပါတယ္။

၁၁။ သူ႔ရဲ႕ သူငယ္ခ်င္းမိတ္ေဆြေတြက Zuck (ဇက္)လို႔ ေခၚၿပီး သူ႔မိခင္ကေတာ့ ပရင့္စေလ လို႔ ေခၚပါတယ္။

၁၂။ မက္ဇူကာဘက္ဟာ Google Plus မွာလည္း ေနာက္လိုက္အမ်ားဆံုး ပုဂိၢဳဟ္တစ္ေယာက္ျဖစ္ပါတယ္။ Google Plus တည္ေထာင္သူေတြထက္ေတာင္မွ အားေပးသူေတြ မ်ားပါေသးတယ္။

၁၃။ သူအႀကိဳက္ဆံုး ဂီတအႏုပညာရွင္ေတြကေတာ့ Green Day, Shakira, Jay Z နဲ႔ Taylor Swift တို႔ပဲ ျဖစ္ပါတယ္။

၁၄။ သူ႔ ဇနီးအတြက္ လက္ထပ္လက္စြပ္ကို မက္ ဇူကာဘက္ ကိုယ္တိုင္း ဒီဇိုင္းေရးဆြဲခဲ့တာ ျဖစ္ပါတယ္။

၁၅။ သူဟာ ႏွစ္စဥ္ႏွစ္တိုင္း ဆံုးျဖတ္ခ်က္တစ္ခု ခ်မွတ္လုပ္ေဆာင္ေလ့ရွိပါတယ္။ ၂၀၀၉ ခုႏွစ္မွာ တစ္ႏွစ္လံုးမွာ လည္စည္းတစ္ခုတည္းကိုပဲ စည္းဖို႔ ဆံုးျဖတ္လုပ္ေဆာင္ခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္မွာေတာ့ သူကိုယ္တိုင္ သတ္တဲ့ တိရစာၦန္အသားကိုပဲ စားဖို႔ ဆံုးျဖတ္ခဲ့ၿပီး ၂၀၁၃ မွာေတာ့ ေန႔စဥ္ေန႔တိုင္း Facebook အျပင္ဖက္ ေလာကမွာ လူသစ္ မိတ္ေဆြသစ္တစ္ေယာက္နဲ႔ ေတြ႕ဆံုဖို႔ ကတိျပဳလုပ္ေဆာင္ခဲ့ပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++

 

Related Posts

%%footer%%