ေအာင္ျမင္မႈအတြက္ ေဖာ္ျမဴလာ

[sg_popup id=”6″ event=”onload”][/sg_popup]ေအာင္ျမင္မႈအတြက္ ေဖာ္ျမဴလာ

(Zawgyi)[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

အောင်မြင်မှုအတွက် ဖော်မြူလာ

(Unicode)

အောင်မြင်မှုအတွက် နည်းလမ်းတွေအများကြီးရှိတဲ့အထဲကမှ ရိုးရှင်းလွယ်ကူတဲ့ ဖော်မြူလာတစ်ခု ရှိနေပါတယ်။ ဒီဖော်မြူလာကတော့
Ps = 1 – Pf ဆိုတာပဲဖြစ်ပါတယ်။

ဒီဖော်မြူလာရဲ့အဓိပ္ပါယ်ကတော့ အောင်မြင်မှုရရှိနိုင်တဲ့ ဖြစ်နိုင်ချေက ကိန်းပြည့် တစ် ထဲကနေ ကျရှုံးနိုင်ချေကို နှုတ်လိုက်တာနဲ့ ညီမျှတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြောရရင် ကျရှုံးနိုင်တဲ့ ဖြစ်နိုင်ချေ နည်းလာတာနဲ့အမျှ အောင်မြင်နိုင်ချေ များလာတဲ့ သဘောပါပဲ။ ဒီတော့ ကျရှုံးမှုက ဘယ်လိုလဲ၊ ဘယ်လိုရှောင်နိုင်မလဲဆိုတာတွေက အောင်မြင်မှုအတွက် အကြီးမားဆုံးအစိတ်အပိုင်းဖြစ်လာပါတယ်။

အောင်မြင်မှုနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေလည်း အများကြီးရှိပါတယ်။ အခုကတော့ ကျရှုံးမှုမရှိစေဖို့အတွက် အရေးကြီးတဲ့ စည်းမျဉ်းတွေပဲ ဖြစ်ပါတယ်။

၁။ ချေွတာပါ
စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါမှာ အတက်အကျ ဆိုတာရှိပါတယ်။ လုပ်ငန်းကောင်းနေချိန်မှာ ၀င်ငွေတိုးတက်နေတဲ့အတွက် အသုံးအစွဲများပြီး မလိုအပ်တာတွေအတွက်လည်း သုံးစွဲတာတွေရှိနိုင်ပါတယ်။ ဒီလို သုံးစွဲမှုမျိုးတွေက လုပ်ငန်းကျဆင်းတဲ့အချိန်မှာ ပုံမှန်လည်ပတ်နိုင်အောင်သုံးရမယ့် အသုံးစရိတ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အသုံးနဲ့ အဖြုန်းကို ခွဲခြားသိပြီး မလိုအပ်တာတွေအတွက် မသုံးမိအောင် ချေွတာတတ်ဖို့ လိုပါတယ်။

၂။ ကျပ်တည်းချိန်အတွက် သီးခြားစုဆောင်းထားပါ
လုပ်ငန်းတစ်ခုမှာ အတက်အကျရှိတယ်လို့ ပြောပြီးပါပြီ။ ခက်ခဲကျပ်တည်းချိန်တွေလည်း ရှိလာမှာပါ။ ခက်ခဲကျပ်တည်းမှုတွေ ကြုံရတဲ့အခါမှ အရံရန်ပုံငွေမရှိတာက အခက်အခဲကို ပိုသက်တမ်းရှည်စေပါတယ်။ ချေးငွေတွေကလည်း လုံလောက်တဲ့အကူအညီဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လုပ်ငန်းကောင်းချိန်မှာ ပိုလျံတဲ့၀င်ငွေကို သီးခြားစုဆောင်းပါ။ အနည်းဆုံး သုံးလစာ လုပ်ငန်းလည်ပတ်စရိတ်ကို ကျပ်တည်းချိန်အတွက် ရည်ရွယ်ပြီး သီးခြားဖယ်စုထားပါ။ ဒီလိုဆိုရင်တော့ အခက်ခဲဆုံးအချိန်တွေ ရောက်လာခဲ့ရင်လည်း အသက်ရှုချောင်နိုင်မှာ ဖြစ်ပါတယ်။

၃။ ကိုယ်ပိုင်အသုံးစရိတ်အတွက် နှစ်နှစ်စာလောက် စုဆောင်းထားပါ။
တည်ထောင်သူတစ်ယောက်အနေနဲ့ လုပ်ငန်းစတင်ထူထောင်ကာစမှာ ၀င်ငွေမရှိပဲ အချိန်ကာလတစ်ခုကြာအောင် ဖြတ်သန်းရတတ်ပါတယ်။ လုပ်ငန်းစတင်နေချိန်မှာ တည်ထောင်သူကလည်း အသုံးစရိတ်ပြတ်သွားခဲ့မယ်ဆိုရင် လုပ်ငန်းအတွက် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းတစ်ခုကို မစတင်ခင်မှာ သင့်ရဲ့မဖြစ်မနေပေးဆောင်ရမယ့် ကုန်ကျစရိတ်တွေအတွက် အချိန်နှစ်နှစ်စာလောက်အထိ ကြိုတင်စုဆောင်းထားရမှာ ဖြစ်ပါတယ်။

၄။ လမ်းညွှန်ဆရာကောင်းရှာပါ။
အခြားလူတွေရဲ့ အမှားကနေ သင်ခန်းစာယူတာက ကိုယ်ပိုင်အမှားတွေကို ရှောင်နိုင်ပြီး အောင်မြင်မှုရရှိစေနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းတူချင်းပဲ ဖြစ်ဖြစ်၊ ပတ်သက်ဆက်နွယ်မှုရှိတဲ့ နယ်ပယ်ကပဲဖြစ်ဖြစ်၊ ဆရာကောင်း သမားကောင်းကို မှီ၀ဲဆည်းကပ်ဖို့ လိုအပ်ပါတယ်။ ဆရာသမားတွေက သင့်ကို အာရုံစိုက်နိုင်အောင်၊ စဉ်းစားသုံးသပ်နိုင်အောင် ကူညီပေးနိုင်သလို သင့်ရဲ့တိုးတက်မှုကို စောင့်ကြည့်ေ၀ဖန်အကြံပြုပြီး လိုအပ်ချက်ကို မေးခွန်းထုတ်နေမယ့်သူတွေ ဖြစ်ပါတယ်။ အခြေအနေတိုင်းကို အကောင်းဆုံးသုံးသပ်နိုင်ပြီး ဘောင်ပြင်ထွက်ပြီး တွေးနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။

၅။ စိတ်ကူးတစ်ခု ရှိပါစေ။
ဈေးကွက်ထဲမှာ လက်ခံနိုင်လောက်တဲ့ ထုတ်ကုန်နဲ့ စီးပွားရေးဆိုင်ရာ စိတ်ကူးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သာမန်ကောင်းတဲ့စိတ်ကူးနဲ့ တကယ့်စိတ်ကူးနဲ့က ကွဲပြားခြားနားပါတယ်။ ဒါ့ကြောင့် စိတ်ကူးကောင်းတစ်ခုရဖို့ အချိန်ယူစဉ်းစားပြီး ဈေးကွက်နဲ့ကိုက်ညီမယ့် ထုတ်ကုန်ကို ထုတ်နိုင်အောင် ကြိုးစားပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

[/showhide]

ေအာင္ျမင္မႈအတြက္ နည္းလမ္းေတြအမ်ားႀကီးရွိတဲ့အထဲကမွ ႐ိုးရွင္းလြယ္ကူတဲ့ ေဖာ္ျမဴလာတစ္ခု ရွိေနပါတယ္။ ဒီေဖာ္ျမဴလာကေတာ့
Ps = 1 – Pf ဆိုတာပဲျဖစ္ပါတယ္။

ဒီေဖာ္ျမဴလာရဲ႕အဓိပၸါယ္ကေတာ့ ေအာင္ျမင္မႈရရွိႏိုင္တဲ့ ျဖစ္နိုင္ေခ်က ကိန္းျပည့္ တစ္ ထဲကေန က်႐ႈံုးႏိုင္ေခ်ကို ႏႈတ္လုိက္တာနဲ႔ ညီမွ်တယ္ဆိုတဲ့ အဓိပၸါယ္ပါပဲ။ ေျပာရရင္ က်႐ႈံးႏိုင္တဲ့ ျဖစ္ႏိုင္ေခ် နည္းလာတာနဲ႔အမွ် ေအာင္ျမင္ႏိုင္ေခ် မ်ားလာတဲ့ သေဘာပါပဲ။ ဒီေတာ့ က်႐ႈံးမႈက ဘယ္လိုလဲ၊ ဘယ္လိုေရွာင္ႏိုင္မလဲဆိုတာေတြက ေအာင္ျမင္မႈအတြက္ အႀကီးမားဆံုးအစိတ္အပိုင္းျဖစ္လာပါတယ္။

ေအာင္ျမင္မႈနဲ႔ပတ္သက္ၿပီး စည္းမ်ဥ္းစည္းကမ္းေတြလည္း အမ်ားႀကီးရွိပါတယ္။ အခုကေတာ့ က်႐ႈံးမႈမရွိေစဖို႔အတြက္ အေရးႀကီးတဲ့ စည္းမ်ဥ္းေတြပဲ ျဖစ္ပါတယ္။

၁။ ေခၽြတာပါ
စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါမွာ အတက္အက် ဆိုတာရွိပါတယ္။ လုပ္ငန္းေကာင္းေနခ်ိန္မွာ ၀င္ေငြတိုးတက္ေနတဲ့အတြက္ အသံုးအစြဲမ်ားၿပီး မလိုအပ္တာေတြအတြက္လည္း သံုးစြဲတာေတြရွိႏိုင္ပါတယ္။ ဒီလို သံုးစြဲမႈမ်ိဳးေတြက လုပ္ငန္းက်ဆင္းတဲ့အခ်ိန္မွာ ပံုမွန္လည္ပတ္ႏိုင္ေအာင္သံုးရမယ့္ အသံုးစရိတ္ေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အသံုးနဲ႔ အျဖဳန္းကို ခြဲျခားသိၿပီး မလိုအပ္တာေတြအတြက္ မသံုးမိေအာင္ ေခၽြတာတတ္ဖို႔ လိုပါတယ္။

၂။ က်ပ္တည္းခ်ိန္အတြက္ သီးျခားစုေဆာင္းထားပါ
လုပ္ငန္းတစ္ခုမွာ အတက္အက်ရွိတယ္လို႔ ေျပာၿပီးပါၿပီ။ ခက္ခဲက်ပ္တည္းခ်ိန္ေတြလည္း ရွိလာမွာပါ။ ခက္ခဲက်ပ္တည္းမႈေတြ ၾကံဳရတဲ့အခါမွ အရံရန္ပံုေငြမရွိတာက အခက္အခဲကို ပိုသက္တမ္းရွည္ေစပါတယ္။ ေခ်းေငြေတြကလည္း လံုေလာက္တဲ့အကူအညီျဖစ္ေစႏိုင္မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ လုပ္ငန္းေကာင္းခ်ိန္မွာ ပိုလ်ံတဲ့၀င္ေငြကို သီးျခားစုေဆာင္းပါ။ အနည္းဆံုး သံုးလစာ လုပ္ငန္းလည္ပတ္စရိတ္ကို က်ပ္တည္းခ်ိန္အတြက္ ရည္ရြယ္ၿပီး သီးျခားဖယ္စုထားပါ။ ဒီလိုဆိုရင္ေတာ့ အခက္ခဲဆံုးအခ်ိန္ေတြ ေရာက္လာခဲ့ရင္လည္း အသက္႐ႈေခ်ာင္ႏိုင္မွာ ျဖစ္ပါတယ္။

၃။ ကိုယ္ပိုင္အသံုးစရိတ္အတြက္ ႏွစ္ႏွစ္စာေလာက္ စုေဆာင္းထားပါ။
တည္ေထာင္သူတစ္ေယာက္အေနနဲ႔ လုပ္ငန္းစတင္ထူေထာင္ကာစမွာ ၀င္ေငြမရွိပဲ အခ်ိန္ကာလတစ္ခုၾကာေအာင္ ျဖတ္သန္းရတတ္ပါတယ္။ လုပ္ငန္းစတင္ေနခ်ိန္မွာ တည္ေထာင္သူကလည္း အသံုးစရိတ္ျပတ္သြားခဲ့မယ္ဆိုရင္ လုပ္ငန္းအတြက္ သက္ေရာက္မႈေတြ ရွိလာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ လုပ္ငန္းတစ္ခုကို မစတင္ခင္မွာ သင့္ရဲ႕မျဖစ္မေနေပးေဆာင္ရမယ့္ ကုန္က်စရိတ္ေတြအတြက္ အခ်ိန္ႏွစ္ႏွစ္စာေလာက္အထိ ႀကိဳတင္စုေဆာင္းထားရမွာ ျဖစ္ပါတယ္။

၄။ လမ္းညႊန္ဆရာေကာင္းရွာပါ။
အျခားလူေတြရဲ႕ အမွားကေန သင္ခန္းစာယူတာက ကိုယ္ပိုင္အမွားေတြကို ေရွာင္ႏိုင္ၿပီး ေအာင္ျမင္မႈရရွိေစႏိုင္မယ့္ နည္းလမ္းေကာင္းတစ္ခု ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လုပ္ငန္းတူခ်င္းပဲ ျဖစ္ျဖစ္၊ ပတ္သက္ဆက္ႏြယ္မႈရွိတဲ့ နယ္ပယ္ကပဲျဖစ္ျဖစ္၊ ဆရာေကာင္း သမားေကာင္းကို မွီ၀ဲဆည္းကပ္ဖို႔ လိုအပ္ပါတယ္။ ဆရာသမားေတြက သင့္ကို အာ႐ုံစိုက္ႏိုင္ေအာင္၊ စဥ္းစားသံုးသပ္ႏိုင္ေအာင္ ကူညီေပးႏိုင္သလို သင့္ရဲ႕တိုးတက္မႈကို ေစာင့္ၾကည့္ေ၀ဖန္အၾကံျပဳၿပီး လိုအပ္ခ်က္ကို ေမးခြန္းထုတ္ေနမယ့္သူေတြ ျဖစ္ပါတယ္။ အေျခအေနတိုင္းကို အေကာင္းဆံုးသံုးသပ္ႏိုင္ၿပီး ေဘာင္ျပင္ထြက္ၿပီး ေတြးႏိုင္ေအာင္ ကူညီေပးမွာ ျဖစ္ပါတယ္။

၅။ စိတ္ကူးတစ္ခု ရွိပါေစ။
ေစ်းကြက္ထဲမွာ လက္ခံႏိုင္ေလာက္တဲ့ ထုတ္ကုန္နဲ႔ စီးပြားေရးဆိုင္ရာ စိတ္ကူးေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ သာမန္ေကာင္းတဲ့စိတ္ကူးနဲ႔ တကယ့္စိတ္ကူးနဲ႔က ကြဲျပားျခားနားပါတယ္။ ဒါ့ေၾကာင့္ စိတ္ကူးေကာင္းတစ္ခုရဖို႔ အခ်ိန္ယူစဥ္းစားၿပီး ေစ်းကြက္နဲ႔ကိုက္ညီမယ့္ ထုတ္ကုန္ကို ထုတ္ႏိုင္ေအာင္ ႀကိဳးစားပါ။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++

 

 

Related Posts

%%footer%%