[sg_popup id=”6″ event=”onload”][/sg_popup]ယုံၾကည္အားကိုးထိုက္တဲ့ ပုဂိၢဳဟ္တစ္ေယာက္လား
(Zawgyi)[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]
ယုံကြည်အားကိုးထိုက်တဲ့ ပုဂိ္ဂုဟ်တစ်ယောက်လား
ယနေ့ခေတ်မှာ လူတွေတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်တန်ဖိုးထားကြတဲ့အရာတစ်ခုက ယုံကြည်အားထားမှုပဲ ဖြစ်ပါတယ်။ သင့်ရဲ့မိဘ၊ ချစ်သူရည်းစား၊ အလုပ်ရှင် စတဲ့ဘယ်သူကပဲဖြစ်ဖြစ် သင့်အပေါ်မှာ ယုံကြည်အားကိုးထိုက်တဲ့ အရည်အချင်းမျိုးှရှိသင့်ပါတယ်။ ဒီတော့ သင်ကရော ယုံကြည်အားကိုးထိုက်တဲ့ ပုဂ္ဂိုဟ်တစ်ယောက် ဟုတ်ရဲ့လား။ ယုံကြည်အားကိုးထိုက်တဲ့ ပုဂိ္ဂုဟ်တစ်ယောက်ဖြစ်အောင် ဘယ်လိုပြုမူနေထိုင်မလဲ။
၁။ အချိန်တိကျပါ။
လူတစ်ယောက်ကို ယုံကြည်အားကိုးထိုက်မထိုက်ကို ဆုံးဖြတ်တဲ့ အချက်တွေထဲက အရေးကြီးဆုံးအချက်ကတော့ အချိန်ကို ဘယ်လိုအသုံးချလဲဆိုတာပါပဲ။ သင်က ဘာပဲလုပ်လုပ် အမြဲတမ်းနောက်ကျတတ်တယ်၊ အချိန်မမှန်ဘူးဆိုရင် ဘယ်သူကမှ ယုံကြည်စိတ်ချမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အလုပ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ဘယ်တော့မှ နောက်မကျပါစေနဲ့။ အချိန်တိကျပါ။
၂။ အမြဲအာရုံစူးစိုက်ပါ။
အနှောက်အယှက်ဖြစ်စရာတွေ များလွန်းလှတဲ့ခေတ်ကာလမှ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုပဲ အာရုံစိုက်နေနိုင်တဲ့သူက အလေးထားသင့်တဲ့သူပါပဲ။ ဒီကိစ္စက ပြောတော့သာလွယ်တာပါ။ တကယ် အာရုံစိုက်နေနိုင်ဖို့က သင့်ရဲ့အချိန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ဖို့ လိုပါတယ်။ စိတ်တည်ငြိမ်မှုစွမ်းအား ရှိဖို့လည်း လိုအပ်ပြီး ဘာကိုပဲလုပ်လုပ် ထိန်းချုပ်မှုမလွတ်သွားအောင် လုပ်ဆောင်နိုင်တဲ့ အရည်အချင်းရှိဖို့ လိုပါတယ်။
၃။ စကားပြောတတ်ဖို့ လိုပါတယ်။
ယုံကြည်အားကိုးထိုက်တာက ကောင်းပါတယ်။ ဒါပေမယ့် ယုံကြည်အားကိုထိုက်တာကို လူတွေသိသာရင် ပိုကောင်းပါတယ်။ ဒီလိုဖြစ်ဖို့အတွက် လုပ်ဆောင်ရမှာ အခြားသူတွေ မသိတဲ့အကြောင်းအရာတွေကို အခိုင်အမာ ပြောဆိုနိုင်ဖို့လိုပါတယ်။ သင်စကားပြောတဲ့အခါမှာ အာရုံစိုက်ခံရဖို့ ဘာဘာညာညာလျှောက်ပြောနေတာမျိုး မဟုတ်ပဲ ပြောတဲ့အကြောင်းအရာကို ပိုင်ပိုင်နိုင်နိုင်နဲ့ ယုံကြည်မှုရှိရှိ ပြောနိုင်ဖို့ လိုပါတယ်။
၄။ ဦးဆောင်ရပ်တည်ပါ။
လူတွေရဲ့ ယုံကြည်အားကိုးမှုကို ခံယူနိုင်ဖို့အတွက် သင်ရွေးချယ်ထားတဲ့လမ်းကြောင်းတစ်ခုကို သင်ကိုယ်တိုင် လျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဟတ္တမဂန္ဓီကို အိနိ္ဒယနိုင်ငံသားသန်းပေါင်းများစွာက ယုံကြည်အားထားခဲ့ကြတာ ဘာကြောင့်လဲဆိုရင် ဂန္ဓီဟာ သူ့ယုံကြည်ချက်အတိုင်း ရပ်တည်ပြီး သူ့ဖောက်တဲ့လမ်းကြမ်းကို သူကိုယ်တိုင် ဦးဆောင်လျှောက်လှမ်းခဲ့လို့ ဖြစ်ပါတယ်။ ဒီနေ့ခေတ် နိုင်ငံရေးသမားတွေကတော့ အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်တာတွေကြောင့် ပြည်သူတွေက အပြည့်အ၀မယုံကြည်နိုင်ကြတာ ဖြစ်ပါတယ်။
၅။ တာ၀န်ယူတတ်ပါစေ။
ယုံကြည်အားကိုးထိုက်တဲ့ ပုဂိ္ဂုဟ်တစ်ယောက်ဟာ တာ၀န်ယူမှုရှိဖို့ လိုပါတယ်။ ဘာအလုပ်ကိုပဲ ဖြစ်ဖြစ် တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိခြင်းဟာ ယုံကြည်အားကိုးထိုက်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အခွင့်အရေးကို လက်လွတ်မခံပါနဲ့။ လုပ်စရာရှိတာကို တာ၀န်အပြည့်အ၀ယူပြီး လုပ်ဆောင်ပါ။ ဆင်ခြေပေးတာတွေ၊ ဟိုလူ့လွှဲချ ဒီလူ့လွှဲချတာတွေ မလုပ်ပါနဲ့။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine
.[/showhide]
ယေန႔ေခတ္မွာ လူေတြတစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္တန္ဖိုးထားၾကတဲ့အရာတစ္ခုက ယုံၾကည္အားထားမႈပဲ ျဖစ္ပါတယ္။ သင့္ရဲ႕မိဘ၊ ခ်စ္သူရည္းစား၊ အလုပ္ရွင္ စတဲ့ဘယ္သူကပဲျဖစ္ျဖစ္ သင့္အေပၚမွာ ယုံၾကည္အားကိုးထိုက္တဲ့ အရည္အခ်င္းမ်ိဳးွရွိသင့္ပါတယ္။ ဒီေတာ့ သင္ကေရာ ယုံၾကည္အားကိုးထိုက္တဲ့ ပုဂၢိဳဟ္တစ္ေယာက္ ဟုတ္ရဲ႕လား။ ယုံၾကည္အားကိုးထိုက္တဲ့ ပုဂိၢဳဟ္တစ္ေယာက္ျဖစ္ေအာင္ ဘယ္လိုျပဳမူေနထိုင္မလဲ။
၁။ အခ်ိန္တိက်ပါ။
လူတစ္ေယာက္ကို ယုံၾကည္အားကိုးထိုက္မထိုက္ကို ဆံုးျဖတ္တဲ့ အခ်က္ေတြထဲက အေရးႀကီးဆံုးအခ်က္ကေတာ့ အခ်ိန္ကို ဘယ္လိုအသံုးခ်လဲဆိုတာပါပဲ။ သင္က ဘာပဲလုပ္လုပ္ အျမဲတမ္းေနာက္က်တတ္တယ္၊ အခ်ိန္မမွန္ဘူးဆိုရင္ ဘယ္သူကမွ ယုံၾကည္စိတ္ခ်မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အလုပ္မွာပဲျဖစ္ျဖစ္၊ အျပင္မွာပဲျဖစ္ျဖစ္ ဘယ္ေတာ့မွ ေနာက္မက်ပါေစနဲ႔။ အခ်ိန္တိက်ပါ။
၂။ အျမဲအာ႐ုံစူးစိုက္ပါ။
အေႏွာက္အယွက္ျဖစ္စရာေတြ မ်ားလြန္းလွတဲ့ေခတ္ကာလမွ ကိုယ့္ရည္မွန္းခ်က္ပန္းတိုင္ကိုပဲ အာ႐ုံစိုက္ေနႏိုင္တဲ့သူက အေလးထားသင့္တဲ့သူပါပဲ။ ဒီကိစၥက ေျပာေတာ့သာလြယ္တာပါ။ တကယ္ အာ႐ုံစိုက္ေနႏိုင္ဖို႔က သင့္ရဲ႕အခ်ိန္ကို ကၽြမ္းက်င္ပိုင္ႏိုင္စြာ အသံုးခ်ႏိုင္ဖို႔ လိုပါတယ္။ စိတ္တည္ၿငိမ္မႈစြမ္းအား ရွိဖို႔လည္း လိုအပ္ၿပီး ဘာကိုပဲလုပ္လုပ္ ထိန္းခ်ဳပ္မႈမလြတ္သြားေအာင္ လုပ္ေဆာင္ႏိုင္တဲ့ အရည္အခ်င္းရွိဖို႔ လိုပါတယ္။
၃။ စကားေျပာတတ္ဖို႔ လိုပါတယ္။
ယုံၾကည္အားကိုးထိုက္တာက ေကာင္းပါတယ္။ ဒါေပမယ့္ ယုံၾကည္အားကိုထိုက္တာကို လူေတြသိသာရင္ ပိုေကာင္းပါတယ္။ ဒီလိုျဖစ္ဖို႔အတြက္ လုပ္ေဆာင္ရမွာ အျခားသူေတြ မသိတဲ့အေၾကာင္းအရာေတြကို အခိုင္အမာ ေျပာဆိုႏိုင္ဖို႔လိုပါတယ္။ သင္စကားေျပာတဲ့အခါမွာ အာ႐ုံစိုက္ခံရဖို႔ ဘာဘာညာညာေလွ်ာက္ေျပာေနတာမ်ိဳး မဟုတ္ပဲ ေျပာတဲ့အေၾကာင္းအရာကို ပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ ယုံၾကည္မႈရွိရွိ ေျပာႏိုင္ဖို႔ လိုပါတယ္။
၄။ ဦးေဆာင္ရပ္တည္ပါ။
လူေတြရဲ႕ ယုံၾကည္အားကိုးမႈကို ခံယူႏိုင္ဖို႔အတြက္ သင္ေရြးခ်ယ္ထားတဲ့လမ္းေၾကာင္းတစ္ခုကို သင္ကိုယ္တိုင္ ေလွ်ာက္လွမ္းဖို႔ အဆင္သင့္ျဖစ္ေနၿပီး စိန္ေခၚမႈေတြကို ရင္ဆိုင္ႏိုင္ဖို႔ ျပင္ဆင္ထားရမွာ ျဖစ္ပါတယ္။ ကမာၻေက်ာ္ ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ မဟတၱမဂႏၶီကို အိႏိၵယႏိုင္ငံသားသန္းေပါင္းမ်ားစြာက ယုံၾကည္အားထားခဲ့ၾကတာ ဘာေၾကာင့္လဲဆိုရင္ ဂႏၶီဟာ သူ႔ယုံၾကည္ခ်က္အတိုင္း ရပ္တည္ၿပီး သူ႔ေဖာက္တဲ့လမ္းၾကမ္းကို သူကိုယ္တိုင္ ဦးေဆာင္ေလွ်ာက္လွမ္းခဲ့လို႔ ျဖစ္ပါတယ္။ ဒီေန႔ေခတ္ ႏိုင္ငံေရးသမားေတြကေတာ့ အေျပာတစ္မ်ိဳး အလုပ္တစ္မ်ိဳး ျဖစ္တာေတြေၾကာင့္ ျပည္သူေတြက အျပည့္အ၀မယုံၾကည္ႏိုင္ၾကတာ ျဖစ္ပါတယ္။
၅။ တာ၀န္ယူတတ္ပါေစ။
ယုံၾကည္အားကိုးထိုက္တဲ့ ပုဂိၢဳဟ္တစ္ေယာက္ဟာ တာ၀န္ယူမႈရွိဖို႔ လိုပါတယ္။ ဘာအလုပ္ကိုပဲ ျဖစ္ျဖစ္ တာ၀န္ယူမႈ၊ တာ၀န္ခံမႈရွိျခင္းဟာ ယုံၾကည္အားကိုးထိုက္တဲ့ လကၡဏာတစ္ခုျဖစ္ပါတယ္။ အခြင့္အေရးကို လက္လြတ္မခံပါနဲ႔။ လုပ္စရာရွိတာကို တာ၀န္အျပည့္အ၀ယူၿပီး လုပ္ေဆာင္ပါ။ ဆင္ေျခေပးတာေတြ၊ ဟိုလူ႔လႊဲခ် ဒီလူ႔လႊဲခ်တာေတြ မလုပ္ပါနဲ႔။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++