ဒီအက်င့္ေတြရွိရင္ ေဖ်ာက္လိုက္ပါ

[sg_popup id=”6″ event=”onload”][/sg_popup]ဒီအက်င့္ေတြရွိရင္ ေဖ်ာက္လိုက္ပါ

(Zawgyi)[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

ဒီအကျင့်တွေရှိရင် ဖျောက်လိုက်ပါ

(Unicode)

ယနေ့ခေတ် လူနေမှုပုံစံက တောင်းဆိုမှုတွေ များလွန်းပြီး အချိန်တွေအများကြီးကို အသုံးပြုဖို့ လိုအပ်ပါတယ်။ ဒီလို အချိန်တွေ ခွန်အားတွေ အသုံးပြုပြီး လုပ်ဆောင်နေတာတောင်မှ လုပ်စရာရှိတာတွေ အပြည့်အ၀မပြီးပြတ်နိုင်ကြပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အချို့သော အလေ့အကျင့်တွေက ရေရှည်မှာ ထင်ထားတာထက်ပိုပြီး ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသေးတယ်။ ဒါ့ကြောင့် အလုပ်တွေပိုပြီးမြောက်ပြီး အောင်မြင်ပျော်ရွှင်တဲ့ဘ၀တစ်ခုကို ရရှိဖို့ ရှောင်ကြင်ရမယ့် အချက်(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ရည်မှန်းချက်ပျောက်ဆုံးခြင်း
အခုခေတ်လူငယ်တွေနဲ့ ပတ်သက်ပြီး အကြီးမားဆုံးပြဿနာကတော့ ရည်မှန်းချက်မရှိတာပဲဖြစ်ပါတယ်။ လူငယ်အများစုဟာ သူတို့ရဲ့မိဘတွေ၊ နီးစပ်ရအသိုင်းအ၀ိုင်းက ရည်ညွှန်းတဲ့အရာတွေကိုပဲ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့မှာ ဘယ်လိုကိုယ်ပိုင်ရည်မှန်းချက်ရှိဆိုတာကို ဆန်းစစ်ကြည့်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ ဒီရည်မှန်းချက်ဖြစ်မြောက်လာအောင် ဘာတွေလုပ်ပြီးပြီလဲဆိုတာကို သုံးသပ်တတ်ဖို့လည်း လိုပါတယ်။ ရည်မှန်းချက်မရှိခြင်းက ပဲ့မရှိတဲ့လှေလိုပါပဲ။ ဘယ်သောင် ဘယ်ကမ်းဆိုက်မယ်မှန်းမသိတာက မဖြစ်သင့်ပါဘူး။

၂။ အဆင်အခြင်မဲ့ သုံးစွဲခြင်း
အခုခေတ်ကာလမှာ နှစ်စဉ်နှစ်တိုင်း ဖုန်းအမျိုးအစား အသစ်တစ်ခုထွက်ပါတယ်။ နောက်ဆုံးပေါ် တီဗွီတွေ၊ Lap Top ကွန်ပျုတာတွေ ထွက်ပါတယ်။ ဒါ့အပြင် အပြင်ထွက် စားသောက်ဖို့နဲ့ သုံးစွဲဖို့အတွက် ရွေးချယ်စရာတွေက အများကြီးမှ အများကြီးပါပဲ။ ကျွန်တော်တို့ အိတ်ထဲက ပိုက်ဆံကို သုံးဖို့စွဲဖို့ နည်းလမ်းတွေက မကုန်နိုင်မဆုံးနိုင်အောင် ရှိနေပါတယ်။ ဒါပေယ့် အဆင်အခြင်မဲ့ လျှောက်သုံးမနေပဲ၊ စုဆောင်းခြင်းက ရေရှည်အတွက် ကောင်းကျိုးဖြစ်စေတဲ့ အလေ့အကျင့်ဖြစ်ပါတယ်။

၃။ အာရုံများခြင်း
ကျွန်တော်တို့ လက်ဖျားမှာတင် သတင်းအချက်အလက်တွေကို ရရှိနေနိုင်တာဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့ အာရုံစူးစိုက်နိုင်မှုက အများကြီးကျဆင်းသွားပြီ ဖြစ်ပါတယ်။ ဘာကိုမှ အချိန်အကြာကြီး အာရုံမစိုက်နိုင်တော့ပါဘူး။ တိုတောင်းပြီး ေ၀မျှနိုင်တဲ့၊ မှတ်ရလွယ်တဲ့ ပုံစံမဟုတ်တဲ့ အရာတွေကို စိတ်မ၀င်ကြတော့ပါဘူး။

၄။ တပြိုင်တည်းအလုပ်အများကြီး လုပ်ဆောင်ခြင်း
စူပါမန်းတစ်ယောက်လို ဆယ်မိနစ်အတွင်း အလုပ်ဆယ်ခုလောက်ကို တပြိုင်နက်အပြီးလုပ်ဖို့ ကြိုးစားနေပါသလား။ ဒီလိုဆိုရင်တော့ နဂိုကတည်းက အာရုံများနေတဲ့ စိတ်ကို နောက်ထပ်အလုပ်ဆယ်ခုအတွက် ထပ်ခွဲပေးလိုက်သလို ဖြစ်နေမှာပါ။ ကျွန်တော်တို့အနေနဲ့ အချိန်အခိုက်အတန့်တစ်ခု ရပ်နားဖို့လိုပါတယ်။ လုပ်စရာရှိတာတွေကို မြန်မြန်နဲ့ များများပြီးသွားတိုင်း ကောင်းတာမဟုတ်ပါဘူး။ စနစ်တကျနဲ့ မှန်မှန်ကန်ကန်ပြီးသွားတာက ပိုကောင်းပါတယ်။

၅။ ပြီးပြည့်စုံအောင် ကြိုးစားခြင်း
ဒီနေ့ခေတ်မှာ ကြော်ငြာအများစုက ရောင်းချဖို့ ကြိုးစားနေကြတာက ပြီးပြည့်စုံမှုပဲ ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်၊ ပြီးပြည့်စုံတဲ့ အလုပ်အကိုင် စသဖြင့် ကျွန်တော်တို့ဘ၀ရဲ့ အရာအားလုံးက ပြီးပြည့်စုံမှုတစ်ခုထဲပေါ်မှာ အာရုံစိုက်နေသလိုပါပဲ။ ဒါပေမယ့် ခြောက်ပြစ်သဲကင်းစင် ပြီးပြည့်စုံမှုဆိုတာနောက်ကို လိုက်တာက ဒဏ္႑ာရီထဲက နဂါးကို လိုက်ရှာနေသလိုပါပဲ။ ဒီလိုဖြစ်အောင် ကြိုစားနေမယ့်အစား အရှိကိုအရှိအတိုင်းလက်ခံနိုင်ပြီး ပျော်ရွှင်ကျေနပ်မှုကို ခံစားနိုင်ဖို့ လိုပါတယ်။

၆။ ဆုံးဖြတ်ချက် မချနိုင်ခြင်း
ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်ပြီး လုပ်ဆောင်ရတဲ့အချိန်တွေ လူတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ ကျွန်တော်တို့အများစုက ဆုံးဖြတ်ချက်ချဖို့ကို တွန့်ဆုတ်နေတတ်ကြပါတယ်။ ဘယ်အချိန်မှ အိမ်ထောင်ပြုရမယ်၊ ဘယ်အလုပ်ကို လုပ်ရမယ် စသဖြင့် သင့်မိသားစုနဲ့ နီးစပ်ရာအသိုင်းအ၀ိုင်းက ပြောတဲ့အယူအဆတွေကိုပဲ လိုက်ပါစီးမျောနေလေ့ရှိပါတယ်။ ဒီလိုမဖြစ်ပါစေနဲ့။ ဘယ်အချိန်မှာ ဆုံးဖြတ်ချက်ချရမယ်ဆိုတာကို လေ့လာပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရပ်တည်ပါ။

၇။ ကျန်းမာရေးကို ဂရုမစိုက်ခြင်း

အားလုံးထဲမှာ အရေးအကြီးဆုံးနဲ့ အန္တရာယ်အများဆုံးအချက်ကတော့ ကျန်းမာရေးကို ဂရုမစိုက်ခြင်းပဲ ဖြစ်ပါတယ်။ ညနက်တဲ့အထိ အင်တာနက်သုံးရင် အိပ်ချိန်တွေနောက်ကျမယ်၊ အမြန်စာအသင့်စားစရာတွေကို စားမယ်၊ ကိုယ်လက်လှုပ်ရှားမှု မရှိဘူးဆိုရင် အသက်(၃၀)၀န်းကျင်မှာ ကျန်းမာရေးဖောက်ပြန်လာတာ မထူးဆန်းပါဘူး။ သင့်ခန္ဓာကိုယ်က ဘုရားကျောင်းတစ်ခုလိုပါပဲ။ လေးစားသမှုရှိပြီး သန့်ရှင်းနေဖို့ လိုပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

[/showhide]

ယေန႔ေခတ္ လူေနမႈပံုစံက ေတာင္းဆိုမႈေတြ မ်ားလြန္းၿပီး အခ်ိန္ေတြအမ်ားႀကီးကို အသံုးျပဳဖို႔ လိုအပ္ပါတယ္။ ဒီလို အခ်ိန္ေတြ ခြန္အားေတြ အသံုးျပဳၿပီး လုပ္ေဆာင္ေနတာေတာင္မွ လုပ္စရာရွိတာေတြ အျပည့္အ၀မၿပီးျပတ္ႏိုင္ၾကပါဘူး။ ဒါ့အျပင္ ကၽြန္ေတာ္တို႔ရဲ႕ အခ်ိဳ႕ေသာ အေလ့အက်င့္ေတြက ေရရွည္မွာ ထင္ထားတာထက္ပိုၿပီး ဆိုးရြားစြာ ထိခိုက္ေစႏိုင္ပါေသးတယ္။ ဒါ့ေၾကာင့္ အလုပ္ေတြပိုၿပီးေျမာက္ၿပီး ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ဘ၀တစ္ခုကို ရရွိဖို႔ ေရွာင္ၾကင္ရမယ့္ အခ်က္(၇)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ရည္မွန္းခ်က္ေပ်ာက္ဆံုးျခင္း
အခုေခတ္လူငယ္ေတြနဲ႔ ပတ္သက္ၿပီး အႀကီးမားဆံုးျပႆနာကေတာ့ ရည္မွန္းခ်က္မရွိတာပဲျဖစ္ပါတယ္။ လူငယ္အမ်ားစုဟာ သူတို႔ရဲ႕မိဘေတြ၊ နီးစပ္ရအသိုင္းအ၀ိုင္းက ရည္ညႊန္းတဲ့အရာေတြကိုပဲ လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔မွာ ဘယ္လိုကိုယ္ပိုင္ရည္မွန္းခ်က္ရွိဆိုတာကို ဆန္းစစ္ၾကည့္ဖို႔ အေရးႀကီးပါတယ္။ ၿပီးေတာ့ ဒီရည္မွန္းခ်က္ျဖစ္ေျမာက္လာေအာင္ ဘာေတြလုပ္ၿပီးၿပီလဲဆိုတာကို သံုးသပ္တတ္ဖို႔လည္း လိုပါတယ္။ ရည္မွန္းခ်က္မရွိျခင္းက ပဲ့မရွိတဲ့ေလွလိုပါပဲ။ ဘယ္ေသာင္ ဘယ္ကမ္းဆိုက္မယ္မွန္းမသိတာက မျဖစ္သင့္ပါဘူး။

၂။ အဆင္အျခင္မဲ့ သံုးစြဲျခင္း
အခုေခတ္ကာလမွာ ႏွစ္စဥ္ႏွစ္တိုင္း ဖုန္းအမ်ိဳးအစား အသစ္တစ္ခုထြက္ပါတယ္။ ေနာက္ဆံုးေပၚ တီဗီြေတြ၊ Lap Top ကြန္ပ်ဳတာေတြ ထြက္ပါတယ္။ ဒါ့အျပင္ အျပင္ထြက္ စားေသာက္ဖို႔နဲ႔ သံုးစြဲဖို႔အတြက္ ေရြးခ်ယ္စရာေတြက အမ်ားႀကီးမွ အမ်ားႀကီးပါပဲ။ ကၽြန္ေတာ္တို႔ အိတ္ထဲက ပိုက္ဆံကို သံုးဖို႔စြဲဖို႔ နည္းလမ္းေတြက မကုန္ႏိုင္မဆံုးႏိုင္ေအာင္ ရွိေနပါတယ္။ ဒါေပယ့္ အဆင္အျခင္မဲ့ ေလွ်ာက္သံုးမေနပဲ၊ စုေဆာင္းျခင္းက ေရရွည္အတြက္ ေကာင္းက်ိဳးျဖစ္ေစတဲ့ အေလ့အက်င့္ျဖစ္ပါတယ္။

၃။ အာ႐ုံမ်ားျခင္း
ကၽြန္ေတာ္တို႔ လက္ဖ်ားမွာတင္ သတင္းအခ်က္အလက္ေတြကို ရရွိေနႏိုင္တာျဖစ္တဲ့အတြက္ လူတစ္ေယာက္ရဲ႕ အာ႐ုံစူးစိုက္ႏိုင္မႈက အမ်ားႀကီးက်ဆင္းသြားၿပီ ျဖစ္ပါတယ္။ ဘာကိုမွ အခ်ိန္အၾကာႀကီး အာ႐ုံမစိုက္ႏိုင္ေတာ့ပါဘူး။ တိုေတာင္းၿပီး ေ၀မွ်ႏိုင္တဲ့၊ မွတ္ရလြယ္တဲ့ ပံုစံမဟုတ္တဲ့ အရာေတြကို စိတ္မ၀င္ၾကေတာ့ပါဘူး။

၄။ တၿပိဳင္တည္းအလုပ္အမ်ားႀကီး လုပ္ေဆာင္ျခင္း
စူပါမန္းတစ္ေယာက္လို ဆယ္မိနစ္အတြင္း အလုပ္ဆယ္ခုေလာက္ကို တၿပိဳင္နက္အၿပီးလုပ္ဖို႔ ႀကိဳးစားေနပါသလား။ ဒီလိုဆိုရင္ေတာ့ နဂိုကတည္းက အာ႐ုံမ်ားေနတဲ့ စိတ္ကို ေနာက္ထပ္အလုပ္ဆယ္ခုအတြက္ ထပ္ခြဲေပးလိုက္သလို ျဖစ္ေနမွာပါ။ ကၽြန္ေတာ္တို႔အေနနဲ႔ အခ်ိန္အခိုက္အတန္႔တစ္ခု ရပ္နားဖို႔လိုပါတယ္။ လုပ္စရာရွိတာေတြကို ျမန္ျမန္နဲ႔ မ်ားမ်ားၿပီးသြားတိုင္း ေကာင္းတာမဟုတ္ပါဘူး။ စနစ္တက်နဲ႔ မွန္မွန္ကန္ကန္ၿပီးသြားတာက ပိုေကာင္းပါတယ္။

၅။ ၿပီးျပည့္စံုေအာင္ ႀကိဳးစားျခင္း
ဒီေန႔ေခတ္မွာ ေၾကာ္ၿငာအမ်ားစုက ေရာင္းခ်ဖို႔ ႀကိဳးစားေနၾကတာက ၿပီးျပည့္စံုမႈပဲ ျဖစ္ပါတယ္။ ၿပီးျပည့္စံုတဲ့ ခႏၶာကိုယ္၊ ျပီးျပည့္စုံတဲ့ အလုပ္အကိုင္ စသျဖင့္ ကၽြန္ေတာ္တို႔ဘ၀ရဲ႕ အရာအားလံုးက ၿပီးျပည့္စံုမႈတစ္ခုထဲေပၚမွာ အာ႐ုံစိုက္ေနသလိုပါပဲ။ ဒါေပမယ့္ ေျခာက္ျပစ္သဲကင္းစင္ ၿပီးျပည့္စုံမႈဆိုတာေနာက္ကို လိုက္တာက ဒ႑ာရီထဲက နဂါးကို လိုက္ရွာေနသလိုပါပဲ။ ဒီလိုျဖစ္ေအာင္ ႀကိဳစားေနမယ့္အစား အရွိကိုအရွိအတိုင္းလက္ခံႏိုင္ၿပီး ေပ်ာ္ရႊင္ေက်နပ္မႈကို ခံစားႏိုင္ဖို႔ လိုပါတယ္။

၆။ ဆံုးျဖတ္ခ်က္ မခ်ႏိုင္ျခင္း
ဆံုးျဖတ္ခ်က္တစ္ခုခု ခ်မွတ္ၿပီး လုပ္ေဆာင္ရတဲ့အခ်ိန္ေတြ လူတိုင္းမွာ ရွိပါတယ္။ ဒါေပမယ့္ အခုေခတ္မွာေတာ့ ကၽြန္ေတာ္တို႔အမ်ားစုက ဆံုးျဖတ္ခ်က္ခ်ဖို႔ကို တြန္႔ဆုတ္ေနတတ္ၾကပါတယ္။ ဘယ္အခ်ိန္မွ အိမ္ေထာင္ျပဳရမယ္၊ ဘယ္အလုပ္ကို လုပ္ရမယ္ စသျဖင့္ သင့္မိသားစုနဲ႔ နီးစပ္ရာအသိုင္းအ၀ိုင္းက ေျပာတဲ့အယူအဆေတြကိုပဲ လိုက္ပါစီးေမ်ာေနေလ့ရွိပါတယ္။ ဒီလိုမျဖစ္ပါေစနဲ႔။ ဘယ္အခ်ိန္မွာ ဆံုးျဖတ္ခ်က္ခ်ရမယ္ဆိုတာကို ေလ့လာၿပီး ကိုယ္ပိုင္ဆံုးျဖတ္ခ်က္နဲ႔ ရပ္တည္ပါ။

၇။ က်န္းမာေရးကို ဂ႐ုမစိုက္ျခင္း

အားလံုးထဲမွာ အေရးအႀကီးဆံုးနဲ႔ အႏၱရာယ္အမ်ားဆံုးအခ်က္ကေတာ့ က်န္းမာေရးကို ဂ႐ုမစိုက္ျခင္းပဲ ျဖစ္ပါတယ္။ ညနက္တဲ့အထိ အင္တာနက္သံုးရင္ အိပ္ခ်ိန္ေတြေနာက္က်မယ္၊ အျမန္စာအသင့္စားစရာေတြကို စားမယ္၊ ကိုယ္လက္လႈပ္ရွားမႈ မရွိဘူးဆိုရင္ အသက္(၃၀)၀န္းက်င္မွာ က်န္းမာေရးေဖာက္ျပန္လာတာ မထူးဆန္းပါဘူး။ သင့္ခႏၶာကိုယ္က ဘုရားေက်ာင္းတစ္ခုလိုပါပဲ။ ေလးစားသမႈရွိၿပီး သန္႔ရွင္းေနဖို႔ လိုပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++

 

Related Posts

%%footer%%