အိပ်ရာစောစောထပြီး အလုပ်ကို အချိန်မှီရောက်စေမည့် နည်းလမ်း(၈)ခု

[sg_popup id=”6″ event=”onload”][/sg_popup]အိပ်ရာစောစောထပြီး အလုပ်ကို အချိန်မှီရောက်စေမည့် နည်းလမ်း(၈)ခု

မနက်ခင်းမှာ အိပ်ရာကနေ မထနိုင်တဲ့အတွက် အလုပ်ကိုအချိန်မှီ မရောက်တာကြောင့် အခက်ကြုံနေရပါသလား???

ဟုတ်ပါတယ်။ ယောင်္ကျားလေးအများစုအတွက် ဒီိကိစ္စက အရေးကြီးတဲ့နေ့စဉ်ပြဿနာတစ်ခုပါ။ ဒီတော့ မနက်ခင်းမှာ အိပ်ရာကနေ စောစောထပြီး စိုးရိမ်သောကမများပဲ အလုပ်ကို အချိန်မှီရောက်ရှိစေနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှလိုက်ပါတယ်။

၁။ နှိုးစက်နာရီကို ပြောင်းလိုက်ပါ။
စမတ်ဖုန်းတွေမှာ နှိုးစက်ပါတာမှန်ပါတယ်။ ဒါပေမယ့် ဘယ်တုန်းက နှိုးစက်မြည်တာနဲ့ တစ်ခါတည်းအိပ်ရာထဖူးလဲ ပြန်စဉ်းစားကြည့်ပါ။ မညာတမ်းဝန်ခံရမယ်ဆိုရင် စမတ်ဖုန်း နှိုးစက်တွေမှာပါတဲ့ Snooze ဆိုတဲ့အရာလေးကို ကျွန်တော်သဘောအကျဆုံးပါပဲ။ ဒီ Snooze ကြောင့် နောက်ထပ် ငါးမိနစ်လောက် ဆယ်မိနစ်လောက်နေရင် နှိုးစက်တစ်ခါပြန်မြည်မှာပဲ ဆိုပြီး ဆက်အိပ်နေလို့ ရတာကြောင့်ပါ။ ဒါ့ကြောင့် စမတ်ဖုန်းကိုပဲ အားကိုးမနေပဲ သင့်ကို အိပ်ရာထဲက မဖြစ်မနေထွက်ရစေမယ့် နှိုးစက်နာရီတွေကို ရှာဝယ်လိုက်ပါ။

၂။ နှိုးစက်နာရီကို အဝေးမှာထားပါ။
နာရီကို အိပ်ရာဘေး ဒါမှမဟုတ် အခြားနီးနီးနားနား တစ်နေရာမှာ ထားဖို့ ပြောလေ့ရှိကြပါတယ်။ ကျွန်တော်တို့ကတော့ ပြောင်းပြန်တွေးကြည့်ရအောင်။ တကယ်လို့ နှိုးစက်ကို အိပ်ရာထဲကနေ လက်လှမ်းမမှီနိုင်တဲ့ တစ်နေရာရာမှာထားပြီး သင်မကြိုက်တဲ့သီချင်းတစ်ပုဒ်ကို နှိုးစက်သံအဖြစ်ထားမယ်ဆိုရင် ဒီသီချင်းကိုပိတ်ဖို့အတွက် အိပ်ရာထဲကို ထွက်မှကို ဖြစ်မှာပါ။ ဒီအချက်က တော်တော်သက်ရောက်မှုရှိပါတယ်။

၃။ အိပ်ရာက နိုးထပြီိဆိုတာနဲ့ ရေသောက်ပါ။
ရေသောက်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို ပြောနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချက်ကို လုပ်ကြည့်ပါ။ သင် တကယ်အိပ်ရာထရမယ့် အချိန်ထက် တစ်နာရီစောပြီး နှိုးစက်ပေးထားပါ။ နှိုးစက်ကို ဝေးဝေးထားပါ။ နှိုးစက်မြည်လာတဲ့အခါ ထပိတ်ပြီး သောက်နိုင်သမျှ ရေများများသောက်လိုက်ပါ။ ပြီးရင် ပြန်အိပ်လိုက်ပါ။ တကယ်အိပ်ရာထဖို့ လိုတဲ့အချိန်မှာ ပြန်နိုးလာဖို့ သေချာပါတယ်။

၎။ စောစော အိပ်ပါ။
ညဖက် ဇီးကွက်တစ်ကောင်လို လုပ်မနေပဲ စောစောအိပ်ဖို့ ကြိုးစားပါ။ ဒါဆိုရင် မနက်ခင်းမှာ စိတ်ကြည်လင်လန်းဆန်းစွာနဲ့ စောစောနိုးထနိုင်မှာ ဖြစ်ပါတယ်။ အိပ်ရေးမ၀တဲ့မျက်နှာနဲ့ တိုက်ပွဲတစ်ခုခုက ပြန်လာသလိုပုံစံနဲ့ ဖြစ်နေရင် အလုပ်မှာလည်း ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။

၅။ အသုံးအဆောင်ပစ္စည်းတွေကို နေရာတကျထားပါ
အလုပ်သွားရတဲ့နေ့တွေမှာ အချိန်နောက်ကျနေရတဲ့အထဲ ကားသော့ရှာရတာ၊ အခန်းသော့၊ နာရီ၊ ခြေအိတ်စတာတွေကို ရှာနေရတာက ပြဿနာတစ်ခုပါပဲ။ ဒါ့ကြောင့် နောက်တစ်နေ့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ကြိုတင်ပြီး နေရာတကျထားထားပါ။ ဒါဆိုရင် အိပ်ရာထနောက်ကျခဲ့ရင်တောင်မှ ပစ္စည်းတွေရှာနေရတဲ့ ပြဿနာရှိမှာ မဟုတ်တော့ပါဘူး။

၆။ အခန်းပြတင်းဖွင့်အိပ်ပါ။
မှောင်မိုက်နေတဲ့ဝန်းကျင်မှာပဲ အိပ်တတ်တယ်ဆိုရင်တော့ ဒီအကျင့်ကို ဖျောက်လိုက်သင့်ပါပြီး။ လုံးဝမှောင်မိုက်နေတဲ့ အခန်းထဲမှာ မအိပ်ပါနဲ့။ ပြတင်းတံခါး ဒါမှမဟုတ် ပြတင်းပေါက်လိုက်ကာတွေကို ဖွင့်ပြီးအိပ်မယ်ဆိုရင် နှိုးစက်နဲ့အလုပ်မဖြစ်ခဲ့ရင်တောင်မှ နေအလင်းရောင်ကြောင့် နိုးထလာနိုင်ပါသေးတယ်။

၇။ အိပ်ခါနီးမှာ ဘာပစ္စည်းမှ မသုံးပါနဲ့။
ကျွန်တော်တို့ အားလုံးပြင်ဖို့ လိုအပ်တဲ့အချက်တစ်ခု ဖြစ်ပါလိမ့်မယ်။ Lap Top ကွန်ပျူတာ၊ တက်ဘလက်၊ စမတ်ဖုန်း ဘယ်လို အီလက်ထရောနစ်အသုံးအဆောင်ပစ္စည်းကိုပဲ ဖြစ်ဖြစ် အိပ်ရာမ၀င်ခင် တစ်နာရီအတွင်းမှာ မသုံးနေဖို့ ဖြစ်ပါတယ်။ ဒါတွေကို သုံးနေမယ်ဆိုရင် မျက်လုံးကို ကျယ်စေပြီး အိပ်ချိန်ကိုလည်း အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

၈။ မနက်စာကို ကြိုတင်ပြင်ဆင်ထားပါ။
အိပ်ရာထချိန်ရော အလုပ်ချိန်ရော နောက်ကျတဲ့အခါမှာ ကျွန်တော်တို့အများစုက မနက်စာလည်း လွတ်သွားတတ်ကြပါတယ်။ မနက်စာလွတ်သွားခဲ့မယ်ဆိုရင် တစ်နေ့တာလုံး လုပ်ရတဲ့အလုပ်တွေက ပိုပြီး ပင်ပန်းသလို ခံစားရစေပါတယ်။ ဒါ့ကြောင့် မနက်စာကို အလွယ်တကူစားလို့ရအောင် ညကတည်းက ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++

 

%d bloggers like this: