[sg_popup id=”6″ event=”onload”][/sg_popup]သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ စည်းမျဉ်း(၁၀)ခု

 

ကမ္ဘာပေါ်က လူတိုင်းက သန်းကြွယ်သူဌေးဖြစ်ချင်ကြပါတယ်။ ဘယ်လို ဘ၀နောက်ခံ၊ အသက်အရွယ်၊ အသားအရောင်ပဲ ဖြစ်ဖြစ် သန်းကြွယ်သူဌေးဖြစ်ချင်ကြသူတွေ ချည်းပါပဲ။ ဒါ့အပြင် ယေဘုယျအားဖြင့် ငွေကြေးဟာ သူတို့ဖြစ်ချင်တာတွေအားလုံးအတွက် ရင်းမြစ်တစ်ခုလို့ ထင်မြင်နေတတ်ကြပါသေးတယ်။ တကယ်တော့ လူအများစုက ဒေါ်လာတစ်သန်းဆိုတဲ့ ငွေကို လိုချင်ကြတာမဟုတ်ပါဘူး။ သူတို့က ဒေါ်လာတစ်သန်းကို သုံးဖြုန်းပစ်ချင်ကြတာပါ။ သူတို့အများစုက ငွေက သူတို့ကို ပျောရွှင်အောင်လုပ်ပေးနိုင်လိမ့်မယ်လို့ ထင်မြင်ယူဆထားကြပြီး သန်းကြွယ်သူဌေးဖြစ်ဖို့ လျှောက်လှမ်းရတဲ့ ခရီးကမှ ပျော်ရွှင်ကျေနပ်စရာကောင်းတယ်ဆိုတာကို မသိမြင်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဒီတော့ သင့်အနေနဲ့လည်း သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းတွေရှိပါတယ်။ ဒီစည်းမျဉ်း(၁၀)ခုကို လိုက်နာမယ်ဆိုရင် အောင်မြင်မှုပင်လယ်ကိုဖြတ်သန်းနိုင်ဖို့ အထောက်အကူဖြစ်မှာ သေချာပါတယ်။

၁။ ငွေရဖို့တစ်ခုတည်းအတွက် အလုပ်မလုပ်ပါနဲ့။

သင်က ငွေရဖို့ အလုပ်လုပ်ရင် ငွေကြေးက သင့်အတွက် အလုပ်လုပ်ပေးမှာ မဟုတ်တော့ပါဘူး။ သင့်အနေနဲ့ အရည်အသွေးတွေ မြင့်တက်လာဖို့အတွက်ပဲ အလုပ်လုပ်သင့်ပါတယ်။ သင့်အရည်အချင်းတွေကို တည်ဆောက်ရင် ငွေကြေးက အလိုလိုရရှိလာပါလိမ့်မယ်။ သက်ဆိုင်ရာနယ်ပယ်မှာ အရည်အချင်းတွေ မြင့်မားလာတာနဲ့အမျှ ၀င်ငွေစီးပွားအခြေအနေကလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။ ငွေကြေးအတွက် အလုပ်လုပ်တဲ့သူတွေဟာ ငွေကြေးရဲ့ ကျေးကျွန်တွေဖြစ်သွားတတ်ပါတယ်။ အရည်အချင်းကို တည်ဆောက်သူတွေကသာ ငွေကြေးရဲ့ သခင်ဖြစ်လာပြီး ကောင်းကောင်းကိုင်တွယ်အသုံးချတတ်ကြတာ ဖြစ်ပါတယ်။

၂။ အမြဲတမ်း သင်ယူလေ့လာပါ။

ပညာတတ်တယ်ဆိုတာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် သင့်မှာရှိတာနဲ့ ဘာလုပ်ရမလဲ သိရှိခြင်းလို့ ဖွင့်ဆိုချင်ပါတယ်။ လူအများစုက အသိပညာတွေ အများကြီးတတ်ကျွမ်းနားလည်ကြပေးမယ့် ဘယ်လိုအသုံးချရမလဲဆိုတာကို နည်းနည်းပဲ သိကြပါတယ်။ ဒါ့ကြောင့် စဉ်ဆက်မပြတ်လေ့လာသင်ယူနေဖို့ လိုပါတယ်။ နေ့စဉ်နေ့တိုင်း သင်လေ့လာခဲ့သမျှကို မှတ်စုစာအုပ်ထဲမှာ ချရေးထားပါ။ သီတင်းတစ်ပတ် ကုန်ဆုံးသွားတိုင်း ပြန်လည်ဖတ်ရှုသုံးသပ်ပါ။

၃။ ()ရာခိုင်နှုန်းပေါ်မှာပဲ အာရုံစိုက်ပါ။

ကမ္ဘာပေါ်က လူဦးရေရဲ့ ()ရာခိုင်နှုန်းလောက်ကပဲ သင်ပေးချင်တဲ့အရာကို တကယ်လိုအပ်နေတာဖြစ်ပါတယ်။ ဒီ ()ရာခိုင်နှုန်းပေါ်ကို အာရုံစိုက်ရုံနဲ့ မယုံနိုင်လောက်အောင် ချမ်းသာလာနိုင်ပါတယ်။ လူဦးရေ (၁၀၀)ကို ပြောပြရင် (၇၀)လောက်ကပဲ စိတ်ဝင်စားပါလိမ့်မယ်။ (၃၀)လောက်က မေးခွန်းတွေ ထုတ်နိုင်ပြီး၊ (၁၀)လောက်ကပဲ စိတ်ဝင်စားမှု မြင့်မာပါလိမ့်မယ်။ ဒီထဲကမှ ()ရာခိုင်နှုန်းလောက်ကပဲ တကယ်ဝယ်ယူသုံးစွဲ မှာဖြစ်ပါတယ်။ သူတို့ကို အကောင်းဆုံးဝန်ဆောင်မှုပေးဖို့က သင့်တာဝန်ပါပဲ။ ဒီ ()ရာခိုင်နှုန်းက သင့်ဘ၀တစ်လျှောက်လုံးမှာ သင့်ကို ထောက်ခံအားပေးနေမှာဖြစ်ပါတယ်။ သင့်အတွက်၊ သင့်အမှတ်တံဆိပ် အတွက် သတင်းကောင်းတွေကို သူတို့က ဖြန့်ဖြူးပေးနေမှာဖြစ်ပါတယ်။

၎။ ဝေဖန်အကြံပြုချက်များကို လက်ခံသုံးသပ်ပါ။

သင်မဖြစ်မနေဂရုစိုက်ရမယ့် ()ရာခိုင်နှုန်းသောသူတွေဆီကပဲဖြစ်ဖြစ် ကျန်တဲ့(၉၇)ရာခိုင်နှုန်းဆီကပဲဖြစ်ဖြစ် ဘယ်လိုဝေဖန်အကြုံပြုချက်ကိုမဆို လက်ခံပြီး သင်ခန်းစာယူနိုင်ရမှာဖြစ်ပါတယ်။ သူတို့ရဲ့ ဝေဖန်သုံးသပ်ချက်တွေကနေတဆင့် သင့်ရဲ့ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုနဲ့ ပတ်သက်ပြီါ် လုပ်ဆောင်ချက်တွေ ပိုကောင်းလာအောင် ကျင့်သုံးရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကိုမလိုမုန်းထားတဲ့ သူတွေဆီကဖြစ်နေရင်တောင်မှ ဝေဖန်သုံးသပ်ချက်မှန်သမျှကို ထည့်သွင်းစဉ်းစားတတ်ဖို့ လိုပါတယ်။

၅။ Comfort Zone ထဲကို သွားပါ။

ကျရှုံးမှုကို ကြုံတွေ့ရတာက အဆင်မပြေပါဘူး။ ဒါပေမယ့် လူအများစုက ကျရှုံးမှုကို သည်းညည်း ခံနိုင်ကြပါတယ်။ သူတို့ဟာ မနေချင်တဲ့အိမ်၊ မစီးချင်တဲ့ကား၊ မပျော်နိုင်တဲ့ လစာ စသဖြင့် အဆင်မပြေတာတွေနဲ့ အသားကျနေတတ်ပါတယ်။ တကယ်တော့ ဒီလိုနေမယ့်အစား အောင်မြင်မှုကို ရှာဖွေရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ စိုးရိမ်ကြောင့်ကျစိတ်တွေကို အနိုင်ယူကျော်ဖြတ်ပြီး အိပ်မက်တွေ အကောင်အထည် ပေါ်လာအောင် ကြိုးစားပါ။ ဘာပဲလုပ်လုပ် သက်တောင့်သက်သာဖြစ်တာမျိုးကိုပဲ လုပ်ပါ။ သင့်အတွက် စိတ်ကျေနပ်စရာဖြစ်တယ်ဆိုရင် အခကြေးငွေမရရင်လည်း လုပ်နိုင်ရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ငွေကြေးအတွက် အလုပ်လုပ်နေတာကို ရပ်လိုက်ပါ။ သင့်ရဲ့အရည်အချင်းတွေကို တည်ဆောက်ပါ။ ဘယ်သူကမှ အခကြေးငွေမပေးဘူးဆိုရင်တောင်မှ သင်လုပ်ချင်တာကိုပဲ လုပ်ဆောင်ပါ။ လုပ်ရင်နဲ့ ၀င်ငွေရရှိနိုင်မယ့်လမ်းကြောင်းကို သင်တွေ့ရပါလိမ့်မယ်။ ဒီအခါမှာ အောင်မြင်ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၆။ နေရာတိုင်းမှာ ရှိပါစေ။

အခုလို နည်းပညာခေတ်ကြီးထဲမှာ အင်တာနက်ဆိုတဲ့အရာကို ပိုင်ပိုင်နိုင်နိုင်အသုံးချတတ်ဖို့ လိုပါတယ်။ ပိုပြီးတိတိကျကျပြောရမယ်ဆိုရင် လူမှုဆက်ဆံရေးစာမျက်နှာတွေကြောင့် ကျွန်တော်တို့က တစ်ယောက်ယောက်ရဲ့ အိပ်ကပ်ထဲမှာပဲဖြစ်ဖြစ် နေရာတိုင်းမှာ ရှိနေနိုင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အချိန်နှစ်နာရီလောက် Social Media တွေအတွက် အချိန်အပေးမယ်ဆိုရင်တောင်မှ သီတင်းတပတ်ကြာရင် ထောင်နဲ့ချီတဲ့လူတွေရဲ့ အာရုံစိုက်မှုကို ရရှိနိုင်ပါတယ်။ သင့်အနေနဲ့ သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် လူသန်းပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ယနေ့ခေတ်ရဲ့ လူမှုကွန်ယက်တွေက သင်ပြောချင်တဲ့အကြောင်းအရာကို လူပေါင်းများစွာဆီကို အချိန်တိုအတွင်း အရောက်ပို့ပေးနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။

၇။ အောင်မြင်မှုကို မနှောင့်နှေးစေပါနဲ့။

လူတွေက တစ်ခုခုလုပ်ဖို့အတွက် ဆင်ခြေမျိုးစုံပေးပြီး အချိန်ဆွဲတတ်ကြတာကို သတိထားမိပါသလား။ တကယ်တော့ သူတို့တွေက အောင်မြင်ကို ရယူဖို့ စိုးရိမ်နေတဲ့စိတ်ကြောင့် ဆင်ခြေတွေပေးနေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အိပ်မက်တွေကို ဖမ်းဆုပ်ရယူဖို့ အချိန်ရောက်ပြီဆိုတာကို သိကြပေမယ့် ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေကို အရာလုပ်ပြီး လုပ်ရမယ့်အလုပ်တွေကို အချိန်ရွှေ့ဆိုင်းနေကြတာဖြစ်ပါတယ်။ တကယ်တော့ အောင်မြင်က ပျက်ယွင်းခံလို့ မရပါဘူး။ ဒီနေ့ပဲ အောင်မြင်မှုကို ရယူလိုက်ပါ။ နောက်တစ်ပတ်၊ နောက်တစ်လ၊ နောက်တစ်နှစ် စသဖြင့် အချိန်တွေစောင့်မနေပါနဲ့။ အတားအဆီးတွေနဲ့ အကြောင်းပြချက်တွေကို ဖယ်ရှားပြီး ဘာပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။

၈။ ရည်ရွယ်ချက် စွဲမြဲနေပါစေ။

မှန်ကန်တဲ့ရည်ရွယ်ချက်ရှိတဲ့သူတွေပဲ အောင်မြင်ချမ်းသာလာတာဖြစ်ပါတယ်။ ငွေရဖို့ရည်ရွယ်ထားတယ်ဆိုရင် ငွေရှာဖို့တစ်ခုတည်းအတွက်ပဲ သင့်ရဲ့အောင်မြင်မှုကို ကန့်သတ်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ ရည်ရွယ်ချက်က မှားယွင်းနေတယ်ဆိုရင် အောင်မြင်မှုနဲ့လည်း အလှမ်းဝေးနေမှာဖြစ်ပါတယ်။

၉။ ပင်ကိုယ်အစွမ်းအစအတိုင်းကျင့်သုံးပါ။

ပြိုင်ဆိုင်မှုဝန်းကျင်တစ်ခုမှာဆိုရင် လူအများစုက ချိမ်းခြောက်ခံရသလို သိမ်ငယ်နေတတ်ကြပါတယ်။ သက်ဆိုင်ရာနယ်ပယ်ထဲမှာ သူတို့ထက်တတ်ကျွမ်းနားလည်သူတွေ အများကြီးရှိနေတယ်လို့ ယူဆထားပြီး စစ်မှန်တဲ့ ကြိုးစားအားထုတ်မှု မရှိတတ်ကြပါဘူး။ သေချာလေ့လာဆန်းစစ်ကြည့်မယ်ဆိုရင် သူတို့အများစု သက်ဆိုင်ရာနယ်ပယ်ထဲက ခေါင်းဆောင်တစ်ယောက်ကို လိုက်လံတုပလုပ်ဆောင်နေတတ်ကြတာကို တွေ့ရမှာပါ။ ဒီလိုမဟုတ်ပဲ သင့်ရဲ့ ပင်ကိုယ်အစွမ်းအစကို မူတည်ပြီး စစ်မှန်တဲ့ကြိုးစားအားထုတ်မှုနဲ့ လုပ်ဆောင်မယ်ဆိုရင် သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ သင်လုပ်သမျှကို ဘယ်သူမှ လိုက်မလုပ်နိုင်ပါဘူး။ သင့်ကိုယ်သင်လည်း အခြားဘယ်သူနဲ့မှ သွားပြီးမနှိုင်းယှဉ်ပါနဲ့။

၁၀။ အခြားသူတွေအတွက် လွယ်ကူအောင်လုပ်ပေးပါ။

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့အတွက် အခြားသူတွေအတွက် အဆင်ပြေအောင် လွယ်ကူသွားအောင် လုပ်ပေးတတ်ဖို့ လိုပါတယ်။ တစ်ခုခုပြောရင် နားလည်လွယ်အောင် ပြောတာမျိုးအထိ ပါဝင်ပါတယ်။

အခုဖော်ပြခဲ့တဲ့ စည်းမျဉ်း(၁၀)ခုကို လိုက်နာကျင့်သုံးကြည့်မယ်ဆိုရင် ထူးခြားတဲ့ရလဒ်တွေကို ရရှိမှာပါ။ သင့်အတွက် တည်ရှိနေတဲ့အောင်မြင်မှုကို ဘယ်သူမှလုယူလို့ မရပါဘူး။ ဒါပေမယ့် သင့်ကိုယ်သင်ယုံကြည်ပြီး ရည်မှန်းချက်တွေ အကောင်အထည်ပေါ်ဖို့ ဘာဖြစ်ဖြစ်လုပ်နိုင်ဖို့တော့ လိုပါတယ်။ သင့်ကိုယ်သင် ရာနှုန်းပြည့် ယုံကြည်မှုရှိပြီဆိုရင် အခြားသူတွေကလည်း သင့်ကိုယုံကြည်လာမှာဖြစ်ပါတယ်။