ချစ်တဲ့အကြောင်း မကြာခဏပြောသင့်တဲ့ အကြောင်းရင်း (၅)ခု

[sg_popup id=”6″ event=”onload”][/sg_popup]ချစ်တဲ့အကြောင်း မကြာခဏပြောသင့်တဲ့ အကြောင်းရင်း (၅)ခု

(Zawgyi)

သင့်ရဲ့ ချစ်သူမိန်းကလေးက နှစ်ဦးသားပထမဆုံးစတွေ့တဲ့နေ့၊ ပထမဆုံးလက်တွဲလမ်းလျှောက်တဲ့နေ့၊ ပထမဆုံးအနမ်းချွေတဲ့နေ့၊ ပထမဆုံး အတူတူနှာချေမိတဲ့နေ စသဖြင့် အမှတ်တရနေ့ရက်တွေ၊ အချိန်တွေကို မမှတ်မိလို့ နှုတ်ခမ်းဆူပြီး စိတ်ကောက်တာမျိုး ကြုံဖူးပါသလား။ နှာအတူချေမိတဲ့ကိစ္စကတော့ နည်းနည်းပိုပြောလိုက်တာပါ။ ဒါပေမယ့် ဒီလိုအရေးကြီးတဲ့ရက်စွဲတွေနဲ့ ပတ်သက်လာရင် မိန်းကလေးတွေက စိတ်ကြီးတတ်ကြပါတယ်။ ဒါထက်ပိုဆိုးတာက မိန်းကလေးတွေက ချစ်တယ်ဆိုတဲ့စကားကိုလည်း ကြားချင်ကြသူတွေဖြစ်ပါတယ်။ တကယ်တော့ ချစ်တဲ့အကြောင်းကို ပြောပြဖို့အတွက် အကြောင်းပြချက်တွေ မလိုပါဘူး။ ဒါပေမယ့် သင်က ရင်ထဲကအချစ်ကို အလွယ်တကူထုတ်မပြတတ်တဲ့သူမျိုး ဖြစ်ခဲ့ရင်တောင်မှ ချစ်တဲ့အကြောင်း မကြာခဏပြောသင့်တဲ့ အကြောင်းရင်းတွေရှိပါတယ်။

၁။ အချစ်ခံနေရကြောင်း ထပ်လောင်းသေချာနေစေဖို့ ဖြစ်ပါတယ်။။

အချစ်နဲ့တွေ့ဖူးသူတိုင်း အချစ်ခံရတဲ့ ခံစားချက်က ဘယ်လောက်လှပလဲဆိုတာကို သိကြမှာပါ။ ဒီထက်ပိုလှပတဲ့ အချက်ကတော့ ဒီခံစားချက်ကို နေ့စဉ်နေ့တိုင်း ထပ်လောင်းနှိုးဆွ သတိပေးနေတာပဲ ဖြစ်ပါတယ်။ ချစ်သူမိန်းကလေးကို ဒီလိုထူးခြားတဲ့ခံစားချက်ကို ပေးစွမ်းနိုင်ဖို့အတွက် အားအများကြီး စိုက်ထုတ်စရာမလိုပါဘူး။ သူမရဲ့မျက်လုံးတွေထဲကို သေသေချာချာကြည့်ပြီး အရမ်းချစ်ပါတယ် ဆိုတဲ့ စကားကို ပြောတာက နှင်းဆီတစ်ပွင့်ပေးတာထက် သူမကို ပိုမိုခံစားရစေမှာ ဖြစ်ပါတယ်။

 

၂။ လုံခြုံစိတ်ချရတဲ့ အသိကို ပေးနိုင်လို့ ဖြစ်ပါတယ်။

ချစ်သူမိန်းကလေးကို သင်အရမ်းချစ်တဲ့အကြောင်း ပြောတဲ့အခိုက်အတန့်ဟာ သူမအတွက် ခွန်အားတွေပြည့်ဝလာသလို ခံစားရစေနိုင်ပါတယ်။ ပတ်သက်ဆက်နွယ်နေတဲ့ သဘောတရားတစ်ခုကို ဖြစ်ပေါ်စေပြီး ရှေ့လျှောက်ဘ၀မှာ ဘယ်လိုအကြောင်းအရာတွေပဲရှိရှိ မင်း အနားမှာ ကိုယ်ရှိနေပါတယ်ဆိုတဲ့ အသိကို ခံစားရစေနိုင်တာကြောင့် ဖြစ်ပါတယ်။

 

၃။ ဘ၀ကို ရှေ့ဆက်မျှော်လင့်နိုင်ဖို့ ဖြစ်ပါတယ်။

တစ်ယောက်ယောက်က သင့်ကို မြတ်မြတ်နိုးနိုးချစ်နေတယ်ဆိုတဲ့ အသိက သင့်ကိုပျော်ရွှင်စေနိုင်မယ့်အရာတွေ အားလုံးကို လုပ်ဆောင်ဖို့ အစီအစဉ်တွေဆွဲဖြစ်အောင်၊ မျှော်လင့်နေအောင် အားပေးနိုင်ပါတယ်။ ချစ်တဲ့အကြောင်းကို မကြာခဏပြောပေးခြင်းအားဖြင့် ဘ၀ရဲ့ အနိမ့်အမြင့် ဘယ်အချိန်မှာပဲဖြစ်ဖြစ် သူ့အနားမှာ ရှိနေမယ်ဆိုတဲ့ အသိကို ဖြစ်ပေါ်စေပြီး သူမဘ၀ရဲ့ အစီအစဉ်တိုင်းမှာ သင့်ကိုပါ ထည့်သွင်းဖန်တီးလာပါလိမ့်မယ်။

 

၎။ ပျော်ရွှင်ခိုင်မြဲတဲ့ ဆက်ဆံရေးရဖို့အတွက် ဖြစ်ပါတယ်။

ချစ်သူမိန်းကလေးကို ချစ်တဲ့အကြောင်း ပြောတဲ့အခါတိုင်းမှာ သူမရဲ့အားနည်းချက်နဲ့ လိုအပ်ချက်တွေအားလုံးကိုပါ လက်ခံနိုင်တဲ့စိတ်ရင်းနဲ့ ပြောပါ။ ဒါဆိုရင်တော့ သင့်တို့ရဲ့ဆက်ဆံရေးက ပိုမိုခိုင်မြဲပျော်ရွှင်နေရမှာ ဖြစ်ပါတယ်။

 

၅။ အချစ်အတွက် ပြောဖို့ လိုပါတယ်။

သူမကို သင်ချစ်တယ်ဆိုတာ သိနေပြီဆိုမှတော့ ဒီအချစ်ကို ထုတ်ဖော်ပြသဖို့ ဘာအကြောင်းပြချက်မှာ လိုမှာမဟုတ်ပါဘူး။ ချစ်သူမိန်းကလေးကို ကားအကောင်းစားတစ်စီးဝယ်ပေးတာထက် တစ်နေ့တာကုန်ဆုံးသွားချိန်တိုင်းမှာ သူမကိုချစ်တဲ့အကြောင်း အမြဲတမ်းဂရုတစိုက်ပြောတာကို လိုချင်တတ်ကြပါတယ်။ သင့်ရင်ခွင်ကို ဖွင့်ပြီး သူမအတွက် အမြဲတမ်းရှိနေမယ်ဆိုတဲ့ အသိက သင့်ကိုပိုချစ်လာအောင်လည်း လုပ်ပေးနိုင်ပါတယ်။

 

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျရစေမည့်

Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++

 

%d bloggers like this: