ေအာင္ျမင္မႈ သို႔မဟုတ္ အဆံုးမရွိသည့္ ခရီးတစ္ခု

[sg_popup id=”6″ event=”onload”][/sg_popup]ေအာင္ျမင္မႈ သို႔မဟုတ္ အဆံုးမရွိသည့္ ခရီးတစ္ခု

(Zawgyi)

[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

အောင်မြင်မှု သို့မဟုတ် အဆုံးမရှိသည့် ခရီးတစ်ခု

လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀)ကျော်လောက်က Edmund Hillary နဲ့ Tenzing Norgay ဆိုတဲ့ လူနှစ်ဦးဟာ အခြားဘယ်လူသာမှာ မရောက်ဖူးခဲ့တဲ့နေရာကို သွားခဲ့ပါတယ်။ အဲ့ဒီနေရာကတော့ ဧဝရက်တောင်ထိပ်ဖြစ်ပြီး သူတို့နှစ်ဦးက ကမ္ဘာပထမဆုံး ဧဝရက်တောင်ထိပ်ကို ရောက်ရှိခဲ့သူတွေဖြစ်လာခဲ့ပါတယ်။ တောင်ထိပ်ကို ရောက်ရှိချိန်မှာ သူတို့ ဘယ်လိုခံစားရမလဲဆိုတာကို တွေးကြည့်နိုင်မလား။ ဂုဏ်ယူမှု၊ အောင်မြင်မှု၊ ဆန္ဒပြည့်ဝမှု အများကြီးကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် အကြာကြီးတော့ မခံစားလိုက်ရပါဘူး။ တောင်ထိပ်ရဲ့လေပြင်းဒဏ်ကို ဆယ့်ငါးမိနစ်လောက်သာ ခံနိုင်ပြီး ပြန်ဆင်းလာခဲ့ကြရပါတယ်။

သင့်ဘဝမှာလည်း အရေးအပါဆုံး အောင်မြင်မှုတစ်ခုကို တွေးကြည့်ပါ။ သင့်အတွက် ခက်ခဲပါတယ်ဆိုတဲ့ ကိစ္စတစ်ခုကို ထိပ်ဆုံးရောက်အောက် လုပ်နိုင်ခဲ့တဲ့အတွက် ဘယ်လိုခံစားရလဲဆိုတာ အမှတ်ရနေပါသေးလား။ အရာအားလုံးကို အနိုင်ရလိုက်သလို ခံစားရင် ခံစားရမှာပါ။ ဒါပေမယ့် ဒီလိုအောင်မြင်မှုကို ရရှိဖို့အတွက် ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေ၊ လက်လျှော့အရှုံးပေးပြီး အခြားလွယ်တာလေး တစ်ခုခုလုပ်ချင်စိတ်ပေါ်လာတဲ့ နေ့ရက်တွေကိုတော့ မေ့လို့ရနိုင်မှာ မဟုတ်ပါဘူး။ Hillary နဲ့ Norgay လည်း ဒီလိုပဲဖြစ်မှာပါ။

လူသိများတဲ့ ဆိုရိုးစကားတစ်ခုရှိပါသေးတယ်။ အောင်မြင်မှုဆိုတာ ဘယ်တော့မှ နောက်ဆုံးမရှိသလို၊ ကျရှုံးမှုဆိုတာကလည်း ပျောက်ဆုံးသွားမှာမဟုတ်ဘူး၊ အဆုံးသတ်မှာ ရှေ့ဆက်ဖို့ အကြောင်းရင်း ဖြစ်လာတယ် ဆိုတာပါပဲ။ ကျရှုံးမှုတစ်ခုခုကို ရင်ဆိုင်ရပြီးတဲ့နောက်မှာ ရှေ့ဆက်ဖို့ ခွန်အားသတ္တိရှိနေဖို့က အရေးကြီးပါတယ်။ ဒါထက်ပိုအရေးကြီးတာက အောင်မြင်ပြီးရင် ရှေ့ဆက်ဖို့ ခွန်အားရှိနေဖို့ ဖြစ်ပါတယ်။ သင် အောင်မြင်ခဲ့သမျှကို ထိုင်ကြည့်ပြီး ရှေ့ဆက်လုပ်စရာတွေကို မေ့နေလို့မဖြစ်ပါဘူး။ အောင်မြင်မှုဆိုတာက ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ ခရီးဆုံးပန်းတိုင်မဟုတ်ပါဘူး။

အောင်မြင်မှုက အဖွဲ့အစည်းတစ်ခုလိုအပ်ပါတယ်။ သင့်ကို လမ်းတစ်လျှောက် အားပေးကူညီမယ့်သူတွေ မရှိပဲ တောင်တစ်လုံးရဲ့ထိပ်ဆုံးကို တက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အတ္တကြီးမနေဖို့ လိုပါတယ်။ သင့်ကို အားပေးကူညီသူတွေကို ကျေးဇူးသိတတ်ပါစေ။ အောင်မြင်မှုတစ်ခုရရှိပြီးတာနဲ့ ဂုဏ်ပြုတဲ့အထိမ်းအမှတ်တစ်ခုခုလုပ်ပါ။ ပြီးရင် နောက်ထပ်ရည်မှန်းချက်ပန်းတိုင်တစ်ခုဆီကို သွားဖို့ စတင်လုပ်ဆောင်ပါ။

Hillary နဲ့ Norgay တို့ကလည်း စွန့်စားရတဲ့ဘဝကို ဆက်လက်နေထိုင်သွားကြပါတယ်။ အခြားတောင်တွေကို တိုင်းတာတာ၊ တောင်တက်အဖွဲ့တွေကို ဦးဆောင်တာတွေ ဆက်လုပ်ကြပါတယ်။ သူတို့ ရပ်တန့်မသွားကြပါဘူး။

ဒါ့ကြောင့် အောင်မြင်မှုဆိုတာ ရရှိတာနဲ့ ရပ်တန့်သွားရမယ့် ခရီးဆုံးပန်းတိုင်တစ်ခု မဟုတ်ပါဘူး။ ဆက်တိုက်လျှောက်လှမ်းနေရမယ့် ခရီးစဉ်တစ်ခုဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

[/showhide]

လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၆၀)ေက်ာ္ေလာက္က Edmund Hillary နဲ႔ Tenzing Norgay ဆိုတဲ့ လူႏွစ္ဦးဟာ အျခားဘယ္လူသာမွာ မေရာက္ဖူးခဲ့တဲ့ေနရာကို သြားခဲ့ပါတယ္။ အဲ့ဒီေနရာကေတာ့ ဧ၀ရက္ေတာင္ထိပ္ျဖစ္ၿပီး သူတို႔ႏွစ္ဦးက ကမာၻပထမဆံုး ဧ၀ရက္ေတာင္ထိပ္ကို ေရာက္ရွိခဲ့သူေတြျဖစ္လာခဲ့ပါတယ္။ ေတာင္ထိပ္ကို ေရာက္ရွိခ်ိန္မွာ သူတုိ႔ ဘယ္လိုခံစားရမလဲဆိုတာကို ေတြးၾကည့္ႏိုင္မလား။ ဂုဏ္ယူမႈ၊ ေအာင္ျမင္မႈ၊ ဆႏၵျပည့္၀မႈ အမ်ားႀကီးကို ခံစားရႏိုင္ပါတယ္။ ဒါေပမယ့္ အၾကာႀကီးေတာ့ မခံစားလိုက္ရပါဘူး။ ေတာင္ထိပ္ရဲ႕ေလျပင္းဒဏ္ကို ဆယ့္ငါးမိနစ္ေလာက္သာ ခံႏိုင္ၿပီး ျပန္ဆင္းလာခဲ့ၾကရပါတယ္။

 

သင့္ဘ၀မွာလည္း အေရးအပါဆံုး ေအာင္ျမင္မႈတစ္ခုကို ေတြးၾကည့္ပါ။ သင့္အတြက္ ခက္ခဲပါတယ္ဆိုတဲ့ ကိစၥတစ္ခုကို ထိပ္ဆံုးေရာက္ေအာက္ လုပ္ႏိုင္ခဲ့တဲ့အတြက္ ဘယ္လိုခံစားရလဲဆိုတာ အမွတ္ရေနပါေသးလား။ အရာအားလံုးကို အႏိုင္ရလိုက္သလို ခံစားရင္ ခံစားရမွာပါ။ ဒါေပမယ့္ ဒီလိုေအာင္ျမင္မႈကို ရရွိဖို႔အတြက္ ျဖတ္သန္းခဲ့ရတဲ့ အခက္အခဲေတြ၊ အတားအဆီးေတြ၊ လက္ေလွ်ာ့အ႐ႈံးေပးၿပီး အျခားလြယ္တာေလး တစ္ခုခုလုပ္ခ်င္စိတ္ေပၚလာတဲ့ ေန႔ရက္ေတြကိုေတာ့ ေမ့လို႔ရႏိုင္မွာ မဟုတ္ပါဘူး။ Hillary နဲ႔ Norgay လည္း ဒီလိုပဲျဖစ္မွာပါ။

 

လူသိမ်ားတဲ့ ဆိုရိုးစကားတစ္ခုရွိပါေသးတယ္။ ေအာင္ျမင္မႈဆိုတာ ဘယ္ေတာ့မွ ေနာက္ဆံုးမရွိသလို၊ က်႐ႈံးမႈဆိုတာကလည္း ေပ်ာက္ဆံုးသြားမွာမဟုတ္ဘူး၊ အဆံုးသတ္မွာ ေရွ႕ဆက္ဖို႔ အေၾကာင္းရင္း ျဖစ္လာတယ္ ဆိုတာပါပဲ။  က်႐ႈံးမႈတစ္ခုခုကို ရင္ဆုိင္ရၿပီးတဲ့ေနာက္မွာ ေရွ႕ဆက္ဖို႔ ခြန္အားသတၱိရွိေနဖို႔က အေရးႀကီးပါတယ္။ ဒါထက္ပိုအေရးႀကီးတာက ေအာင္ျမင္ၿပီးရင္ ေရွ႕ဆက္ဖို႔ ခြန္အားရွိေနဖို႔ ျဖစ္ပါတယ္။ သင္ ေအာင္ျမင္ခဲ့သမွ်ကို ထိုင္ၾကည့္ၿပီး ေရွ႕ဆက္လုပ္စရာေတြကို ေမ့ေနလို႔မျဖစ္ပါဘူး။ ေအာင္ျမင္မႈဆိုတာက ခရီးစဥ္တစ္ခုျဖစ္ပါတယ္။ ခရီးဆံုးပန္းတိုင္မဟုတ္ပါဘူး။

 

ေအာင္ျမင္မႈက အဖြဲ႕အစည္းတစ္ခုလိုအပ္ပါတယ္။ သင့္ကို လမ္းတစ္ေလွ်ာက္ အားေပးကူညီမယ့္သူေတြ မရွိပဲ ေတာင္တစ္လံုးရဲ႕ထိပ္ဆံုးကို တက္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အတၱႀကီးမေနဖို႔ လိုပါတယ္။ သင့္ကို အားေပးကူညီသူေတြကို ေက်းဇူးသိတတ္ပါေစ။ ေအာင္ျမင္မႈတစ္ခုရရွိၿပီးတာနဲ႔ ဂုဏ္ျပဳတဲ့အထိမ္းအမွတ္တစ္ခုခုလုပ္ပါ။ ၿပီးရင္ ေနာက္ထပ္ရည္မွန္းခ်က္ပန္းတိုင္တစ္ခုဆီကို သြားဖို႔ စတင္လုပ္ေဆာင္ပါ။

 

Hillary နဲ႔ Norgay တို႔ကလည္း စြန္႔စားရတဲ့ဘ၀ကို ဆက္လက္ေနထိုင္သြားၾကပါတယ္။ အျခားေတာင္ေတြကို တိုင္းတာတာ၊ ေတာင္တက္အဖြဲ႕ေတြကို ဦးေဆာင္တာေတြ ဆက္လုပ္ၾကပါတယ္။ သူတို႔ ရပ္တန္႔မသြားၾကပါဘူး။

 

ဒါ့ေၾကာင့္ ေအာင္ျမင္မႈဆိုတာ ရရွိတာနဲ႔ ရပ္တန္႔သြားရမယ့္ ခရီးဆံုးပန္းတိုင္တစ္ခု မဟုတ္ပါဘူး။ ဆက္တိုက္ေလွ်ာက္လွမ္းေနရမယ့္ ခရီးစဥ္တစ္ခုျဖစ္ပါတယ္။

 

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္

Gentleman Magazine

+++++++++++++++++++++++++++++++++++++++

 

Related Posts

%%footer%%