သင္…. ဘာလို႔ မေအာင္ျမင္ေသးတာလဲ ???

[sg_popup id=”6″ event=”onload”][/sg_popup]သင္…. ဘာလို႔ မေအာင္ျမင္ေသးတာလဲ ???

[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

သင်…. ဘာလို့ မအောင်မြင်သေးတာလဲ ???

သင်က အရည်အချင်းရှိသူတစ်ယောက်၊ အလုပ်ကြိုးစားသူတစ်ယောက် ဖြစ်ပေမယ့် အောင်မြင်မှုနဲ့ လွဲချော်နေတယ်။ သင်က ဉာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးမှုအားကောင်းပြီး ခံစားသက်ဝင်မှုလည်း ကောင်းရဲ့သားနဲ့ အိုင်ဒီယာထုတ်တဲ့အစည်းအဝေးတွေမှာ ပါးစပ်ပိတ်အသံတိတ်နေရတယ်။ စီမံကိန်းတစ်ခုလုံးကို လုပ်ပြလိုက်နိုင်စွမ်းရှိတယ်ဆိုတာကို သိထားပေမယ့် တကယ်လုပ်ရတဲ့အခါမှာ ပင်ပန်းငြီးငွေ့ပြီး မလုပ်ချင်မကိုင်ချင်ဖြစ်လာတယ်။ တစ်ခုမှ ပုံမှန်မဟုတ်သလိုဖြစ်နေမယ်။ အကောင်းဆုံးလုပ်နေပေမယ့် အကောင်းဆုံးဖြစ်မလာဘူး။ အလုပ်ကို အချိန်ပိုလုပ်ပြီး အာရုံစိုက်ထားချင်လို့ အပေါင်းအသင်းတွေနဲ့လည်း မတွေ့ဖြစ်ဘူး။

ဒီလိုတွေဖြစ်နေမယ်ဆိုရင်တော့ သင့်ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် အလုပ်နဲ့ ဘဝ ကြားမှာ သင်အခက်တွေ့နေရတာပဲဖြစ်ပါတယ်။ စိတ်ကူးထားတာတွေကို ဘာဖြစ်လို့ ဖြစ်အောင်မလုပ်နိုင်တာလဲ၊ ဘာဖြစ်လို့ မအောင်မြင်သေးတာလဲဆိုတာကို အဖြေရှာကြည့်ဖို့ လိုနေပါပြီ။

အောင်မြင်ဖို့အတွက် အလုပ်ကြိုးစားရမယ်လို့ ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် အလုပ်ကြိုးစားနေရဲ့သားနဲ့ မအောင်မြင်ဘူးဆိုရင်တော့ သင့်ကို အောင်မြင်မှုနဲ့အလှမ်းဝေးအောင် အဟန့်အတားဖြစ်စေနိုင်တာတွေကို ဆန်းစစ်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

၁။ စိုးရိမ်မှုလွန်ကဲခြင်း
စိုးရိမ်မှုက အောင်မြင်မှုကို အကျိုးမပြုပါဘူး။ အောင်မြင်ဖို့အတွက် သတ္တိရှိဖို့ လိုပါတယ်။ ကျရှုံးသွားမှာကို စိုးရိမ်နေရင် အမှားတွေလုပ်မိပါလိမ့်မယ်။ ဒါ့အပြင်စိုးရိမ်သောကတွေက သင့်ရဲ့စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးမချနိုင်အောင် ဟန့်တားနေမှာပါ။ အမှားလုပ်မိဖို့ မကြောက်ပါနဲ့။ အအောင်မြင်ဆုံးဆိုတဲ့ လူက အမှားတွေ အများကြီးလုပ်ခဲ့ဖူးသူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမှားကို အလျှော့ပေးလို့ မရပါဘူး။ သောမတ်အက်ဒီဆင်သာ ကျရှုံးမှုကို စိုးရိမ်ပြီး စမ်းသပ်မှုနည်းနည်းလောက်လုပ်ကြည့်လို့ အဆင်မပြေတာနဲ့ လက်လျှော့ခဲ့မယ်ဆိုရင် လျှပ်စစ်မီးလုံးကို တီထွင်နိုင်ခဲ့မှာ မဟုတ်ပါဘူး။

၂။ မိမိကိုယ်ကို မရိုးသားခြင်း
အခုလို ရွေးချယ်စရာတွေ များလွန်းလှတဲ့ခေတ်ကာလမှာ သင့်ရဲ့ ထူးခြားမှုနဲ့ သီးခြားဖြစ်တည်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ အရေးကြီးပါတယ်။ အများနဲ့အတူရောလိုက်တာက လက်မခံနိုင်စရာမဟုတ်ပေမယ့် သင့်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဖြစ်တည်မှုကို ဆုံးရှုံးခံလိုက်ရတာပါပဲ။ သင်ကိုယ်တိုင်က စိတ်မပါပေမယ့် အများကိုဆန္ဒကို လိုက်လျောလိုက်ရပြီး ကိုယ်ပိုင်အမြင်ကို ထုတ်ဖော်မပြောဖြစ်လိုက်တာမျိုး ဘယ်နှစ်ခါ ဖြစ်ပြီးပြီလဲ ပြန်စဉ်းစားကြည့်ပါ။ အများနဲ့ ဆန့်ကျင်ရဖို့ကိုလည်း မကြောက်ပါနဲ့။ ခဏတာအတွက်တော့ အထီးကျန်သလိုဖြစ်နေပေမယ့် မိမိကိုယ်ကို အရိုးသားဆုံး ဖြစ်တည်ခွင့်ရမှာပါ။ အမီတာဘချမ်းဟာ သူ့အသံကြောင့် ရေဒီယိုအစီအစဉ်မှာပါ၀င်ဖို့ ငြင်းပယ်ခံရပါတယ်။ ဒါပေမယ့် အခုဆိုရင် ဘောလိ၀ုဒ်ရဲ့ ဂန္တဝင်သရုပ်ဆောင်ကြယ်ပွင့်ဖြစ်လာပြီး သူ့အသံကိုက ဆွဲဆောင်မှုတစ်ခုဖြစ်လာပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို မိမိရိုးသားပါ။ သီးခြားဖြစ်တည်မှုကို လက်ခံပါ။

၃။ အလုပ်ကို အလွန်အကျွံအချိန်ပေးခြင်း
သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး သောက်ဖို့စားဖို့တောင် အချိန်မပေးပဲ အလုပ်ကိုပဲ စောက်ချလုပ်နေသူတွေ ရှိပါတယ်။ ဒါပမေယ့် အလုပ်နဲ့ပတ်သက်ပြီး ညည်းညူနေမယ်ဆိုရင်တော့ သင့်ရဲ့စွမ်းဆောင်ရည်ကို ဆိုးဆိုးရွားရွားသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ခံစားမှု၊ တွေးခေါ်မှုနဲ့ ပြောဆိုမှုတွေက စိတ်အခြေအနေကို ဖော်ပြနေပါတယ်။ အပြုသဘောဆောင်တဲ့အတွေးတွေက ကောင်းမွန်တဲ့ရလဒ်တွေကို ထွက်ပေါ်စေပါတယ်။ အလုပ်ကို အလွန်အကျွံအချိန်ပေးနေမယ်ဆိုရင် အလုပ်ကို၊ အလုပ်ရှင်ကို၊ လုပ်နေရတဲ့ဘဝကို မုန်းတဲ့စိတ်တွေ ပေါ်လာပါလိမ့်မယ်။ ဒီလိုဖြစ်ဖူးလား ပြန်ဆန်းစစ်ကြည့်ပါ။

၄။ နှလုံးသားကပြောတဲ့စကားကို နားမထောင်ခြင်း
တစ်ခါတစ်လေမှာ ကျွန်တော်တို့ကိုယ်တိုင်က လုပ်ချင်တာမဟုတ်ပေမယ့် လုပ်သင့်တယ်လို့ ထင်လို့ ဒါမှမဟုတ် အများကလုပ်တဲ့နည်းလမ်းဖြစ်နေလို့ လိုက်လုပ်ကြရတာတွေ ရှိပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် အများနဲ့ရောလိုက်တာပဲ ဖြစ်ပါတယ်။ အများနဲ့ရောလိုက်ပြီဆိုတာနဲ့ သင့်ရဲ့ဆန်းသစ်တီထွင်နိုင်စွမ်းတွေ ပျောက်ဆုံးပြီး သာမန်အဆင့်မှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်နှလုံးသား၊ မသိစိတ်က ပြောတဲ့စကားကို နားထောင်ပြီး ဘာလုပ်သင့်လဲဆုံးဖြတ်ပါ။ အများယောင်တိုင်း လိုက်မယောင်ပါနဲ့။

၅။ မိမိကိုယ်ကို အခြားသူများနဲ့ နှိုင်းယှဉ်ခြင်း
စိုးရိမ်သောကများတဲ့သူအတွက် စိတ်ဓာတ်ကျစရာတွေက အမြဲတမ်းရှိနေတတ်ပါတယ်။ သင့်ထက် ပိုတော်တဲ့၊ ပိုထက်မြက်တဲ့၊ ပိုသင့်တော်ပြီး ပိုပျော်ရွှင်နေတဲ့သူတွေကို ကြည့်ပြီး စိတ်ဓာတ်ကျနေလို့ မဖြစ်ပါဘူး။ အခြားသူတွေကို ကြည့်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ကြည့်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အခြားဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့။ ပြိုင်ဆိုင်မှုရှိတာက ကောင်းပေမယ့် မနာလိုတာမျိုးဖြစ်လာရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ သင့်ရဲ့အချိန်နဲ့ ခွန်အားကို ဖြုန်းတီးပစ်ရာရောက်ပါတယ်။

၆။ အစီအစဉ်မရှိခြင်း
အစီအစဉ်မရှိပဲ တုံးတိုက်တိုက်ကျားကိုက်ကိုက် ဘဝကိုရင်ဆိုင်တာက လန်းပါတယ်။ ဒါပေမယ့် အောင်မြင်ဖို့အတွက်ဆိုရင်တော့ အစီအစဉ်တစ်ခုရှိဖို့ လိုပါတယ်။ အစီအစဉ်လို့ ပြောတဲ့နေရာမှာလည်း အသက်(၄၀)မှာ ငါ စီးအီးအိုတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ ရှင်းလင်းတိကျမှုမရှိတဲ့ အစီအစဉ်မျိုးမဟုတ်ပဲ နောက်နှစ်မှာ ဒီအရည်အသွေးတစ်ခုကို ကျွမ်းကျင်နေရမယ် စတဲ့ ဖြစ်နိုင်ချေနီးစပ်ပြီး ရှင်းလင်းတဲ့ အစီအစဉ်မျိုး ဖြစ်သင့်ပါတယ်။ အလုပ်ကို ချစ်ပြီးကြိုးစားပေမယ့် ရည်မှန်းချက်မရှိပဲ လှုပ်ရှားနေလို့ မဖြစ်ပါဘူး။

၇။ ပတ်ဝန်းကျင်မှာ အဆိုးမြင်သမားတွေ များနေခြင်း
သင့်မိသားစုက သင့်ရဲ့အလုပ်ကို လေးစားမှုရှိရဲ့လား။ သင့်မိတ်ဆွေအပေါင်းအသင်းတွေကရော သင့်အလုပ်ကို ကဲ့ရဲ့ဝေဖန်တာတွေ ရှိပါသလား။ သင်လုပ်တဲ့အလုပ်နဲ့ ပတ်သက်ပြီး မကောင်းမြင်တဲ့လူတွေ သင့်အနားမှာ ၀ိုင်းနေမယ်ဆိုရင် သင့်ရဲ့ယုံကြည်မှုနဲ့ အလုပ်ပြီးမြောက်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ အလုပ်အပေါ်မှာလည်း ယုံကြည်သက်ဝင်မှုနဲ့ အပြုသဘောဆောင်မှု ပျောက်ဆုံးပြီး အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းမရှိ ဖြစ်စေပါတယ်။

၈။ နေ့တစ်ဝက်ကို ဖြုန်းတီးပစ်ခြင်း
စောစောထတဲ့ငှက်တွေက အစာပိုရပါတယ်။ နောက်ကျမှ အိပ်ရာဝင်ပြီး မနက်စာနဲ့ နေ့လည်စာပေါင်းစားတာ၊ အလုပ်ကို နောက်ကျမှစလုပ်တာတွေက သင့်ရဲ့အလုပ်နဲ့ အောင်မြင်မှုအတွက် မကောင်းပါဘူး။ တစ်ချို့တွေက ပြောကြပါတယ်။ သူတို့က ညနေပိုင်းမှာ အလုပ်လုပ်တတ်သူတွေဖြစ်တာကြောင့် မနက်ခင်းက အရေးမကြီးဘူးလို့ ဆိုကြပါတယ်။ မနက်ခင်းမှာ အလုပ်လုပ်လို့မရဘူးဆိုရင်တောင်မှ ညနေခင်းမှာ လုပ်ရမယ့်အလုပ်တွေအတွက် အစီအစဉ်ချတာ၊ စဉ်းစားတာတွေကို လုပ်သင့်ပါတယ်။ ကမ္ဘာမှာ အအောင်မြင်ဆုံးဆိုတဲ့လူတွေက မနက်အစောကြီးကတည်းက အိပ်ရာထပြီး ကျွန်တော်တို့ မနက်စာစားနေတဲ့အချိန်မှာကတည်းက တစ်နေ့စာအလုပ်တွေကို စလုပ်နေကြပါပြီ။

၉။ ကျန်းမာရေးကို ဂရုမစိုက်ခြင်း
နေ့စဉ်ယှဉ်ပြိုင်မှုတွေနဲ့ ရှင်သန်နေရတဲ့ဘဝမှာ အလဲထိုးနိုင်တဲ့အရာတစ်ခုက ကျန်းမာရေးပဲဖြစ်ပါတယ်။ မနက်စာမစားဖြစ်တာ၊ အမြန်စာတွေ အစားများတာ၊ ကော်ဖီနဲ့လက်ဘက်ရည်တွေ အသောက်များတာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေအတွက် အချိန်မပေးတာ၊ ဆေးလိပ်သောက်တာ စတဲ့အမူအကျင့်တွေက သင့်ရဲ့ အဟာရဓာတ်တွေကို လျော့နည်းစေပြီး အလုပ်လုပ်ဖို့ စွမ်းအင်တွေ နည်းသွားစေပါတယ်။ ဒီလိုဆိုရင် လိုအပ်တဲ့ခွန်အား မစိုက်ထုတ်နိုင်တဲ့အတွက် အောင်မြင်မှုနဲ့ အလှမ်းဝေးနေဦးမှာ သေချာပါတယ်။

၁၀။ မိမိကိုယ်ကို ကောင်းစွာမဖော်ထုတ်နိုင်ခြင်း
အရည်အချင်းရှိပြီး အလုပ်ကြိုးစားပေမယ့် ဘာမှဖြစ်မလာဘူး။ သင့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုမခံရဘူး ဆိုတာမျိုးတွေ ဖြစ်နေရင်တော့ သင့်ကိုယ်သင် ကောင်းကောင်းမထုတ်ဖော်နိုင်လို့ပဲ ဖြစ်ပါတယ်။ အရည်အချင်းတွေရှိပြီး အလုပ်ကြိုးစားနေရုံနဲ့ မဖြစ်ပါဘူး။ သင့်အရည်အချင်းနဲ့ လုပ်နိုင်စွမ်းကို လောကကြီးကသိအောင် လုပ်နိုင်ဖို့လည်း လိုပါတယ်။ သင့်ရဲ့စွမ်းဆောင်ရည်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ရှေ့ထွက်ရပ်နိုင်ဖို့ လိုပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

[/showhide]

သင္က အရည္အခ်င္းရွိသူတစ္ေယာက္၊ အလုပ္ႀကိဳးစားသူတစ္ေယာက္ ျဖစ္ေပမယ့္ ေအာင္ျမင္မႈနဲ႔ လြဲေခ်ာ္ေနတယ္။ သင္က ဥာဏ္ေကာင္းတယ္၊ တီထြင္ဖန္တီးမႈအားေကာင္းၿပီး ခံစားသက္၀င္မႈလည္း ေကာင္းရဲ႕သားနဲ႔ အိုင္ဒီယာထုတ္တဲ့အစည္းအေ၀းေတြမွာ ပါးစပ္ပိတ္အသံတိတ္ေနရတယ္။ စီမံကိန္းတစ္ခုလံုးကို လုပ္ျပလိုက္ႏိုင္စြမ္းရွိတယ္ဆိုတာကို သိထားေပမယ့္ တကယ္လုပ္ရတဲ့အခါမွာ ပင္ပန္းၿငီးေငြ႕ၿပီး မလုပ္ခ်င္မကိုင္ခ်င္ျဖစ္လာတယ္။ တစ္ခုမွ ပံုမွန္မဟုတ္သလိုျဖစ္ေနမယ္။ အေကာင္းဆံုးလုပ္ေနေပမယ့္ အေကာင္းဆံုးျဖစ္မလာဘူး။ အလုပ္ကို အခ်ိန္ပိုလုပ္ၿပီး အာ႐ုံစိုက္ထားခ်င္လို႔ အေပါင္းအသင္းေတြနဲ႔လည္း မေတြ႕ျဖစ္ဘူး။

ဒီလိုေတြျဖစ္ေနမယ္ဆိုရင္ေတာ့ သင့္ရဲ႕ ရည္မွန္းခ်က္ေတြ ျပည့္၀ဖို႔အတြက္ အလုပ္နဲ႔ ဘ၀ ၾကားမွာ သင္အခက္ေတြ႕ေနရတာပဲျဖစ္ပါတယ္။ စိတ္ကူးထားတာေတြကို ဘာျဖစ္လို႔ ျဖစ္ေအာင္မလုပ္ႏိုင္တာလဲ၊ ဘာျဖစ္လို႔ မေအာင္ျမင္ေသးတာလဲဆိုတာကို အေျဖရွာၾကည့္ဖို႔ လိုေနပါၿပီ။

ေအာင္ျမင္ဖို႔အတြက္ အလုပ္ႀကိဳးစားရမယ္လို႔ ေျပာေလ့ရွိၾကပါတယ္။ ဒါေပမယ့္ အလုပ္ႀကိဳးစားေနရဲ႕သားနဲ႔ မေအာင္ျမင္ဘူးဆိုရင္ေတာ့ သင့္ကို ေအာင္ျမင္မႈနဲ႔အလွမ္းေ၀းေအာင္ အဟန္႔အတားျဖစ္ေစႏိုင္တာေတြကို ဆန္းစစ္ျပင္ဆင္ရမွာ ျဖစ္ပါတယ္။

၁။ စိုးရိမ္မႈလြန္ကဲျခင္း

စိုးရိမ္မႈက ေအာင္ျမင္မႈကို အက်ိဳးမျပဳပါဘူး။ ေအာင္ျမင္ဖို႔အတြက္ သတိၱရွိဖို႔ လိုပါတယ္။ က်႐ႈံးသြားမွာကို စိုးရိမ္ေနရင္ အမွားေတြလုပ္မိပါလိမ့္မယ္။ ဒါ့အျပင္စိုးရိမ္ေသာကေတြက သင့္ရဲ႕စြမ္းေဆာင္ရည္ကို အျပည့္အ၀ အသံုးမခ်ႏိုင္ေအာင္ ဟန္႔တားေနမွာပါ။ အမွားလုပ္မိဖို႔ မေၾကာက္ပါနဲ႔။ အေအာင္ျမင္ဆံုးဆိုတဲ့ လူက အမွားေတြ အမ်ားႀကီးလုပ္ခဲ့ဖူးသူပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အမွားကို အေလွ်ာ့ေပးလို႔ မရပါဘူး။ ေသာမတ္အက္ဒီဆင္သာ က်႐ႈံးမႈကို စိုးရိမ္ၿပီး စမ္းသပ္မႈနည္းနည္းေလာက္လုပ္ၾကည့္လို႔ အဆင္မေျပတာနဲ႔ လက္ေလွ်ာ့ခဲ့မယ္ဆိုရင္ လွ်ပ္စစ္မီးလံုးကို တီထြင္ႏိုင္ခဲ့မွာ မဟုတ္ပါဘူး။

၂။ မိမိကိုယ္ကို မရိုးသားျခင္း

အခုလို ေရြးခ်ယ္စရာေတြ မ်ားလြန္းလွတဲ့ေခတ္ကာလမွာ သင့္ရဲ႕ ထူးျခားမႈနဲ႔ သီးျခားျဖစ္တည္မႈေတြကို ထိန္းသိမ္းႏိုင္ဖို႔ အေရးႀကီးပါတယ္။ အမ်ားနဲ႔အတူေရာလိုက္တာက လက္မခံႏိုင္စရာမဟုတ္ေပမယ့္ သင့္ရဲ႕ ကိုယ္ပိုင္အေတြးအေခၚ၊ ကိုယ္ပိုင္ျဖစ္တည္မႈကို ဆံုး႐ႈံးခံလိုက္ရတာပါပဲ။ သင္ကိုယ္တိုင္က စိတ္မပါေပမယ့္ အမ်ားကိုဆႏၵကို လိုက္ေလ်ာလိုက္ရၿပီး ကိုယ္ပိုင္အျမင္ကို ထုတ္ေဖာ္မေျပာျဖစ္လိုက္တာမ်ိဳး ဘယ္ႏွစ္ခါ ျဖစ္ၿပီးၿပီလဲ ျပန္စဥ္းစားၾကည့္ပါ။ အမ်ားနဲ႔ ဆန္႔က်င္ရဖို႔ကိုလည္း မေၾကာက္ပါနဲ႔။ ခဏတာအတြက္ေတာ့ အထီးက်န္သလိုျဖစ္ေနေပမယ့္ မိမိကိုယ္ကို အရိုးသားဆံုး ျဖစ္တည္ခြင့္ရမွာပါ။ အမီတာဘခ်မ္းဟာ သူ႔အသံေၾကာင့္ ေရဒီယိုအစီအစဥ္မွာပါ၀င္ဖို႔ ျငင္းပယ္ခံရပါတယ္။ ဒါေပမယ့္ အခုဆိုရင္ ေဘာလိ၀ုဒ္ရဲ႕ ဂႏၱ၀င္သ႐ုပ္ေဆာင္ၾကယ္ပြင့္ျဖစ္လာၿပီး သူ႔အသံကိုက ဆြဲေဆာင္မႈတစ္ခုျဖစ္လာပါတယ္။ ဒါ့ေၾကာင့္ မိမိကိုယ္ကို မိမိ႐ုိးသားပါ။ သီးျခားျဖစ္တည္မႈကို လက္ခံပါ။

၃။ အလုပ္ကို အလြန္အကၽြံအခ်ိန္ေပးျခင္း

သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္ၿပီး ေသာက္ဖို႔စားဖို႔ေတာင္ အခ်ိန္မေပးပဲ အလုပ္ကိုပဲ ေစာက္ခ်လုပ္ေနသူေတြ ရွိပါတယ္။ ဒါပေမယ့္ အလုပ္နဲ႔ပတ္သက္ၿပီး ညည္းညဴေနမယ္ဆိုရင္ေတာ့ သင့္ရဲ႕စြမ္းေဆာင္ရည္ကို ဆိုးဆိုးရြားရြားသက္ေရာက္မႈေတြ ျဖစ္ေစနိုင္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ခံစားမႈ၊ ေတြးေခၚမႈနဲ႔ ေျပာဆိုမႈေတြက စိတ္အေျခအေနကို ေဖာ္ျပေနပါတယ္။ အျပဳသေဘာေဆာင္တဲ့အေတြးေတြက ေကာင္းမြန္တဲ့ရလဒ္ေတြကို ထြက္ေပၚေစပါတယ္။ အလုပ္ကို အလြန္အကၽြံအခ်ိန္ေပးေနမယ္ဆိုရင္ အလုပ္ကို၊ အလုပ္ရွင္ကို၊ လုပ္ေနရတဲ့ဘ၀ကို မုန္းတဲ့စိတ္ေတြ ေပၚလာပါလိမ့္မယ္။ ဒီလိုျဖစ္ဖူးလား ျပန္ဆန္းစစ္ၾကည့္ပါ။

၄။ ႏွလံုးသားကေျပာတဲ့စကားကို နားမေထာင္ျခင္း

တစ္ခါတစ္ေလမွာ ကၽြန္ေတာ္တို႔ကိုယ္တိုင္က လုပ္ခ်င္တာမဟုတ္ေပမယ့္ လုပ္သင့္တယ္လို႔ ထင္လို႔ ဒါမွမဟုတ္ အမ်ားကလုပ္တဲ့နည္းလမ္းျဖစ္ေနလို႔ လိုက္လုပ္ၾကရတာေတြ ရွိပါတယ္။ ဒီလိုလုပ္မယ္ဆိုရင္ အမ်ားနဲ႔ေရာလိုက္တာပဲ ျဖစ္ပါတယ္။ အမ်ားနဲ႔ေရာလိုက္ၿပီဆိုတာနဲ႔ သင့္ရဲ႕ဆန္းသစ္တီထြင္ႏိုင္စြမ္းေတြ ေပ်ာက္ဆံုးၿပီး သာမန္အဆင့္မွာပဲ ရွိေနမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ႏွလံုးသား၊ မသိစိတ္က ေျပာတဲ့စကားကို နားေထာင္ၿပီး ဘာလုပ္သင့္လဲဆံုးျဖတ္ပါ။ အမ်ားေယာင္တိုင္း လိုက္မေယာင္ပါနဲ႔။

၅။ မိမိကိုယ္ကို အျခားသူမ်ားနဲ႔ ႏႈိင္းယွဥ္ျခင္း

စိုးရိမ္ေသာကမ်ားတဲ့သူအတြက္ စိတ္ဓာတ္က်စရာေတြက အျမဲတမ္းရွိေနတတ္ပါတယ္။ သင့္ထက္ ပိုေတာ္တဲ့၊ ပိုထက္ျမက္တဲ့၊ ပိုသင့္ေတာ္ၿပီး ပိုေပ်ာ္ရႊင္ေနတဲ့သူေတြကို ၾကည့္ၿပီး စိတ္ဓာတ္က်ေနလို႔ မျဖစ္ပါဘူး။ အျခားသူေတြကို ၾကည့္ေနမယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ၾကည့္ႏိုင္မွာမဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ အျခားဘယ္သူနဲ႔မွ မႏႈိင္းယွဥ္ပါနဲ႔။ ၿပိဳင္ဆိုင္မႈရွိတာက ေကာင္းေပမယ့္ မနာလိုတာမ်ိဳးျဖစ္လာရင္ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။ သင့္ရဲ႕အခ်ိန္နဲ႔ ခြန္အားကို ျဖဳန္းတီးပစ္ရာေရာက္ပါတယ္။

၆။ အစီအစဥ္မရွိျခင္း

အစီအစဥ္မရွိပဲ တံုးတိုက္တိုက္က်ားကိုက္ကိုက္ ဘ၀ကိုရင္ဆိုင္တာက လန္းပါတယ္။ ဒါေပမယ့္ ေအာင္ျမင္ဖို႔အတြက္ဆိုရင္ေတာ့ အစီအစဥ္တစ္ခုရွိဖို႔ လိုပါတယ္။ အစီအစဥ္လို႔ ေျပာတဲ့ေနရာမွာလည္း အသက္(၄၀)မွာ ငါ စီးအီးအိုတစ္ေယာက္ျဖစ္ရမယ္ဆိုတဲ့ ရွင္းလင္းတိက်မႈမရွိတဲ့ အစီအစဥ္မ်ိဳးမဟုတ္ပဲ ေနာက္ႏွစ္မွာ ဒီအရည္အေသြးတစ္ခုကို ကၽြမ္းက်င္ေနရမယ္ စတဲ့ ျဖစ္ႏိုင္ေခ်နီးစပ္ၿပီး ရွင္းလင္းတဲ့ အစီအစဥ္မ်ိဳး ျဖစ္သင့္ပါတယ္။ အလုပ္ကို ခ်စ္ၿပီးႀကိဳးစားေပမယ့္ ရည္မွန္းခ်က္မရွိပဲ လႈပ္ရွားေနလို႔ မျဖစ္ပါဘူး။

၇။ ပတ္၀န္းက်င္မွာ အဆိုးျမင္သမားေတြ မ်ားေနျခင္း

သင့္မိသားစုက သင့္ရဲ႕အလုပ္ကို ေလးစားမႈရွိရဲ႕လား။ သင့္မိတ္ေဆြအေပါင္းအသင္းေတြကေရာ သင့္အလုပ္ကို ကဲ့ရဲ႕ေ၀ဖန္တာေတြ ရွိပါသလား။ သင္လုပ္တဲ့အလုပ္နဲ႔ ပတ္သက္ၿပီး မေကာင္းျမင္တဲ့လူေတြ သင့္အနားမွာ ၀ိုင္းေနမယ္ဆိုရင္ သင့္ရဲ႕ယုံၾကည္မႈနဲ႔ အလုပ္ၿပီးေျမာက္ႏိုင္စြမ္းကို ထိခိုက္ေစပါတယ္။ အလုပ္အေပၚမွာလည္း ယုံၾကည္သက္၀င္မႈနဲ႔ အျပဳသေဘာေဆာင္မႈ ေပ်ာက္ဆံုးၿပီး အေကာင္းဆံုးလုပ္ေဆာင္ႏိုင္စြမ္းမရွိ ျဖစ္ေစပါတယ္။

၈။ ေန႔တစ္၀က္ကို ျဖဳန္းတီးပစ္ျခင္း

ေစာေစာထတဲ့ငွက္ေတြက အစာပိုရပါတယ္။ ေနာက္က်မွ အိပ္ရာ၀င္ၿပီး မနက္စာနဲ႔ ေန႔လည္စာေပါင္းစားတာ၊ အလုပ္ကို ေနာက္က်မွစလုပ္တာေတြက သင့္ရဲ႕အလုပ္နဲ႔ ေအာင္ျမင္မႈအတြက္ မေကာင္းပါဘူး။ တစ္ခ်ိဳ႕ေတြက ေျပာၾကပါတယ္။ သူတို႔က ညေနပိုင္းမွာ အလုပ္လုပ္တတ္သူေတြျဖစ္တာေၾကာင့္ မနက္ခင္းက အေရးမႀကီးဘူးလို႔ ဆိုၾကပါတယ္။ မနက္ခင္းမွာ အလုပ္လုပ္လို႔မရဘူးဆိုရင္ေတာင္မွ ညေနခင္းမွာ လုပ္ရမယ့္အလုပ္ေတြအတြက္ အစီအစဥ္ခ်တာ၊ စဥ္းစားတာေတြကို လုပ္သင့္ပါတယ္။ ကမာၻမွာ အေအာင္ျမင္ဆံုးဆိုတဲ့လူေတြက မနက္အေစာႀကီးကတည္းက အိပ္ရာထၿပီး ကၽြန္ေတာ္တို႔ မနက္စာစားေနတဲ့အခ်ိန္မွာကတည္းက တစ္ေန႔စာအလုပ္ေတြကို စလုပ္ေနၾကပါၿပီ။

၉။ က်န္းမာေရးကို ဂ႐ုမစိုက္ျခင္း

ေန႔စဥ္ယွဥ္ၿပိဳင္မႈေတြနဲ႔ ရွင္သန္ေနရတဲ့ဘ၀မွာ အလဲထိုးႏိုင္တဲ့အရာတစ္ခုက က်န္းမာေရးပဲျဖစ္ပါတယ္။ မနက္စာမစားျဖစ္တာ၊ အျမန္စာေတြ အစားမ်ားတာ၊ ေကာ္ဖီနဲ႔လက္ဘက္ရည္ေတြ အေသာက္မ်ားတာ၊ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းေတြအတြက္ အခ်ိန္မေပးတာ၊ ေဆးလိပ္ေသာက္တာ စတဲ့အမူအက်င့္ေတြက သင့္ရဲ႕ အဟာရဓာတ္ေတြကို ေလ်ာ့နည္းေစၿပီး အလုပ္လုပ္ဖို႔ စြမ္းအင္ေတြ နည္းသြားေစပါတယ္။ ဒီလိုဆိုရင္ လိုအပ္တဲ့ခြန္အား မစိုက္ထုတ္ႏိုင္တဲ့အတြက္ ေအာင္ျမင္မႈနဲ႔ အလွမ္းေ၀းေနဦးမွာ ေသခ်ာပါတယ္။

၁၀။ မိမိကိုယ္ကို ေကာင္းစြာမေဖာ္ထုတ္ႏိုင္ျခင္း

အရည္အခ်င္းရွိၿပီး အလုပ္ႀကိဳးစားေပမယ့္ ဘာမွျဖစ္မလာဘူး။ သင့္ရဲ႕ႀကိဳးစားအားထုတ္မႈကို အသိအမွတ္ျပဳမခံရဘူး ဆိုတာမ်ိဳးေတြ ျဖစ္ေနရင္ေတာ့ သင့္ကိုယ္သင္ ေကာင္းေကာင္းမထုတ္ေဖာ္ႏိုင္လို႔ပဲ ျဖစ္ပါတယ္။ အရည္အခ်င္းေတြရွိၿပီး အလုပ္ႀကိဳးစားေနရုံနဲ႔ မျဖစ္ပါဘူး။ သင့္အရည္အခ်င္းနဲ႔ လုပ္ႏိုင္စြမ္းကို ေလာကႀကီးကသိေအာင္ လုပ္ႏိုင္ဖို႔လည္း လိုပါတယ္။ သင့္ရဲ႕စြမ္းေဆာင္ရည္အတြက္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိရွိနဲ႔ ေရွ႕ထြက္ရပ္ႏိုင္ဖို႔ လိုပါတယ္။

 

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္

Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++

 

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%