သာမန္လူမ်ားႏွင့္ လူခ်မ္းသာမ်ားကို ကြဲျပားျခားနားေစသည့္ ေငြေၾကးဆိုင္ရာအေလ့အက်င့္မ်ား
[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]
သာမန်လူများနှင့် လူချမ်းသာများကို ကွဲပြားခြားနားစေသည့် ငွေကြေးဆိုင်ရာအလေ့အကျင့်များ
(Unicode)
ချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်လာရင် အလုပ်အကိုင်ကောင်းကောင်းတစ်ခုနဲ့ လစာကောင်းကောင်းရမှဖြစ်မယ်လို့ ယူဆထားကြပြီး ကားအလန်းစားကြီးတွေ မောင်းပြီး အကောင်းစားညစာတွေ စားဖို့ စိတ်ကူးယဉ်တတ်ကြပါတယ်။ တကယ်တော့ ၀င်ငွေများများ ပိုရလာတာနဲ့အမျှ၊ ပိုပြီးချမ်းသာကြွယ်ဝလာတာနဲ့အမျှ လုပ်ချင်တာက ဘာမဆိုလုပ်လို့ရမယ်လို့ ထင်နေတာမဟုတ်ပါလား။
တကယ်ဆိုရင် ဒီလိုမဟုတ်ပါဘူး။ လစာဝင်ငွေကောင်းတဲ့အလုပ်တစ်ခုလိုပဲ အရေးကြီးတာကတော့ သင့်ရဲ့အသုံးစရိတ်၊ ငွေကြေးတို့နဲ့ပတ်သက်တဲ့ အလေ့အကျင့်တွေပဲဖြစ်ပါတယ်။ သင့်ရဲ့ပိုက်ဆံတွေကို ဘယ်လိုသုံးစွဲလဲ၊ ဘယ်လောက်ကို စုဆောင်းထားလဲ၊ ကိုယ်တိုင်အတွက်နဲ့ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံထားသလား စတာတွေပဲဖြစ်ပါတယ်။ နောက်ထပ် ကြီးကြီးမားမား စဉ်းစားကြည့်မယ်ဆိုရင်တော့ သင့်ပတ်ဝန်းကျင်နဲ့ ဘယ်လိုဆက်သွယ်မှုရှိပြီး သင့်ပတ်ဝန်းကျင်ကလူတွေအတွက် ဘယ်လိုအကျိုးပြုအလုပ်တွေ လုပ်ဖြစ်လဲဆိုတာပါပဲ။
လူချမ်းသာတွေမှာ ငွေကြေးကို ဘဝရှင်သန်ဖို့အတွက်ပဲ ရှာဖွေသုံးစွဲတဲ့သူတွေနဲ့ ကွဲပြားခြားနားစွာလုပ်ဆောင်တတ်တဲ့ ငွေကြေးဆိုင်ရာ အလေ့အကျင့်တစ်ချို့ရှိပါတယ်။ ဒီအလေ့အကျင့်တွေကို သင်ကိုယ်တိုင်လည်း လေ့ကျင့်ပျိုးထောင်မယ်ဆိုရင် စစ်မှန်တဲ့ငွေကြေးအောင်မြင်မှုနဲ့ လွတ်လပ်မှုကို ရရှိလာမှာဖြစ်ပါတယ်။
၁။ ၀င်ငွေလမ်းကြောင်းများစွာ ဖန်တီးပါ
၀င်ငွေလမ်းကြောင်းတစ်ခုထဲကနေ ငွေကြေးအတွက် အပူအပင်ကင်းဖို့၊ ငွေကြေးဆိုင်ရာ လွတ်မြောက်မှုရရှိဖို့က မလွယ်ပါဘူး။ သင့်အလုပ်ကို ဆုံးရှုံးလိုက်ရပြီဆိုရင် နောက်ထပ်အလုပ်ထပ်မရခင်စပ်ကြားမှာ စုဆောင်းငွေပေါ်မှာ မှီခိုနေရမှာဖြစ်ပါတယ်။ ဒီထက်အကြောင်းဆိုးရင် အကြွေးတွေတောင် တင်လာနိုင်သေးပါတယ်။
လူချမ်းသာတွေကတော့ ၀င်ငွေလမ်းကြောင်းတွေ အများကြီးကို ဖန်တီးထားတတ်ပါတယ်။ ဒါ့ကြောင့် သူတို့မှာ တစ်ခုအခက်အခဲဖြစ်နေရင်လည်း နောက်တစ်ခုက အဆင်သင့်ရှိနေတတ်ပါတယ်။ အားလုံးအဆင်ပြေနေချိန်ဆိုရင်တော့ ၀င်ငွေက မိုးပျံပူဖောင်းတစ်လုံးလို မြင့်တက်သွားမှာဖြစ်ပါတယ်။
သင့်အနေနဲ့ အိမ်ခြံမြေတွေကို အငှားချထားတာ၊ စတော့ရှယ်ယာဝယ်ထားတာ ဒါမှမဟုတ် အတိုးနှုန်းများများပေးတဲ့ ဘဏ်မှာ စုဆောင်းထားတာတွေကနေပြီး သွယ်ဝိုက်ဝင်ငွေကို တည်ဆောက်နိုင်ပါတယ်။ ဒါမှမဟုတ် သင်ဝါသနာပါတဲ့အရာတွေ၊ သင်ကျွမ်းကျင်တဲ့အရာတွေကို လုပ်နေရင်းကလည်း ၀င်ငွေလမ်းကြောင်းတစ်ခု ဖန်တီးနိုင်ပါတယ်။
၂။ ရှာနိုင်သမျှထက် လျှော့သုံးတတ်ဖို့ သင်ယူပါ
သင် ရှာနိုင်သမျှ ၀င်ငွေထက် လျော့နည်းတဲ့အသုံးစရိတ်ရှိဖို့က ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ထိန်းသိမ်းတဲ့နေရာမှာ အရေးကြီးသော့ချက်တစ်ခုဖြစ်ပါတယ်။ ၂၁ ရာစုလူငယ်တွေက ဒီအချက်ကို သိပြီးသားဖြစ်မှာပါ။ ရှာနိုင်သမျှထက် လျှော့သုံးမယ်၊ ပိုငွေကို ရင်းနှီးမြုပ်နှံမယ်၊ ဒါမှမဟုတ် စုဆောင်းမယ်၊ လှူဒါန်းမယ် စတာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာ နည်းဗျူဟာတွေထဲမှာ ရ၀/၃၀ အချိုးချနည်းလမ်းက ထိရောက်ပါတယ်။ စုစုပေါင်းဝင်ငွေရဲ့ ရ၀ ရာခိုင်နှုန်းကိုပဲ ဘဝရပ်တည်ရေးအတွက်သုံးစွဲပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ရင်းနှီးမြုပ်နှံဖို့၊ စုဆောင်းဖို့နဲ့ လှူဒါန်းဖို့အတွက် ၁၀ ရာခိုင်နှုန်းစီ နေရာချထားတဲ့ နည်းလမ်းဖြစ်ပါတယ်။
ရှာနိုင်သမျှထက် လျှော့သုံးနိုင်ဖို့က သင့်ရဲ့ငွေကြေးသုံးစွဲမှုကို တင်းကြပ်တဲ့ထိန်းချုပ်မှုရှိဖို့နဲ့ အစဉ်တစိုက်လိုက်နာရမယ့် အသုံးစရိတ်အစီအစဉ်ရှိဖို့ လိုပါတယ်။ ချွေတာရေးနည်းလမ်းတွေကို ပိုပြီးလေ့လာကျင့်သုံးရပါမယ်။ တစ်ခုခုအတွက် ငွေသုံးရတော့မယ်ဆိုရင် တကယ်လိုအပ်လို့ သုံးတာလား မလိုအပ်ပဲ လိုချင်မှုသက်သက်အတွက် သုံးတာလားဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။
၃။ ငွေကြေးကို သင့်အတွက်အလုပ်လုပ်ခိုင်းပါ
ချမ်းသာကြွယ်ဝသူတွေက သူတို့အတွက်ပဲ သူတို့ရင်းနှီးမြုပ်နှံကြပါတယ်။ သူတို့ပိုက်ဆံတွေကို သူတို့အတွက် အလုပ်လုပ်ခိုင်းဖို့အတွက် ရင်းနှီးမြုပ်နှံခြင်းက အဓိကသော့ချက်ပါပဲ။ ချမ်းသားမှုကို တည်ဆောက်ရာမှာ ရင်းနှီးမြုပ်နှံမှုတွေကို ဖန်တီးယူရပါတယ်။ လုပ်ငန်းတစ်ခု တည်ထောင်တာ၊ ထုတ်ကုန်တစ်ခု ထုတ်လုပ်တာ၊ စျေးကွက်ရှာ၊ ၀န်ဆောင်မှုတွေ ရောင်းတာ၊ ဒါမှမဟုတ် အခြားလုပ်ငန်းတွေမှာ ရင်းနှီးပေးတာ စသဖြင့် အားလုံးပါ၀င်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့အခါမှာ တွက်ချက်ထားတဲ့ စွန့်စားမှုတွေကို လုပ်ဆောင်ဖို့လိုပါတယ်။ ဒါ့ကြောင့် ငွေကြေးဆိုင်ရာ ပညာရပ်တွေတတ်သိနားလည်ထားဖို့ လိုပါတယ်။ ဒါ့အပြင် ၀င်ငွေမှန်သမျှရဲ့ ၁၀ ရာခိုင်နှုန်းကို သီးခြားစုဆောင်းထားဖို့လည်း လိုပါတယ်။ ဒီစုဆောင်းငွေက အခက်အခဲနဲ့ကြုံတွေ့ရတဲ့အခါ မျှော်လင့်မထားတဲ့အသုံးစရိတ်တွေအတွက် ဖြစ်ပါတယ်။ ငွေကို ရင်းနှီးမြုပ်နှံမှုမလုပ်ပဲ စုထားရုံနဲ့ အမြောက်အများတိုးပွားလာမှာမဟုတ်ပါဘူး။
၄။ ပေးကမ်းစွန့်ကျဲပါ။
သင့်ရဲ့အချိန်နဲ့ ငွေကြေးကို ရက်ရက်ရောရော ပေးကမ်းစွန့်ကျဲလိုက်ပါဆိုတာက မဆိုင်သလိုဖြစ်နေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ပေးကမ်းစွန့်ကျဲတာကလည်း အရေးကြီးတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။ အခြားသူတွေကို ပေးကမ်းကူညီတာ၊ လိုအပ်နေသူတွေကို အားပေးတာက သင့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ချိတ်ဆက်မိပြီး လက်ရှိသင်ကိုယ်တိုင်ထက် ပိုပြီးကြီးမားတဲ့အရာတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်လာစေပါတယ်။ ချမ်းသာကြွယ်ဝမှုဆိုတာက သင့်ဘဏ်စာရင်းထဲမှာပဲ ရှိနေလို့မဖြစ်ပါဘူး။ သင့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပါ ရှိနေရမှာ ဖြစ်ပါတယ်။ ဒါမှလူတိုင်းကို အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ စစ်မှန်တဲ့ ချမ်းသာကြွယ်ဝသူတွေဟာ လူအဖွဲ့အစည်းနဲ့ ကမ္ဘာလောကကြီးကို ပြောင်းလဲပေးနိုင်တဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ပိုပြီးတော့ ပေးကမ်းစွန့်ကျဲနိုင်လေလေ၊ ပိုကောင်းတဲ့ ခံစားချက်နဲ့ အဓိပ္ပါယ်တွေကို သင်ပိုင်ဆိုင်လေပါပဲ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine
[/showhide][sg_popup id=”6″ event=”onload”][/sg_popup]
ခ်မ္းသာၾကြယ္၀မႈနဲ႔ပတ္သက္လာရင္ အလုပ္အကိုင္ေကာင္းေကာင္းတစ္ခုနဲ႔ လစာေကာင္းေကာင္းရမွျဖစ္မယ္လို႔ ယူဆထားၾကၿပီး ကားအလန္းစားႀကီးေတြ ေမာင္းၿပီး အေကာင္းစားညစာေတြ စားဖို႔ စိတ္ကူးယဥ္တတ္ၾကပါတယ္။ တကယ္ေတာ့ ၀င္ေငြမ်ားမ်ား ပိုရလာတာနဲ႔အမွ်၊ ပိုၿပီးခ်မ္းသာၾကြယ္၀လာတာနဲ႔အမွ် လုပ္ခ်င္တာက ဘာမဆိုလုပ္လို႔ရမယ္လို႔ ထင္ေနတာမဟုတ္ပါလား။
တကယ္ဆိုရင္ ဒီလိုမဟုတ္ပါဘူး။ လစာ၀င္ေငြေကာင္းတဲ့အလုပ္တစ္ခုလိုပဲ အေရးႀကီးတာကေတာ့ သင့္ရဲ႕အသံုးစရိတ္၊ ေငြေၾကးတို႔နဲ႔ပတ္သက္တဲ့ အေလ့အက်င့္ေတြပဲျဖစ္ပါတယ္။ သင့္ရဲ႕ပိုက္ဆံေတြကို ဘယ္လိုသံုးစြဲလဲ၊ ဘယ္ေလာက္ကို စုေဆာင္းထားလဲ၊ ကိုယ္တိုင္အတြက္နဲ႔ အနာဂတ္အတြက္ ရင္းႏွီးျမဳပ္ႏွံထားသလား စတာေတြပဲျဖစ္ပါတယ္။ ေနာက္ထပ္ ႀကီးႀကီးမားမား စဥ္းစားၾကည့္မယ္ဆိုရင္ေတာ့ သင့္ပတ္၀န္းက်င္နဲ႔ ဘယ္လိုဆက္သြယ္မႈရွိၿပီး သင့္ပတ္၀န္းက်င္ကလူေတြအတြက္ ဘယ္လိုအက်ိဳးျပဳအလုပ္ေတြ လုပ္ျဖစ္လဲဆိုတာပါပဲ။
လူခ်မ္းသာေတြမွာ ေငြေၾကးကို ဘ၀ရွင္သန္ဖို႔အတြက္ပဲ ရွာေဖြသံုးစြဲတဲ့သူေတြနဲ႔ ကြဲျပားျခားနားစြာလုပ္ေဆာင္တတ္တဲ့ ေငြေၾကးဆိုင္ရာ အေလ့အက်င့္တစ္ခ်ိဳ႕ရွိပါတယ္။ ဒီအေလ့အက်င့္ေတြကို သင္ကိုယ္တိုင္လည္း ေလ့က်င့္ပ်ိဳးေထာင္မယ္ဆိုရင္ စစ္မွန္တဲ့ေငြေၾကးေအာင္ျမင္မႈနဲ႔ လြတ္လပ္မႈကို ရရွိလာမွာျဖစ္ပါတယ္။
၁။ ၀င္ေငြလမ္းေၾကာင္းမ်ားစြာ ဖန္တီးပါ
၀င္ေငြလမ္းေၾကာင္းတစ္ခုထဲကေန ေငြေၾကးအတြက္ အပူအပင္ကင္းဖို႔၊ ေငြေၾကးဆိုင္ရာ လြတ္ေျမာက္မႈရရွိဖို႔က မလြယ္ပါဘူး။ သင့္အလုပ္ကို ဆံုး႐ႈံးလုိက္ရၿပီဆိုရင္ ေနာက္ထပ္အလုပ္ထပ္မရခင္စပ္ၾကားမွာ စုေဆာင္းေငြေပၚမွာ မီွခိုေနရမွာျဖစ္ပါတယ္။ ဒီထက္အေၾကာင္းဆိုးရင္ အေၾကြးေတြေတာင္ တင္လာႏိုင္ေသးပါတယ္။
လူခ်မ္းသာေတြကေတာ့ ၀င္ေငြလမ္းေၾကာင္းေတြ အမ်ားႀကီးကို ဖန္တီးထားတတ္ပါတယ္။ ဒါ့ေၾကာင့္ သူတို႔မွာ တစ္ခုအခက္အခဲျဖစ္ေနရင္လည္း ေနာက္တစ္ခုက အဆင္သင့္ရွိေနတတ္ပါတယ္။ အားလံုးအဆင္ေျပေနခ်ိန္ဆိုရင္ေတာ့ ၀င္ေငြက မိုးပ်ံပူေဖာင္းတစ္လံုးလို ျမင့္တက္သြားမွာျဖစ္ပါတယ္။
သင့္အေနနဲ႔ အိမ္ျခံေျမေတြကို အငွားခ်ထားတာ၊ စေတာ့ရွယ္ယာ၀ယ္ထားတာ ဒါမွမဟုတ္ အတိုးႏႈန္းမ်ားမ်ားေပးတဲ့ ဘဏ္မွာ စုေဆာင္းထားတာေတြကေနၿပီး သြယ္၀ိုက္၀င္ေငြကို တည္ေဆာက္ႏိုင္ပါတယ္။ ဒါမွမဟုတ္ သင္၀ါသနာပါတဲ့အရာေတြ၊ သင္ကၽြမ္းက်င္တဲ့အရာေတြကို လုပ္ေနရင္းကလည္း ၀င္ေငြလမ္းေၾကာင္းတစ္ခု ဖန္တီးႏိုင္ပါတယ္။
၂။ ရွာႏိုင္သမွ်ထက္ ေလွ်ာ့သံုးတတ္ဖို႔ သင္ယူပါ
သင္ ရွာႏိုင္သမွ် ၀င္ေငြထက္ ေလ်ာ့နည္းတဲ့အသံုးစရိတ္ရွိဖို႔က ခ်မ္းသာၾကြယ္၀မႈကို တည္ေဆာက္ထိန္းသိမ္းတဲ့ေနရာမွာ အေရးႀကီးေသာ့ခ်က္တစ္ခုျဖစ္ပါတယ္။ ၂၁ ရာစုလူငယ္ေတြက ဒီအခ်က္ကို သိၿပီးသားျဖစ္မွာပါ။ ရွာႏိုင္သမွ်ထက္ ေလွ်ာ့သံုးမယ္၊ ပိုေငြကို ရင္းႏွီးျမဳပ္ႏွံမယ္၊ ဒါမွမဟုတ္ စုေဆာင္းမယ္၊ လွဴဒါန္းမယ္ စတာေတြကို လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ ေငြေၾကးဆိုင္ရာ နည္းဗ်ဴဟာေတြထဲမွာ ၇၀/၃၀ အခ်ိဳးခ်နည္းလမ္းက ထိေရာက္ပါတယ္။ စုစုေပါင္း၀င္ေငြရဲ႕ ၇၀ ရာခိုင္ႏႈန္းကိုပဲ ဘ၀ရပ္တည္ေရးအတြက္သံုးစြဲၿပီး က်န္တဲ့ ၃၀ ရာခိုင္ႏႈန္းကို ရင္းႏွီးျမဳပ္ႏွံဖို႔၊ စုေဆာင္းဖို႔နဲ႔ လွဴဒါန္းဖို႔အတြက္ ၁၀ ရာခိုင္ႏႈန္းစီ ေနရာခ်ထားတဲ့ နည္းလမ္းျဖစ္ပါတယ္။
ရွာႏိုင္သမွ်ထက္ ေလွ်ာ့သံုးႏိုင္ဖို႔က သင့္ရဲ႕ေငြေၾကးသံုးစြဲမႈကို တင္းၾကပ္တဲ့ထိန္းခ်ဳပ္မႈရွိဖို႔နဲ႔ အစဥ္တစိုက္လိုက္နာရမယ့္ အသံုးစရိတ္အစီအစဥ္ရွိဖို႔ လိုပါတယ္။ ေခၽြတာေရးနည္းလမ္းေတြကို ပိုၿပီးေလ့လာက်င့္သံုးရပါမယ္။ တစ္ခုခုအတြက္ ေငြသံုးရေတာ့မယ္ဆိုရင္ တကယ္လိုအပ္လို႔ သံုးတာလား မလိုအပ္ပဲ လိုခ်င္မႈသက္သက္အတြက္ သံုးတာလားဆိုတာကို စဥ္းစားရမွာ ျဖစ္ပါတယ္။
၃။ ေငြေၾကးကို သင့္အတြက္အလုပ္လုပ္ခိုင္းပါ
ခ်မ္းသာၾကြယ္၀သူေတြက သူတို႔အတြက္ပဲ သူတို႔ရင္းႏွီးျမဳပ္ႏွံၾကပါတယ္။ သူတို႔ပိုက္ဆံေတြကို သူတို႔အတြက္ အလုပ္လုပ္ခိုင္းဖို႔အတြက္ ရင္းႏွီးျမဳပ္ႏွံျခင္းက အဓိကေသာ့ခ်က္ပါပဲ။ ခ်မ္းသားမႈကို တည္ေဆာက္ရာမွာ ရင္းႏွီးျမဳပ္ႏွံမႈေတြကို ဖန္တီးယူရပါတယ္။ လုပ္ငန္းတစ္ခု တည္ေထာင္တာ၊ ထုတ္ကုန္တစ္ခု ထုတ္လုပ္တာ၊ ေစ်းကြက္ရွာ၊ ၀န္ေဆာင္မႈေတြ ေရာင္းတာ၊ ဒါမွမဟုတ္ အျခားလုပ္ငန္းေတြမွာ ရင္းႏွီးေပးတာ စသျဖင့္ အားလံုးပါ၀င္ပါတယ္။ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္တဲ့အခါမွာ တြက္ခ်က္ထားတဲ့ စြန္႔စားမႈေတြကို လုပ္ေဆာင္ဖို႔လိုပါတယ္။ ဒါ့ေၾကာင့္ ေငြေၾကးဆိုင္ရာ ပညာရပ္ေတြတတ္သိနားလည္ထားဖို႔ လိုပါတယ္။ ဒါ့အျပင္ ၀င္ေငြမွန္သမွ်ရဲ႕ ၁၀ ရာခိုင္ႏႈန္းကို သီးျခားစုေဆာင္းထားဖို႔လည္း လုိပါတယ္။ ဒီစုေဆာင္းေငြက အခက္အခဲနဲ႔ၾကံဳေတြ႕ရတဲ့အခါ ေမွ်ာ္လင့္မထားတဲ့အသံုးစရိတ္ေတြအတြက္ ျဖစ္ပါတယ္။ ေငြကို ရင္းႏွီးျမဳပ္ႏွံမႈမလုပ္ပဲ စုထား႐ုံနဲ႔ အေျမာက္အမ်ားတိုးပြားလာမွာမဟုတ္ပါဘူး။
၄။ ေပးကမ္းစြန္႔က်ဲပါ။
သင့္ရဲ႕အခ်ိန္နဲ႔ ေငြေၾကးကို ရက္ရက္ေရာေရာ ေပးကမ္းစြန္႔က်ဲလိုက္ပါဆိုတာက မဆိုင္သလိုျဖစ္ေနတယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ ေပးကမ္းစြန္႔က်ဲတာကလည္း အေရးႀကီးတဲ့ ရင္းႏွီးျမဳပ္ႏွံမႈတစ္ခု ျဖစ္ပါတယ္။ အျခားသူေတြကို ေပးကမ္းကူညီတာ၊ လုိအပ္ေနသူေတြကို အားေပးတာက သင့္ပတ္၀န္းက်င္အသိုင္းအ၀ိုင္းနဲ႔ ခ်ိတ္ဆက္မိၿပီး လက္ရွိသင္ကိုယ္တိုင္ထက္ ပိုၿပီးႀကီးမားတဲ့အရာတစ္ခုရဲ႕ အစိတ္အပိုင္းျဖစ္လာေစပါတယ္။ ခ်မ္းသာၾကြယ္၀မႈဆိုတာက သင့္ဘဏ္စာရင္းထဲမွာပဲ ရွိေနလို႔မျဖစ္ပါဘူး။ သင့္ပတ္၀န္းက်င္အသုိင္းအ၀ိုင္းမွာပါ ရွိေနရမွာ ျဖစ္ပါတယ္။ ဒါမွလူတိုင္းကို အက်ိဳးျဖစ္ထြန္းေစမွာျဖစ္ပါတယ္။ စစ္မွန္တဲ့ ခ်မ္းသာၾကြယ္၀သူေတြဟာ လူအဖြဲ႕အစည္းနဲ႔ ကမာၻေလာကႀကီးကို ေျပာင္းလဲေပးႏိုင္တဲ့သူေတြျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပိုၿပီးေတာ့ ေပးကမ္းစြန္႔က်ဲႏိုင္ေလေလ၊ ပိုေကာင္းတဲ့ ခံစားခ်က္နဲ႔ အဓိပၸါယ္ေတြကို သင္ပိုင္ဆိုင္ေလပါပဲ။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
++++++++++++++++++++++++++++++++++++++++++++++++++