ေက်ာင္းေနဖက္သူငယ္ခ်င္းေတြက တစ္သက္တာသူငယ္ခ်င္းျဖစ္ရသည့္အေၾကာင္းရင္းမ်ား

ေက်ာင္းေနဖက္သူငယ္ခ်င္းေတြက တစ္သက္တာသူငယ္ခ်င္းျဖစ္ရသည့္အေၾကာင္းရင္းမ်ား

[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

ကျောင်းနေဖက်သူငယ်ချင်းတွေက တစ်သက်တာသူငယ်ချင်းဖြစ်ရသည့်အကြောင်းရင်းများ

(Unicode)

ကျောင်းတက်ရတဲ့ ကျောင်းသားဘဝဟာ သင့်ဘဝရဲ့အကောင်းဆုံးအချိန်တွေဖြစ်မှာပါ။ ဘဝအတွက် စိုးရိမ်စရာသိပ်မများတာကြောင့် ဆိုတာထက် ကျွန်တော်တို့ဘေးမှာရှိနေတဲ့ အပေါင်းအသင်းတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ ဟုတ်ပါတယ်။ ကျောင်းနေဖက်သူငယ်ချင်းတွေပါ။ သူတို့နဲ့အတူ ရယ်မောပျော်ရွှင်ရမယ်၊ ပထမဆုံးတဖက်သတ်ချစ်သူအကြောင်း ဝေမျှခွင့်ရမယ်၊ စိတ်ကူးပေါက်တဲ့အရာတွေမှန်သမျှ အတူတူလျှောက်လုပ်ကြမယ် စတာတွေက တစ်သက်တာလုံးအတွက် ခိုင်မာတဲ့ချည်နှောင်မှုတစ်ခု ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် ကျောင်းနေဖက်သူငယ်ချင်းတွေက တစ်သက်တာသူငယ်ချင်းဖြစ်နေရတဲ့ အကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ အတူတူကြီးပြင်းလာကြတယ်
ရုပ်ရှင်အတူတူကြည့်ကြတာ၊ သီချင်းအမျိုးအစားတစ်ခုထဲကိုပဲ အတူတူနားထောင်ကြတာ၊ ကျောင်းလျှောက်လမ်းမှာ အတူတူလမ်းလျှောက်ကြတာ၊ အတန်းလစ်ကြတာ၊ တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ပေးကြတာ၊ အိမ်စာတွေ ကူးပေးကြတာ စတာတွေက ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ အတူတူလုပ်ဖြစ်ခဲ့တာတွေထဲက တစ်ချို့ဖြစ်ပါတယ်။ ဒါတွေကပဲ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်ထားပြီး ဒီနေ့ဒီအချိန်မှာ သင့်က ဘယ်လိုလူလဲဆိုတာကို သတ်မှတ်ဖော်ဆောင်နိုင်တဲ့ အရာတွေဖြစ်ပါတယ်။

၂။ အမြဲတမ်းသူတို့ဆီ ပြန်သွားလို့ရတယ်
ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ဆိုရင် ဟိုအရင်အချိန်တွေတုန်းကလို ရယ်မောပျော်ရွှင်စရာတွေကို ဝေမျှပြီး အရင်အချိန်ကို ပြန်ရောက်သွားသလို ခံစားရစေပါတယ်။ တစ်ခါတစ်လေမှာ ဘဝရဲ့ရုန်းကန်လှုပ်ရှားရမှုတွေကြောင့် မှတ်ဉာဏ်အဟောင်းတွေကို မေ့သွားလေ့ရှိပါတယ်။ ကျောင်းနေဖက်သူငယ်ချင်းတွေက ဒီမှတ်ဉာဏ်တွေကို ပြန်ဖော်ထုတ်နိုင်ကြပါတယ်။

၃။ ဘယ်လိုအခြေအနေဖြစ်ဖြစ် အတူတူရှိနေပေးကြတယ်
ကျောင်းမှာ ကောင်မလေးတစ်ယောက်ကြောင့် အရှက်ကွဲရရင်ပဲဖြစ်ဖြစ်၊ အခြားတစ်ယောက်ယောက်နဲ့ ရန်ဖြစ်တဲ့အခါမှာပဲဖြစ်ဖြစ် သင့်ဖက်ကရပ်တည်ပေးတဲ့သူတွေက သင့်သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ သူတို့က သင့်အနာဂတ်မှာလည်း အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ သင့်ကိုအားပေးဖို့ ရှိနေမှာပဲဖြစ်ပါတယ်။

၄။ သင့်ကို ဘယ်တော့မှ မငြိုငြင်ဘူး
ကျောင်းနေဖက်သူငယ်ချင်းတွေ နားမှာရှိနေရင် သင်ကိုယ်သင် သက်တောင့်သက်သာဖြစ်နေပြီး အရှိအတိုင်းပြောဆိုဆက်ဆံနေလို့ ရပါတယ်။ အမြင်နဲ့အကဲဖြတ်ပြီး အထင်သေးခံရမှာကို စိုးရိမ်ပြီး ဟန်လုပ်နေစရာမလိုပါဘူး

၅။ တစ်ယောက်အကြောင်း တစ်ယောက် အကုန်အစင်သိကြတယ်
ကျောင်းတက်ချိန်မှာဆိုရင် သူငယ်ချင်းတွေနဲ့ အတူရှိချိန်တွေများတဲ့အတွက် တစ်ယောက်အကြောင်း တစ်ယောက်က ကောင်းကောင်းသိကြပါတယ်။ ဒီအချက်ကြောင့်ပဲ သူငယ်ချင်းအဖွဲ့တွေအတွင်းမှာ ခိုင်မာတဲ့ သံယောဇဉ်တွေ ဖြစ်တည်လာတာဖြစ်ပါတယ်။

၆။ သင်နဲ့ သင့်သူငယ်ချင်းတွေက အကောင်းဆုံးအဖွဲ့အစည်းပဲ
သင့်ရဲ့ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အချိန်တိုင်းမှာ ပျော်စရာတွေဖြစ်ဖို့ တကူးတကလုပ်နေစရာ မလိုပါဘူး။ အချင်းချင်း စကြနောက်ကြ၊ အရင်တုန်းကအကြောင်းတွေ ပြန်ပြောကြ၊ လက်ရှိအလုပ်ထဲက သူဌေးအကြောင်း၊ တစ်ဖက်စားပွဲက ကောင်မလေးအကြောင်း စသဖြင့် ပြောကြဆိုကြနဲ့ ပျော်စရာကောင်းနေမှာ အမှန်ပါပဲ။

၇။ ထူးထူးခြားခြားတစ်ခုကြုံတိုင်း လုပ်ဆောင်တတ်တဲ့ ထုံးစံတစ်ခုခုရှိကြတယ်
ကျောင်းနေဖက်သူငယ်ချင်းအဖွဲ့ထဲက တစ်ယောက် ပထမဆုံးအိမ်ထောင်ကြတဲ့အခါ တစ်နေရာရာကို ခရီးအတူသွားကြတာ၊ တစ်ယောက်ယောက် ရာထူးတိုးမြှင့်ခံရလို့ သောက်ပွဲကျင်းပါကြတာ စတဲ့ ထုံးစံလေးတွေက သင်တို့သူငယ်ချင်းတသိုက်ကို အကောင်းဆုံးပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်ပါတယ်။

၈။ မိသားစုအချင်းချင်းရင်းနှီးပြီး ကိုယ့်မိသားစုလိုပဲ ဆက်ဆံကြတယ်
သူငယ်ချင်းတွေရဲ့ မိဘတွေက သင့်ရဲ့ဒုတိယမိဘတွေလိုပါပဲ။ သူတို့ကလည်း သင့်ကိုအူမချေးခါးမကျန်သိထားပြီး သူတို့ရဲ့သားအရင်းလိုပဲ ယုံကြည်ကြပါတယ်။ မိသားစုအချင်းချင်းကလည်း အလုပ်အကိုင်နဲ့ပတ်သက်တာက စပြီး ညစာဘာချက်ရမလဲဆိုတာထိ အပြန်အလှန်အကြံပေးတတ်ကြသူတွေ ဖြစ်နေတတ်ပါတယ်။

၉။ ပြန်ပြီးအောက်မေ့တမ်းတစရာ ဓာတ်ပုံတွေ အများကြီးရှိတယ်
ကျောင်းလေ့လာရေးခရီးသွားတုန်းက အရှက်ကွဲခဲ့တဲ့အခိုက်အတန့်၊ ကျောင်းပြီးသွားတဲ့အချိန်မှာ တသသဖြစ်ရတဲ့ အခိုက်အတန့် စသဖြင့် အခိုက်အတန့်ပေါင်းများစွာကို ဓာတ်ပုံတွေကနေတဆင့် ပြန်ပြီး အမှတ်ရ လွမ်းဆွတ်ကြရပါတယ်။

၁၀။ သင့်ကို ကူညီပေးတဲ့အဖွဲ့ဖြစ်တယ်
ကျောင်းနေဖက်သူငယ်ချင်းတွေက သင့်ရဲ့ပုဂ္ဂိုဟ်ရေးအကြံပေးတွေဖြစ်ပါတယ်။ သင်အလိုအပ်ဆုံးအချိန်တွေမှာ သူတို့ကပဲ ကူညီပေးပြီး သင့်အခက်အခဲကို သူတို့လောက် စိတ်ရှည်လက်ရှည်နားထောင်ပေးနိုင်တဲ့သူ တွေ့မှာမဟုတ်ပါဘူး။

၁၁။ စုံတွဲတွေ၊ အတန်းဖော်တွေနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ အမြဲကြားရတယ်
ဒီအချက်က ကျောင်းနေဖက်သူငယ်ချင်းကောင်းတွေရဲ့ အကောင်းဆုံးအချက်လို့ ဆိုနိုင်ပါတယ်။ အတန်းဖော်တွေထဲမှာ ဘယ်သူကတော့ အိမ်ထောင်ကျသွားပြီ၊ ဘယ်သူကတော့ တိုင်ပတ်နေတယ် စသဖြင့် သတင်းပုလင်းအစုံအလင်ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

၁၂။ သူငယ်ချင်းတစ်ယောက်ယောက် ကျန်ခဲ့တဲ့ပစ္စည်းတစ်ခုခု ရှိနေတတ်တယ်
ကျောင်းနေဖက် သူငယ်ချင်းတွေကြားမှာ တစ်ယောက်အိမ်မှာ တစ်ယောက်လိုက်အိပ်တဲ့အချိန်တွေ ရှိတတ်ကြပါတယ်။ ဒီလိုနဲ့ ပစ္စည်းတွေ အပြန်အလှန်ကျန်ခဲ့ကြတာ၊ မယူဖြစ်တော့ပဲ ဒီအတိုင်းထားလိုက်တာတွေက တစ်ချိန်ပြန်တွေ့တဲ့အခါ ကြည်နူးပျော်ရွှင်စရာ အချိန်တွေကို အမှတ်ရစေပါတယ်။

၁၃။ သူတို့နဲ့အတူ မနှစ်သက်တဲ့ ဘာသာရပ်တွေကို သင်ယူနိုင်ခဲ့တယ်
ကျောင်းတက်တဲ့အခါမှာ မသင်ချင်လောက်အောင် မုန်းတဲ့ဘာသာရပ်တွေ ရှိကြပါတယ်။ ဒီဘာသာရပ်တွေကိုလည်းပဲ သူငယ်ချင်းတွေကြောင့် တက်ရင်းသင်ရင်းနဲ့ အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

၁၄။ ကလေးဘဝရဲ့ လျို့ဝှက်ချက်တွေနဲ့ ရှက်စရာကိစ္စတွေ အားလုံးသိကြတယ်
ကျောင်းနေဖက် သူငယ်ချင်းတွေဆိုတာ သင် တစ်ဖက်သတ်ကြွေခဲ့တဲ့ ကောင်မလေးတွေ၊ အရှက်ကွဲခဲ့တဲ့ ဖြစ်ရပ်တွေ အားလုံးကို သိထားကြသူတွေ ဖြစ်ပါတယ်။ အိမ်ပြန်ဖို့ လမ်းစရိတ်မရှိတော့တဲ့အခါပဲဖြစ်ဖြစ် ဘယ်လိုအခက်အခဲမျိုးပဲကြံုကြံု သူတို့က သင့်မိဘတွေမသိစေပဲ လာရောက်ကယ်တင်မယ့်သူတွေဖြစ်ပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

[/showhide][sg_popup id=”6″ event=”onload”][/sg_popup]

ေက်ာင္းတက္ရတဲ့ ေက်ာင္းသားဘ၀ဟာ သင့္ဘ၀ရဲ႕အေကာင္းဆံုးအခ်ိန္ေတြျဖစ္မွာပါ။ ဘ၀အတြက္ စိုးရိမ္စရာသိပ္မမ်ားတာေၾကာင့္ ဆိုတာထက္ ကၽြန္ေတာ္တို႔ေဘးမွာရွိေနတဲ့ အေပါင္းအသင္းေတြေၾကာင့္လို႔ ဆိုႏိုင္ပါတယ္။ ဟုတ္ပါတယ္။ ေက်ာင္းေနဖက္သူငယ္ခ်င္းေတြပါ။ သူတို႔နဲ႔အတူ ရယ္ေမာေပ်ာ္ရႊင္ရမယ္၊ ပထမဆံုးတဖက္သတ္ခ်စ္သူအေၾကာင္း ေ၀မွ်ခြင့္ရမယ္၊ စိတ္ကူးေပါက္တဲ့အရာေတြမွန္သမွ် အတူတူေလွ်ာက္လုပ္ၾကမယ္ စတာေတြက တစ္သက္တာလံုးအတြက္ ခိုင္မာတဲ့ခ်ည္ေႏွာင္မႈတစ္ခု ျဖစ္လာေစပါတယ္။ ဒါ့ေၾကာင့္ ေက်ာင္းေနဖက္သူငယ္ခ်င္းေတြက တစ္သက္တာသူငယ္ခ်င္းျဖစ္ေနရတဲ့ အေၾကာင္းရင္းေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ အတူတူႀကီးျပင္းလာၾကတယ္
႐ုပ္ရွင္အတူတူၾကည့္ၾကတာ၊ သီခ်င္းအမ်ိဳးအစားတစ္ခုထဲကိုပဲ အတူတူနားေထာင္ၾကတာ၊ ေက်ာင္းေလွ်ာက္လမ္းမွာ အတူတူလမ္းေလွ်ာက္ၾကတာ၊ အတန္းလစ္ၾကတာ၊ တစ္ေယာက္နဲ႔တစ္ေယာက္ ကာကြယ္ေပးၾကတာ၊ အိမ္စာေတြ ကူးေပးၾကတာ စတာေတြက ေက်ာင္းေနဖက္သူငယ္ခ်င္းေတြနဲ႔ အတူတူလုပ္ျဖစ္ခဲ့တာေတြထဲက တစ္ခ်ိဳ႕ျဖစ္ပါတယ္။ ဒါေတြကပဲ သင့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးကို ပံုေဖာ္ထားၿပီး ဒီေန႔ဒီအခ်ိန္မွာ သင့္က ဘယ္လိုလူလဲဆိုတာကို သတ္မွတ္ေဖာ္ေဆာင္ႏိုင္တဲ့ အရာေတြျဖစ္ပါတယ္။

၂။ အျမဲတမ္းသူတို႔ဆီ ျပန္သြားလို႔ရတယ္
ေက်ာင္းေနဖက္သူငယ္ခ်င္းေတြနဲ႔ဆိုရင္ ဟိုအရင္အခ်ိန္ေတြတုန္းကလို ရယ္ေမာေပ်ာ္ရႊင္စရာေတြကို ေ၀မွ်ၿပီး အရင္အခ်ိန္ကို ျပန္ေရာက္သြားသလို ခံစားရေစပါတယ္။ တစ္ခါတစ္ေလမွာ ဘ၀ရဲ႕ရုန္းကန္လႈပ္ရွားရမႈေတြေၾကာင့္ မွတ္ဥာဏ္အေဟာင္းေတြကို ေမ့သြားေလ့ရွိပါတယ္။ ေက်ာင္းေနဖက္သူငယ္ခ်င္းေတြက ဒီမွတ္ဥာဏ္ေတြကို ျပန္ေဖာ္ထုတ္ႏိုင္ၾကပါတယ္။

၃။ ဘယ္လိုအေျခအေနျဖစ္ျဖစ္ အတူတူရွိေနေပးၾကတယ္
ေက်ာင္းမွာ ေကာင္မေလးတစ္ေယာက္ေၾကာင့္ အရွက္ကြဲရရင္ပဲျဖစ္ျဖစ္၊ အျခားတစ္ေယာက္ေယာက္နဲ႔ ရန္ျဖစ္တဲ့အခါမွာပဲျဖစ္ျဖစ္ သင့္ဖက္ကရပ္တည္ေပးတဲ့သူေတြက သင့္သူငယ္ခ်င္းေတြပဲျဖစ္ပါတယ္။ သူတို႔က သင့္အနာဂတ္မွာလည္း ေအာင္ျမင္သည္ျဖစ္ေစ၊ ႐ႈံးနိမ့္သည္ျဖစ္ေစ သင့္ကိုအားေပးဖို႔ ရွိေနမွာပဲျဖစ္ပါတယ္။

၄။ သင့္ကို ဘယ္ေတာ့မွ မၿငိဳျငင္ဘူး
ေက်ာင္းေနဖက္သူငယ္ခ်င္းေတြ နားမွာရွိေနရင္ သင္ကိုယ္သင္ သက္ေတာင့္သက္သာျဖစ္ေနၿပီး အရွိအတိုင္းေျပာဆိုဆက္ဆံေနလို႔ ရပါတယ္။ အျမင္နဲ႔အကဲျဖတ္ၿပီး အထင္ေသးခံရမွာကို စိုးရိမ္ၿပီး ဟန္လုပ္ေနစရာမလုိပါဘူး

၅။ တစ္ေယာက္အေၾကာင္း တစ္ေယာက္ အကုန္အစင္သိၾကတယ္
ေက်ာင္းတက္ခ်ိန္မွာဆိုရင္ သူငယ္ခ်င္းေတြနဲ႔ အတူရွိခ်ိန္ေတြမ်ားတဲ့အတြက္ တစ္ေယာက္အေၾကာင္း တစ္ေယာက္က ေကာင္းေကာင္းသိၾကပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ သူငယ္ခ်င္းအဖြဲ႕ေတြအတြင္းမွာ ခိုင္မာတဲ့ သံေယာဇဥ္ေတြ ျဖစ္တည္လာတာျဖစ္ပါတယ္။

၆။ သင္နဲ႔ သင့္သူငယ္ခ်င္းေတြက အေကာင္းဆံုးအဖြဲ႕အစည္းပဲ
သင့္ရဲ႕ေက်ာင္းေနဖက္သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆံုတဲ့အခ်ိန္တိုင္းမွာ ေပ်ာ္စရာေတြျဖစ္ဖို႔ တကူးတကလုပ္ေနစရာ မလုိပါဘူး။ အခ်င္းခ်င္း စၾကေနာက္ၾက၊ အရင္တုန္းကအေၾကာင္းေတြ ျပန္ေျပာၾက၊ လက္ရွိအလုပ္ထဲက သူေဌးအေၾကာင္း၊ တစ္ဖက္စားပြဲက ေကာင္မေလးအေၾကာင္း စသျဖင့္ ေျပာၾကဆိုၾကနဲ႔ ေပ်ာ္စရာေကာင္းေနမွာ အမွန္ပါပဲ။

၇။ ထူးထူးျခားျခားတစ္ခုၾကံဳတိုင္း လုပ္ေဆာင္တတ္တဲ့ ထံုးစံတစ္ခုခုရွိၾကတယ္
ေက်ာင္းေနဖက္သူငယ္ခ်င္းအဖြဲ႕ထဲက တစ္ေယာက္ ပထမဆံုးအိမ္ေထာင္ၾကတဲ့အခါ တစ္ေနရာရာကို ခရီးအတူသြားၾကတာ၊ တစ္ေယာက္ေယာက္ ရာထူးတိုးျမွင့္ခံရလို႔ ေသာက္ပြဲက်င္းပါၾကတာ စတဲ့ ထံုးစံေလးေတြက သင္တို႔သူငယ္ခ်င္းတသိုက္ကို အေကာင္းဆံုးေပ်ာ္ရႊင္မႈေတြ ေပးစြမ္းႏိုင္ပါတယ္။

၈။ မိသားစုအခ်င္းခ်င္းရင္းႏွီးၿပီး ကိုယ့္မိသားစုလိုပဲ ဆက္ဆံၾကတယ္
သူငယ္ခ်င္းေတြရဲ႕ မိဘေတြက သင့္ရဲ႕ဒုတိယမိဘေတြလိုပါပဲ။ သူတို႔ကလည္း သင့္ကိုအူမေခ်းခါးမက်န္သိထားၿပီး သူတို႔ရဲ႕သားအရင္းလိုပဲ ယုံၾကည္ၾကပါတယ္။ မိသားစုအခ်င္းခ်င္းကလည္း အလုပ္အကိုင္နဲ႔ပတ္သက္တာက စၿပီး ညစာဘာခ်က္ရမလဲဆိုတာထိ အျပန္အလွန္အၾကံေပးတတ္ၾကသူေတြ ျဖစ္ေနတတ္ပါတယ္။

၉။ ျပန္ၿပီးေအာက္ေမ့တမ္းတစရာ ဓာတ္ပံုေတြ အမ်ားႀကီးရွိတယ္
ေက်ာင္းေလ့လာေရးခရီးသြားတုန္းက အရွက္ကြဲခဲ့တဲ့အခိုက္အတန္႔၊ ေက်ာင္းၿပီးသြားတဲ့အခ်ိန္မွာ တသသျဖစ္ရတဲ့ အခိုက္အတန္႔ စသျဖင့္ အခိုက္အတန္႔ေပါင္းမ်ားစြာကို ဓာတ္ပံုေတြကေနတဆင့္ ျပန္ၿပီး အမွတ္ရ လြမ္းဆြတ္ၾကရပါတယ္။

၁၀။ သင့္ကို ကူညီေပးတဲ့အဖြဲ႕ျဖစ္တယ္
ေက်ာင္းေနဖက္သူငယ္ခ်င္းေတြက သင့္ရဲ႕ပုဂိၢဳဟ္ေရးအၾကံေပးေတြျဖစ္ပါတယ္။ သင္အလိုအပ္ဆံုးအခ်ိန္ေတြမွာ သူတို႔ကပဲ ကူညီေပးၿပီး သင့္အခက္အခဲကို သူတို႔ေလာက္ စိတ္ရွည္လက္ရွည္နားေထာင္ေပးႏိုင္တဲ့သူ ေတြ႕မွာမဟုတ္ပါဘူး။

၁၁။ စံုတြဲေတြ၊ အတန္းေဖာ္ေတြနဲ႔ပတ္သက္တဲ့ ဇာတ္လမ္းေတြ အျမဲၾကားရတယ္
ဒီအခ်က္က ေက်ာင္းေနဖက္သူငယ္ခ်င္းေကာင္းေတြရဲ႕ အေကာင္းဆံုးအခ်က္လို႔ ဆိုႏိုင္ပါတယ္။ အတန္းေဖာ္ေတြထဲမွာ ဘယ္သူကေတာ့ အိမ္ေထာင္က်သြားၿပီ၊ ဘယ္သူကေတာ့ တိုင္ပတ္ေနတယ္ စသျဖင့္ သတင္းပုလင္းအစံုအလင္ကို သိရွိႏိုင္မွာ ျဖစ္ပါတယ္။

၁၂။ သူငယ္ခ်င္းတစ္ေယာက္ေယာက္ က်န္ခဲ့တဲ့ပစၥည္းတစ္ခုခု ရွိေနတတ္တယ္
ေက်ာင္းေနဖက္ သူငယ္ခ်င္းေတြၾကားမွာ တစ္ေယာက္အိမ္မွာ တစ္ေယာက္လိုက္အိပ္တဲ့အခ်ိန္ေတြ ရွိတတ္ၾကပါတယ္။ ဒီလိုနဲ႔ ပစၥည္းေတြ အျပန္အလွန္က်န္ခဲ့ၾကတာ၊ မယူျဖစ္ေတာ့ပဲ ဒီအတိုင္းထားလိုက္တာေတြက တစ္ခ်ိန္ျပန္ေတြ႕တဲ့အခါ ၾကည္ႏူးေပ်ာ္ရႊင္စရာ အခ်ိန္ေတြကို အမွတ္ရေစပါတယ္။

၁၃။ သူတို႔နဲ႔အတူ မႏွစ္သက္တဲ့ ဘာသာရပ္ေတြကို သင္ယူႏိုင္ခဲ့တယ္
ေက်ာင္းတက္တဲ့အခါမွာ မသင္ခ်င္ေလာက္ေအာင္ မုန္းတဲ့ဘာသာရပ္ေတြ ရွိၾကပါတယ္။ ဒီဘာသာရပ္ေတြကိုလည္းပဲ သူငယ္ခ်င္းေတြေၾကာင့္ တက္ရင္းသင္ရင္းနဲ႔ ေအာင္ျမင္စြာေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၁၄။ ကေလးဘ၀ရဲ႕ လ်ိဳ႕၀ွက္ခ်က္ေတြနဲ႔ ရွက္စရာကိစၥေတြ အားလံုးသိၾကတယ္
ေက်ာင္းေနဖက္ သူငယ္ခ်င္းေတြဆိုတာ သင္ တစ္ဖက္သတ္ေၾကြခဲ့တဲ့ ေကာင္မေလးေတြ၊ အရွက္ကြဲခဲ့တဲ့ ျဖစ္ရပ္ေတြ အားလံုးကို သိထားၾကသူေတြ ျဖစ္ပါတယ္။ အိမ္ျပန္ဖို႔ လမ္းစရိတ္မရွိေတာ့တဲ့အခါပဲျဖစ္ျဖစ္ ဘယ္လိုအခက္အခဲမ်ိဳးပဲၾကံဳၾကံဳ သူတို႔က သင့္မိဘေတြမသိေစပဲ လာေရာက္ကယ္တင္မယ့္သူေတြျဖစ္ပါတယ္။

မိန္းကေလးတိုင္းေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++

 

Related Posts

%%footer%%