ဘယ္လို ခ်စ္သူမ်ိဳးလဲ ???

ဘယ္လို ခ်စ္သူမ်ိဳးလဲ ???

[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

ဘယ်လို ချစ်သူမျိုးလဲ ???

မိန်းကလေးတစ်ယောက်နဲ့ ချစ်သူရည်းစားအဖြစ် တွဲမိပြီဆိုတာနဲ့ သင်ကိုယ်တိုင်တောင်မှ သတိမထားမိခဲ့တဲ့ သင့်ရဲ့စရိုက်လက္ခဏာတွေ ပေါ်ထွက်လာလေ့ရှိပါတယ်။ သင်က ဘယ်လိုချစ်သူယောင်္ကျားလေးမျိုးဆိုတာကို သင့်ရဲ့အပေါင်းအသင်းရောင်းရင်းတွေရှေ့မှာ အနည်းအကျဉ်းပဲ ပြောဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မြားနတ်မောင်ရဲ့ ပစ်ချက်က သင့်ကိုဘယ်လောက်အထိ သက်ရောက်မှုရှိလဲဆိုတာက မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်မိပြီဆိုမှာ သိလာနိုင်တာဖြစ်ပါတယ်။ ဒီနေရာမှာ ယောင်္ကျားလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားစွာ ပြုမူတတ်ကြပါတယ်။ ဒါ့ကြောင့် ချစ်သူယောင်္ကျားလေးတွေရဲ့ သဘောသဘာဝပေါ်မှာ မူတည်ပြီး အခြေခံအားဖြင့် အမျိုးအစား(၇)ခု ခွဲခြားနိုင်ပါတယ်။ သင်ရော ဘယ်လိုအမျိုးအစားလည်း ဆန်းစစ်ကြည့်လိုက်ပါ။

၁။ သဝန်ကြောင်သူ
ဒီအမျိုးအစားမှာတော့ သူ့ကောင်မလေးနဲ့ပတ်သက်ပြီး သူစိတ်ချယုံကြည်ရတဲ့သူ ကမ္ဘာမှာမရှိဘူးလို့ ခံယူထားတဲ့သူတွေ ဖြစ်ပါတယ်။ ဒီလို ချစ်သူယောင်္ကျားလေးမျိုးက ပုတ်သင်ညိုတစ်ကောင်က ဖမ်းတော့မယ့်သားကောင်ကို မမှိတ်မသုန်ကြည့်သလို သူ့ကောင်မလေးရဲ့ လှုပ်ရှားမှုအစအဆုံးကို (ခေါင်းလှည့်ပြီး ဘယ်ကိုကြည့်တာလဲဆိုတာကအစ) အမြဲတစေ စောင့်ကြည့်နေတတ်ပါတယ်။ ဒီလိုယောင်္ကျားလေးမျိုးက သူတို့ရဲ့ပင်ကိုယ်စိတ်မလုံခြုံမှုနဲ့ မိမိကိုယ်ကိုယုံကြည်မှုအားနည်းတဲ့အတွက် ချစ်သူမိန်းကလေးကို မနာလိုသဝန်တိုတဲ့နည်းလမ်းနဲ့ ဖြေရှင်းကြတာဖြစ်ပါတယ်။

၂။ အစေခံ
ဒီကောင်လေးမျိုးကတော့ သူ့ကောင်မလေးကို အရမ်းနာခံတတ်သူမျိုးပါ။ သူ့လည်ပင်းမှာ လည်ပတ်ကြိုးတပ်ထားသလား ထင်ရလောက်အောင်ကို နာခံတတ်သူပါ။ သူ့ရဲ့တည်ရှိမှုက သူ့ကောင်မလေးကို အရှင်သခင်တစ်ယောက်လိုဆက်ဆံပြီး ခိုင်းတာလုပ်၊ စေရာသွားနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့တစ်ခုတည်းအတွက် ရည်ရွယ်ထားတာမျိုးပါ။ တကယ်လို့ သင်သာ ဒီလိုမျိုးဖြစ်နေမယ်ဆိုရင် သင့်ကောင်မလေး ပစ်လိုက်တဲ့ ကြက်အူချောင်းကို လေထဲမှာတင် ဖမ်းနိုင်တဲ့အထိဖြစ်လာဖို့ မျှော်လင့်ပါတယ်။

၃။ ငမွဲကောင်
အမြဲတမ်း ဘေးထိုင် ဘိုင်ကျ မွဲတေနေတတ်သူမျိုးပါ။ သူ့ကောင်မလေးရဲ့ မုန့်ဖိုး၊ လစာ စတဲ့ဝင်ငွေကို ကပ်သုံးနေပြီး အလကားကုန်းဆင်းရဖို့အတွက်ဆို ဘာပဲဖြစ်ဖြစ်လုပ်တတ်ပါတယ်။ တစ်ခုခုစားကြသောက်ကြပြီးလို့ ငွေရှင်းဖို့အချိန်ရောက်လာတာနဲ့ အိမ်သာသွားတတ်သူမျိုးပါ။ အခုစာဖတ်နေတဲ့သူက မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဒီလိုချစ်သူကောင်လေးမျိုးရှိတယ်ဆိုရင် ကျွန်တော်တို့က တစ်ခုလောက်သတိပေးချင်ပါတယ်။ အဲ့ဒီကောင်မျိုးတွေက လစ်ရင်လည်း ခိုးတတ်ပါတယ်။

၄။ ခံစားမှုလွန်ကဲသူ
သူတင်ထားတဲ့ Facebook Status တစ်ခုကို သူ့ကောင်မလေးက ဘာ Reaction မှမပေး၊ ဘာ Comment မှမပေးပဲ ဒီအတိုင်းကျော်သွားမိလိုက်ရင်တောင်မှ ချက်ချင်းပဲ ကိုယ့်ကိုယ်ကိုယ်သတ်သေတော့မလောက်အထိ ခံစားတတ်သူမျိုးပါ။ ဒီလိုလူမျိုးရဲ့ ကောင်မလေးအတွက် ကံမကောင်းတာက သူတကယ်မလုပ်တာပါပဲ။ ဘာလို့ ငါ့ Status ကို ဂရုမစိုက်ရတာလဲဆိုပြီး ပြဿနာရှာနေတာက ဆိုးလွန်းလို့ပါ။

၅။ ဂိမ်မာ
ဒီလို ချစ်သူကောင်လေးမျိုးကတော့ သူ့ရဲ့ ဂိမ်းစက်ပျက်သွားမှာပဲ ကောင်မလေးနဲ့စကားပြောဖို့ သတိရတတ်သူမျိုးပါ။ ဂိမ်းကစားနေရရင် အညောင်းအညာဆန့်ဖို့တောင် အပြင်မထွက်ချင်တတ်ပါဘူး။

၆။ အစောင့်လိုလူ
အစေခံလိုရည်းစားရဲ့ ဆန့်ကျင်ဘက်လို့ ပြောလို့ရပါတယ်။ ဒီလိုလူမျိုးက သူ့ကောင်မလေးကို သူပိုင်ဆိုင်တဲ့အရာတစ်ခုလို့ ထင်မြင်ယူဆထားတတ်ကြပါတယ်။ သူ့ကောင်မလေး ဘယ်သွားလဲ၊ ဘာလုပ်လဲဆိုတာကို အချိန်တိုင်းသိချင်နေသူပါ။ ကောင်မလေးဝတ်တဲ့ အဝတ်အစား၊ သွားမယ့် စားသောက်ဆိုင်၊ မှာမယ့်အစားအစာ၊ ပေါင်းတဲ့ အပေါင်းအသင်း စတဲ့ အစစအရာရာကို သူပဲ ဆုံးဖြတ်ပါတယ်။ ဖြစ်နိုင်ရင် ကောင်မလေးဝမ်းသွားတာကအစ သူ့စိတ်တိုင်းကျဖြစ်စေချင်သူပါ။

၇။ ငပွေငရှုပ်
ဒီလိုလူမျိုးက ချစ်သူရည်းစားတစ်ယောက်ကို ရေရှည်တွဲလေ့မရှိပါဘူး။ တစ်ယောက်တည်းသမားဖြစ်နေတတ်ပြီး သူ့ပစ္စည်းကို ဘောင်းဘီထဲမှာပဲ မထားနိုင်သူမျိုးဖြစ်ပါတယ်။ သူ့ကိုယ်သူ မိန်းကလေးတစ်ယောက်ကို အချိန်မရွေးဆွဲဆောင်သိမ်းသွင်းနိုင်သူ တစ်ယောက်လို့ ဟန်ဆောင်လှည့်စားတတ်ပါတယ်။ ဒီလိုလိုမျိုးက စိတ်အားငယ်နေတဲ့မိန်းကလေးတွေကို ပိုပြီးတော့ နှစ်သိမ့်ပေးတတ်ပါတယ်။ သူတို့အတွက် လွယ်ကူတဲ့ပစ်မှတ်ဖြစ်နေတာကြောင့်ပါ။

၈။ ပြီးပြည့်စုံသူ
အရမ်းရိုမန်းတစ်ဆန်ပြီး ချစ်တတ်သူ၊ ကြင်နာတတ်သူ ဖြစ်ပါတယ်။ ပစ်ကြွေသွားလောက်အောင် ချောမောခန့်ညားပြီး ချစ်သူကောင်မလေးရဲ့ အလိုက်ကိုသိ၊ အလိုက်ကိုလိုက်တတ်သူမျိုးဖြစ်ပါတယ်။ အိပ်ရာထဲမှာလည်း အရည်အချင်းပြည့်ဝပြီး ဘဝအတွက်လည်း ယုံကြည်အားကိုးထိုက်သူမျိုးပါ။ စိတ်မကောင်းစရာတစ်ခုကတော့ ဒီလိုလူမျိုး မရှိတာပါပဲ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

[/showhide][sg_popup id=”6″ event=”onload”][/sg_popup]

မိန္းကေလးတစ္ေယာက္နဲ႔ ခ်စ္သူရည္းစားအျဖစ္ တြဲမိၿပီဆိုတာနဲ႔ သင္ကိုယ္တိုင္ေတာင္မွ သတိမထားမိခဲ့တဲ့ သင့္ရဲ႕စ႐ိုက္လကၡဏာေတြ ေပၚထြက္လာေလ့ရွိပါတယ္။ သင္က ဘယ္လိုခ်စ္သူေယာကၤ်ားေလးမ်ိဳးဆိုတာကုိ သင့္ရဲ႕အေပါင္းအသင္းေရာင္းရင္းေတြေရွ႕မွာ အနည္းအက်ဥ္းပဲ ေျပာျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ျမားနတ္ေမာင္ရဲ႕ ပစ္ခ်က္က သင့္ကိုဘယ္ေလာက္အထိ သက္ေရာက္မႈရွိလဲဆိုတာက မိန္းကေလးတစ္ေယာက္နဲ႔ ပတ္သက္မိၿပီဆိုမွာ သိလာႏိုင္တာျဖစ္ပါတယ္။ ဒီေနရာမွာ ေယာကၤ်ားေလးေတြက တစ္ေယာက္နဲ႔တစ္ေယာက္ မတူကြဲျပားစြာ ျပဳမူတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ခ်စ္သူေယာကၤ်ားေလးေတြရဲ႕ သေဘာသဘာ၀ေပၚမွာ မူတည္ၿပီး အေျခခံအားျဖင့္ အမ်ိဳးအစား(၇)ခု ခြဲျခားႏိုင္ပါတယ္။ သင္ေရာ ဘယ္လိုအမ်ိဳးအစားလည္း ဆန္းစစ္ၾကည့္လိုက္ပါ။

 

၁။ သ၀န္ေၾကာင္သူ

ဒီအမ်ိဳးအစားမွာေတာ့ သူ႔ေကာင္မေလးနဲ႔ပတ္သက္ၿပီး သူစိတ္ခ်ယုံၾကည္ရတဲ့သူ ကမာၻမွာမရွိဘူးလို႔ ခံယူထားတဲ့သူေတြ ျဖစ္ပါတယ္။ ဒီလို ခ်စ္သူေယာကၤ်ားေလးမ်ိဳးက ပုတ္သင္ညိဳတစ္ေကာင္က ဖမ္းေတာ့မယ့္သားေကာင္ကို မမွိတ္မသုန္ၾကည့္သလို သူ႔ေကာင္မေလးရဲ႕ လႈပ္ရွားမႈအစအဆံုးကို (ေခါင္းလွည့္ၿပီး ဘယ္ကိုၾကည့္တာလဲဆိုတာကအစ) အျမဲတေစ ေစာင့္ၾကည့္ေနတတ္ပါတယ္။ ဒီလိုေယာကၤ်ားေလးမ်ိဳးက သူတို႔ရဲ႕ပင္ကိုယ္စိတ္မလံုျခံဳမႈနဲ႔ မိမိကိုယ္ကိုယုံၾကည္မႈအားနည္းတဲ့အတြက္ ခ်စ္သူမိန္းကေလးကို မနာလိုသ၀န္တိုတဲ့နည္းလမ္းနဲ႔ ေျဖရွင္းၾကတာျဖစ္ပါတယ္။

 

၂။ အေစခံ

ဒီေကာင္ေလးမ်ိဳးကေတာ့ သူ႔ေကာင္မေလးကို အရမ္းနာခံတတ္သူမ်ိဳးပါ။ သူ႔လည္ပင္းမွာ လည္ပတ္ႀကိဳးတပ္ထားသလား ထင္ရေလာက္ေအာင္ကို နာခံတတ္သူပါ။ သူ႔ရဲ႕တည္ရွိမႈက သူ႔ေကာင္မေလးကို အရွင္သခင္တစ္ေယာက္လိုဆက္ဆံၿပီး ခိုင္းတာလုပ္၊ ေစရာသြားနဲ႔ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔တစ္ခုတည္းအတြက္ ရည္ရြယ္ထားတာမ်ိဳးပါ။ တကယ္လို႔ သင္သာ ဒီလိုမ်ိဳးျဖစ္ေနမယ္ဆုိရင္ သင့္ေကာင္မေလး ပစ္လိုက္တဲ့ ၾကက္အူေခ်ာင္းကို ေလထဲမွာတင္ ဖမ္းႏိုင္တဲ့အထိျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္။

 

၃။ ငမြဲေကာင္

အျမဲတမ္း ေဘးထိုင္ ဘိုင္က် မြဲေတေနတတ္သူမ်ိဳးပါ။ သူ႔ေကာင္မေလးရဲ႕ မုန္႔ဖိုး၊ လစာ စတဲ့၀င္ေငြကို ကပ္သံုးေနၿပီး အလကားကုန္းဆင္းရဖို႔အတြက္ဆို ဘာပဲျဖစ္ျဖစ္လုပ္တတ္ပါတယ္။ တစ္ခုခုစားၾကေသာက္ၾကၿပီးလို႔ ေငြရွင္းဖို႔အခ်ိန္ေရာက္လာတာနဲ႔ အိမ္သာသြားတတ္သူမ်ိဳးပါ။ အခုစာဖတ္ေနတဲ့သူက မိန္းကေလးတစ္ေယာက္ျဖစ္ၿပီး ဒီလိုခ်စ္သူေကာင္ေလးမ်ိဳးရွိတယ္ဆိုရင္ ကၽြန္ေတာ္တို႔က တစ္ခုေလာက္သတိေပးခ်င္ပါတယ္။ အဲ့ဒီေကာင္မ်ိဳးေတြက လစ္ရင္လည္း ခိုးတတ္ပါတယ္။

 

၄။ ခံစားမႈလြန္ကဲသူ

သူတင္ထားတဲ့ Facebook Status တစ္ခုကို သူ႔ေကာင္မေလးက ဘာ Reaction မွမေပး၊ ဘာ Comment မွမေပးပဲ ဒီအတုိင္းေက်ာ္သြားမိလိုက္ရင္ေတာင္မွ ခ်က္ခ်င္းပဲ ကိုယ့္ကိုယ္ကိုယ္သတ္ေသေတာ့မေလာက္အထိ ခံစားတတ္သူမ်ိဳးပါ။ ဒီလိုလူမ်ိဳးရဲ႕ ေကာင္မေလးအတြက္ ကံမေကာင္းတာက သူတကယ္မလုပ္တာပါပဲ။ ဘာလို႔ ငါ့ Status ကို ဂ႐ုမစိုက္ရတာလဲဆိုၿပီး ျပႆနာရွာေနတာက ဆိုးလြန္းလို႔ပါ။

 

၅။ ဂိမ္မာ

ဒီလို ခ်စ္သူေကာင္ေလးမ်ိဳးကေတာ့ သူ႔ရဲ႕ ဂိမ္းစက္ပ်က္သြားမွာပဲ ေကာင္မေလးနဲ႔စကားေျပာဖို႔ သတိရတတ္သူမ်ိဳးပါ။ ဂိမ္းကစားေနရရင္ အေညာင္းအညာဆန္႔ဖို႔ေတာင္ အျပင္မထြက္ခ်င္တတ္ပါဘူး။

 

၆။ အေစာင့္လိုလူ

အေစခံလိုရည္းစားရဲ႕ ဆန္႔က်င္ဘက္လို႔ ေျပာလို႔ရပါတယ္။ ဒီလိုလူမ်ိဳးက သူ႔ေကာင္မေလးကို သူပိုင္ဆိုင္တဲ့အရာတစ္ခုလို႔ ထင္ျမင္ယူဆထားတတ္ၾကပါတယ္။ သူ႔ေကာင္မေလး ဘယ္သြားလဲ၊ ဘာလုပ္လဲဆိုတာကို အခ်ိန္တိုင္းသိခ်င္ေနသူပါ။ ေကာင္မေလး၀တ္တဲ့ အ၀တ္အစား၊ သြားမယ့္ စားေသာက္ဆိုင္၊ မွာမယ့္အစားအစာ၊ ေပါင္းတဲ့ အေပါင္းအသင္း စတဲ့ အစစအရာရာကို သူပဲ ဆံုးျဖတ္ပါတယ္။ ျဖစ္ႏိုင္ရင္ ေကာင္မေလး၀မ္းသြားတာကအစ သူ႔စိတ္တိုင္းက်ျဖစ္ေစခ်င္သူပါ။

 

၇။ ငေပြင႐ႈပ္

ဒီလိုလူမ်ိဳးက ခ်စ္သူရည္းစားတစ္ေယာက္ကို ေရရွည္တြဲေလ့မရွိပါဘူး။ တစ္ေယာက္တည္းသမားျဖစ္ေနတတ္ၿပီး သူ႔ပစၥည္းကို ေဘာင္းဘီထဲမွာပဲ မထားႏိုင္သူမ်ိဳးျဖစ္ပါတယ္။ သူ႔ကိုယ္သူ မိန္းကေလးတစ္ေယာက္ကို အခ်ိန္မေရြးဆြဲေဆာင္သိမ္းသြင္းႏိုင္သူ တစ္ေယာက္လို႔ ဟန္ေဆာင္လွည့္စားတတ္ပါတယ္။ ဒီလိုလိုမ်ိဳးက စိတ္အားငယ္ေနတဲ့မိန္းကေလးေတြကို ပိုၿပီးေတာ့ ႏွစ္သိမ့္ေပးတတ္ပါတယ္။ သူတို႔အတြက္ လြယ္ကူတဲ့ပစ္မွတ္ျဖစ္ေနတာေၾကာင့္ပါ။

 

၈။ ၿပီးျပည့္စံုသူ

အရမ္းရိုမန္းတစ္ဆန္ၿပီး ခ်စ္တတ္သူ၊ ၾကင္နာတတ္သူ ျဖစ္ပါတယ္။ ပစ္ေၾကြသြားေလာက္ေအာင္ ေခ်ာေမာခန္႔ညားၿပီး ခ်စ္သူေကာင္မေလးရဲ႕ အလိုက္ကိုသိ၊ အလိုက္ကိုလိုက္တတ္သူမ်ိဳးျဖစ္ပါတယ္။ အိပ္ရာထဲမွာလည္း အရည္အခ်င္းျပည့္၀ၿပီး ဘ၀အတြက္လည္း ယုံၾကည္အားကိုးထိုက္သူမ်ိဳးပါ။ စိတ္မေကာင္းစရာတစ္ခုကေတာ့ ဒီလိုလူမ်ိဳး မရွိတာပါပဲ။

 

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္

Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

Related Posts

%%footer%%