မိန်းကလေးကို အသည်းခိုက်သွားစေမည့် Foreplay နည်းလမ်းကောင်းများ

ဒီကိစ္စက ပင်လယ်ရေလိုပါပဲ။ သောက်လေသောက်လေ ငတ်မပြေဆိုသလို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါပဲ တွေ့ကြုံဖူးသည်ဖြစ်စေ နောက်ထပ်မျှော်လင့်နေတတ်တာမျိုးပါ။ ဘာကိစ္စလဲဆိုတော့ ဟုတ်ပါတယ် ချစ်တင်းနှောတဲ့ လိင်မှုကိစ္စကို ပြောနေတာပါ။ ဒါပေမယ့် တကယ်ပြီးပြည့်စုံကောင်းမွန်တဲ့ ချစ်တင်းနှောမှုကို ရရှိခံစားနိုင်ဖို့ကတော့ အတူမနေခင်နှိုးဆွလှုံ့ဆော်မှု (Foreplay) ဘယ်လောက်ကျွမ်းကျင်လဲဆိုတာပေါ်မှာ မူတည်နေပါတယ်။ ဒါ့ကြောင့် မိန်းကလေးတွေ သဘောကျပြီး အသည်းခိုက်သွားစေမယ့် Foreplay နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

 

၁။ ညစ်ညမ်းစကား

Foreplay ဆိုတာက လူချင်းတွေ့မှမဟုတ်ပါဘူး။ လူချင်းမတွေ့ခင်ကတည်းက စတင်လုပ်ဆောင်လို့ရပါတယ်။ ဖုန်းကနေ စာပို့တာ၊ နားနားကိုကပ်ပြီးပြောတာ စတဲ့နည်းလမ်းတွေနဲ့ သူမရဲ့စိတ်ကို လှုံ့ဆော်လို့ရပါတယ်။

 

၂။ နေရာစုံကို ထိတွေ့ပါ

သင့်ရဲ့လက်အစုံက သူမခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်ဖို့ လိုပါတယ်။ သူမရဲ့ပေါင်အတွင်းသားတွေကို ပွတ်သပ်ပေးပါ။ သင့်နှုတ်ခမ်းက ရမက်ပြင်းပြင်းနဲ့ အနမ်းရှည်တစ်ခုကို ပေးနေတုန်းမှာ သင့်လက်တွေက တစ်ကိုယ်လုံးကို သိမ်းပိုက်ပြီး သူမပျော်ကျသွားတဲ့အထိ တစ်လက်မ မကျန် ပွတ်သပ်နှိုးဆွပါ။

 

၃။ နားရွက်တွေကို အထူးအာရုံစိုက်ပါ

မိန်းကလေးရဲ့နားရွက်တွေကို ညှင်ညှင်သာသာလေးကိုက်ပါ၊ လျှာနဲ့လျက်ပါ။ ဆံနွယ်လေးတွေကို လက်နဲ့ကစားရင်း နားရွက်နားမှာ ထွက်လေကို ရှုထုတ်ပါ။

 

၎။ အာရုံခံစားနိုင်တဲ့နေရာတွေကို နှိပ်ပေးပါ

သူမရဲ့လည်တိုင်လေးက စပြီး အောက်ဖက်ကို ဆင်းသွားပါ။ ဒူးခေါင်းနောက်ဖက် တံခေါက်ခွက်နေရာ၊ ပေါင်အတွင်းသားစတဲ့ ခံစားမှုပိုစေတဲ့နေရာတွေနဲ့ သူမရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေးကိုပါ နှိပ်ပေးပါ။ ဘယ်လောက်လှုံ့ဆော်မှုဖြစ်လဲဆိုတာ စောင့်သာကြည့်ပါတော့။

 

၅။ အ၀တ်အစားတွေကို ဖြည်းဖြည်းချွတ်ပါ

မိန်းကလေးကို အ၀တ်ချွတ်ရတော့မယ်ဆိုရင် ဘယ်တော့မှ အလျှင်စလိုမလုပ်ပါနဲ့။ ဖြည်းဖြည်းချင်းလုပ်ပါ၊ အ၀တ်ကင်းမဲ့တဲ့ခန္ဓာကိုယ်ဆီကို ဖြည်းဖြည်းချင်းဆွဲဆောင်လာပါ။

 

၆။ လှုပ်ရှားမှုသစ်တစ်ခုခု ထုတ်သုံးပါ

သူမ မမျှော်လင့်ထားတဲ့အချိန်မှာ နမ်းလိုက်တာ၊ အနမ်းပေးနေတုန်းမှာ အတွင်းခံကို ချွတ်လိုက်တာ စသဖြင့် မိန်းကလေးဖက်က မျှော်လင့်မထားနိုင်တဲ့ကိစ္စတစ်ခုခုကို လုပ်လိုက်တာကလည်း သူမကို ပိုပြီးစိတ်လှုပ်ရှား တက်ကြွလာစေပါတယ်။

 

၇။ ရင်သားတွေကို သေချာကိုင်တွယ်ပါ

ယောင်္ကျားလေးတွေက နို့သီးခေါင်းလေးတွေကိုပဲ အာရုံစိုက်တတ်တယ်လို့ မိန်းကလေးတွေက ပြောတာရှိပါတယ်။ တကယ်ဆိုရင် သေချာအချိန်ပေးပြီး ရင်သားရဲ့ အခြားဘယ်နေရာတွေကရော သူမအတွက် ခံစားမှုကောင်းတဲ့နေရာဖြစ်မလဲဆိုတာကို အဖြေရှာသင့်ပါတယ်။ ပြီးတော့ မကြာခဏ ဒီနေရာကိုပြန်လာတာကိုလည်း မိန်းကလေးတွေက မျှော်လင့်တတ်ကြပါတယ်။

 

၈။ တပြိုင်နက်လှုပ်ရှားပါ

လျှာတစ်ချောင်း၊ လက်နှစ်ချောင်း၊ လက်ချောင်းဆယ်ချောင်းရှိပါတယ်။ လုပ်နိုင်တာတွေ အများကြီးပါ။ လက်ချောင်းလေးတွေနဲ့ ပန်းဖူးလေးကို ဆွပေးနေချိန်မှာ ရင်သားတွေကို နမ်းလို့ရပါတယ်။ ဒါမှမဟုတ် နောက်လက်တစ်ဖက်နဲ့ တစ်ကိုယ်လုံးကို ပွတ်သပ်ပေးလို့ ရပါတယ်။ သူမအတွက် ညည်းငြူနေရုံကလွဲပြီး ဘာမှလုပ်စရာရှိမှာ မဟုတ်ပါဘူး။

 

၉။ ပေါင်အတွင်းသားတွေကို နမ်းပါ

ပေါင်အတွင်းသားတွေကို နမ်းပါ၊ လျှာနဲ့ကစားပါ။ အပေါ်ကိုတဖြည်းဖြည်းတက်လာပါ။ ဟိုနေရာကိုတော့ သွားမထိပါနဲ့ဦး၊ အဓိကနေရာကို ဘယ်အချိန်လာမှာလဲဆိုတာကို မျှော်လင့်စောင့်စားနေရတာကိုက သူမကို စိတ်လှုပ်ရှားစေပါတယ်။ အဓိကနေရာကို လုပ်ပေးဖို့ တောင်းဆိုလာပါစေ။

 

၁၀။ မျက်လုံးထဲကို ကြည့်ပါ

ဒီအချက်က ဘာမှအရေးမကြီးဘူးလို့ ထင်ရပါတယ်။ ဒါ့ပေမယ့် မိန်းကလေးတွေ ချစ်တင်းနှောနေချိန်မှာ သူတို့ရဲ့အဖော်ယောင်္ကျားလေးက မျက်လုံးထဲကို စိုက်ကြည့်တာကို သဘောကျတတ်ကြပါတယ်။ သူတို့ကို ပိုပြီးတော့ သာယာမှုဖြစ်စေပါတယ်။ ဒါ့ကြောင့် သူမရဲ့အ၀တ်မဲ့ခန္ဓာကိုယ်မှာ လက်တွေလှုပ်ရှားနေပြီဆိုရင် မျက်လုံးအကြည့်ကလည်း အရေးကြီးပါတယ်။

 

၁၁။ ပန်းဖူးလေးကို ဂရုစိုက်ပေးလိုက်ပါ

အောက်ဖက်ကို ဆင်းပြီး လျှာဖျားလေးနဲ့ သူမရဲ့ပန်းဖူးလေးကို ထိုးဆွပေးတာက သူမအတွက် ဘာနဲ့မလဲနိုင်တဲ့ သာယာကျေနပ်မှုကို ရစေနိုင်မှာပါ။ အစပိုင်းမှာ ဖြည်းဖြည်းညှင်ညှင်သာသာလုပ်ပါ။ ပိုကြမ်းလာစေချင်ရင် သိသာပါတယ်။ သူမအတွက် အထိရောက်ဆုံးပုံစံကို သိအောင်ကြိုးစားပြီး အစွမ်းပြလိုက်ပါ။

 

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်

Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++++