အနာဂတ္အေအာင္ျမင္မႈအတြက္ ဘ၀အေတြ႕အၾကံဳမ်ား

အနာဂတ္အေအာင္ျမင္မႈအတြက္ ဘ၀အေတြ႕အၾကံဳမ်ား

[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

အနာဂတ်အအောင်မြင်မှုအတွက် ဘဝအတွေ့အကြုံများ

လူတိုင်းမှာ ပြန်ပြောပြစရာ ထူးထူးခြားခြားအကြောင်းအရာတွေ ကိုယ်စီကိုယ်ငှရှိတတ်ကြပါတယ်။ ကျွန်တော်တို့ တစ်ယောက်ချင်းစီတိုင်းမှာ ကျွန်တော်တို့ရဲ့လက်ရှိဘဝကို ပုံဖော်ပေးနိုင်တဲ့ အတွေ့အကြုံတွေ အနည်းအများဆိုသလို ရှိကြမှာပါ။ ဒီလို မတူကွဲပြားမှုတွေကနေ အခြားသူတစ်ယောက်ရဲ့အတွေ့အကြုံတွေကို လေ့လာပြီးသင်ယူနိုင်မယ်ဆိုရင် ကိုယ်ပိုင်ဘဝအတွက် သင်ခန်းစာတွေကိုရရှိနိုင်ပြီး ဘ၀အောင်မြင်ရေးအတွက် အထောက်အကူဖြစ်စေမှာပါ။ အနာဂတ်အောင်မြင်မှုအတွက် အသုံးဝင်မယ့် သိထားသင့်တဲ့ ဘဝအတွေ့အကြုံ (၂၃)ခုရှိပါတယ်။

၁။ အပြီးသတ်လုပ်ဆောင်နိုင်တဲ့ သာမန်စိတ်ကူးတစ်ခုက မပြီးစီးနိုင်တဲ့အကြံကောင်း (၁၀)ခုထက်သာပါတယ်။
ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပေမယ့် လက်တွေ့မပါပဲ စိတ်ကူးယဉ်နေတတ်သူတွေနဲ့ နှိုင်းယှဉ်ရင် တစ်ခုခုကို ပြီးစီးအောင်မြင်အောင် လုပ်တတ်သူတွေက ပိုပြီးတော့ အောင်မြင်တတ်ကြပါတယ်။ ဆိုလိုချင်တာက စိတ်ကူးတစ်ခုရှိရင် ဖြစ်မြောက်အောင် အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ဘ၀အောင်မြင်ရေးကို ဖြစ်နိုင်ချေအလားအလာနဲ့ တိုင်းတာလို့မရပါဘူး။ လုပ်ဆောင်ချက်နဲ့ပဲ တိုင်းတာလို့ရပါတယ်။ သင့်မှာ အရမ်းကောင်းတဲ့ စိတ်ကူး နှစ်ခု၊ သုံးခုမကလို့ (၁၀)ခုပဲ ရှိရှိ၊ အကောင်အထည်ပေါ်အောင်လုပ်ဆောင်နိုင်ခြင်း မရှိဘူးဆိုရင် သာမန်စိတ်ကူးလေးပဲရှိပေမယ့် လက်တွေ့လုပ်ဖြစ်တဲ့သူတွေက သင့်ကိုကျော်ဖြတ်အောင်မြင်သွားမှာ ဖြစ်ပါတယ်။ အောင်မြင်တဲ့သူတွေက ဘယ်ကိစ္စမဆို ပြီးမြောက်အောင် လုပ်ဆောင်တတ်ကြပါတယ်။ ဒါ့ကြောင့် စိတ်ကူးတစ်ခုရပြီဆိုတာနဲ့ ဘယ်လိုစိတ်ကူးမျိုးပဲ ဖြစ်နေပါစေ ပြီးမြောက်အောင် လုပ်ဆောင်ပါ။

၂။ သေရေးရှင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုရင် ကူညီနိုင်မယ်သူကို ရှာဖွေပါ။
ဒီလို အကူအညီရှာဖွေတာက အားနည်းတာမဟုတ်ပါဘူး။ အရည်အချင်းရှိတာဖြစ်ပါတယ်။ သင့်ရဲ့မာန်မာနတွေကို မျိုသိပ်ထားပါ။ ဘဝမျာ အခက်အခဲမျိုးစုံရှိပါတယ်။ ဘယ်အချိန်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ကျွန်တော်တို့အားလုံး မသိနိုင်ပါဘူး။ ကိုယ်တိုင် မစွမ်းဆောင်နိုင်တဲ့အရေးကိစ္စတွေအတွက် အကူအညီရှာဖို့ငြင်းဆန်နေတာက ရဲရင့်တာမဟုတ်ပါဘူး။ မျှော်လင့်မထားတဲ့ ထူးခြားကိစ္စတွေကို မဖြေရှင်းနိုင်တဲ့အခါမှာ ကျွန်တော်တို့အားလုံး စိတ်ပင်ပန်းပြီး ဒေါသဖြစ်လာကြပြီး တလွဲတချော်အလေ့အကျင့်တွေ ရလာတတ်ပါတယ်။ ဒါ့ကြောင့် လိုအပ်လာရင် အကူအညီတောင်းခံတတ်ဖို့ လိုပါတယ်။

၃။ သုံးနိုင်ဖြုန်းနိုင်တာက လက်ရှိအချိန်မှာ အထင်ကြီးစရာဖြစ်ပေမယ့် နောင်တစ်ချိန်မှာ ဒုက္ခဖြစ်စေပါတယ်။
ချမ်းသာကြွယ်ဝတယ်လို့ အထင်ခံရဖို့ ကြိုးစားရင်း မွဲမသွားပါစေနဲ့။ သင့်ရဲ့ဘဏ်အပ်ငွေစာရင်းထဲမှာ ကားတစ်စီးဝယ်လို့ရရုံ၊ တိုက်ခန်းတစ်ခန်းဝယ်နိုင်ရုံလောက် ငွေရှိပြီဆိုတာနဲ့ အသုံးစရိတ်အားလုံးကို အဆင်ပြေနိုင်မယ်လို့ မထင်ပါနဲ့။ အကောင်းဆုံးနည်းလမ်းက ရှာနိုင်သလောက်ပဲ သုံးတာဖြစ်ပါတယ်။ တကယ်ဆိုရင် ရှာနိုင်တာထက် ပိုလျှော့ပြီးသုံးသင့်တာ ဖြစ်ပါတယ်။ အရေးပေါ်သုံးစွဲဖို့ ငွေကြေးကို သီးသန့်စုထားပါ။ အရေးပေါ်စုငွေစုဆောင်းချိန် ခြောက်လပြည့်ပြီဆိုရင် ရင်းနှီးမြုပ်နှံမှုလုပ်ဆောင်ဖို့အတွက် နောက်ထပ်ငွေစာရင်းသစ်တစ်ခုနဲ့ ထပ်စုဆောင်းပါ။ သင့်ရရှိတဲ့ငွေကြေးကို အကောင်းစားပစ္စည်းတွေ ဝယ်သုံးတာ၊ ဈေးကြီးပေးရတဲ့ စားသောက်ဖွယ်ရာတွေ စားသုံးပြီး သုံးနိုင်ဖြုန်းနိုင်ပုံစံဖမ်းတာက မိုက်မဲတာပဲ ဖြစ်ပါတယ်။

၄။ စိတ်အားထက်သန်မှုကို လေ့ကျင့်ပျိုးထောင်ပါ။
သင့်ကို စောင့်ကြိုနေမယ့် အကောင်းဆုံးအလုပ်အကိုင်၊ အခွင့်အရေးဆိုတာ မရှိပါဘူး။ စိတ်အားထက်သန်မှုကို ပျိုးထောင်တတ်ပြီဆိုရင် ဘာအလုပ်ပဲဖြစ်ဖြစ် ထူးခြားတဲ့သဘောတရားတွေကို တွေ့ရှိလာမှာပါ။ သင့်ရဲ့ စိတ်အားထက်သန်မှုကို ရှာဖွေတယ်ဆိုတာက တစ်ခုခုမှာ အာရုံစိုက်နိုင်အောင် ကြိုးစားတာပဲပြီး လုပ်ဆောင်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပျော်ရွှင်မှုကို ရရှိလာတာပဲဖြစ်ပါတယ်။ သင့်ဘဝအတွက် တစ်ခုခုကို မဖြစ်မနေ လုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ စိတ်အားထက်သန်မှုကို ရရှိလာမှာပါ။

၅။ မိသားစုနဲ့ အဆင်ပြေငြိမ်းချမ်းအောင် နေထိုင်ပါ။
လူတစ်ချို့မှာ မိသားစုနဲ့ပတ်သက်ပြီး မကျေနပ်စရာအတိတ်တွေ ရှိတတ်ကြပါတယ်။ ဒီလို မိသားစုဝင်တွေက ဒုက္ခပေးတာကို ငြိမ်ခံနေဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အဓိကဆိုလိုချင်တာက ကျွန်တော်တို့အားလုံး တစ်နေရာရာကနေ လာခဲ့ကြပါတယ်။ ကိုယ်ပိုင်ဘဝကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါ့ကြောင့် အတိတ်မှာ ဘယ်လိုမကျေနပ်စရာတွေပဲ ရှိနေပါစေ၊ ကျွန်တော်တို့လာခဲ့တဲ့နေရာနဲ့ ငြိမ်းချမ်းသင့်မြတ်နေဖို့ အရေးကြီးပါတယ်။ ဒါမှ ကျွန်တော်တို့အားလုံး ရှေ့ကိုဆက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

၆။ သင် ဘယ်ကိုသွားသွား ပြဿနာတွေ၊ လူမှုရေးကိစ္စတွေနဲ့ အခက်အခဲတွေက လိုက်လာမှာဖြစ်ပါတယ်။
စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့ ဝေးရာကို ဘယ်လောက်ပဲပြေးပြေး၊ ပြဿာနာတွေ၊ အခက်အခဲတွေက လိုက်လာမှာ ဖြစ်ပါတယ်။ သူတို့ကို ရင်ဆိုင်မဖြေရှင်းသ၍ လိုက်နေမှာပါ။ သင့်အနေနဲ့ ပြဿနာတွေနဲ့ ဝေးရာကို ထွက်သွားပြီး အားလုံးအေးဆေးဖြစ်သွားပြီလို့ ထင်ချင်ထင်မိမှာပါ။ ဒါပေမယ့် တချိန်ချိန်မှာ ဒီလိုလူတွေနဲ့ ဒီလိုအလားတူအခြေအနေတွေ ပြန်ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်စိတ်ကို ပြင်ဆင်ရုံသာမက အမြင်တွေကို ပြောင်းလဲပြီး အားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။

၇။ အလွယ်တကူရတဲ့ ငွေကြေးက ဖြေရှင်းရခက်တဲ့ ပြဿနာတွေ သယ်ဆောင်လာတတ်တယ်။
ငွေကြေးများလေလေ ပြဿနာများလေလေပါပဲ။ ခိုးယူတာ၊ အလွဲသုံးစားလုပ်တာ စသဖြင့် မမှန်ကန်တဲ့နည်းလမ်းတွေက ရတဲ့ဝင်ငွေမှာ ပြန်လည်ပေးဆပ်ရမယ့် တန်ရာတန်ကြေးရှိတယ်ဆိုတာကို သတိပြုပါ။

၈။ သင့်ဘဝကို စိတ်ပျက်စရာဖြစ်သွားအောင် လုပ်နိုင်သူတွေကို သတိထားပါ။
သင့်ရဲ့ဘဝက ဘာမှသုံးစားလို့မရတဲ့ စိတ်ပျက်စရာတစ်ခုအဖြစ် ယုံကြည်သွားအောင် လုပ်နိုင်တဲ့ လူတွေအများကြီးရှိပါတယ်။ ဒီလိုလူတွေနဲ့တွေ့ရင် ပြုံးပြပြီးတော့ နှုတ်ဆက်ပါ။ ဒါပေမယ့် သူတို့ပြောတာတွေထဲက ဘယ်အရာတွေက သင့်အတွက် မှန်ကန်တယ်၊ ဘယ်အရာတွေက မှားယွင်းနေတယ်ဆိုတာကို နားလည်သိတတ်ဖို့တော့ လိုပါတယ်။

၉။ သင်လေးစားတဲ့ ပုဂ္ဂိုဟ်တွေလို ဖြစ်လာနိုင်တယ်။
သင် အထင်ကြီးလေးစားတဲ့ ပုဂ္ဂိုဟ်တွေလိုမျိုး ဖြစ်မလာဘူးဆိုရင်တောင်မှ သင့်ရဲ့ဦးနှောက်က အလေ့အကျင့်အသစ်တွေနဲ့ သတင်းအချက်အလက်အသစ်တွေကို ကွဲပြားခြားနားတဲ့ အမြင်နဲ့ မြင်တတ်လာမှာ ဖြစ်ပါတယ်။ သင့်ရဲ့အလေ့အကျင့်နဲ့ အပြုအမူတွေက သင့်ရဲ့လက်တွေ့ဘဝကို ပုံဖော်ပေးနိုင်လာမှာ ဖြစ်ပါတယ်။

၁၀။ နေ့ချင်းညချင်းအောင်မြင်မှုဆိုတာက နှစ်ရှည်လာများဆုံးဖြတ်ချက်နဲ့ အလေ့အကျင့်တွေက ဖြစ်လာတယ်။
ရှင်းလင်းပြတ်သားတဲ့ အာရုံစူးစိုက်မှုရှိပြီး အလုပ်ကြိုးစားမယ်ဆိုရင် အချိန်ကစကားပြောလာပါလိမ့်မယ်။ လမ်းကြောင်းမှန်ကို လျှောက်လှမ်းနေဖို့တော့ အရေးကြီးပါတယ်။ ဒါ့အပြင် အောင်မြင်ဖို့အတွက် အချိန်ဘယ်လောက်ကြာမလဲဆိုတာက ခန့်မှန်းရခက်ပါတယ်။ သင့်လိုချင်တာ မရမချင်း အလုပ်က ပြီးမှာမဟုတ်ပါဘူး။

၁၁။ မသေမချင်း နောက်ကျသွားတယ်ဆိုတာ မရှိပါဘူး။
သင့်ရဲ့စိတ်ကူးအိပ်မက်တွေမှာ သက်တမ်းကုန်ဆုံးရက်ဆိုတာ မရှိပါဘူး။ သင့်ထက် ဆိုးတဲ့အခြေအနေတွေ၊ အခွင့်အလမ်းတွေကနေ ရုန်းထွက်အောင်မြင်လာခဲ့သူတွေ အများကြီးရှိပါတယ်။ ဒီလိုလုပ်နိုင်ကြတာဟာ ဘယ်အခြေအနေပဲရောက်ရောက် သူတို့ရဲ့အိပ်မက်တွေကို မစွန့်လွှတ်လိုက်ပဲ လက်တွေ့ဖြစ်လာအောင် ကြိုးစားနေကြလို့ပဲ ဖြစ်ပါတယ်။

၁၂။ စိတ်ဖိစီးမှု၊ စိတ်အားထက်သန်မှုမရှိခြင်းနဲ့ စိတ်ခံစားမှုမကောင်းတာတွေက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေက သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာနိုင်ပါတယ်။ ယောဂလေ့ကျင့်ပါ။ လေ့ကျင့်ခန်းတွေလုပ်ပါ။ သင်သဘောကျတဲ့လူတွေနဲ့ မိတ်ဆွေဖွဲ့ပြီး စကားပြောပါ။ သင့်ရဲ့ စိတ်ဖိစီးမှုတွေ၊ အငြိုးအတေးတွေနဲ့ ဝမ်းနမည်းမှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေလိုက်နာပါ။

၁၃။ စဉ်းစားနေရုံနဲ့ ဘာလုပ်ရမလဲမသိနိုင်ပါဘူး။ တကယ်လုပ်မှ သိနိုင်မှာပါ။
သင့်ကို အခက်ကြုံစေခဲ့တဲ့ ခံယူချက်တွေ၊ နည်းလမ်းတွေနဲ့ သင့်ဘဝကို ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ ဒီအတွက် တစ်ခုတည်းသော အဖြေက နည်းလမ်းသစ်တွေကို လေ့လာသင်ယူဖို့ပါ။ ဒါပေမယ့် တကယ်လုပ်ဖြစ်ဖို့တော့ လိုပါတယ်။ စာအုပ်တွေဖတ်ပါ။ ဟောပြောပွဲတွေ သွားတက်ပါ။ ပြီးရင် လက်တွေ့အသုံးချနိုင်အောင် လုပ်ဆောင်ပါ။ ဒီလိုမှမဟုတ်ရင် ဘာမှပြောင်းလဲလာမှာ မဟုတ်ပါဘူး။

၁၄။ ဘဝဆိုတာက စမ်းသပ်မှုတွေ အမှားတွေနဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ သင်ကြိုးစားကြည့်ဖို့ နှောင့်နှေးနေတာနဲ့ အမျှ ပျော်ရွှင်မှုတွေနဲ့ အလှမ်းဝေးနေမှာဖြစ်ပါတယ်။
အဆင်သင့်ဖြစ်တဲ့အထိ စောင့်မနေပါနဲ့၊ ပြီးပြည့်စုံတဲ့အချိန်ဆိုတာ မရှိပါဘူး။ ပြီးတော့ လုပ်စရာရှိတာ လုပ်နေသ၍ သင်လိုချင်တဲ့ အောင်မြင်မှုနဲ့ နီးသထက်နီးလာမှာပါ။ သင့်အတွက် လိုအပ်တာတစ်ခုက ကျရှုံးမှာကို စိုးရိမ်မနေဖို့ပဲ ဖြစ်ပါတယ်။ ကျရှုံးသွားမှသာ အမှားတွေက သင်ခန်းစာယူပြီး ပိုပြီးမှန်ကန်လာအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။

၁၅။ လုပ်ချင်စိတ်မရှိဘူးဆိုရင်တောင် လုပ်ဖို့လိုပါတယ်။
သင့်အနေနဲ့ အချိန်တိုင်းမှာ စိတ်အားတက်ကြွနေမှာမဟုတ်ပါဘူး။ ရည်မှန်းထားတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာ သင်လုပ်စရာရှိတာတွေကို မလုပ်ချင်ဘူးဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ သင်ဘာကြောင့် လုပ်နေရတာလဲဆိုတာကို ပြန်စဉ်းစားပါ။ သင့်ကိုယ်သင် အားပေးပါ။ ဒီလိုမှ မလုပ်ချင်သေးဘူးဆိုရင်လည်း လုပ်စရာရှိတာကို ထလုပ်ပါ။ ဘာပဲဖြစ်ဖြစ် အာရုံစိုက်ပြီး လုပ်ပါ။

၁၆။ အလေ့အကျင့်တွေကို ပြောင်းလဲလိုက်ဖို့ လိုပါတယ်။
သင့်ရဲ့ မကောင်းတဲ့အလေ့အကျင့်တွေကို အခြားအလေ့အကျင့်တွေနဲ့ အစားထိုးပြောင်းလဲဖို့ လိုပါတယ်။ ဥပမာပြောရရင် စိတ်ညစ်လာတိုင်း အစားများများစားတတ်တဲ့အလေ့အကျင့်ရှိတယ်ဆိုကြပါစို့။ နောက်တစ်ခါ စိတ်ညစ်လာပြီဆိုရင် အစားတစ်ခုခုစားမယ့်အစား (၃)မိုင်လောက် အပြေးလေ့ကျင့်လိုက်ပါ။ ကြားရတာ ထူးခြားနေပါလိမ့်မယ်။ ဒါပေမယ့် မကောင်းတဲ့အလေ့အကျင့်တွေကို ဖျောက်ဖျက်ပစ်လိုက်မှာ သင့်ကိုယ်သင် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

၁၇။ ပြောင်းလဲစရာရှိတာတွေကို ထိန်းချုပ်နိုင်တုန်း ပြောင်းလဲပါ။
ဘဝဆိုတာက မဖြစ်မနေဖြတ်သန်းရမယ့်အရာတစ်ခုပါ။ ပြောင်းလဲသင့်တာတွေကို ပြောင်းလဲပြီး ဘဝမှာကြုံတွေ့လာတဲ့ အခက်အခဲတွေကို မဖြေရှင်းဘူးဆိုရင် ပြဿနာက ထိန်းချုပ်လို့မရနိုင်တဲ့အထိ ကြီးမားလာနိုင်ပါတယ်။ ဒါ့ောကာင့် ပြောင်းလဲသင့်တာတွေကို အချိန်မှီပြောင်းလဲတတ်ဖို့ လိုပါတယ်။

၁၈။ သင် အာရုံစိုက်ထားတာကို သင်ရရှိမယ်။
အမြဲတမ်း ညည်းတွားပြီး မြည်တွန်တောက်တီးနေရုံနဲ့ သင်လိုချင်တဲ့ ဖြေရှင်းချက်ကို ရရှိမှာမဟုတ်ပါဘူး။ ဒီလိုလုပ်နေလို့ အခက်အခဲတွေထဲမှာ ပိုပြီးနစ်မျောသွားဖို့ပဲ ရှိပါတယ်။ ဒါ့ကြောင့် လိုချင်တာ၊ ဖြစ်ချင်တာတွေပေါ်မှာ အာရုံစိုက်ထားပြီး စိတ်ထဲမှာအမြဲထည့်ထားမယ်ဆိုရင် ဖြေရှင်းချက်ကို အလွယ်တကူတွေ့နိုင်မှာ ဖြစ်သလို အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကိုလည်း လျှောက်လှမ်းသွားနိုင်မှာ ဖြစ်ပါတယ်။

၁၉။ အပေါင်းအသင်းကောင်းတွေ ရှိပါစေ။
မိတ်ဆွေအပေါင်းအသင်းတွေကို အရေးကြီးပါတယ်။ သင်တတ်နိုင်သမျှ သူငယ်ချင်းကောင်းတွေ ရှိနေပါစေ။ သင်နဲ့အတူ အချိန်ဖြုန်းတဲ့ အပေါင်းအသင်းတွေအတိုင်း သင်ကဖြစ်လာမှာပါ။

၂၀။ လူတွေက အံ့ဩစရာကောင်းတယ်။
သင့်အတွက် သိပ်အရေးမပါဘူးလို့ ထင်ရတဲ့သူတွေက အကောင်းဆုံးသစ္စာရှိ သူငယ်ချင်းတွေဖြစ်လာနိုင်သလို အကောင်းဆုံးလို့ ထင်တဲ့သူတွေကလည်း သင့်ကိုနာကျင်စေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရှိအတိုင်းလက်ခံပါ။ လူသစ်တွေနဲ့ တွေ့ဆုံပါ။ သင့်ရဲ့လျို့ဝှက်ချက်တွေကိုတော့ မသိပါစေနဲ့။ လိုအပ်တဲ့အတိုင်းအတာအထိပဲ ဝေမျှပါ။

၂၁။ အရေးပေါ်ရန်ပုံငွေ ထားရှိပါ။
သင့်ဝင်ငွေစုစုပေါင်းရဲ့ အနည်းဆုံး(၁၀)ရာခိုင်နှုန်းကနေ (၃၀)ရာခိုင်နှုန်းလောက်ကို စုဆောင်ပါ။ ရင်းနှီးမြုပ်နှံဖို့ ဖယ်ထားပါ။ ဒီလိုငွေစုဆောင်းဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အတိုင်းအတာတစ်ခုအထိ စုဆောင်းပြီးရင် ငွေကြေးကို စီမံခန့်ခွဲတတ်ဖို့ သင်ယူပါ။

၂၂။ ဘဝဆိုတာ သင်ဖန်တီးတဲအတိုင်း ဖြစ်လာတာပါ။
သင့်ဘဝကို အခြားတစ်ယောက်က ဖန်တီးပေးလို့ မရနိုင်ပါဘူး။ လေ့လာပါ။ ဖွံ့ဖြိုးတိုးတက်လာပါစေ၊ စူးစမ်းရှာဖွေဖော်ထုတ်ပါ။ ဘာပဲလုပ်လုပ် ရလဒ်တစ်ခုခုရအောင် လုပ်ပါ။

၂၃။ အဆင်သင့်မဖြစ်ခင်မှာ စတင်ပါ။
ဒီအချက်က သင့်ရဲ့စိတ်ကူးအိပ်မက်တွေကို လက်တွေ့ဖြစ်လာစေဖို့ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။

[/showhide]

လူတိုင္းမွာ ျပန္ေျပာျပစရာ ထူးထူးျခားျခားအေၾကာင္းအရာေတြ ကိုယ္စီကိုယ္ငွရွိတတ္ၾကပါတယ္။ ကၽြန္ေတာ္တို႔ တစ္ေယာက္ခ်င္းစီတိုင္းမွာ ကၽြန္ေတာ္တို႔ရဲ႕လက္ရွိဘ၀ကို ပံုေဖာ္ေပးႏိုင္တဲ့ အေတြ႕အၾကံဳေတြ အနည္းအမ်ားဆိုသလို ရွိၾကမွာပါ။ ဒီလို မတူကြဲျပားမႈေတြကေန အျခားသူတစ္ေယာက္ရဲ႕အေတြ႕အၾကံဳေတြကို ေလ့လာၿပီးသင္ယူႏိုင္မယ္ဆိုရင္ ကိုယ္ပိုင္ဘ၀အတြက္ သင္ခန္းစာေတြကိုရရွိႏိုင္ၿပီး ဘ၀ေအာင္ျမင္ေရးအတြက္ အေထာက္အကူျဖစ္ေစမွာပါ။ အနာဂတ္ေအာင္ျမင္မႈအတြက္ အသံုး၀င္မယ့္ သိထားသင့္တဲ့ ဘ၀အေတြ႕အၾကံဳ (၂၃)ခုရွိပါတယ္။

၁။ အၿပီးသတ္လုပ္ေဆာင္ႏိုင္တဲ့ သာမန္စိတ္ကူးတစ္ခုက မၿပီးစီးႏိုင္တဲ့အၾကံေကာင္း (၁၀)ခုထက္သာပါတယ္။

ဉာဏ္ရည္ဉာဏ္ေသြးထက္ျမက္ေပမယ့္ လက္ေတြ႕မပါပဲ စိတ္ကူးယဥ္ေနတတ္သူေတြနဲ႔ ႏႈိင္းယွဥ္ရင္ တစ္ခုခုကို ၿပီးစီးေအာင္ျမင္ေအာင္ လုပ္တတ္သူေတြက ပိုၿပီးေတာ့ ေအာင္ျမင္တတ္ၾကပါတယ္။ ဆိုလိုခ်င္တာက စိတ္ကူးတစ္ခုရွိရင္ ျဖစ္ေျမာက္ေအာင္ အေကာင္အထည္ေဖာ္ရမွာ ျဖစ္ပါတယ္။ ဘ၀ေအာင္ျမင္ေရးကို ျဖစ္ႏိုင္ေခ်အလားအလာနဲ႔ တိုင္းတာလို႔မရပါဘူး။ လုပ္ေဆာင္ခ်က္နဲ႔ပဲ တိုင္းတာလို႔ရပါတယ္။ သင့္မွာ အရမ္းေကာင္းတဲ့ စိတ္ကူး ႏွစ္ခု၊ သံုးခုမကလို႔ (၁၀)ခုပဲ ရွိရွိ၊ အေကာင္အထည္ေပၚေအာင္လုပ္ေဆာင္ႏိုင္ျခင္း မရွိဘူးဆိုရင္ သာမန္စိတ္ကူးေလးပဲရွိေပမယ့္ လက္ေတြ႕လုပ္ျဖစ္တဲ့သူေတြက သင့္ကိုေက်ာ္ျဖတ္ေအာင္ျမင္သြားမွာ ျဖစ္ပါတယ္။ ေအာင္ျမင္တဲ့သူေတြက ဘယ္ကိစၥမဆို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ စိတ္ကူးတစ္ခုရၿပီဆိုတာနဲ႔ ဘယ္လိုစိတ္ကူးမ်ိဳးပဲ ျဖစ္ေနပါေစ ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ပါ။

၂။ ေသေရးရွင္ေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ၾကံဳေတြ႕ရမယ္ဆိုရင္ ကူညီႏိုင္မယ္သူကို ရွာေဖြပါ။

ဒီလို အကူအညီရွာေဖြတာက အားနည္းတာမဟုတ္ပါဘူး။ အရည္အခ်င္းရွိတာျဖစ္ပါတယ္။ သင့္ရဲ႕မာန္မာနေတြကို မ်ိဳသိပ္ထားပါ။ ဘ၀မ်ာ အခက္အခဲမ်ိဳးစံုရွိပါတယ္။ ဘယ္အခ်ိန္မွာ ဘာေတြျဖစ္လာႏိုင္မလဲဆိုတာကို ကၽြန္ေတာ္တို႔အားလံုး မသိႏိုင္ပါဘူး။ ကိုယ္တိုင္ မစြမ္းေဆာင္ႏိုင္တဲ့အေရးကိစၥေတြအတြက္ အကူအညီရွာဖို႔ျငင္းဆန္ေနတာက ရဲရင့္တာမဟုတ္ပါဘူး။ ေမွ်ာ္လင့္မထားတဲ့ ထူးျခားကိစၥေတြကို မေျဖရွင္းႏိုင္တဲ့အခါမွာ ကၽြန္ေတာ္တို႔အားလံုး စိတ္ပင္ပန္းၿပီး ေဒါသျဖစ္လာၾကၿပီး တလြဲတေခ်ာ္အေလ့အက်င့္ေတြ ရလာတတ္ပါတယ္။ ဒါ့ေၾကာင့္ လိုအပ္လာရင္ အကူအညီေတာင္းခံတတ္ဖို႔ လိုပါတယ္။

၃။ သံုးႏိုင္ျဖဳန္းႏိုင္တာက လက္ရွိအခ်ိန္မွာ အထင္ႀကီးစရာျဖစ္ေပမယ့္ ေနာင္တစ္ခ်ိန္မွာ ဒုကၡျဖစ္ေစပါတယ္။

ခ်မ္းသာၾကြယ္၀တယ္လို႔ အထင္ခံရဖို႔ ႀကိဳးစားရင္း မြဲမသြားပါေစနဲ႔။ သင့္ရဲ႕ဘဏ္အပ္ေငြစာရင္းထဲမွာ ကားတစ္စီး၀ယ္လို႔ရ႐ုံ၊ တိုက္ခန္းတစ္ခန္း၀ယ္ႏိုင္႐ုံေလာက္ ေငြရွိၿပီဆိုတာနဲ႔ အသံုးစရိတ္အားလံုးကို အဆင္ေျပႏိုင္မယ္လို႔ မထင္ပါနဲ႔။ အေကာင္းဆံုးနည္းလမ္းက ရွာႏိုင္သေလာက္ပဲ သံုးတာျဖစ္ပါတယ္။ တကယ္ဆိုရင္ ရွာႏိုင္တာထက္ ပိုေလွ်ာ့ၿပီးသံုးသင့္တာ ျဖစ္ပါတယ္။ အေရးေပၚသံုးစြဲဖို႔ ေငြေၾကးကို သီးသန္႔စုထားပါ။ အေရးေပၚစုေငြစုေဆာင္းခ်ိန္ ေျခာက္လျပည့္ၿပီဆိုရင္ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ေဆာင္ဖို႔အတြက္ ေနာက္ထပ္ေငြစာရင္းသစ္တစ္ခုနဲ႔ ထပ္စုေဆာင္းပါ။ သင့္ရရွိတဲ့ေငြေၾကးကို အေကာင္းစားပစၥည္းေတြ ၀ယ္သံုးတာ၊ ေစ်းႀကီးေပးရတဲ့ စားေသာက္ဖြယ္ရာေတြ စားသံုးၿပီး သံုးႏိုင္ျဖဳန္းႏိုင္ပံုစံဖမ္းတာက မိုက္မဲတာပဲ ျဖစ္ပါတယ္။

၄။ စိတ္အားထက္သန္မႈကို ေလ့က်င့္ပ်ိဳးေထာင္ပါ။

သင့္ကို ေစာင့္ႀကိဳေနမယ့္ အေကာင္းဆံုးအလုပ္အကိုင္၊ အခြင့္အေရးဆိုတာ မရွိပါဘူး။ စိတ္အားထက္သန္မႈကို ပ်ိဳးေထာင္တတ္ၿပီဆိုရင္ ဘာအလုပ္ပဲျဖစ္ျဖစ္ ထူးျခားတဲ့သေဘာတရားေတြကို ေတြ႕ရွိလာမွာပါ။ သင့္ရဲ႕ စိတ္အားထက္သန္မႈကို ရွာေဖြတယ္ဆိုတာက တစ္ခုခုမွာ အာ႐ုံစိုက္ႏိုင္ေအာင္ ႀကိဳးစားတာပဲၿပီး လုပ္ေဆာင္ရျခင္းရဲ႕ ရည္ရြယ္ခ်က္နဲ႔ ေပ်ာ္ရႊင္မႈကို ရရွိလာတာပဲျဖစ္ပါတယ္။ သင့္ဘ၀အတြက္ တစ္ခုခုကို မျဖစ္မေန လုပ္ေတာ့မယ္လို႔ ဆံုးျဖတ္လိုက္ၿပီဆိုတာနဲ႔ စိတ္အားထက္သန္မႈကို ရရွိလာမွာပါ။

၅။ မိသားစုနဲ႔ အဆင္ေျပၿငိမ္းခ်မ္းေအာင္ ေနထိုင္ပါ။

လူတစ္ခ်ိဳ႕မွာ မိသားစုနဲ႔ပတ္သက္ၿပီး မေက်နပ္စရာအတိတ္ေတြ ရွိတတ္ၾကပါတယ္။ ဒီလို မိသားစု၀င္ေတြက ဒုကၡေပးတာကို ၿငိမ္ခံေနဖို႔ ဆိုလိုတာမဟုတ္ပါဘူး။ အဓိကဆိုလိုခ်င္တာက ကၽြန္ေတာ္တို႔အားလံုး တစ္ေနရာရာကေန လာခဲ့ၾကပါတယ္။ ကိုယ္ပိုင္ဘ၀ကို ေရြးခ်ယ္ခဲ့ၾကပါတယ္။ ဒါ့ေၾကာင့္ အတိတ္မွာ ဘယ္လိုမေက်နပ္စရာေတြပဲ ရွိေနပါေစ၊ ကၽြန္ေတာ္တို႔လာခဲ့တဲ့ေနရာနဲ႔ ၿငိမ္းခ်မ္းသင့္ျမတ္ေနဖို႔ အေရးႀကီးပါတယ္။ ဒါမွ ကၽြန္ေတာ္တို႔အားလံုး ေရွ႕ကိုဆက္လွမ္းႏိုင္မွာ ျဖစ္ပါတယ္။

၆။ သင္ ဘယ္ကိုသြားသြား ျပႆနာေတြ၊ လူမႈေရးကိစၥေတြနဲ႔ အခက္အခဲေတြက လိုက္လာမွာျဖစ္ပါတယ္။

စိတ္ပ်က္စရာေကာင္းတဲ့ဘ၀နဲ႔ ေ၀းရာကို ဘယ္ေလာက္ပဲေျပးေျပး၊ ျပႆာနာေတြ၊ အခက္အခဲေတြက လိုက္လာမွာ ျဖစ္ပါတယ္။ သူတို႔ကို ရင္ဆိုင္မေျဖရွင္းသ၍ လိုက္ေနမွာပါ။ သင့္အေနနဲ႔ ျပႆနာေတြနဲ႔ ေ၀းရာကို ထြက္သြားၿပီး အားလံုးေအးေဆးျဖစ္သြားၿပီလို႔ ထင္ခ်င္ထင္မိမွာပါ။ ဒါေပမယ့္ တခ်ိန္ခ်ိန္မွာ ဒီလိုလူေတြနဲ႔ ဒီလိုအလားတူအေျခအေနေတြ ျပန္ၾကံဳေတြ႕ရမွာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္စိတ္ကို ျပင္ဆင္႐ုံသာမက အျမင္ေတြကို ေျပာင္းလဲၿပီး အားလံုးကို ရင္ဆိုင္ေျဖရွင္းႏိုင္ဖို႔ လိုပါတယ္။

၇။ အလြယ္တကူရတဲ့ ေငြေၾကးက ေျဖရွင္းရခက္တဲ့ ျပႆနာေတြ သယ္ေဆာင္လာတတ္တယ္။

ေငြေၾကးမ်ားေလေလ ျပႆနာမ်ားေလေလပါပဲ။ ခိုးယူတာ၊ အလြဲသံုးစားလုပ္တာ စသျဖင့္ မမွန္ကန္တဲ့နည္းလမ္းေတြက ရတဲ့၀င္ေငြမွာ ျပန္လည္ေပးဆပ္ရမယ့္ တန္ရာတန္ေၾကးရွိတယ္ဆိုတာကို သတိျပဳပါ။

 ၈။ သင့္ဘ၀ကို စိတ္ပ်က္စရာျဖစ္သြားေအာင္ လုပ္ႏိုင္သူေတြကို သတိထားပါ။

သင့္ရဲ႕ဘ၀က ဘာမွသံုးစားလို႔မရတဲ့ စိတ္ပ်က္စရာတစ္ခုအျဖစ္ ယုံၾကည္သြားေအာင္ လုပ္ႏိုင္တဲ့ လူေတြအမ်ားႀကီးရွိပါတယ္။ ဒီလိုလူေတြနဲ႔ေတြ႕ရင္ ျပံဳးျပၿပီးေတာ့ ႏႈတ္ဆက္ပါ။ ဒါေပမယ့္ သူတို႔ေျပာတာေတြထဲက ဘယ္အရာေတြက သင့္အတြက္ မွန္ကန္တယ္၊ ဘယ္အရာေတြက မွားယြင္းေနတယ္ဆိုတာကို နားလည္သိတတ္ဖို႔ေတာ့ လိုပါတယ္။

၉။ သင္ေလးစားတဲ့ ပုဂၢိဳဟ္ေတြလုိ ျဖစ္လာႏိုင္တယ္။

သင္ အထင္ႀကီးေလးစားတဲ့ ပုဂၢိဳဟ္ေတြလိုမ်ိဳး ျဖစ္မလာဘူးဆိုရင္ေတာင္မွ သင့္ရဲ႕ဦးေႏွာက္က အေလ့အက်င့္အသစ္ေတြနဲ႔ သတင္းအခ်က္အလက္အသစ္ေတြကို ကြဲျပားျခားနားတဲ့ အျမင္နဲ႔ ျမင္တတ္လာမွာ ျဖစ္ပါတယ္။ သင့္ရဲ႕အေလ့အက်င့္နဲ႔ အျပဳအမူေတြက သင့္ရဲ႕လက္ေတြ႕ဘ၀ကို ပံုေဖာ္ေပးႏိုင္လာမွာ ျဖစ္ပါတယ္။

၁၀။ ေန႔ခ်င္းညခ်င္းေအာင္ျမင္မႈဆိုတာက ႏွစ္ရွည္လာမ်ားဆံုးျဖတ္ခ်က္နဲ႔ အေလ့အက်င့္ေတြက ျဖစ္လာတယ္။

ရွင္းလင္းျပတ္သားတဲ့ အာ႐ုံစူးစိုက္မႈရွိၿပီး အလုပ္ႀကိဳးစားမယ္ဆိုရင္ အခ်ိန္ကစကားေျပာလာပါလိမ့္မယ္။ လမ္းေၾကာင္းမွန္ကို ေလွ်ာက္လွမ္းေနဖို႔ေတာ့ အေရးႀကီးပါတယ္။ ဒါ့အျပင္ ေအာင္ျမင္ဖို႔အတြက္ အခ်ိန္ဘယ္ေလာက္ၾကာမလဲဆိုတာက ခန္႔မွန္းရခက္ပါတယ္။ သင့္လိုခ်င္တာ မရမခ်င္း အလုပ္က ၿပီးမွာမဟုတ္ပါဘူး။

၁၁။ မေသမခ်င္း ေနာက္က်သြားတယ္ဆိုတာ မရွိပါဘူး။

သင့္ရဲ႕စိတ္ကူးအိပ္မက္ေတြမွာ သက္တမ္းကုန္ဆံုးရက္ဆိုတာ မရွိပါဘူး။ သင့္ထက္ ဆိုးတဲ့အေျခအေနေတြ၊ အခြင့္အလမ္းေတြကေန ရုန္းထြက္ေအာင္ျမင္လာခဲ့သူေတြ အမ်ားႀကီးရွိပါတယ္။ ဒီလိုလုပ္ႏိုင္ၾကတာဟာ ဘယ္အေျခအေနပဲေရာက္ေရာက္ သူတို႔ရဲ႕အိပ္မက္ေတြကို မစြန္႔လႊတ္လိုက္ပဲ လက္ေတြ႔ျဖစ္လာေအာင္ ႀကိဳးစားေနၾကလို႔ပဲ ျဖစ္ပါတယ္။

၁၂။ စိတ္ဖိစီးမႈ၊ စိတ္အားထက္သန္မႈမရွိျခင္းနဲ႔ စိတ္ခံစားမႈမေကာင္းတာေတြက ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြ ျဖစ္ေစႏိုင္ပါတယ္။

စိတ္ပိုင္းဆိုင္ရာ ၀န္ထုပ္၀န္ပိုးေတြက သင့္ရဲ႕႐ုပ္ပိုင္းဆိုင္ရာကိုပါ ထိခိုက္လာႏိုင္ပါတယ္။ ေယာဂေလ့က်င့္ပါ။ ေလ့က်င့္ခန္းေတြလုပ္ပါ။ သင္သေဘာက်တဲ့လူေတြနဲ႔ မိတ္ေဆြဖြဲ႕ၿပီး စကားေျပာပါ။ သင့္ရဲ႕ စိတ္ဖိစီးမႈေတြ၊ အၿငိဳးအေတးေတြနဲ႔ ၀မ္းနမည္းမႈေတြကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြလုိက္နာပါ။

၁၃။ စဥ္းစားေန႐ုံနဲ့ ဘာလုပ္ရမလဲမသိႏိုင္ပါဘူး။ တကယ္လုပ္မွ သိႏိုင္မွာပါ။

သင့္ကို အခက္ၾကံဳေစခဲ့တဲ့ ခံယူခ်က္ေတြ၊ နည္းလမ္းေတြနဲ႔ သင့္ဘ၀ကို ေျပာင္းလဲႏိုင္မွာမဟုတ္ပါဘူး။ ဒီအတြက္ တစ္ခုတည္းေသာ အေျဖက နည္းလမ္းသစ္ေတြကို ေလ့လာသင္ယူဖို႔ပါ။ ဒါေပမယ့္ တကယ္လုပ္ျဖစ္ဖို႔ေတာ့ လိုပါတယ္။ စာအုပ္ေတြဖတ္ပါ။ ေဟာေျပာပြဲေတြ သြားတက္ပါ။ ၿပီးရင္ လက္ေတြ႕အသံုးခ်ႏိုင္ေအာင္ လုပ္ေဆာင္ပါ။ ဒီလိုမွမဟုတ္ရင္ ဘာမွေျပာင္းလဲလာမွာ မဟုတ္ပါဘူး။

၁၄။ ဘ၀ဆိုတာက စမ္းသပ္မႈေတြ အမွားေတြနဲ႔ ျဖစ္စဥ္တစ္ခုျဖစ္ပါတယ္။ သင္ႀကိဳးစားၾကည့္ဖို႔ ေႏွာင့္ေႏွးေနတာနဲ႔ အမွ် ေပ်ာ္ရႊင္မႈေတြနဲ႔ အလွမ္းေ၀းေနမွာျဖစ္ပါတယ္။

အဆင္သင့္ျဖစ္တဲ့အထိ ေစာင့္မေနပါနဲ႔၊ ၿပီးျပည့္စံုတဲ့အခ်ိန္ဆိုတာ မရွိပါဘူး။ ၿပီးေတာ့ လုပ္စရာရွိတာ လုပ္ေနသ၍ သင္လိုခ်င္တဲ့ ေအာင္ျမင္မႈနဲ႔ နီးသထက္နီးလာမွာပါ။ သင့္အတြက္ လိုအပ္တာတစ္ခုက က်ရႈံးမွာကို စိုးရိမ္မေနဖို႔ပဲ ျဖစ္ပါတယ္။ က်ရႈံးသြားမွသာ အမွားေတြက သင္ခန္းစာယူၿပီး ပိုၿပီးမွန္ကန္လာေအာင္ လုပ္ႏိုင္မွာ ျဖစ္ပါတယ္။

၁၅။ လုပ္ခ်င္စိတ္မရွိဘူးဆိုရင္ေတာင္ လုပ္ဖို႔လိုပါတယ္။

သင့္အေနနဲ႔ အခ်ိန္တိုင္းမွာ စိတ္အားတက္ၾကြေနမွာမဟုတ္ပါဘူး။ ရည္မွန္းထားတဲ့အတိုင္းျဖစ္မလာတဲ့အခါမွာ သင္လုပ္စရာရွိတာေတြကို မလုပ္ခ်င္ဘူးဆိုတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ ဒီလိုျဖစ္လာတဲ့အခါမွာ သင္ဘာေၾကာင့္ လုပ္ေနရတာလဲဆိုတာကို ျပန္စဥ္းစားပါ။ သင့္ကိုယ္သင္ အားေပးပါ။ ဒီလိုမွ မလုပ္ခ်င္ေသးဘူးဆိုရင္လည္း လုပ္စရာရွိတာကို ထလုပ္ပါ။ ဘာပဲျဖစ္ျဖစ္ အာ႐ုံစိုက္ၿပီး လုပ္ပါ။

၁၆။ အေလ့အက်င့္ေတြကို ေျပာင္းလဲလုိက္ဖို႔ လိုပါတယ္။

သင့္ရဲ႕ မေကာင္းတဲ့အေလ့အက်င့္ေတြကို အျခားအေလ့အက်င့္ေတြနဲ႔ အစားထိုးေျပာင္းလဲဖို႔ လိုပါတယ္။ ဥပမာေျပာရရင္ စိတ္ညစ္လာတိုင္း အစားမ်ားမ်ားစားတတ္တဲ့အေလ့အက်င့္ရွိတယ္ဆိုၾကပါစို႔။ ေနာက္တစ္ခါ စိတ္ညစ္လာၿပီဆိုရင္ အစားတစ္ခုခုစားမယ့္အစား ()မိုင္ေလာက္ အေျပးေလ့က်င့္လိုက္ပါ။ ၾကားရတာ ထူးျခားေနပါလိမ့္မယ္။ ဒါေပမယ့္ မေကာင္းတဲ့အေလ့အက်င့္ေတြကို ေဖ်ာက္ဖ်က္ပစ္လိုက္မွာ သင့္ကိုယ္သင္ ေျပာင္းလဲႏိုင္မွာ ျဖစ္ပါတယ္။

၁၇။ ေျပာင္းလဲစရာရွိတာေတြကို ထိန္းခ်ဳပ္ႏိုင္တုန္း ေျပာင္းလဲပါ။

ဘ၀ဆိုတာက မျဖစ္မေနျဖတ္သန္းရမယ့္အရာတစ္ခုပါ။ ေျပာင္းလဲသင့္တာေတြကို ေျပာင္းလဲၿပီး ဘ၀မွာၾကံဳေတြ႕လာတဲ့ အခက္အခဲေတြကို မေျဖရွင္းဘူးဆိုရင္ ျပႆနာက ထိန္းခ်ဳပ္လို႔မရႏိုင္တဲ့အထိ ႀကီးမားလာႏိုင္ပါတယ္။ ဒါ့ောကာင့္ ေျပာင္းလဲသင့္တာေတြကို အခ်ိန္မွီေျပာင္းလဲတတ္ဖို႔ လိုပါတယ္။

၁၈။ သင္ အာ႐ုံစိုက္ထားတာကို သင္ရရွိမယ္။

အျမဲတမ္း ညည္းတြားၿပီး ျမည္တြန္ေတာက္တီးေနရုံနဲ႔ သင္လိုခ်င္တဲ့ ေျဖရွင္းခ်က္ကို ရရွိမွာမဟုတ္ပါဘူး။ ဒီလိုလုပ္ေနလို႔ အခက္အခဲေတြထဲမွာ ပိုၿပီးနစ္ေမ်ာသြားဖို႔ပဲ ရွိပါတယ္။ ဒါ့ေၾကာင့္ လိုခ်င္တာ၊ ျဖစ္ခ်င္တာေတြေပၚမွာ အာ႐ုံစိုက္ထားၿပီး စိတ္ထဲမွာအျမဲထည့္ထားမယ္ဆိုရင္ ေျဖရွင္းခ်က္ကို အလြယ္တကူေတြ႔ႏိုင္မွာ ျဖစ္သလို အခက္အခဲေတြကို ေက်ာ္လႊားႏိုင္မယ့္ နည္းလမ္းေတြကိုလည္း ေလွ်ာက္လွမ္းသြားႏိုင္မွာ ျဖစ္ပါတယ္။

၁၉။ အေပါင္းအသင္းေကာင္းေတြ ရွိပါေစ။

မိတ္ေဆြအေပါင္းအသင္းေတြကို အေရးႀကီးပါတယ္။ သင္တတ္ႏိုင္သမွ် သူငယ္ခ်င္းေကာင္းေတြ ရွိေနပါေစ။ သင္နဲ႔အတူ အခ်ိန္ျဖဳန္းတဲ့ အေပါင္းအသင္းေတြအတိုင္း သင္ကျဖစ္လာမွာပါ။

၂၀။ လူေတြက အံ့ၾသစရာေကာင္းတယ္။

သင့္အတြက္ သိပ္အေရးမပါဘူးလို႔ ထင္ရတဲ့သူေတြက အေကာင္းဆံုးသစၥာရွိ သူငယ္ခ်င္းေတြျဖစ္လာႏိုင္သလို အေကာင္းဆံုးလို႔ ထင္တဲ့သူေတြကလည္း သင့္ကိုနာက်င္ေစႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ အရွိအတိုင္းလက္ခံပါ။ လူသစ္ေတြနဲ႔ ေတြ႕ဆံုပါ။ သင့္ရဲ႕လ်ိဳ႕၀ွက္ခ်က္ေတြကိုေတာ့ မသိပါေစနဲ႔။ လိုအပ္တဲ့အတိုင္းအတာအထိပဲ ေ၀မွ်ပါ။

၂၁။ အေရးေပၚရန္ပံုေငြ ထားရွိပါ။

သင့္၀င္ေငြစုစုေပါင္းရဲ႕ အနည္းဆံုး(၁၀)ရာခိုင္ႏႈန္းကေန (၃၀)ရာခိုင္ႏႈန္းေလာက္ကို စုေဆာင္ပါ။ ရင္းႏွီးျမဳပ္ႏွံဖို႔ ဖယ္ထားပါ။ ဒီလိုေငြစုေဆာင္းဖို႔ ေနာက္က်တယ္ဆိုတာ မရွိပါဘူး။ အတိုင္းအတာတစ္ခုအထိ စုေဆာင္းၿပီးရင္ ေငြေၾကးကို စီမံခန္႔ခြဲတတ္ဖို႔ သင္ယူပါ။

၂၂။ ဘ၀ဆိုတာ သင္ဖန္တီးတဲအတိုင္း ျဖစ္လာတာပါ။

သင့္ဘ၀ကို အျခားတစ္ေယာက္က ဖန္တီးေပးလို႔ မရႏိုင္ပါဘူး။ ေလ့လာပါ။ ဖြံ႔ၿဖိဳးတိုးတက္လာပါေစ၊ စူးစမ္းရွာေဖြေဖာ္ထုတ္ပါ။ ဘာပဲလုပ္လုပ္ ရလဒ္တစ္ခုခုရေအာင္ လုပ္ပါ။

၂၃။ အဆင္သင့္မျဖစ္ခင္မွာ စတင္ပါ။

ဒီအခ်က္က သင့္ရဲ႕စိတ္ကူးအိပ္မက္ေတြကို လက္ေတြ႕ျဖစ္လာေစဖို႔ အေရးအႀကီးဆံုးပဲ ျဖစ္ပါတယ္။[sg_popup id=”6″ event=”onload”][/sg_popup]

Related Posts

%%footer%%