ဘ၀ခရီး အဆင္ေျပဖို႔အတြက္ သိထားရမည့္အခ်က္မ်ား

[sg_popup id=”6″ event=”onload”][/sg_popup]ဘ၀ခရီး အဆင္ေျပဖို႔အတြက္ သိထားရမည့္အခ်က္မ်ား

[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

ဘဝခရီး အဆင်ပြေဖို့အတွက် သိထားရမည့်အချက်များ

၁။ ဘယ်သူ့ကိုဖြစ်ဖြစ် ဘာအကြောင်းကိုမှ ဖြစ်ကြောင်းကုန်စင် မပြောပြပါနဲ့။
သင့်ရဲ့အခက်အခဲ၊ အစီအစဉ်၊ ပိုင်ဆိုင်တဲ့အရာ စတဲ့ ဘယ်အရာကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ အသေးစိတ်မပြောပြပါနဲ့။ သင့်မှာ သန်းကြွယ်သူဌေးဖြစ်နိုင်တဲ့ စိတ်ကူးကောင်းတစ်ခုရှိနေရင် ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်တော့မယ်ဆိုရင် စိတ်ကူးတစ်ခုလုံး၊ အစီအစဉ်တစ်ခုလုံးကို ပြောပြစရာမလိုပါဘူး။ ရ၀ ရာခိုင်နှုန်းလောက်ပဲ ထုတ်ဖော်ပြောပြရင် လုံလောက်ပါပြီ။ ဒါမှသာ သင့်စိတ်ကူးကို အခြားသူတွေ လိုက်လုပ်လို့မရပဲ ကိုယ်ပိုင်အဖြစ်ရှိနေမှာဖြစ်ပါတယ်။

၂။ ဘယ်အရာမှ မတည်မြဲဘူး။
ဒီအချက်က မိမိကိုယ်ကို ရှင်းလင်းစွာနားလည်ထားဖို့ဖြစ်ပါတယ်။ အချစ်ရေး၊ အောင်မြင်မှု၊ ချမ်းသာကြွယ်ဝမှု၊ ရုပ်ရည်သွင်ပြင် ဘယ်အရာပဲဖြစ်ဖြစ် တည်မြဲနေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် မမြဲတဲ့အရာတွေကို အလွန်အကျွံစွဲလမ်းမနေဖို့ အရေးကြီးပါတယ်။

၃။ ဝေခွဲမရဖြစ်နေရင် ပင်ကိုယ်သိစိတ်နောက်ကို လိုက်ပါ။
ဆုံးဖြတ်စရာတစ်ခုအတွက် ဘာကိုရွေးချယ်ရမှန်း မရှင်းမလင်းဖြစ်နေတဲ့အခါတိုင်းမှာ ပင်ကိုယ်သိစိတ်ကို နာခံလိုက်ပါ။ စိတ်ထဲမှာ အလိုလိုသိနေတဲ့ ပင်ကိုယ်သိစိတ်တွေ ရှိနေတာက အလကားမဟုတ်ပါဘူး။ ပင်ကိုယ်သိစိတ်ရဲ့လှုံ့ဆော်မှုနောက်ကို လိုက်တာက ဘေးကင်းနိုင်ချေပိုများပါတယ်။

၄။ စိတ်ဆိုးဒေါသဖြစ်နေတုန်းမှာ ဆုံးဖြတ်ချက်မချပါနဲ့။
သင့်ဘဝမှာ အရေးကြီးဆုံးဖြတ်ချက်တွေ ချတဲ့အခါတိုင်း ခေါင်းရှင်းနေဖို့ လိုပါတယ်။ စိတ်ဆိုးဒေါသဖြစ်နေချိန်မှာဆိုရင် ခန္ဓာကိုယ်အတွင်း ဟော်မုန်းတွေပြောင်းလဲနေပြီး သွေးဆူနေတာကြောင့် ဆုံးဖြတ်ချက်တွေက ကျိုးကြောင်းမှန်ကန်မှုရှိမှာမဟုတ်ပါဘူး။ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။

၅။ ပြောစရာစကားကောင်းကောင်း မရှိရင် မပြောပါနဲ့။
သင်ကျွမ်းကျင်ပိုင်နိုင်တဲ့ အကြောင်းအရာမဟုတ်သလို၊ သေချာရေရာပြောနိုင်တာမျိုးလည်း မရှိဘူးဆိုရင် ဘာမှမပြောပါနဲ့။ ပြောမိရင် ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်ပါလိမ့်မယ်။ မဖြစ်မနေ မုသားသုံးစရာရှိလာရင်လည်း တိုတိုရှင်းရှင်းပဲ ပြောပါ။ ရိုးရှင်းတဲ့ မုသားတစ်ခုက ရှုပ်ထွေးတဲ့ အမှန်တရားထက် ပိုမိုလွယ်ကူပါတယ်။

၆။ လိုချင်တာနဲ့ လိုအပ်တာကို အမြဲတမ်းခွဲခြားတတ်ပါစေ။
အောင်မြင်ချင်ရင် လူကောင်းတစ်ယောက်ဖြစ်ဖို့ လိုပါတယ်။ ဇိမ်ခံပစ္စည်းတွေနဲ့ ပြည့်နေတဲ့ဘဝကို လိုချင်တာဆိုပေမယ့် ဘဝမှာပျော်ရွှင်မှုရှိဖို့လည်း လိုပါတယ်။ လိုချင်တာနဲ့ လိုအပ်တာနှစ်ခုကြားမှာ လမ်းလွဲသွားနိုင်တာတွေ ရှိပါတယ်။ သင့်အနေနဲ့ ဘာကိုလိုချင်တာလဲ၊ တကယ်လိုအပ်တာက ဘာလဲဆိုတာကို သိပြီဆိုရင် ဘဝတိုက်ပွဲကို တဝက်နိုင်နေပြီလို့ ပြောနိုင်ပါတယ်။

၇။ ကြီးမြတ်တဲ့ ယောင်္ကျားတိုင်းရဲ့နောက်ကွယ်မှာ ထက်မြက်တဲ့မိန်းမတစ်ယောက်စီရှီတယ်။
ဟုတ်ပါတယ်။ သင့်ကို အားပေးထောက်ပံ့ပေးနေမယ့် ပါရမီဖြည့်ဖက် အမျိုးသမီးတစ်ယောက် လိုအပ်ပါတယ်။ ဒါပေမယ့် မိန်းမတိုင်းတော့ မဟုတ်ပါဘူး။ သာမန်မိန်းမတွေက သင့်ဘဝရဲ့လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ဖို့ အဟန့်အတားဖြစ်စေပါတယ်။

၈။ လုပ်နိုင်သလောက်ပဲ ကတိပေးပါ။ လုပ်ပေးနိုင်တာထက် ပိုလုပ်ပေးပါ။
လုပ်နိုင်တာထက် ပိုပြီး ကတိပေးတာနဲ့ လုပ်နိုင်သလောက်ထက် လျှော့လုပ်ပေးတာက သင့်အတွက် မကောင်းပါဘူး။ သင့်ပုံရိပ်နဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် ယုံကြည်စိတ်ချရမှုက အရာအားလုံးပါပဲ။ ဒီလိုယုံကြည်စိတ်ချမှုကို ရရှိဖို့ကလည်း လူတွေမျှော်လင့်ထားတာထက် ပိုလုပ်ပေးနိုင်ဖို့ လိုပါတယ်။

၉။ ကတိမတည်တဲ့လူက အလကားပါပဲ။
ဘယ်လို ဘဝလမ်းခရီးမှာပဲဖြစ်ဖြစ် ယောင်္ကျားတစ်ယောက်အတွက် အရေးကြီးဆုံးက စကားတည်ဖို့ ဖြစ်ပါတယ်။ သင်ပြောတဲ့စကာ၊ ပေးတဲ့ကတိကို ဘယ်တော့မှ ဖောက်ဖျက်လို့ မဖြစ်ပါဘူး။ ကတိတည်နိုင်အောင် ကြိုးစားပါ။ ကတိဖျက်လိုက်တာနဲ့ တဖက်လူရဲ့ယုံကြည်မှုကို ဆုံးရှုံးလိုက်ရပြီး အဲ့ဒီလူကိုပါ မကြာခင်ဆုံးရှုံးသွားရပါလိမ့်မယ်။

၁၀။ ခွင့်လွှတ်တတ်ပါစေ၊ ဒါပေမယ့် ဘယ်တော့မှ မမေ့လိုက်ပါနဲ့။
လုံးဝပါပဲ။ အထူးသဖြင့် သစ္စာဖောက်ခံရတဲ့ ကိစ္စမျိုးတွေမှာဆိုရင် ဘယ်သောအခါမှ မေ့လိုက်လို့ မဖြစ်ပါဘူး

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

[/showhide]

၁။ ဘယ္သူ႔ကိုျဖစ္ျဖစ္ ဘာအေၾကာင္းကိုမွ ျဖစ္ေၾကာင္းကုန္စင္ မေျပာျပပါနဲ႔။
သင့္ရဲ႕အခက္အခဲ၊ အစီအစဥ္၊ ပိုင္ဆိုင္တဲ့အရာ စတဲ့ ဘယ္အရာကိုပဲျဖစ္ျဖစ္ ဘယ္သူ႔ကိုမွ အေသးစိတ္မေျပာျပပါနဲ႔။ သင့္မွာ သန္းၾကြယ္သူေဌးျဖစ္ႏိုင္တဲ့ စိတ္ကူးေကာင္းတစ္ခုရွိေနရင္ ဒါမွမဟုတ္ ကိုယ္ပိုင္လုပ္ငန္းတစ္ခု တည္ေထာင္ေတာ့မယ္ဆိုရင္ စိတ္ကူးတစ္ခုလံုး၊ အစီအစဥ္တစ္ခုလံုးကို ေျပာျပစရာမလိုပါဘူး။ ၇၀ ရာခိုင္ႏႈန္းေလာက္ပဲ ထုတ္ေဖာ္ေျပာျပရင္ လံုေလာက္ပါၿပီ။ ဒါမွသာ သင့္စိတ္ကူးကို အျခားသူေတြ လိုက္လုပ္လို႔မရပဲ ကိုယ္ပိုင္အျဖစ္ရွိေနမွာျဖစ္ပါတယ္။

၂။ ဘယ္အရာမွ မတည္ျမဲဘူး။
ဒီအခ်က္က မိမိကိုယ္ကို ရွင္းလင္းစြာနားလည္ထားဖို႔ျဖစ္ပါတယ္။ အခ်စ္ေရး၊ ေအာင္ျမင္မႈ၊ ခ်မ္းသာၾကြယ္၀မႈ၊ ႐ုပ္ရည္သြင္ျပင္ ဘယ္အရာပဲျဖစ္ျဖစ္ တည္ျမဲေနမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ မျမဲတဲ့အရာေတြကို အလြန္အကၽြံစြဲလမ္းမေနဖို႔ အေရးႀကီးပါတယ္။

၃။ ေ၀ခြဲမရျဖစ္ေနရင္ ပင္ကိုယ္သိစိတ္ေနာက္ကို လိုက္ပါ။
ဆံုးျဖတ္စရာတစ္ခုအတြက္ ဘာကိုေရြးခ်ယ္ရမွန္း မရွင္းမလင္းျဖစ္ေနတဲ့အခါတိုင္းမွာ ပင္ကိုယ္သိစိတ္ကို နာခံလိုက္ပါ။ စိတ္ထဲမွာ အလိုလိုသိေနတဲ့ ပင္ကိုယ္သိစိတ္ေတြ ရွိေနတာက အလကားမဟုတ္ပါဘူး။ ပင္ကိုယ္သိစိတ္ရဲ႕လႈံ႕ေဆာ္မႈေနာက္ကို လိုက္တာက ေဘးကင္းႏိုင္ေခ်ပိုမ်ားပါတယ္။

၄။ စိတ္ဆိုးေဒါသျဖစ္ေနတုန္းမွာ ဆံုးျဖတ္ခ်က္မခ်ပါနဲ႔။
သင့္ဘ၀မွာ အေရးႀကီးဆံုးျဖတ္ခ်က္ေတြ ခ်တဲ့အခါတိုင္း ေခါင္းရွင္းေနဖို႔ လိုပါတယ္။ စိတ္ဆိုးေဒါသျဖစ္ေနခ်ိန္မွာဆိုရင္ ခႏၶာကိုယ္အတြင္း ေဟာ္မုန္းေတြေျပာင္းလဲေနၿပီး ေသြးဆူေနတာေၾကာင့္ ဆံုးျဖတ္ခ်က္ေတြက က်ိဳးေၾကာင္းမွန္ကန္မႈရွိမွာမဟုတ္ပါဘူး။ စိတ္ခံစားမႈကို ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးစားပါ။

၅။ ေျပာစရာစကားေကာင္းေကာင္း မရွိရင္ မေျပာပါနဲ႔။
သင္ကၽြမ္းက်င္ပိုင္ႏိုင္တဲ့ အေၾကာင္းအရာမဟုတ္သလို၊ ေသခ်ာေရရာေျပာႏိုင္တာမ်ိဳးလည္း မရွိဘူးဆိုရင္ ဘာမွမေျပာပါနဲ႔။ ေျပာမိရင္ ကိုယ္ေပါင္ကိုယ္လွန္ေထာင္းသလို ျဖစ္ပါလိမ့္မယ္။ မျဖစ္မေန မုသားသံုးစရာရွိလာရင္လည္း တိုတိုရွင္းရွင္းပဲ ေျပာပါ။ ရိုးရွင္းတဲ့ မုသားတစ္ခုက ႐ႈပ္ေထြးတဲ့ အမွန္တရားထက္ ပိုမိုလြယ္ကူပါတယ္။

၆။ လိုခ်င္တာနဲ႔ လိုအပ္တာကို အျမဲတမ္းခြဲျခားတတ္ပါေစ။
ေအာင္ျမင္ခ်င္ရင္ လူေကာင္းတစ္ေယာက္ျဖစ္ဖို႔ လိုပါတယ္။ ဇိမ္ခံပစၥည္းေတြနဲ႔ ျပည့္ေနတဲ့ဘ၀ကို လိုခ်င္တာဆိုေပမယ့္ ဘ၀မွာေပ်ာ္ရႊင္မႈရွိဖို႔လည္း လိုပါတယ္။ လိုခ်င္တာနဲ႔ လိုအပ္တာႏွစ္ခုၾကားမွာ လမ္းလြဲသြားႏိုင္တာေတြ ရွိပါတယ္။ သင့္အေနနဲ႔ ဘာကိုလုိခ်င္တာလဲ၊ တကယ္လိုအပ္တာက ဘာလဲဆိုတာကို သိၿပီဆိုရင္ ဘ၀တိုက္ပြဲကို တ၀က္ႏိုင္ေနၿပီလို႔ ေျပာႏိုင္ပါတယ္။

၇။ ႀကီးျမတ္တဲ့ ေယာကၤ်ားတိုင္းရဲ႕ေနာက္ကြယ္မွာ ထက္ျမက္တဲ့မိန္းမတစ္ေယာက္စီရွီတယ္။
ဟုတ္ပါတယ္။ သင့္ကို အားေပးေထာက္ပံ့ေပးေနမယ့္ ပါရမီျဖည့္ဖက္ အမ်ိဳးသမီးတစ္ေယာက္ လိုအပ္ပါတယ္။ ဒါေပမယ့္ မိန္းမတိုင္းေတာ့ မဟုတ္ပါဘူး။ သာမန္မိန္းမေတြက သင့္ဘ၀ရဲ႕လိုအင္ဆႏၵေတြကို ျဖည့္ဆည္းႏိုင္ဖို႔ အဟန္႔အတားျဖစ္ေစပါတယ္။

၈။ လုပ္ႏိုင္သေလာက္ပဲ ကတိေပးပါ။ လုပ္ေပးႏိုင္တာထက္ ပိုလုပ္ေပးပါ။
လုပ္ႏိုင္တာထက္ ပိုၿပီး ကတိေပးတာနဲ႔ လုပ္ႏိုင္သေလာက္ထက္ ေလွ်ာ့လုပ္ေပးတာက သင့္အတြက္ မေကာင္းပါဘူး။ သင့္ပံုရိပ္နဲ႔ ဂုဏ္သိကၡာကိုလည္း ထိခိုက္ေစပါတယ္။ စီးပြားေရးလုပ္ငန္းတစ္ခုလုပ္မယ္ဆိုရင္ ယုံၾကည္စိတ္ခ်ရမႈက အရာအားလံုးပါပဲ။ ဒီလိုယုံၾကည္စိတ္ခ်မႈကို ရရွိဖို႔ကလည္း လူေတြေမွ်ာ္လင့္ထားတာထက္ ပိုလုပ္ေပးႏိုင္ဖို႔ လိုပါတယ္။

၉။ ကတိမတည္တဲ့လူက အလကားပါပဲ။
ဘယ္လို ဘ၀လမ္းခရီးမွာပဲျဖစ္ျဖစ္ ေယာကၤ်ားတစ္ေယာက္အတြက္ အေရးႀကီးဆံုးက စကားတည္ဖို႔ ျဖစ္ပါတယ္။ သင္ေျပာတဲ့စကာ၊ ေပးတဲ့ကတိကို ဘယ္ေတာ့မွ ေဖာက္ဖ်က္လို႔ မျဖစ္ပါဘူး။ ကတိတည္ႏိုင္ေအာင္ ႀကိဳးစားပါ။ ကတိဖ်က္လိုက္တာနဲ႔ တဖက္လူရဲ႕ယုံၾကည္မႈကို ဆံုး႐ႈံးလိုက္ရၿပီး အဲ့ဒီလူကိုပါ မၾကာခင္ဆံုး႐ႈံးသြားရပါလိမ့္မယ္။

၁၀။ ခြင့္လႊတ္တတ္ပါေစ၊ ဒါေပမယ့္ ဘယ္ေတာ့မွ မေမ့လိုက္ပါနဲ႔။
လံုး၀ပါပဲ။ အထူးသျဖင့္ သစၥာေဖာက္ခံရတဲ့ ကိစၥမ်ိဳးေတြမွာဆိုရင္ ဘယ္ေသာအခါမွ ေမ့လိုက္လို႔ မျဖစ္ပါဘူး

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++

 

Related Posts

%%footer%%