ေငြေၾကးဟာ အရာရာကို ၀ယ္ယူလို႔မရႏိုင္ေပမယ့္ စိတ္ကူးရွိသမွ် ေတာ္ေတာ္မ်ားမ်ားျဖစ္လာေအာင္ ဖန္တီးႏိုင္တဲ့ ဒုတိယဘုရားသခင္လို႔ တင္စားေခၚေ၀ၚၾကပါတယ္။ ေငြေၾကးဟာ လူတိုင္းရဲ႕ သည္းေျခႀကိဳက္လည္း ျဖစ္ေနျပန္ပါတယ္။ ေငြေၾကးအေၾကာင္းေျပာၾကတဲ့အခါမွာ မယုံႏိုင္ေလာက္ေအာင္ ခ်မ္းသာတဲ့ လူေတြအေၾကာင္းကလည္း ပါလာစျဖစ္ျဖစ္ပါတယ္။ အခုေဖာ္ျပတဲ့ အခ်က္ေတြက သင့္ကိုယ္သင္ ေနရင္းထိုင္ရင္း အရမ္းဆင္းရဲပါလားလို႔ ထင္သြားေလာက္ေအာင္ ျဖစ္ေစႏိုင္တဲ့ ကမာၻ႔အခ်မ္းသာဆံုးပုဂိၢဳဟ္ေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြပဲ ျဖစ္ပါတယ္။

moneystacks-mslarge

၁။ ကမာၻတစ္၀ွမ္းလံုးမွာ ေဒၚလာသန္းခ်ီၿပီး ပိုင္ဆိုင္တဲ့ သန္းၾကြယ္သူေဌးဦးေရာ ၁၂ သန္းရွိၿပီး သန္းေထာင္ခ်ီခ်မ္းသာတဲ့ ဘီလ်ံနာဦးေရကေတာ့ (၂၃၂၅)ဦးပဲ ရွိပါတယ္။ ဒီလိုလူခ်မ္းသာေတြရဲ႕ အေရအတြက္ဟာ ကမာၻ႔လူဦးေရရဲ႕ (၁)ရာခိုင္ႏႈန္းေတာင္ မရွိေပမယ့္ ကမာၻမွာရွိတဲ့ ခ်မ္းသာၾကြယ္၀မႈရဲ႕ (၄၀)ရာခိုင္ႏႈန္းကို ထိန္းခ်ဳပ္ထားသူေတြျဖစ္ပါတယ္။

Indian Prime Minister Narendra Modi Meets With Facebook Inc. Chief Executive Officer Mark Zuckerberg

၂။ ကမာၻတစ္၀ွမ္းလံုးက ဘီလ်ံနာေတြရဲ႕ (၆၀)ရာခိုင္ႏႈန္းက ကိုယ့္ထူးကိုယ္ခၽြန္ႀကိဳးစားေအာင္ျမင္ခဲ့ၾကသူေတြ ျဖစ္ပါတယ္။

635951502777391781-597158582_american-flag-1020853_960_720

၃။ ဘီလ်ံနာအမ်ားဆံုးေနထိုင္တဲ့ ႏိုင္ငံကေတာ့ အေမရိကန္ျပည္ေထာင္စုျဖစ္ၿပီး ဘီလ်ံနာ (၅၇၁)ဦး ရွိၿပီး အိႏၵိယမွာ အေယာက္ (၉၀)ရွိပါတယ္။

131101112355-larry-ellison-package-1024x576

၄။ Iron Man ဇာတ္လမ္းထဲက ဇာတ္ေဆာင္ Tony Stark ရဲ႕ ဇာတ္ရုပ္ဟာ ကမာၻ႔အခ်မ္းသာဆံုး အဆင့္(၅)ျဖစ္ၿပီး Oracle ကုမၸဏီရဲ႕ တည္ေထာင္သူ Larry Ellison ကို အတုယူထားတာျဖစ္တယ္လို႔ ေျပာၾကပါတယ္။

Bill-Gates

၅။ ကမာၻ႕အခ်မ္းသာဆံုး အဆင့္(၁)ျဖစ္တဲ့ Microsoft ကုမၸဏီပိုင္ရွင္ Bill Gates ဟာ တစ္စကၠန္႔ကို ေဒၚလာ (၂၅၀)၊ တစ္ရက္ကို ေဒၚလာ သန္းႏွစ္ဆယ္နဲ႔ တစ္ႏွစ္ကို ေဒၚလာ ၇.၈ ဘီလီယံ ၀င္ေငြရွိပါတယ္။

Clinton Global Initiative Annual Meeting In New York

၆။ Bill Gates သာ ႏိုင္ငံတစ္ခုျဖစ္ခဲ့မယ္ဆိုရင္ ကမာၻ႕အခ်မ္းသာဆံုးႏိုင္ငံစာရင္းရဲ႕ အဆင့္(၃၇)မွာ ရပ္တည္ႏိုင္မွာ ျဖစ္ပါတယ္။

bill-gates-jpg

၇။ အခုလက္ရွိ Bill Gates ဟာ အသက္(၆၀)ရွိေနပါၿပီ။ တကယ္လို႔ သူ႔အေနနဲ႔ ေနာက္ထပ္ ႏွစ္သံုးဆယ္ေလာက္ အသက္ဆက္ရွင္ေနႏိုင္မယ္ဆိုရင္ေတာင္မွ သူ႔စည္းစမ္းျပဳတ္ေအာင္ သံုးစြဲဖို႔ တစ္ရက္ကို ေဒၚလာ ေျခာက္သန္း (ျမန္မာေငြက်ပ္ သန္းေပါင္းရွစ္ေသာင္း)ေလာက္ သံုးႏိုင္မွျဖစ္မွာပါ။

billgates_759

၈။ Bill Gates အေနနဲ႔ ကမာၻေပၚမွာ ရွိသမွ်လူတိုင္းကို တစ္ေယာက္ (၁၀)ေဒၚလာစီ ေပးလိုက္မယ္ဆိုရင္ေတာင္ သူ႔ဆီမွာ ေဒၚလာ (၂.၂၆)ဘီလီယံ က်န္ေနဦးမွာ ျဖစ္ပါတယ္။

Bill-Gates-Quotes

၉။ Bill Gates ပိုင္ဆိုင္သမွ် တန္ဖိုးကို (၁)ေဒၚလာတန္ ေငြစကၠဴနဲ႔ လဲလွယ္လိုက္ၿပီး ကမာၻနဲ႔ လၾကားမွာ ေငြစကၠဴလမ္းခင္းမယ္ဆိုရင္ အသြားအျပန္ (၁၄)ေခါက္စာ ခင္းလို႔ရပါတယ္။

150115123438-slim-nyt-1024x576

၁၀။ ကမာၻ႔ ဒုတိယအဆင့္ ဘီလ်ံနာသူေဌးႀကီး Carlos ရဲ႕ စီးပြားေရးလုပ္ငန္းေတြဟာ က်ယ္ျပန္႔လြန္းတဲ့အတြက္ မကၠဆီကိုႏိုင္ငံမွာ ေနထိုင္သူေတြရဲ႕ (၈၀)ရာခိုင္ႏႈန္းေက်ာ္ဟာ သူပိုင္ဆိုင္တဲ့ကုမၸဏီေတြကေန တစ္ခုခုမဟုတ္တစ္ခုကို ၀ယ္ယူသံုးစြဲေနရပါတယ္။

140520093952-investing-the-buzz-america-movil-att-directv-carlos-slim-00011810-1024x576

၁၁။ ၂၀၁၀ ခုႏွစ္မွာ Carlos ရဲ႕ ပိုင္ဆိုင္မႈဟာ ေဒၚလာ (၇၂)ဘီလီယံရွိခဲ့ၿပီး သူပိုင္ဆိုင္တဲ့အႀကီးဆံုးလုပ္ငန္းျဖစ္တဲ့ America Movil တစ္ခုတည္းတင္ ေဒၚလာ (၅၀)ဘီလီယံ တန္ေၾကးရွိပါတယ္။

Carlos-Slim-Helu

၁၂။ Carlos ဟာ ကြယ္လြန္သြားၿပီျဖစ္တဲ့ သူ႔ဇနီးအတြက္ ေဒၚလာသန္း(၇၀)တန္တဲ့ အထိမ္းအမွတ္ျပတိုက္တစ္ခု တည္ေဆာက္ခဲ့ပါတယ္။ ဒီျပတိုက္ထဲမွာ ေဒၚလာ သန္း(၇၀၀)ေက်ာ္ တန္ေၾကးရွိတဲ့ အႏုပညာလက္ရာေပါင္း (၆၆၀၀၀)ကို ခင္းက်င္းျပသထားပါတယ္။

Carlos+slim+lol+quot+second+richest+man+in+the+world+quot+quot+_ba8eab3b0d721375e9ff6cbace73d204

၁၃။ Carlos ဟာ ကမာၻ႔ထိပ္တန္းသတင္းစာျဖစ္တဲ့ New York Times သတင္းစာကို ေဒၚလာ သန္း(၂၅၀) ေခ်းခဲ့ဖူးပါတယ္။

warren-buffett

၁၄။ ကမာၻ႕တတိယအဆင့္ အခ်မ္းသာဆံုး သူေဌးႀကီး Warren Buffet ရဲ႕ ပိုင္ဆိုင္ၾကြယ္၀မႈဟာ ေဒၚလာ (၆၃.၃)ဘီလီယံရွိပါတယ္။ ဒီပိုင္ဆိုင္မႈထဲက (၆၂.၇)ဘီလီယံကို အသက္(၅၀)ျပည့္ၿပီးမွ ရွာေဖြစုေဆာင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

20150518184551-evan-spiegel-snapchat

၁၅။ Snapchat တည္ေထာင္သူ Evan Spiegal ဟာ အသက္(၂၄)ႏွစ္မွာ ေဒၚလာ(၁.၅)ဘီလီယံကို ပိုင္ဆိုင္ထားၿပီးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူဟာ ကမာၻမွာ အသက္အငယ္ဆံုး ဘီလ်ံနာသူေဌးျဖစ္လာခဲ့ပါတယ္။

mark-zuckerberg1

၁၆။ Facebook တည္ေထာင္သူ Mark Zuckerberg ဟာ သူ႔ဘ၀သက္တမ္းတစ္ေလွ်ာက္လံုး ပိုင္ဆိုင္သမွ်ရဲ႕ (၅၀)ရာခိုင္ႏႈန္းကို လွဴဒါန္းဖို႔ ကတိသစၥာျပဳထားပါတယ္။ သူ႔ရဲ႕ အခုလက္ရွိပိုင္ဆိုင္ၾကြယ္၀မႈကေတာ့ ေဒၚလာ (၆၄.၂) ဘီလီယံရွိပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကမ္ဘာ့အချမ်းသာဆုံးတို့ရဲ့ စိတ်ဝင်စားစရာအချက်များ

ငွေကြေးဟာ အရာရာကို ၀ယ်ယူလို့မရနိုင်ပေမယ့် စိတ်ကူးရှိသမျှ တော်တော်များများဖြစ်လာအောင် ဖန်တီးနိုင်တဲ့ ဒုတိယဘုရားသခင်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ငွေကြေးဟာ လူတိုင်းရဲ့ သည်းခြေကြိုက်လည်း ဖြစ်နေပြန်ပါတယ်။ ငွေကြေးအကြောင်းပြောကြတဲ့အခါမှာ မယုံနိုင်လောက်အောင် ချမ်းသာတဲ့ လူတွေအကြောင်းကလည်း ပါလာစဖြစ်ဖြစ်ပါတယ်။ အခုဖော်ပြတဲ့ အချက်တွေက သင့်ကိုယ်သင် နေရင်းထိုင်ရင်း အရမ်းဆင်းရဲပါလားလို့ ထင်သွားလောက်အောင် ဖြစ်စေနိုင်တဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုဟ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

၁။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဒေါ်လာသန်းချီပြီး ပိုင်ဆိုင်တဲ့ သန်းကြွယ်သူဌေးဦးရော ၁၂ သန်းရှိပြီး သန်းထောင်ချီချမ်းသာတဲ့ ဘီလျံနာဦးရေကတော့ (၂၃၂၅)ဦးပဲ ရှိပါတယ်။ ဒီလိုလူချမ်းသာတွေရဲ့ အရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ (၁)ရာခိုင်နှုန်းတောင် မရှိပေမယ့် ကမ္ဘာမှာရှိတဲ့ ချမ်းသာကြွယ်ဝမှုရဲ့ (၄၀)ရာခိုင်နှုန်းကို ထိန်းချုပ်ထားသူတွေဖြစ်ပါတယ်။

၂။ ကမ္ဘာတစ်ဝှမ်းလုံးက ဘီလျံနာတွေရဲ့ (၆၀)ရာခိုင်နှုန်းက ကိုယ့်ထူးကိုယ်ချွန်ကြိုးစားအောင်မြင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

၃။ ဘီလျံနာအများဆုံးနေထိုင်တဲ့ နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ဘီလျံနာ (၅၇၁)ဦး ရှိပြီး အိန္ဒိယမှာ အယောက် (၉၀)ရှိပါတယ်။

၄။ Iron Man ဇာတ်လမ်းထဲက ဇာတ်ဆောင် Tony Stark ရဲ့ ဇာတ်ရုပ်ဟာ ကမ္ဘာ့အချမ်းသာဆုံး အဆင့်(၅)ဖြစ်ပြီး Oracle ကုမ္ပဏီရဲ့ တည်ထောင်သူ Larry Ellison ကို အတုယူထားတာဖြစ်တယ်လို့ ပြောကြပါတယ်။

၅။ ကမ္ဘာ့အချမ်းသာဆုံး အဆင့်(၁)ဖြစ်တဲ့ Microsoft ကုမ္ပဏီပိုင်ရှင် Bill Gates ဟာ တစ်စက္ကန့်ကို ဒေါ်လာ (၂၅၀)၊ တစ်ရက်ကို ဒေါ်လာ သန်းနှစ်ဆယ်နဲ့ တစ်နှစ်ကို ဒေါ်လာ ရ.၈ ဘီလီယံ ၀င်ငွေရှိပါတယ်။

၆။ Bill Gates သာ နိုင်ငံတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းရဲ့ အဆင့်(၃၇)မှာ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

၇။ အခုလက်ရှိ Bill Gates ဟာ အသက်(၆၀)ရှိနေပါပြီ။ တကယ်လို့ သူ့အနေနဲ့ နောက်ထပ် နှစ်သုံးဆယ်လောက် အသက်ဆက်ရှင်နေနိုင်မယ်ဆိုရင်တောင်မှ သူ့စည်းစမ်းပြုတ်အောင် သုံးစွဲဖို့ တစ်ရက်ကို ဒေါ်လာ ခြောက်သန်း (မြန်မာငွေကျပ် သန်းပေါင်းရှစ်သောင်း)လောက် သုံးနိုင်မှဖြစ်မှာပါ။

၈။ Bill Gates အနေနဲ့ ကမ္ဘာပေါ်မှာ ရှိသမျှလူတိုင်းကို တစ်ယောက် (၁၀)ဒေါ်လာစီ ပေးလိုက်မယ်ဆိုရင်တောင် သူ့ဆီမှာ ဒေါ်လာ (၂.၂၆)ဘီလီယံ ကျန်နေဦးမှာ ဖြစ်ပါတယ်။

၉။ Bill Gates ပိုင်ဆိုင်သမျှ တန်ဖိုးကို (၁)ဒေါ်လာတန် ငွေစက္ကူနဲ့ လဲလှယ်လိုက်ပြီး ကမ္ဘာနဲ့ လကြားမှာ ငွေစက္ကူလမ်းခင်းမယ်ဆိုရင် အသွားအပြန် (၁၄)ခေါက်စာ ခင်းလို့ရပါတယ်။

၁၀။ ကမ္ဘာ့ ဒုတိယအဆင့် ဘီလျံနာသူဌေးကြီး Carlos ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ကျယ်ပြန့်လွန်းတဲ့အတွက် မက္ကဆီကိုနိုင်ငံမှာ နေထိုင်သူတွေရဲ့ (၈၀)ရာခိုင်နှုန်းကျော်ဟာ သူပိုင်ဆိုင်တဲ့ကုမ္ပဏီတွေကနေ တစ်ခုခုမဟုတ်တစ်ခုကို ၀ယ်ယူသုံးစွဲနေရပါတယ်။

၁၁။ ၂၀၁၀ ခုနှစ်မှာ Carlos ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၇၂)ဘီလီယံရှိခဲ့ပြီး သူပိုင်ဆိုင်တဲ့အကြီးဆုံးလုပ်ငန်းဖြစ်တဲ့ America Movil တစ်ခုတည်းတင် ဒေါ်လာ (၅၀)ဘီလီယံ တန်ကြေးရှိပါတယ်။

၁၂။ Carlos ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ဇနီးအတွက် ဒေါ်လာသန်း(၇၀)တန်တဲ့ အထိမ်းအမှတ်ပြတိုက်တစ်ခု တည်ဆောက်ခဲ့ပါတယ်။ ဒီပြတိုက်ထဲမှာ ဒေါ်လာ သန်း(၇၀၀)ကျော် တန်ကြေးရှိတဲ့ အနုပညာလက်ရာပေါင်း (၆၆၀၀၀)ကို ခင်းကျင်းပြသထားပါတယ်။

၁၃။ Carlos ဟာ ကမ္ဘာ့ထိပ်တန်းသတင်းစာဖြစ်တဲ့ New York Times သတင်းစာကို ဒေါ်လာ သန်း(၂၅၀) ချေးခဲ့ဖူးပါတယ်။

၁၄။ ကမ္ဘာ့တတိယအဆင့် အချမ်းသာဆုံး သူဌေးကြီး Warren Buffet ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုဟာ ဒေါ်လာ (၆၃.၃)ဘီလီယံရှိပါတယ်။ ဒီပိုင်ဆိုင်မှုထဲက (၆၂.၇)ဘီလီယံကို အသက်(၅၀)ပြည့်ပြီးမှ ရှာဖွေစုဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

၁၅။ Snapchat တည်ထောင်သူ Evan Spiegal ဟာ အသက်(၂၄)နှစ်မှာ ဒေါ်လာ(၁.၅)ဘီလီယံကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ ကမ္ဘာမှာ အသက်အငယ်ဆုံး ဘီလျံနာသူဌေးဖြစ်လာခဲ့ပါတယ်။

၁၆။ Facebook တည်ထောင်သူ Mark Zuckerberg ဟာ သူ့ဘဝသက်တမ်းတစ်လျှောက်လုံး ပိုင်ဆိုင်သမျှရဲ့ (၅၀)ရာခိုင်နှုန်းကို လှူဒါန်းဖို့ ကတိသစ္စာပြုထားပါတယ်။ သူ့ရဲ့ အခုလက်ရှိပိုင်ဆိုင်ကြွယ်ဝမှုကတော့ ဒေါ်လာ (၆၄.၂) ဘီလီယံရှိပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine