[sg_popup id=”6″ event=”onload”][/sg_popup]တစ်ကိုယ်ရည်စိတ်ဖြေခြင်း၏ ကောင်းကျိုးများ (18+)
[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]
တစ်ကိုယ်ရည်စိတ်ဖြေခြင်း၏ ကောင်းကျိုးများ (18+)
တစ်ယောက်တည်း သာယာမှုတွေကို သဘောကျပါသလား။ တစ်ယောက်တည်း လွင့်မျောရတာကို ကြိုက်ပါသလား။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ပြောနေတာ တစ်ကိုယ်ရည်အာသာဖြေတဲ့အကြောင်း ဖြစ်ပါတယ်။
ဒီကိစ္စကို သင်လုပ်သည်ဖြစ်စေ၊ မလုပ်ဘူးဖြစ်စေ၊ ဒီလိုမျိုး ကိုယ့်ဘာသာတစ်ယောက်တည်း လက်နဲ့ အာသာဖြေတာက မှားယွင်းနေတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို ရေပုံမှန်ချိုးပေးရသလိုပဲ သင့်ရဲ့ပိုက်ကိုလည်း ရံဖန်ရံခါသန့်ရှင်းပေးဖို့ လိုပါတယ်။ တစ်ကိုယ်ရည်စိတ်ဖြေတာမှာလည်း ကျန်းမာရေကို အထောက်အကူဖြစ်စေနိုင်တဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။
၁။ သုက်လွှတ်စောခြင်းကို စီမံနိုင်တယ်
မိန်းကလေးနဲ့ အတူနေချိန်မှာ စိတ်သွားတိုင်းကိုယ်မပါနိုင်ပဲ သုက်လွှတ်မြန်နေတဲ့ ပြဿနာကို ကူညီပေးနိုင်ပါတယ်။ အတူမနေခင် နှစ်နာရီလောက်အလိုမှာ တစ်ကိုယ်ရည်စိတ်ဖြေထားခြင်းအားဖြင့် သုက်လွှတ်စောခြင်းကို ထိန်းချုပ်နိုင်ပြီး အိပ်ရာထဲမှာ စိတ်ရှိသလောက် သွားနိုင်မှာဖြစ်ပါတယ်။
၂။ ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်တယ်
တစ်ပတ်မှာ သုံးကြိမ်ထက်ပိုပြီး သုက်လွှတ်လေ့ရှိတဲ့ အမျိုးသားတွေဟာ အလေ့အကျင့်မရှိသူတွေထက် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ လျော့နည်းသွားတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ တစ်ကိုယ်ရည်စိတ်ဖြေပြီး သုက်လွှတ်လိုက်တဲ့အခါမှာ ဆီးကျိတ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ အဆိပ်သင့်ပစ္စည်းတွေကို စွန့်ထုတ်လိုက်သလို ဖြစ်သွားစေတာကြောင့် ဖြစ်ပါတယ်။
၃။ သင့်ပစ္စည်းကို ပိုပြီးသန်မာစေတယ်
အသက်အရွယ်ရလာတာနဲ့အမျှ ကြွက်သားတွေ လျော့ရဲလာတတ်ပါတယ်။ ဒါပေမယ့် ပုံမှန်လိင်ဆက်ဆံတာ ဒါမှမဟုတ် တစ်ကိုယ်ရည်စိတ်ဖြေတာက သင့်ရဲ့ တင်ပဆုံအောက်ပိုင်းကြွက်သားတွေကို လေ့ကျင့်ပေးရာရောက်ပြီး ပန်းသေပန်းညှိုးဖြစ်ခြင်းနဲ့ မထိန်းချုပ်နိုင်ခြင်းတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့် တစ်ပတ်ကို သုံးကြိမ်ကနေ ငါးကြိမ်လောက်ဆိုရင် ကောင်းမွန်ရလဒ်ကို ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
၄။ သုက်ပိုးတွေရဲ့ ရှင်သန်နိုင်စွမ်းကို တိုးတက်စေတယ်
တစ်ကိုယ်ရည်စိတ်ဖြေခြင်းဟာ သုက်ပိုးတွေရဲ့ ရှင်သန်နိုင်စွမ်းကို တိုးတက်စေနိုင်တယ်လို့ လေ့လာတွေ့ရှိထားတာ ရှိပါတယ်။ မိန်းကလေးနဲ့ အတူမနေခင်မှာ တစ်ကိုယ်ရည်စိတ်ဖြေလိုက်မယ်ဆိုရင် သုက်ပို့ပြွန်တွေထဲမှာ ရှိနေတဲ့ သက်တမ်းရင့်သုက်ပိုးတွေကို အပြင်ကိုထွက်သွားစေပြီး ငယ်ရွယ်လတ်ဆတ်တဲ့ သုက်ပိုးတွေ အဆင်သင့်ရှိနေမှာ ဖြစ်ပါတယ်။
၅။ ကြာကြာခံနိုင်ရည်ရှိအောင် ကူညီပေးတယ်
တစ်ကိုယ်ရည်စိတ်ဖြေခြင်းက မိန်းကလေးနဲ့အတူနေတဲ့အချိန်မှာ အချိန်ကြာကြာ စွမ်းဆောင်နိုင်အောင်လည်း ကူညီပေးပါတယ်။ သင့်ကိစ္စပြီးဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာကို တစ်ကိုယ်ရည်စိတ်ဖြေရင်းနဲ့ လေ့ကျင့်နိုင်ပါတယ်။ တစ်ကိုယ်ရည်စိတ်ဖြေတာ နှစ်မိနစ်လောက်နဲ့ ကိစ္စပြီးသွားလေ့ရှိတယ်ဆိုရင် နောက်တစ်ကြိမ် သုံးမိနစ်ကြာအောင် ကြိုးစားပါ။ ဒါမှမဟုတ် အထွဋ်အထိပ်ရောက်ဖို့အတွက် ဘယ်နှစ်ချက်လောက် ဆွဲရလဲ ရေတွက်ထားပါ။ အချက် (၅၀)လောက်က ပုံမှန်ဆိုရင် အချက်(၆၀)လောက်ထိ ရအောင် ကြိုးစားပါ။
၆။ နှာခေါင်းပိတ်ခြင်းကို သက်သာစေတယ်
လိင်ဆက်ဆံချိန်နဲ့ တစ်ကိုယ်ရည်စိတ်ဖြေချိန်တွေမှာဆိုရင် နှာခေါင်းထဲက သွေးကြောတွေ ရောင်ယမ်းခြင်းကို လျော့နည်းသက်သာစေနိုင်ပါတယ်။
၇။ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို ကူညီပေးနိုင်တယ်
တစ်ကိုယ်ရည်စိတ်ဖြေခြင်းကို စိတ်ဖိစီးမှုကို ဖြေရှင်းရာမှာ အသုံးပြုနိုင်ပါတယ်။ တစ်ကိုယ်ရည်စိတ်ဖြေခြင်းအားဖြင့် ခန္ဓာကိုယ်မှာ အောက်စီတိုဂျင်လို့ ခေါ်တဲ့ သာယာမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်လာစေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးနေချိန်တွေနဲ့ စိတ်ဓာတ်ကျနေချိန်တွေမှာ တစ်ကိုယ်ရည်စိတ်ဖြေလိုက်ခြင်းအားဖြင့် စိတ်သက်သာမှုကို ရနိုင်ပါတယ်။
၈။ ကိုယ်ခံအားကို တိုးတက်စေတယ်
သုက်လွှတ်ခြင်းဟာ ကော်တီဆိုးဟော်မုန်းပမာဏကို မြင့်တက်စေပါတယ်။ ဒီဟော်မုန်းဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ပုံမှန်ဖြစ်စေပြီး ထိန်းသိမ်းနိုင်ဖို့ အနည်းငယ်ကူညီပေးနိုင်ပါတယ်။
၉။ ခံစားမှုကို ကောင်းမွန်စေတယ်
တစ်ကိုယ်ရည်စိတ်ဖြေခြင်းကြောင့် ဒိုပါမင်းနဲ့ အောက်စီတိုဂျင်တို့လို သာယာကျေနပ်မှုကို ဖြစ်စေတဲ့ဟော်မုန်းတွေ ထွက်လာစေပါတယ်။ ဒါ့ကြောင့် စိတ်ဓာတ်တက်ကြွပြီး ကျေနပ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ သုက်လွှတ်ကိစ္စပြီးခြင်းဟာ မူးယစ်ဆေးဝါးမပါပဲ ဒိုပါမင်းဓာတ်တွေ မြောက်များစွာ ရရှိစေနိုင်ပြီး သင့်ရဲ့ကျန်းမာရေးကို အထောက်ကူဖြစ်စေနိုင်ပါတယ်။
၁၀။ သန္ဓေရရှိခြင်းနဲ့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
တကယ်လို့ သင့်နဲ့ သင့်အဖော်က ကလေးယူဖို့ အစီအစဉ်မရှိသေးဘူးဆိုရင် လက်နဲ့စိတ်ဖြေပေးတာက ကိုယ်ဝန်မရနိုင်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အတူမနေပဲ တစ်ကိုယ်ရည်စိတ်ဖြေတာက လိင်မှတဆင့်ကူးစက်ရောဂါတွေ မကူးစက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒါတွေကတော့ တစ်ကိုယ်ရည်စိတ်ဖြေခြင်းကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ ဆင်ခြင်နိုင်ဖို့ လိုပါတယ်။ အကောင်းရှိရင် အဆိုးလည်းရှိတာကြောင့် လိုတာထက်ပိုပြီး တစ်ကိုယ်ရည်စိတ်ဖြေခြင်းရဲ့ ဆိုးကျိုးတွေလည်းဖော်ပြသွားဦးမှာပါ။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine
[/showhide]
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Related Posts
%%footer%%