[sg_popup id=”6″ event=”onload”][/sg_popup]မနက္ေစာေစာ အိပ္ရာထခ်င္ရင္ ဒါေလးေတြ လုပ္ၾကည့္ပါ
[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]
မနက်စောစော အိပ်ရာထချင်ရင် ဒါလေးတွေ လုပ်ကြည့်ပါ
(Unicode)
ကျွန်တော်တို့ အများစုက မနက်စောစောအိပ်ရာထကြမှာကို မကြိုက်ကြပါဘူး။ ဒါပေမယ့် မနက်စောစောအိပ်ရာထခြင်းက ကျန်းမာရေးအရရော၊ အလုပ်အကိုင်တိုးတက်ဖို့အတွက်ကိုပါ အကျိုးကျေးဇူးများစွာရှိပါတယ်။ လေ့လာမှုတွေအရလည်း မနက်စောစောအိပ်ရာထသူတွေဟာ ပိုပြီးပျော်ရွှင်ကျန်းမာပြီး ပိုအောင်မြင်ကြတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မနက်စောစောအိပ်ရာထချင်ပေမယ့် မထနိုင်ဘူးဆိုရင် ဒီနည်းလမ်းလေးတွေ လုပ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။
၁။ ညဖက် ပုံမှန်လုပ်စရာတွေ သတ်မှတ်ထားပါ။
မနက်စောစောမှာ အိပ်ရာထနိုင်ဖို့အတွက် အရေးကြီးဆုံးအပိုင်းက နည်းလမ်းမှန်မှန်နဲ့ အိပ်ရာဝင်တတ်ဖို့ ဖြစ်ပါတယ်။ စောစော နိုးအောင် စောစောအိပ်တာကို ဆိုလိုတာမဟုတ်ပါဘူး။ မနက်အိပ်ရာထတဲ့အခါမှာ ပျင်းစရာညည်းစီစီ မနက်ခင်းမဟုတ်ပဲ စိတ်ဝင်စားစရာ မနက်ခင်ဖြစ်အောင် ညကတည်းက ပြင်ဆင်ထားဖို့ကို ဆိုလိုပါတယ်။ မနက်ဖြန်အတွက် မနက်စာကိုကြိုပြီးပြင်ဆင်ထားတာ၊ ဥပမာ မနက်စာကို အသီးအရွက်သုပ် စားမယ်လို့ စိတ်ကူးထားရင် အသီးအရွက်တွေ ကြိုလှီးထားတာမျိုး ဖြစ်ပါတယ်။ ဒါဆိုရင် မနက်ပိုင်းမှာ မနက်စာချက်တဲ့အခါ အလုပ်ရှုပ်သက်သာသွားမယ့်အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာကိုလည်း စားနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးတာက အိပ်ရာမဝင်ခင်မှာ နောက်တစ်နေ့မှာ အပြီးလုပ်မယ့် ရည်မှန်းချက်တွေ ချမှတ်ထားဖို့ ဖြစ်ပါတယ်။ နောက်တစ်နေ့မှာ အပြီးလုပ်ဖို့ ရည်စူးထားတဲ့အလုပ်သုံးခုလောက်ကို ချရေးထားလိုက်ခြင်းအားဖြင့် အိပ်လို့ ပိုကောင်းပြီး မနက်အိပ်ရာထတဲ့အခါမှာလည်း အာရုံစူးစိုက်မှုပိုကောင်းစေပါတယ်။ မနက်ဖြန်မှာ အဝတ်တွေလျှော်မယ်၊ ဖတ်စရာရှိတဲ့ စာတစ်ပုဒ်ကို အပြီးဖတ်မယ်၊ လာမယ့်ပိတ်ရက်အတွက် စျေးဝယ်မယ်စသဖြင့် အလုပ်လေးတွေကို ချရေးထားရမှာ ဖြစ်ပါတယ်။
ညဖက် ပုံမှန်လုပ်စရာလို့ ပြောတာဖြစ်တဲ့အတွက် ညစဉ်ညတိုင်း မပြောင်းမလဲပဲ လုပ်ရမှာဖြစ်ပါတယ်။ မအိပ်ခင်မှာ ၀တ္ထုတိုတစ်ပုဒ်ဖတ်မယ်ဆိုရင် ညတိုင်းဖတ်ပါ။ ဒီလိုပုံမှန်လုပ်ဆောင်ပေးမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်က ဘယ်အချိန်မှာ အိပ်တော့မလဲ၊ ဘယ်အချိန်မှာ နိုးထရမလဲဆိုတာကို အလိုလိုသိရှိလှုပ်ရှားနေပါလိမ့်မယ်။
၂။ အဆင်ပြေတဲ့ မနက်နိုးထချိန်နဲ့ စတင်ပါ။
ပုံမှန်အိပ်ရာထနေကျအချိန်ထက် နှစ်နာရီလောက်စောပြီး အိပ်ရာထဖို့ နှိုးစက်ပေးမထားပါနဲ့။ အလကားပါပဲ။ သင် နိုးမှာမဟုတ်ပါဘူး။ သင့်ရဲ့ အိပ်ချိန်နဲ့ နိုးထချိန်ကို ဖြည်းဖြည်းချင်း ညှိယူပါ။ ရုတ်တရက်ကြီး မပြောင်းလဲလိုက်ပါနဲ့။
အိပ်ချိန်စတင်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တဲ့နေ့ကစပြီး ပထမဆုံး ၂၄ ရက်ကို ပုံမှန်အိပ်ရာထချိန်ထက် ၅ မိနစ်လောက်ပဲ ပိုစောပြီး နှိုးစက်ပေးထားပါ။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း အိပ်ရာထချိန်ကို ပိုပြီးစောစောထနိုင်အောင် တိုးသွားရမှာဖြစ်ပါတယ်။
မှတ်ချက်။ ။ ဒီအချက်က နှိုးစက်ကို ပိတ်ပြီး ပြန်အိပ်တတ်သူတွေအတွက် အသုံးဝင်မှာမဟုတ်ပါဘူး။ နှိုးစက်မြည်တာနဲ့ အိပ်ရာထဲက ထွက်နိုင်အောင် စိတ်ခွန်အားရှိဖို့ လိုပါတယ်။
၃။ ဖုန်းမပွတ်ပါနဲ့။
အခုခေတ်များ များသောအားဖြင့် နှိုးစက်ကို ဖုန်းနဲ့ပဲ ပေးထားတတ်ကြပါတယ်။ ဒီတော့ နှိုးစက်မြည်တာနဲ့ ဖုန်းကို ကိုင်ပြီး ပိတ်လိုက်ပါတယ်။ ပြီးတာနဲ့ ဆိုရှယ်မီဒီယာတွေကို ကြည့်မယ်၊ အီးမေးလ်တွေစစ်မယ် စတာတွေ လုပ်တတ်ကြပါတယ်။ ဒါမျိုးတွေကို မလုပ်ပါနဲ့။ အိပ်ရာထဲ ဖုန်းပွတ်ရင် တစ်နာရီလောက် အချိန်ကုန်သွားတာက အိပ်ရာစောစောထရတဲ့ ရည်ရွယ်ချက်ကို ပျက်စီးစေပါတယ်။
၄။ လေ့ကျင့်ခန်းလုပ်ပါ။
အိပ်ရာစောစောမထနိုင်တဲ့သူတွေ အတွက်ကတော့ ဒီအချက်က အရမ်းများလွန်းတယ် ထင်ပါလိမ့်မယ်။ ဒါပေမယ့် မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက သင့်ရဲ့တစ်နေ့တာလုံးအတွက် နံပါတ်တစ် အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပါဆိုတိုင်း အားကစားခန်းမှကို သွားဖို့ ပြောတာမဟုတ်ပါဘူး။ အိမ်နားဝန်းကျင်မှာ လမ်းလျှောက်တာ၊ အနှေးပြေးတာ၊ ယောဂလေ့ကျင့်တာ စတာတွေလုပ်ရင် လုံလောက်ပါတယ်။ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အားဖြည့်ပေးနိုင်ပါတယ်။
သင့်ရဲ့ ရည်မှန်းချက်က ဘာပဲဖြစ်ဖြစ်၊ အသေးငယ်ဆုံးပြောင်းလဲမှုကနေ စတင်ပါ။ တစ်နေ့ပြီးတစ်နေ့ တဖြည်းဖြည်းချင်း ညှိယူပြီး သေချာလုပ်ဆောင်ပါ။ အောင်မြင်ပါလိမ့်မယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine
[/showhide]
ကၽြန္ေတာ္တို႔ အမ်ားစုက မနက္ေစာေစာအိပ္ရာထၾကမွာကို မႀကိဳက္ၾကပါဘူး။ ဒါေပမယ့္ မနက္ေစာေစာအိပ္ရာထျခင္းက က်န္းမာေရးအရေရာ၊ အလုပ္အကိုင္တိုးတက္ဖို႔အတြက္ကိုပါ အက်ိဳးေက်းဇူးမ်ားစြာရွိပါတယ္။ ေလ့လာမႈေတြအရလည္း မနက္ေစာေစာအိပ္ရာထသူေတြဟာ ပိုၿပီးေပ်ာ္ရႊင္က်န္းမာၿပီး ပိုေအာင္ျမင္ၾကတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ မနက္ေစာေစာအိပ္ရာထခ်င္ေပမယ့္ မထႏိုင္ဘူးဆိုရင္ ဒီနည္းလမ္းေလးေတြ လုပ္ၾကည့္ဖို႔ အၾကံျပဳလိုက္ပါတယ္။
၁။ ညဖက္ ပံုမွန္လုပ္စရာေတြ သတ္မွတ္ထားပါ။
မနက္ေစာေစာမွာ အိပ္ရာထႏိုင္ဖို႔အတြက္ အေရးႀကီးဆံုးအပိုင္းက နည္းလမ္းမွန္မွန္နဲ႔ အိပ္ရာ၀င္တတ္ဖို႔ ျဖစ္ပါတယ္။ ေစာေစာ ႏိုးေအာင္ ေစာေစာအိပ္တာကို ဆိုလိုတာမဟုတ္ပါဘူး။ မနက္အိပ္ရာထတဲ့အခါမွာ ပ်င္းစရာညည္းစီစီ မနက္ခင္းမဟုတ္ပဲ စိတ္၀င္စားစရာ မနက္ခင္ျဖစ္ေအာင္ ညကတည္းက ျပင္ဆင္ထားဖို႔ကို ဆိုလိုပါတယ္။ မနက္ျဖန္အတြက္ မနက္စာကိုႀကိဳၿပီးျပင္ဆင္ထားတာ၊ ဥပမာ မနက္စာကို အသီးအရြက္သုပ္ စားမယ္လို႔ စိတ္ကူးထားရင္ အသီးအရြက္ေတြ ႀကိဳလွီးထားတာမ်ိဳး ျဖစ္ပါတယ္။ ဒါဆိုရင္ မနက္ပိုင္းမွာ မနက္စာခ်က္တဲ့အခါ အလုပ္႐ႈပ္သက္သာသြားမယ့္အျပင္ က်န္းမာေရးနဲ႔ ညီညြတ္တဲ့မနက္စာကိုလည္း စားႏိုင္မွာ ျဖစ္ပါတယ္။
ေနာက္ထပ္အေရးႀကီးတာက အိပ္ရာမ၀င္ခင္မွာ ေနာက္တစ္ေန႔မွာ အၿပီးလုပ္မယ့္ ရည္မွန္းခ်က္ေတြ ခ်မွတ္ထားဖို႔ ျဖစ္ပါတယ္။ ေနာက္တစ္ေန႔မွာ အၿပီးလုပ္ဖို႔ ရည္စူးထားတဲ့အလုပ္သံုးခုေလာက္ကို ခ်ေရးထားလိုက္ျခင္းအားျဖင့္ အိပ္လို႔ ပိုေကာင္းၿပီး မနက္အိပ္ရာထတဲ့အခါမွာလည္း အာ႐ုံစူးစိုက္မႈပိုေကာင္းေစပါတယ္။ မနက္ျဖန္မွာ အ၀တ္ေတြေလွ်ာ္မယ္၊ ဖတ္စရာရွိတဲ့ စာတစ္ပုဒ္ကို အၿပီးဖတ္မယ္၊ လာမယ့္ပိတ္ရက္အတြက္ ေစ်း၀ယ္မယ္စသျဖင့္ အလုပ္ေလးေတြကို ခ်ေရးထားရမွာ ျဖစ္ပါတယ္။
ညဖက္ ပံုမွန္လုပ္စရာလို႔ ေျပာတာျဖစ္တဲ့အတြက္ ညစဥ္ညတိုင္း မေျပာင္းမလဲပဲ လုပ္ရမွာျဖစ္ပါတယ္။ မအိပ္ခင္မွာ ၀တၳဳတိုတစ္ပုဒ္ဖတ္မယ္ဆိုရင္ ညတိုင္းဖတ္ပါ။ ဒီလိုပံုမွန္လုပ္ေဆာင္ေပးမယ္ဆိုရင္ သင့္ရဲ႕ခႏၶာကိုယ္က ဘယ္အခ်ိန္မွာ အိပ္ေတာ့မလဲ၊ ဘယ္အခ်ိန္မွာ ႏိုးထရမလဲဆိုတာကို အလိုလိုသိရွိလႈပ္ရွားေနပါလိမ့္မယ္။
၂။ အဆင္ေျပတဲ့ မနက္ႏိုးထခ်ိန္နဲ႔ စတင္ပါ။
ပုံမွန္အိပ္ရာထေနက်အခ်ိန္ထက္ ႏွစ္နာရီေလာက္ေစာၿပီး အိပ္ရာထဖို႔ ႏႈိးစက္ေပးမထားပါနဲ႔။ အလကားပါပဲ။ သင္ ႏိုးမွာမဟုတ္ပါဘူး။ သင့္ရဲ႕ အိပ္ခ်ိန္နဲ႔ ႏိုးထခ်ိန္ကို ျဖည္းျဖည္းခ်င္း ညွိယူပါ။ ႐ုတ္တရက္ႀကီး မေျပာင္းလဲလိုက္ပါနဲ႔။
အိပ္ခ်ိန္စတင္ေျပာင္းလဲဖို႔ ဆံုးျဖတ္လိုက္တဲ့ေန႔ကစၿပီး ပထမဆံုး ၂၄ ရက္ကို ပုံမွန္အိပ္ရာထခ်ိန္ထက္ ၅ မိနစ္ေလာက္ပဲ ပိုေစာၿပီး ႏႈိးစက္ေပးထားပါ။ ဒီလိုနဲ႔ တျဖည္းျဖည္းခ်င္း အိပ္ရာထခ်ိန္ကို ပိုၿပီးေစာေစာထႏိုင္ေအာင္ တိုးသြားရမွာျဖစ္ပါတယ္။
မွတ္ခ်က္။ ။ ဒီအခ်က္က ႏႈိးစက္ကို ပိတ္ၿပီး ျပန္အိပ္တတ္သူေတြအတြက္ အသံုး၀င္မွာမဟုတ္ပါဘူး။ ႏႈိးစက္ျမည္တာနဲ႔ အိပ္ရာထဲက ထြက္ႏိုင္ေအာင္ စိတ္ခြန္အားရွိဖို႔ လိုပါတယ္။
၃။ ဖုန္းမပြတ္ပါနဲ႔။
အခုေခတ္မ်ား မ်ားေသာအားျဖင့္ ႏႈိးစက္ကို ဖုန္းနဲ႔ပဲ ေပးထားတတ္ၾကပါတယ္။ ဒီေတာ့ ႏႈိးစက္ျမည္တာနဲ႔ ဖုန္းကို ကိုင္ၿပီး ပိတ္လိုက္ပါတယ္။ ၿပီးတာနဲ႔ ဆိုရွယ္မီဒီယာေတြကို ၾကည့္မယ္၊ အီးေမးလ္ေတြစစ္မယ္ စတာေတြ လုပ္တတ္ၾကပါတယ္။ ဒါမ်ိဳးေတြကို မလုပ္ပါနဲ႔။ အိပ္ရာထဲ ဖုန္းပြတ္ရင္ တစ္နာရီေလာက္ အခ်ိန္ကုန္သြားတာက အိပ္ရာေစာေစာထရတဲ့ ရည္ရြယ္ခ်က္ကို ပ်က္စီးေစပါတယ္။
၄။ ေလ့က်င့္ခန္းလုပ္ပါ။
အိပ္ရာေစာေစာမထႏိုင္တဲ့သူေတြ အတြက္ကေတာ့ ဒီအခ်က္က အရမ္းမ်ားလြန္းတယ္ ထင္ပါလိမ့္မယ္။ ဒါေပမယ့္ မနက္ခင္းမွာ ေလ့က်င့္ခန္းလုပ္တာက သင့္ရဲ႕တစ္ေန႔တာလံုးအတြက္ နံပါတ္တစ္ အေရးအႀကီးဆံုး အခ်က္ျဖစ္ပါတယ္။ ေလ့က်င့္ခန္းလုပ္ပါဆိုတိုင္း အားကစားခန္းမွကို သြားဖို႔ ေျပာတာမဟုတ္ပါဘူး။ အိမ္နား၀န္းက်င္မွာ လမ္းေလွ်ာက္တာ၊ အေႏွးေျပးတာ၊ ေယာဂေလ့က်င့္တာ စတာေတြလုပ္ရင္ လံုေလာက္ပါတယ္။ မနက္ခင္းမွာ ေလ့က်င့္ခန္းလုပ္တာက သင့္ရဲ႕ဇီ၀ကမၼျဖစ္စဥ္ကို အားျဖည့္ေပးႏိုင္ပါတယ္။
သင့္ရဲ႕ ရည္မွန္းခ်က္က ဘာပဲျဖစ္ျဖစ္၊ အေသးငယ္ဆံုးေျပာင္းလဲမႈကေန စတင္ပါ။ တစ္ေန႔ၿပီးတစ္ေန႔ တျဖည္းျဖည္းခ်င္း ညွိယူၿပီး ေသခ်ာလုပ္ေဆာင္ပါ။ ေအာင္ျမင္ပါလိမ့္မယ္။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
++++++++++++++++++++++++++++++++++++++++++++++++++++++++++++