ဘာေၾကာင့္ က်႐ႈံးရတာလဲ ???

[sg_popup id=”6″ event=”onload”][/sg_popup]ဘာေၾကာင့္ က်႐ႈံးရတာလဲ ???

[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]

ဘာကြောင့် ကျရှုံးရတာလဲ ???

(Unicode)

အောင်မြင်သူတိုင်း ရိုးသားစွာ ၀န်ခံကြကြေးဆိုရင် သူတို့အားလုံး ကျရှုံးမှုတွေကို ဖြတ်သန်းခဲ့ရတာကို တွေ့ပါလိမ့်မယ်။ ဒါပေမယ့် ကျရှုံးမှုတစ်ခုချင်ဆီကနေ ကျွန်တော်တို့အတွက် အဖိုးတန်သင်ခန်းစာနှစ်ခုကို ရရှိနိုင်ပါတယ်။ ပထမတစ်ခုက ကျရှုံးရတဲ့အကြောင်းရင်းနဲ့ နောက်တစ်ခုကတော့ ကျရှုံးမှုကနေ ဘယ်လိုပြန်ရုန်းထွက်မလဲဆိုတာပါပဲ။

ဒီတော့ ကျွန်တော်တို့ ဘာလို့ကျရှုံးကြတာလဲ ??? ဘယ်လိုပြန်ရုန်းထမလဲ??? ကျရှုံးမှုကို ဖြစ်စေတဲ့ ပြဿနာတွေကို သိထားပြီး ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် များသောအားဖြင့် ကျရှုံးမှုဖြစ်စေတဲ့ အကြောင်းရင်း (၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ဇွဲသတ္တိ မရှိခြင်း
လူအများစု ကျရှုံးရတဲ့အကြောင်းရင်ဟာ အသိပညာမရှိလို့၊ အရည်အချင်းမရှိလို့ဆိုတာထက် သူတို့ကိုယ်တိုင်က လက်လျှော့အရှုံးပေးလိုက်လို့ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် ဇွဲလုံ့လနဲ့ ခံနိုင်ရည်ဆိုတဲ့ စကားနှစ်လုံးကို အမှတ်ရနေဖို့ လိုပါတယ်။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ ဇွဲလုံ့လရှိရမှာဖြစ်ပြီး မဖြစ်ချင်တာ ဖြစ်လာရင်လည်း ခံနိုင်ရည်ရှိဖို့ လိုပါတယ်။

ချဉ်းကပ်မှုအသစ်တွေကို ကြိုးစားကြည့်ပါ။ ဇွဲရှိဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ အောင်မြင်မှာပါဆိုပြီး တူညီတဲ့လုပ်ဆောင်ချက်တစ်ခုတည်းကိုပဲ ထပ်ကာတလဲလဲလုပ်နေမယ်ဆိုရင် ရည်မှန်းထားတဲ့အတိုင်းဖြစ်လာဖို့ ခက်နေပါလိမ့်မယ်။ အဆင်မပြေခဲ့တဲ့ အားထုတ်မှုတွေကို ပြန်သုံးသပ်ပြီး ဘာကိုပြောင်းလဲရမလဲ ဆုံးဖြတ်ပါ။ တယူသန်လုပ်မနေပဲ ပြင်ဆင်ပြောင်းလဲစရာရှိတာတွေကို ပြင်ဆင်ပါ။ အတွေ့အကြုံကို လမ်းညွှန်အဖြစ်အသုံးချပါ။

၂။ ယုံကြည်မှု မရှိခြင်း
ယုံကြည်မှုမရှိတဲ့သူတွေက သာမန်လမ်းကိုပဲ ရွေးချယ်ကြပါတယ်။ တစ်ခုခုကို ရွေးချယ်လုပ်ဆောင်ဖို့ ယုံကြည်မှုနဲ့ သတ္တိမရှိတဲ့အတွက် အခြားသူတွေလုပ်သမျှလိုက်လုပ်ရင်း နောက်ကျကျနေခဲ့တတ်ပါတယ်။ သူတို့လုပ်တာမှားနေတယ်ဆိုတာ သိနေရင်တောင်မှ အများလက်ခံနိုင်ဖို့အတွက် ဘာမဆိုလုပ်တတ်ကြသူတွေဖြစ်ပါတယ်။
သင့်အတွက် ဘာအရေးကြီးလဲဆိုတာကို ဆုံးဖြတ်ပါ။ တစ်ခုခုကို လုပ်သင့်တယ်၊ လုပ်ဖို့ထိုက်တန်တယ်လို့ ထင်ရင် လုပ်ဖို့အတွက် နှောင့်နှေးမနေပါနဲ့။

၃။ ဆင်ခြင်သုံးသပ်လွန်းခြင်း
အောင်နိုင်သူတွေက လေ့လာဆန်းစစ်ကြပါတယ်။ ဒါပေမယ့် ဘယ်တော့ အလွန်အကျွံဆင်ခြင်သုံးသပ်တာမျိုး မလုပ်ကြပါဘူး။ အရှုံးသမားတွေပဲ အဆုံးမသတ်နိုင်အောင် ဆင်ခြင်သုံးသပ်ပြီး သူတို့မအောင်မြင်ရတဲ့ အကြောင်းကို ဆင်ခြေတွေအပြည့်ပေးတတ်ကြတာ ဖြစ်ပါတယ်။

သင့်ရဲ့ အမြင်သဘောထားကို ပြောင်းလဲပါ။ မအောင်မြင်တဲ့ ကြိုးစားမှုတိုင်းကို ကျရှုံးမှုလို့ မသတ်မှတ်ပါနဲ့။ ပထမဆုံးအကြိမ်မှာ တစ်ခါတည်းအောင်မြင်သွားတဲ့သူက အရမ်းနည်းပါတယ်။ ထပ်တလဲလဲ ကြိုးစားအားထုတ်မှုတွေနဲ့သာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ဘာဖြစ်သွားတာလဲ၊ ဘာကြောင့်လဲဆိုတာကို သိနိုင်အောင် အကောင်းဆုံးလေ့လာပါ။

၄။ အတိတ်ကအမှားများမှ သင်ခန်းစာမယူခြင်း
တစ်ချို့လူတွေက ရှင်သန်ရင်းနဲ့ လေ့လာကြပါတယ်။ တစ်ချို့ကတော့ ရှင်သန်ရုံပဲ ရှင်သန်ကြပါတယ်။ ကျွန်တော်တို့သာ မှန်မှန်ကန်ကန်တွေးခေါ်တတ်မယ်ဆိုရင် ကျရှုံးမှုဆိုတာ ဆရာတစ်ပါးပါပဲ။ အသိဉာဏ်ရှိသူတွေက သူတို့ရဲ့ အမှားကနေ ပညာယူကြပါတယ်။

ပြဿနာကို သေချာသုံးသပ်ပါ။ အခြေအနေကို ဆန်းစစ်ပါ။ ဘာကို အောင်မြင်ချင်တာလဲ၊ သင့်ရဲ့နည်းလမ်းက ဘာလဲ၊ ဘာဖြစ်လို့ အလုပ်မဖြစ်တာလဲ စသဖြင့် ဆန်းစစ်ပါ။ သင့်အနေနဲ့ ပြဿနာကို သေချာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ဘာကိုလုပ်ချင်နေတာလဲဆိုတာကို သေချာစဉ်းစားပါ။

၅။ စည်းကမ်းမရှိခြင်း
စည်းကမ်းမရှိရင် အောင်မြင်မှုဆိုတာလည်း ရှိမလာနိုင်ပါဘူး။ စည်းကမ်းက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ဖို့၊ သည်းခံနိုင်ဖို့၊ အနှောက်အယှက်တွေ၊ အတားအဆီးတွေကို ရှောင်ရှားနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် အာရုံစိုက်နိုင်စေဖို့အတွက်လည်း ကူညီပေးပါတယ်။

အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံသူဖြစ်ဖို့ လုပ်မနေပါနဲ့။ အောင်မြင်တဲ့အခါ ဘယ်လိုဘယ်ပုံရှိမလဲဆိုတာကို စိတ်ကူးထားတဲ့ အမြင်ရှိဖို့ လိုပါတယ်။ ဒီလိုအမြင်ရှိနေရုံနဲ့တော့ စိတ်အားတက်ကြွတာမှန်ပေမယ့် လက်တွေ့ဖြစ်လာဦးမှာ မဟုတ်ပါဘူး။ ရည်မှန်းချက်တစ်ခုကို အောင်မြင်ရုံနဲပ ပြဿနာတွေအားလုံး ပြေလည်သွားတာမဟုတ်ပါဘူး။

၆။ မိမိကိုယ်ကို တန်ဖိုးမထားခြင်း
မိမိကိုယ်ကို တန်ဖိုးမထားတာက ကိုယ့်ကိုယ်ကိုယ် မလေးစားတာ၊ ထိုက်တန်မှုရှိအောင် မနေထိုင်တာပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုနည်းပြီး၊ တန်ဖိုးမထားတတ်သူတွေဟာ သူတို့ကိုယ်သူတို့ ရှာဖွေဖို့နဲ့ သူတို့ဖြစ်ချင်တဲ့သူအဖြစ် ဖန်တီးဖို့လုပ်ရင်း အချိန်ကုန်နေတတ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် တံဆိပ်မကပ်ပါနဲ့။ သင့် ကျရှုံးခဲ့တယ်ဆိုတိုင်းလည်း နောက်တစ်ခါကြိုးစားခွင့်မရှိတော့တာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ရည်မှန်းချက်တစ်ခုဆီကို ရောက်ရှိဖို့ ကြိုးစားရုန်းကန်နေတယ်လို့ မှတ်ယူပါ။ စိတ်ရှည်သည်းခံပြီး လုံ့လဝီရိယအပြည့်နဲ့ ခရီးရှည်ကို လျှောက်လှမ်းနိုင်ဖို့ လိုါပတယ်။

၇။ အကြောင်းကံကိုချည်း ပုံချတတ်ခြင်း
ကံကြမ္မာကိုပဲ ပဓာနထားတဲ့ စိတ်သဘောထားရှိသူတွေဟာ ဘဝမှာလုပ်ဆောင်ရမယ့် တာဝန်တွေကို ကံကိုအကြောင်းပြပြီး ငြင်းပယ်တတ်သူတွေဖြစ်ပါတယ်။ သူတို့အတွက် အောင်မြင်မှု၊ ကျရှုံးမှု အားလုံးက ကံပေါ်မှာပဲ မူတည်နေတာဖြစ်ပါတယ်။

နေ့တိုင်း မှန်ထဲက ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး “ငါ့အတွက် ငါမှာသာ တာဝန်ရှိတယ်” လို့ပြောပါ။ သင့်ဘဝမှာ အရာတိုင်းကို ထိန်းချုပ်နိုင်ဖို့ မလွယ်ပါဘူး ဒါပေမယ့် မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာကို သဘောပေါက်ခဲ့မယ်ဆိုရင် ထိန်းချုပ်နိုင်တာတွေ ပိုများလာတာကို တွေ့ရပါလိမ့်မယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

[/showhide]

ေအာင္ျမင္သူတိုင္း ႐ိုးသားစြာ ၀န္ခံၾကေၾကးဆိုရင္ သူတို႔အားလံုး က်႐ႈံးမႈေတြကို ျဖတ္သန္းခဲ့ရတာကို ေတြ႕ပါလိမ့္မယ္။ ဒါေပမယ့္ က်႐ႈံးမႈတစ္ခုခ်င္ဆီကေန ကၽြန္ေတာ္တို႔အတြက္ အဖိုးတန္သင္ခန္းစာႏွစ္ခုကို ရရွိႏိုင္ပါတယ္။ ပထမတစ္ခုက က်႐ႈံးရတဲ့အေၾကာင္းရင္းနဲ႔ ေနာက္တစ္ခုကေတာ့ က်႐ႈံးမႈကေန ဘယ္လိုျပန္႐ုန္းထြက္မလဲဆိုတာပါပဲ။

ဒီေတာ့ ကၽြန္ေတာ္တို႔ ဘာလို႔က်႐ႈံးၾကတာလဲ ??? ဘယ္လိုျပန္႐ုန္းထမလဲ??? က်႐ႈံးမႈကို ျဖစ္ေစတဲ့ ျပႆနာေတြကို သိထားၿပီး ေျဖရွင္းႏိုင္ဖို႔ လိုပါတယ္။ ဒါ့ေၾကာင့္ မ်ားေသာအားျဖင့္ က်႐ႈံးမႈျဖစ္ေစတဲ့ အေၾကာင္းရင္း (၇)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ဇြဲသတၱိ မရွိျခင္း
လူအမ်ားစု က်႐ႈံးရတဲ့အေၾကာင္းရင္ဟာ အသိပညာမရွိလို႔၊ အရည္အခ်င္းမရွိလို႔ဆိုတာထက္ သူတို႔ကိုယ္တိုင္က လက္ေလွ်ာ့အရႈံးေပးလိုက္လို႔ ျဖစ္ပါတယ္။ ဒီလိုမျဖစ္ဖို႔အတြက္ ဇြဲလံု႔လနဲ႔ ခံႏိုင္ရည္ဆိုတဲ့ စကားႏွစ္လံုးကို အမွတ္ရေနဖို႔ လိုပါတယ္။ ျဖစ္ခ်င္တာကို ျဖစ္ေအာင္လုပ္ဖို႔ ဇြဲလံု႔လရွိရမွာျဖစ္ၿပီး မျဖစ္ခ်င္တာ ျဖစ္လာရင္လည္း ခံႏိုင္ရည္ရွိဖို႔ လိုပါတယ္။

ခ်ဥ္းကပ္မႈအသစ္ေတြကို ႀကိဳးစားၾကည့္ပါ။ ဇြဲရွိဖို႔က အေရးႀကီးပါတယ္။ ဒါေပမယ့္ ဒီတစ္ခါေတာ့ ေအာင္ျမင္မွာပါဆိုၿပီး တူညီတဲ့လုပ္ေဆာင္ခ်က္တစ္ခုတည္းကိုပဲ ထပ္ကာတလဲလဲလုပ္ေနမယ္ဆိုရင္ ရည္မွန္းထားတဲ့အတိုင္းျဖစ္လာဖို႔ ခက္ေနပါလိမ့္မယ္။ အဆင္မေျပခဲ့တဲ့ အားထုတ္မႈေတြကို ျပန္သံုးသပ္ၿပီး ဘာကိုေျပာင္းလဲရမလဲ ဆံုးျဖတ္ပါ။ တယူသန္လုပ္မေနပဲ ျပင္ဆင္ေျပာင္းလဲစရာရွိတာေတြကို ျပင္ဆင္ပါ။ အေတြ႕အၾကံဳကို လမ္းညႊန္အျဖစ္အသံုးခ်ပါ။

၂။ ယုံၾကည္မႈ မရွိျခင္း
ယုံၾကည္မႈမရွိတဲ့သူေတြက သာမန္လမ္းကိုပဲ ေရြးခ်ယ္ၾကပါတယ္။ တစ္ခုခုကို ေရြးခ်ယ္လုပ္ေဆာင္ဖို႔ ယုံၾကည္မႈနဲ႔ သတၱိမရွိတဲ့အတြက္ အျခားသူေတြလုပ္သမွ်လိုက္လုပ္ရင္း ေနာက္က်က်ေနခဲ့တတ္ပါတယ္။ သူတို႔လုပ္တာမွားေနတယ္ဆိုတာ သိေနရင္ေတာင္မွ အမ်ားလက္ခံႏိုင္ဖို႔အတြက္ ဘာမဆိုလုပ္တတ္ၾကသူေတြျဖစ္ပါတယ္။
သင့္အတြက္ ဘာအေရးႀကီးလဲဆိုတာကို ဆံုးျဖတ္ပါ။ တစ္ခုခုကို လုပ္သင့္တယ္၊ လုပ္ဖို႔ထိုက္တန္တယ္လို႔ ထင္ရင္ လုပ္ဖို႔အတြက္ ေႏွာင့္ေႏွးမေနပါနဲ႔။

၃။ ဆင္ျခင္သံုးသပ္လြန္းျခင္း
ေအာင္ႏိုင္သူေတြက ေလ့လာဆန္းစစ္ၾကပါတယ္။ ဒါေပမယ့္ ဘယ္ေတာ့ အလြန္အကၽြံဆင္ျခင္သံုးသပ္တာမ်ိဳး မလုပ္ၾကပါဘူး။ အရႈံးသမားေတြပဲ အဆံုးမသတ္ႏိုင္ေအာင္ ဆင္ျခင္သံုးသပ္ၿပီး သူတို႔မေအာင္ျမင္ရတဲ့ အေၾကာင္းကို ဆင္ေျခေတြအျပည့္ေပးတတ္ၾကတာ ျဖစ္ပါတယ္။

သင့္ရဲ႕ အျမင္သေဘာထားကို ေျပာင္းလဲပါ။ မေအာင္ျမင္တဲ့ ႀကိဳးစားမႈတိုင္းကို က်႐ႈံးမႈလို႔ မသတ္မွတ္ပါနဲ႔။ ပထမဆံုးအႀကိမ္မွာ တစ္ခါတည္းေအာင္ျမင္သြားတဲ့သူက အရမ္းနည္းပါတယ္။ ထပ္တလဲလဲ ႀကိဳးစားအားထုတ္မႈေတြနဲ႔သာ ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ရွိႏိုင္မွာ ျဖစ္ပါတယ္။ ဘာျဖစ္သြားတာလဲ၊ ဘာေၾကာင့္လဲဆိုတာကို သိႏိုင္ေအာင္ အေကာင္းဆံုးေလ့လာပါ။

၄။ အတိတ္ကအမွားမ်ားမွ သင္ခန္းစာမယူျခင္း
တစ္ခ်ိဳ႕လူေတြက ရွင္သန္ရင္းနဲ႔ ေလ့လာၾကပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ရွင္သန္႐ုံပဲ ရွင္သန္ၾကပါတယ္။ ကၽြန္ေတာ္တို႔သာ မွန္မွန္ကန္ကန္ေတြးေခၚတတ္မယ္ဆိုရင္ က်႐ႈံးမႈဆိုတာ ဆရာတစ္ပါးပါပဲ။ အသိဥာဏ္ရွိသူေတြက သူတို႔ရဲ႕ အမွားကေန ပညာယူၾကပါတယ္။

ျပႆနာကို ေသခ်ာသံုးသပ္ပါ။ အေျခအေနကို ဆန္းစစ္ပါ။ ဘာကို ေအာင္ျမင္ခ်င္တာလဲ၊ သင့္ရဲ႕နည္းလမ္းက ဘာလဲ၊ ဘာျဖစ္လို႔ အလုပ္မျဖစ္တာလဲ စသျဖင့္ ဆန္းစစ္ပါ။ သင့္အေနနဲ႔ ျပႆနာကို ေသခ်ာဆန္းစစ္ၾကည့္ဖို႔ လိုပါတယ္။ ဘာကိုလုပ္ခ်င္ေနတာလဲဆိုတာကို ေသခ်ာစဥ္းစားပါ။

၅။ စည္းကမ္းမရွိျခင္း
စည္းကမ္းမရွိရင္ ေအာင္ျမင္မႈဆိုတာလည္း ရွိမလာႏိုင္ပါဘူး။ စည္းကမ္းက ကိုယ့္ကိုယ္ကိုယ္ ထိန္းသိမ္းႏိုင္ဖို႔၊ သည္းခံႏိုင္ဖို႔၊ အေႏွာက္အယွက္ေတြ၊ အတားအဆီးေတြကို ေရွာင္ရွားႏိုင္ဖို႔ အေထာက္အကူျဖစ္ေစပါတယ္။ ဒါ့အျပင္ အာ႐ုံစိုက္ႏိုင္ေစဖို႔အတြက္လည္း ကူညီေပးပါတယ္။

အျပစ္ေျပာစရာမရွိေအာင္ ၿပီးျပည့္စံုသူျဖစ္ဖို႔ လုပ္မေနပါနဲ႔။ ေအာင္ျမင္တဲ့အခါ ဘယ္လိုဘယ္ပံုရွိမလဲဆိုတာကို စိတ္ကူးထားတဲ့ အျမင္ရွိဖို႔ လိုပါတယ္။ ဒီလိုအျမင္ရွိေန႐ုံနဲ႔ေတာ့ စိတ္အားတက္ၾကြတာမွန္ေပမယ့္ လက္ေတြ႕ျဖစ္လာဦးမွာ မဟုတ္ပါဘူး။ ရည္မွန္းခ်က္တစ္ခုကို ေအာင္ျမင္႐ုံနဲပ ျပႆနာေတြအားလံုး ေျပလည္သြားတာမဟုတ္ပါဘူး။

၆။ မိမိကိုယ္ကို တန္ဖိုးမထားျခင္း
မိမိကိုယ္ကို တန္ဖိုးမထားတာက ကိုယ့္ကိုယ္ကိုယ္ မေလးစားတာ၊ ထိုက္တန္မႈရွိေအာင္ မေနထိုင္တာပဲ ျဖစ္ပါတယ္။ မိမိကိုယ္ကို ယုံၾကည္မႈနည္းၿပီး၊ တန္ဖိုးမထားတတ္သူေတြဟာ သူတို႔ကိုယ္သူတို႔ ရွာေဖြဖို႔နဲ႔ သူတို႔ျဖစ္ခ်င္တဲ့သူအျဖစ္ ဖန္တီးဖို႔လုပ္ရင္း အခ်ိန္ကုန္ေနတတ္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္ တံဆိပ္မကပ္ပါနဲ႔။ သင့္ က်႐ႈံးခဲ့တယ္ဆိုတိုင္းလည္း ေနာက္တစ္ခါႀကိဳးစားခြင့္မရွိေတာ့တာ မဟုတ္ပါဘူး။ သင့္ကိုယ္သင္ ရည္မွန္းခ်က္တစ္ခုဆီကို ေရာက္ရွိဖို႔ ႀကိဳးစား႐ုန္းကန္ေနတယ္လို႔ မွတ္ယူပါ။ စိတ္ရွည္သည္းခံၿပီး လံု႔လ၀ီရိယအျပည့္နဲ႔ ခရီးရွည္ကို ေလွ်ာက္လွမ္းႏိုင္ဖို႔ လိုါပတယ္။

၇။ အေၾကာင္းကံကိုခ်ည္း ပံုခ်တတ္ျခင္း
ကံၾကမၼာကိုပဲ ပဓာနထားတဲ့ စိတ္သေဘာထားရွိသူေတြဟာ ဘ၀မွာလုပ္ေဆာင္ရမယ့္ တာ၀န္ေတြကို ကံကိုအေၾကာင္းျပၿပီး ျငင္းပယ္တတ္သူေတြျဖစ္ပါတယ္။ သူတို႔အတြက္ ေအာင္ျမင္မႈ၊ က်႐ႈံးမႈ အားလံုးက ကံေပၚမွာပဲ မူတည္ေနတာျဖစ္ပါတယ္။

ေန႔တိုင္း မွန္ထဲက ကိုယ့္႐ုပ္ကိုယ္ၾကည့္ၿပီး “ငါ့အတြက္ ငါမွာသာ တာ၀န္ရွိတယ္” လို႔ေျပာပါ။ သင့္ဘ၀မွာ အရာတိုင္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔ မလြယ္ပါဘူး ဒါေပမယ့္ မိမိကိုယ္သာ ကိုးကြယ္ရာ ဆိုတာကို သေဘာေပါက္ခဲ့မယ္ဆိုရင္ ထိန္းခ်ဳပ္ႏိုင္တာေတြ ပိုမ်ားလာတာကို ေတြ႕ရပါလိမ့္မယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

Related Posts

%%footer%%