လုပ္ေဖာ္ကိုင္ဖက္ေတြ ၀ိုင္းပယ္ျခင္းကို ခံရႏိုင္သည့္အေၾကာင္းရင္း (၆)ခု[sg_popup id=”6″ event=”onload”][/sg_popup]
[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]
လုပ်ဖော်ကိုင်ဖက်တွေ ၀ိုင်းပယ်ခြင်းကို ခံရနိုင်သည့်အကြောင်းရင်း (၆)ခု
(Unicode)
သင့်အနေနဲ့ အဖွဲ့အစည်းကြီးတစ်ခုထဲမှာ အလုပ်လုပ်နေရပေမယ့် တစ်ယောက်တည်းဖြစ်နေသလို့ ခံစားနေရပါသလား? ရုံးခန်းထဲမှာ ကိစ္စတစ်ခုခုရှိခဲ့ရင် နောက်ဆုံးမှသိရတဲ့သူဟာ သင်ဖြစ်နေပါသလား? သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သင့်ကို ၀ိုင်းပယ်ထားသလို ခံစားနေရပါသလား? ဒါဆိုရင်တော့ အခုဖော်ပြမယ့် အချက်တွေကို ပြင်ဆင်လိုက်ပါ။
၁။ စိတ်သုန်မှုန်နေတတ်တာ
အလုပ်ထဲမှာ အမြဲတမ်းလိုလို သုန်မှုန်ပြီး စိတ်အလိုမကျဖြစ်နေမယ်ဆိုရင် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေအတွက် အပြုသဘောဆောင်တဲ့ အမူအယာမဟုတ်ပါဘူး။ တကယ်တော့ လိုတာထက်ပိုပြီး တည်နေတာနဲ့ တစ်ဦးတည်းသီးခြားနေတာက သင့်ရဲ့အလုပ်မှာ တိုးတက်မှုအလားအလာကို ထိခိုက်စေနိုင်ပါတယ်။ ဒါက ခေါင်းဆောင်တစ်ယောက်ရဲ့ အမူအကျင့်လည်း မဟုတ်ပါဘူး။
၂။ ပြောစရာမရှိပြီးပြည့်စုံနေဖို့ပဲ လုပ်နေတာ
လုပ်ငန်းခွင်တစ်ခုမှာ လုပ်ဖော်ကိုင်ဖက်တွေ မုန်းတဲ့အရာတစ်ခုကို ပြောပြပါဆိုရင် တစ်ယောက်ယောက်က အရမ်းအလုပ်တွေ ကြိုးစားပမ်းစားလုပ်နေတာပဲဖြစ်ပါတယ်။ ပုံမှန်လုပ်ရိုးလုပ်စဉ်အလုပ်တွေနဲ့ အချိန်မှန်ပြီးစီးတာမျိုးက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ဘာအလုပ်ဖြစ်ဖြစ် အရမ်းတက်ကြွနေတတ်ပြီး တစ်ချိန်လုံး ပြိုင်ဆိုင်နေသလိုလုပ်နေမယ်ဆိုရင်တော့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ချဉ်လာမှာဖြစ်ပါတယ်။
၃။ စကားများလွန်းတာ
စကားများလွန်းတာကလည်း လုပ်ဖော်ကိုင်ဖက်တွေ မနှစ်သက်တဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ အခြားဝန်ထမ်းတွေရဲ့ အလုပ်စားပွဲကို သွားပြီး ညက သင့်အိပ်မက်ထဲမှာ လေဒီဂါဂါနဲ့ တွေ့တဲ့အကြောင်းလိုမျိုး ဟိုဟိုဒီဒီလျှောက်ပြောနေမယ်ဆိုရင် သင့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ သီးခြားလွတ်လပ်ခွင့်ကို ကျူးကျော်နေသလိုပါပဲ။ စကားနည်းနည်းပဲ ပြောပါ။ အရမ်းပြောချင်နေတယ်ဆိုရင်လည်း Facebook ပေါ်မှာ တင်လိုက်ပါ။
၄။ အခြေခံယဉ်ကျေးမှု မရှိတာ
လုပ်ငန်းခွင်ထဲမှာ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ဘယ်လိုပြုမူနေထိုင်တယ်ဆိုတာကို သတိထားမှတ်သားထားပါ။ လုပ်ငန်းခွင် ဒါမှမဟုတ် ရုံးခန်းဆိုတာ အတိအလင်းထုတ်ပြန်ကြေညာထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတတ်တဲ့နေရာဖြစ်ပါတယ်။ ဒါ့ကြောင် လုပ်ငန်းခွင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်၊ ၀တ်တတ်၊ စားတတ်ဖို့ လိုပါတယ်။ ဖြစ်သလိုဝတ်စားလာတာ၊ ခန္ဓာကိုယ်အနံ့အသက်မကောင်းတာ၊ ကိုယ်ပိုင်နေရာတစ်လို နေချင်သလိုနေတာမျိုးတွေက မလုပ်သင့်တဲ့အရာတွေဖြစ်ပါတယ်။
၅။ ပရော်ဖက်ရှင်နယ် မဆန်တာ
အလုပ်ကို မလေးစားတာ၊ အလုပ်ချိန်ကို အမြဲတမ်းနောက်ကျတာ၊ အချိန်ပိုဆင်းရတိုင်း မလာတာ၊ လိမ်ညာပြောဆိုတာ၊ အခြားသူတွေရဲ့ ပစ္စည်းတွေကို ခွင့်မတောင်းပဲ အသုံးပြုတာ၊ ခိုးယူတာ စတဲ့လုပ်ရပ်တွေက ပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့ လုပ်ရပ်တွေမဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာ အလုပ်ကို အလေးထား ဦးစားပေးတာ၊ ဘယ်အရာကိုမဆို အစီအစဉ်တကျလုပ်တတ်တာ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကူညီပေးတာတွေက သင့်ကို ယုံကြည်ခင်မင်မှုတိုးပွားလာစေနိုင်တဲ့ အပြုအမူတွေဖြစ်ပါတယ်။
၆။ အလုပ်ရှင်နဲ့ အရမ်းရင်းနှီးလွန်းတာ
ဒီအချက်က အဆိုးဆုံးပါ။ အလုပ်ရှင်နဲ့ သင်က အရမ်းရင်းနှီးပြီး လုပ်ငန်းခွင်ထဲက အကြောင်းအရာတွေ၊ သူတို့ရဲ့ လျို့ဝှက်ချက်တွေကို ပြန်သတင်းပို့တတ်တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက သံသယရှိနေမယ်ဆိုရင်လည်း လစ်လျူရှုခံရမှာ ဖြစ်ပါတယ်။ ဒါကို ရှောင်နိုင်ဖို့အတွက်ကတော့ အလုပ်ထဲက အတင်းအဖျင်းစကားတွေကို မသိမကြားအောင် နေဖို့ပဲ ဖြစ်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine
[/showhide]
သင့္အေနနဲ႔ အဖြဲ႕အစည္းႀကီးတစ္ခုထဲမွာ အလုပ္လုပ္ေနရေပမယ့္ တစ္ေယာက္တည္းျဖစ္ေနသလို႔ ခံစားေနရပါသလား? ရုံးခန္းထဲမွာ ကိစၥတစ္ခုခုရွိခဲ့ရင္ ေနာက္ဆံုးမွသိရတဲ့သူဟာ သင္ျဖစ္ေနပါသလား? သင့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြက သင့္ကို ၀ိုင္းပယ္ထားသလို ခံစားေနရပါသလား? ဒါဆိုရင္ေတာ့ အခုေဖာ္ျပမယ့္ အခ်က္ေတြကို ျပင္ဆင္လိုက္ပါ။
၁။ စိတ္သုန္မႈန္ေနတတ္တာ
အလုပ္ထဲမွာ အျမဲတမ္းလိုလို သုန္မႈန္ၿပီး စိတ္အလိုမက်ျဖစ္ေနမယ္ဆိုရင္ သင့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြအတြက္ အျပဳသေဘာေဆာင္တဲ့ အမူအယာမဟုတ္ပါဘူး။ တကယ္ေတာ့ လိုတာထက္ပိုၿပီး တည္ေနတာနဲ႔ တစ္ဦးတည္းသီးျခားေနတာက သင့္ရဲ႕အလုပ္မွာ တိုးတက္မႈအလားအလာကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါက ေခါင္းေဆာင္တစ္ေယာက္ရဲ႕ အမူအက်င့္လည္း မဟုတ္ပါဘူး။
၂။ ေျပာစရာမရွိၿပီးျပည့္စံုေနဖို႔ပဲ လုပ္ေနတာ
လုပ္ငန္းခြင္တစ္ခုမွာ လုပ္ေဖာ္ကိုင္ဖက္ေတြ မုန္းတဲ့အရာတစ္ခုကို ေျပာျပပါဆိုရင္ တစ္ေယာက္ေယာက္က အရမ္းအလုပ္ေတြ ႀကိဳးစားပမ္းစားလုပ္ေနတာပဲျဖစ္ပါတယ္။ ပံုမွန္လုပ္႐ိုးလုပ္စဥ္အလုပ္ေတြနဲ႔ အခ်ိန္မွန္ၿပီးစီးတာမ်ိဳးက ျပႆနာမဟုတ္ပါဘူး။ ဒါေပမယ့္ ဘာအလုပ္ျဖစ္ျဖစ္ အရမ္းတက္ၾကြေနတတ္ၿပီး တစ္ခ်ိန္လံုး ၿပိဳင္ဆိုင္ေနသလိုလုပ္ေနမယ္ဆိုရင္ေတာ့ သင့္ရဲ႕လုပ္ေဖာ္ကုိင္ဖက္ေတြက ခ်ဥ္လာမွာျဖစ္ပါတယ္။
၃။ စကားမ်ားလြန္းတာ
စကားမ်ားလြန္းတာကလည္း လုပ္ေဖာ္ကိုင္ဖက္ေတြ မႏွစ္သက္တဲ့အရာတစ္ခုပဲ ျဖစ္ပါတယ္။ အျခား၀န္ထမ္းေတြရဲ႕ အလုပ္စားပြဲကို သြားၿပီး ညက သင့္အိပ္မက္ထဲမွာ ေလဒီဂါဂါနဲ႔ ေတြ႕တဲ့အေၾကာင္းလိုမ်ိဳး ဟိုဟိုဒီဒီေလွ်ာက္ေျပာေနမယ္ဆိုရင္ သင့္လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ သီးျခားလြတ္လပ္ခြင့္ကို က်ဴးေက်ာ္ေနသလိုပါပဲ။ စကားနည္းနည္းပဲ ေျပာပါ။ အရမ္းေျပာခ်င္ေနတယ္ဆိုရင္လည္း Facebook ေပၚမွာ တင္လိုက္ပါ။
၄။ အေျခခံယဥ္ေက်းမႈ မရွိတာ
လုပ္ငန္းခြင္ထဲမွာ သင့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြ ဘယ္လိုျပဳမူေနထိုင္တယ္ဆိုတာကို သတိထားမွတ္သားထားပါ။ လုပ္ငန္းခြင္ ဒါမွမဟုတ္ ႐ုံးခန္းဆိုတာ အတိအလင္းထုတ္ျပန္ေၾကညာထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ ရွိတတ္တဲ့ေနရာျဖစ္ပါတယ္။ ဒါ့ေၾကာင္ လုပ္ငန္းခြင္နဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနတတ္၊ ၀တ္တတ္၊ စားတတ္ဖို႔ လိုပါတယ္။ ျဖစ္သလို၀တ္စားလာတာ၊ ခႏၶာကိုယ္အနံ႔အသက္မေကာင္းတာ၊ ကိုယ္ပိုင္ေနရာတစ္လို ေနခ်င္သလိုေနတာမ်ိဳးေတြက မလုပ္သင့္တဲ့အရာေတြျဖစ္ပါတယ္။
၅။ ပေရာ္ဖက္ရွင္နယ္ မဆန္တာ
အလုပ္ကို မေလးစားတာ၊ အလုပ္ခ်ိန္ကို အျမဲတမ္းေနာက္က်တာ၊ အခ်ိန္ပိုဆင္းရတိုင္း မလာတာ၊ လိမ္ညာေျပာဆိုတာ၊ အျခားသူေတြရဲ႕ ပစၥည္းေတြကို ခြင့္မေတာင္းပဲ အသံုးျပဳတာ၊ ခိုးယူတာ စတဲ့လုပ္ရပ္ေတြက ပေရာ္ဖက္ရွင္နယ္တစ္ေယာက္ရဲ႕ လုပ္ရပ္ေတြမဟုတ္ပါဘူး။ လုပ္ငန္းခြင္မွာ အလုပ္ကို အေလးထား ဦးစားေပးတာ၊ ဘယ္အရာကိုမဆို အစီအစဥ္တက်လုပ္တတ္တာ၊ လုပ္ေဖာ္ကိုင္ဖက္ေတြကို ကူညီေပးတာေတြက သင့္ကို ယုံၾကည္ခင္မင္မႈတိုးပြားလာေစႏိုင္တဲ့ အျပဳအမူေတြျဖစ္ပါတယ္။
၆။ အလုပ္ရွင္နဲ႔ အရမ္းရင္းႏွီးလြန္းတာ
ဒီအခ်က္က အဆိုးဆံုးပါ။ အလုပ္ရွင္နဲ႔ သင္က အရမ္းရင္းႏွီးၿပီး လုပ္ငန္းခြင္ထဲက အေၾကာင္းအရာေတြ၊ သူတို႔ရဲ႕ လ်ိဳ႕၀ွက္ခ်က္ေတြကို ျပန္သတင္းပို႔တတ္တယ္လို႔ လုပ္ေဖာ္ကိုင္ဖက္ေတြက သံသယရွိေနမယ္ဆိုရင္လည္း လစ္လ်ဴ႐ႈခံရမွာ ျဖစ္ပါတယ္။ ဒါကို ေရွာင္ႏိုင္ဖို႔အတြက္ကေတာ့ အလုပ္ထဲက အတင္းအဖ်င္းစကားေတြကို မသိမၾကားေအာင္ ေနဖို႔ပဲ ျဖစ္ပါတယ္။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
___________________________________________________________________________________