မနက္ခင္းမွာ မလုပ္သင့္တဲ့ အရာ (၉)ခု[sg_popup id=6]
[showhide type=”links” more_text=“>>>Unicode<<<“ less_text=”Hide Unicode “]
မနက်ခင်းမှာ မလုပ်သင့်တဲ့ အရာ (၉)ခု
နေ့တစ်နေ့ရဲ့ မနက်ခင်းဟာ တစ်နေ့တာလုံးအတွက် အရေးအကြီးဆုံးအချိန်ဖြစ်ပါတယ်။ တကယ်အလုပ်ပြီးမြောက်အောင်မြင်တဲ့နေ့တစ်နေ့ဖြစ်ဖို့ မနက်ခင်းမှာ ဘာတွေလုပ်လဲဆိုတာပေါ်မှာ မူတည်ပါတယ်။ သင့်မနက်ခင်းကို အကောင်းဆုံးဖြတ်သန်းပြီး ပြီးပြည့်စုံတဲ့တစ်နေ့တာဖြစ်စေဖို့အတွက် မနက်ခင်းမှာ မလုပ်သင့်တဲ့အရာတွေကို ဖော်ပြလိုက်ပါတယ်။
၁။ နှိုးစက်တွေ အများကြီးပေးထားတာ
လူအများစုက မနက်အိပ်ရာထရမယ့်အချိန်ကို ၆း၄၀၊ ၆း၅၀၊ ရးဝဝ၊ ရး၁၅ စသဖြင့် နှိုးစက်အချိန်တွေ အများကြီးပေးတတ်ကြပါတယ်။ ဒီလိုပေးထားပြီး ပထမနှစ်ခု မြည်လာရင် ပိတ်ပြီးပြန်အိပ်ပါတယ်။ တတိတတစ်ခုမှာ နိုးပါတယ်။ စတုတ္ထတစ်ခုကျ အိပ်ရာထဲက ထွက်ပါတယ်။ ဒီလိုအကျင့်ရှိရင် ပြင်ဖို့လိုပါတယ်။ အောင်မြင်သူတိုင်းက နှိုးစက်တစ်ခါမြည်တာနဲ့ အိပ်ရာကထပြီး သူတို့ရဲ့နေ့ကို အကောင်းဆုံးဖြတ်သန်းဖို့ ပြင်ဆင်နေကြပါပြီ။
၂။ တီဗီ ကို ဖွင့်လိုက်တာ
အိပ်ရာကထပြီးတာနဲ့ တီဗီကို ဖွင့်လိုက်ပြီဆိုရင် သွားပါပြီ။ သင့်ရဲ့မနက်ခင်းမှာ လုပ်စရာရှိတာတွေအတွက် အချိန်တွေကို ဖြုန်းတီးမိတော့မှာပါ။ ဒါ့ကြောင့် တီဗီဖွင့်ကြည့်ပြီး အနှောက်အယှက်အဝင်ခံမယ့်အစား တစ်နေ့တာအတွက် လုပ်စရာရှိတာတွေကို လုပ်ဖို့ အားထည့်လိုက်ပါ။
၃။ အရေးမပါတဲ့ဆုံးဖြတ်ချက်တွေကို အချိန်ပေးတာ
အောင်မြင်သူတွေက အရေးမပါတဲ့ကိစ္စအသေးအမွှားလေးတွေအတွက် အချိန်ကုန်မခံတတ်ကြပါဘူး။ ဥပမာ နေ့လည်စာ ဘာစားရင်ကောင်းမလဲ၊ ဒီနေ့မနက်အလုပ်သွားရင် ဘာဝတ်သွားမလဲစသဖြင့် အများကြီးတွေးနေလေ့ မရှိပါဘူး။ Apple ရဲ့ CEO ဟောင်း Steve Jobs ကို ကြည့်လိုက်တိုင်း ဂျင်းဘောင်းဘီနဲ့ အင်္ကျီအနက်နဲ့ပဲ တွေ့ရတာအကြောင်းရှိပါတယ်။ ဒီလိုမျိုး ဘာအဝတ်အစားကို ဘာအရောင်ဝတ်မယ်ဆိုတာလောက် သေးမွှားတဲ့ကိစ္စလေးတွေကို အချိန်မပေးခြင်းအားဖြင့် ကိစ္စကြီးတွေကို ဆုံးဖြတ်နိုင်စွမ်းတိုးတက်လာစေပါတယ်။
၄။ ယောင်ခြောက်ဆယ်လုပ်နေတာ
အောင်မြင်သူတိုင်းမှာ ယောင်ခြောက်ဆယ်လုပ်နေစရာ အချိန်မရှိပါဘူး။ သူတို့မှာ တစ်နေ့တာလုပ်ရမယ့် ကိစ္စတွေ အပြည့်ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် မနက်ခင်းမှာ ဘာလုပ်ရမယ်မှန်းမသိ ယောင်ခြောက်ဆယ် လုပ်နေတာမျိုး မလုပ်ပါနဲ့။ ဘာလုပ်မယ်၊ ဘယ်သွားမယ် စသဖြင့် လုပ်စရာရှိတာတွေကို တစ်ခုပြီးတစ်ခု လုပ်သွားလိုက်ပါ။
၅။ ညဝတ် အင်္ကျီနဲ့နေတာ
တစ်ချို့တွေက အလုပ်သွားစရာမလိုပဲ အိမ်မှာပဲ အလုပ်လုပ်ရတဲ့သူတွေ ရှိပါတယ်။ အိမ်မှာပဲနေလို့ ညဝတ်အင်္ကျီ ဒါမှမဟုတ် အိမ်နေရင်အဝတ်အစားနဲ့ နေတာက အလုပ်လုပ်ဖို့ စိတ်အခြေအနေကို နှောင့်နှေးစေနိုင်ပါတယ်။ အိမ်မှာပဲလုပ်ရတယ်ဆိုပေမယ့် အလုပ်သွားသလိုမဟုတ်ရင်တောင် ရေမိုးချိုးပြီး သပ်သပ်ရပ်ရပ်ဝတ်စားလိုက်မယ်ဆိုရင် အလုပ်လုပ်ဖို့ စိတ်အားတက်ကြွလာပြီး အလုပ်ပိုပြီးမြောက်စေမှာ ဖြစ်ပါတယ်။
၆။ မနက်စာ မစားတာ
သင့်ရဲ့ စိတ်နဲ့ခန္ဓာ နှစ်ခုစလုံးကို စွမ်းအားပြည့်နေစေဖို့အတွက် မနက်စာကို သေချာစားဖို့ လိုပါတယ်။ လူအများစုက မနက်စာကို မစားကြပဲ နေ့လည်စာကို အလွန်အကျွံစားတတ်ကြပါတယ်။ ဒီလိုမဖြစ်စေပဲ သင့်ရဲ့တစ်နေ့တာကို အဟာရဓာတ်ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံတွေ၊ အရွက်တွေ စားသုံးပြီး အစပြုမယ်ဆိုရင် အလုပ်လုပ်ဖို့အတွက် ခွန်အားအပြည့်ရှိနေစေမှာဖြစ်ပါတယ်။
၇။ အလုပ်ကို တန်းသွားတာ
အိပ်ရာကနိုးတာနဲ့ ရေမိုးချိုး အဝတ်အစားလဲပြီး အလုပ်တန်းသွားတာက မကောင်းတဲ့အကျင့်တစ်ခု ဖြစ်ပါတယ်။ မနက်ခင်းမှာ အီးမေးလ်တွေစစ်ဖို့၊ မိသားစုနဲ့ မနက်စာစားဖို့ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးနိုင်မယ်ဆိုရင် စိတ်ကို ကြည်လင်စေပြီး တစ်နေ့တာကို လန်းဆန်းတက်ကြွစွာ စတင်နိုင်မှာ ဖြစ်ပါတယ်။
၈။ အလုပ်သွားဖို့ ညည်းညူနေတာ
အောင်မြင်သူတိုင်းက မနက်ခင်းမှာ အလုပ်လုပ်ဖို့ စိတ်အားထက်သန်သူတွေ ဖြစ်ကြပါတယ်။ ဘယ်အချိန်ပဲ ဖြစ်ဖြစ်၊ သွားရလာရတာ ဘယ်လောက်ပဲခက်ခက်၊ တစ်နေ့တာကို အပြုသဘောဆောင်တဲ့ အမြင်နဲ့ ကြည့်တတ်ဖို့ အောင်မြင်ခြင်းရဲ့ နိဒါန်းပါပဲ။ အိပ်ရာက မထချင်ထချင်နဲ့ ထပြီး၊ အလုပ်ကို မသွားချင်ပဲ သွားနေရတယ်ဆိုရင် သင့်ရဲ့တစ်နေ့တာက အစကောင်းမှာမဟုတ်ပါဘူး။
၉။ သဘာဝကို ဆန့်ကျင်တာ
တစ်ချို့လူတွေက စောစောအိပ်ပြီး စောစောထတတ်သူတွေပါ။ တစ်ချို့ကတော့ ညဉ့်နက်တဲ့အထိ အလုပ်လုပ်ပြီး နောက်ကျမှထတတ်ကြပါတယ်။ သင်က ဘယ်အမျိုးအစားထဲမှာပါလဲ ဆန်းစစ်ပါ။ သင့်သဘာဝအတိုင်း လုပ်ဆောင်နိုင်မှ အကျိုးရှိမှာဖြစ်ပါတယ်။ သင့်ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်လုပ်ဆောင်ဖို့ ဘယ်အချိန်တွေက သင့်အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာကို စီစဉ်တတ်ဖို့ အရေးကြီးပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine
[/showhide]
ေန႔တစ္ေန႔ရဲ႕ မနက္ခင္းဟာ တစ္ေန႔တာလံုးအတြက္ အေရးအႀကီးဆံုးအခ်ိန္ျဖစ္ပါတယ္။ တကယ္အလုပ္ၿပီးေျမာက္ေအာင္ျမင္တဲ့ေန႔တစ္ေန႔ျဖစ္ဖို႔ မနက္ခင္းမွာ ဘာေတြလုပ္လဲဆုိတာေပၚမွာ မူတည္ပါတယ္။ သင့္မနက္ခင္းကို အေကာင္းဆံုးျဖတ္သန္းၿပီး ၿပီးျပည့္စံုတဲ့တစ္ေန႔တာျဖစ္ေစဖို႔အတြက္ မနက္ခင္းမွာ မလုပ္သင့္တဲ့အရာေတြကို ေဖာ္ျပလိုက္ပါတယ္။
၁။ ႏိႈးစက္ေတြ အမ်ားႀကီးေပးထားတာ
လူအမ်ားစုက မနက္အိပ္ရာထရမယ့္အခ်ိန္ကို ၆း၄၀၊ ၆း၅၀၊ ၇း၀၀၊ ၇း၁၅ စသျဖင့္ ႏႈိးစက္အခ်ိန္ေတြ အမ်ားႀကီးေပးတတ္ၾကပါတယ္။ ဒီလိုေပးထားၿပီး ပထမႏွစ္ခု ျမည္လာရင္ ပိတ္ၿပီးျပန္အိပ္ပါတယ္။ တတိတတစ္ခုမွာ ႏိုးပါတယ္။ စတုတၳတစ္ခုက် အိပ္ရာထဲက ထြက္ပါတယ္။ ဒီလိုအက်င့္ရွိရင္ ျပင္ဖို႔လိုပါတယ္။ ေအာင္ျမင္သူတိုင္းက ႏိႈးစက္တစ္ခါျမည္တာနဲ႔ အိပ္ရာကထၿပီး သူတို႔ရဲ႕ေန႔ကို အေကာင္းဆံုးျဖတ္သန္းဖို႔ ျပင္ဆင္ေနၾကပါၿပီ။
၂။ တီဗီ ကို ဖြင့္လိုက္တာ
အိပ္ရာကထၿပီးတာနဲ႔ တီဗီကို ဖြင့္လိုက္ၿပီဆိုရင္ သြားပါၿပီ။ သင့္ရဲ႕မနက္ခင္းမွာ လုပ္စရာရွိတာေတြအတြက္ အခ်ိန္ေတြကို ျဖဳန္းတီးမိေတာ့မွာပါ။ ဒါ့ေၾကာင့္ တီဗီဖြင့္ၾကည့္ၿပီး အေႏွာက္အယွက္အ၀င္ခံမယ့္အစား တစ္ေန႔တာအတြက္ လုပ္စရာရွိတာေတြကို လုပ္ဖို႔ အားထည့္လိုက္ပါ။
၃။ အေရးမပါတဲ့ဆံုးျဖတ္ခ်က္ေတြကို အခ်ိန္ေပးတာ
ေအာင္ျမင္သူေတြက အေရးမပါတဲ့ကိစၥအေသးအမႊားေလးေတြအတြက္ အခ်ိန္ကုန္မခံတတ္ၾကပါဘူး။ ဥပမာ ေန႔လည္စာ ဘာစားရင္ေကာင္းမလဲ၊ ဒီေန႔မနက္အလုပ္သြားရင္ ဘာ၀တ္သြားမလဲစသျဖင့္ အမ်ားႀကီးေတြးေနေလ့ မရွိပါဘူး။ Apple ရဲ႕ CEO ေဟာင္း Steve Jobs ကို ၾကည့္လိုက္တုိင္း ဂ်င္းေဘာင္းဘီနဲ႔ အကၤ်ီအနက္နဲ႔ပဲ ေတြ႕ရတာအေၾကာင္းရွိပါတယ္။ ဒီလိုမ်ိဳး ဘာအ၀တ္အစားကို ဘာအေရာင္၀တ္မယ္ဆိုတာေလာက္ ေသးမႊားတဲ့ကိစၥေလးေတြကို အခ်ိန္မေပးျခင္းအားျဖင့္ ကိစၥႀကီးေတြကို ဆံုးျဖတ္ႏိုင္စြမ္းတိုးတက္လာေစပါတယ္။
၄။ ေယာင္ေျခာက္ဆယ္လုပ္ေနတာ
ေအာင္ျမင္သူတိုင္းမွာ ေယာင္ေျခာက္ဆယ္လုပ္ေနစရာ အခ်ိန္မရွိပါဘူး။ သူတို႔မွာ တစ္ေန႔တာလုပ္ရမယ့္ ကိစၥေတြ အျပည့္ရွိေနတတ္ပါတယ္။ ဒါ့ေၾကာင့္ မနက္ခင္းမွာ ဘာလုပ္ရမယ္မွန္းမသိ ေယာင္ေျခာက္ဆယ္ လုပ္ေနတာမ်ိဳး မလုပ္ပါနဲ႔။ ဘာလုပ္မယ္၊ ဘယ္သြားမယ္ စသျဖင့္ လုပ္စရာရွိတာေတြကို တစ္ခုၿပီးတစ္ခု လုပ္သြားလိုက္ပါ။
၅။ ည၀တ္ အကႌ်နဲ႔ေနတာ
တစ္ခ်ိဳ႕ေတြက အလုပ္သြားစရာမလိုပဲ အိမ္မွာပဲ အလုပ္လုပ္ရတဲ့သူေတြ ရွိပါတယ္။ အိမ္မွာပဲေနလို႔ ည၀တ္အကႌ် ဒါမွမဟုတ္ အိမ္ေနရင္အ၀တ္အစားနဲ႔ ေနတာက အလုပ္လုပ္ဖို႔ စိတ္အေျခအေနကို ေႏွာင့္ေႏွးေစႏိုင္ပါတယ္။ အိမ္မွာပဲလုပ္ရတယ္ဆိုေပမယ့္ အလုပ္သြားသလိုမဟုတ္ရင္ေတာင္ ေရမိုးခ်ိဳးၿပီး သပ္သပ္ရပ္ရပ္၀တ္စားလိုက္မယ္ဆိုရင္ အလုပ္လုပ္ဖို႔ စိတ္အားတက္ၾကြလာၿပီး အလုပ္ပိုၿပီးေျမာက္ေစမွာ ျဖစ္ပါတယ္။
၆။ မနက္စာ မစားတာ
သင့္ရဲ႕ စိတ္နဲ႔ခႏၶာ ႏွစ္ခုစလံုးကို စြမ္းအားျပည့္ေနေစဖို႔အတြက္ မနက္စာကို ေသခ်ာစားဖို႔ လိုပါတယ္။ လူအမ်ားစုက မနက္စာကို မစားၾကပဲ ေန႔လည္စာကို အလြန္အကၽြံစားတတ္ၾကပါတယ္။ ဒီလိုမျဖစ္ေစပဲ သင့္ရဲ႕တစ္ေန႔တာကို အဟာရဓာတ္ျပည့္၀ၿပီး က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အသီးအႏွံေတြ၊ အရြက္ေတြ စားသံုးၿပီး အစျပဳမယ္ဆိုရင္ အလုပ္လုပ္ဖို႔အတြက္ ခြန္အားအျပည့္ရွိေနေစမွာျဖစ္ပါတယ္။
၇။ အလုပ္ကို တန္းသြားတာ
အိပ္ရာကႏိုးတာနဲ႔ ေရမိုးခ်ိဳး အ၀တ္အစားလဲၿပီး အလုပ္တန္းသြားတာက မေကာင္းတဲ့အက်င့္တစ္ခု ျဖစ္ပါတယ္။ မနက္ခင္းမွာ အီးေမးလ္ေတြစစ္ဖို႔၊ မိသားစုနဲ႔ မနက္စာစားဖို႔ ဒါမွမဟုတ္ ေလ့က်င့္ခန္းလုပ္ဖို႔ အခ်ိန္ေပးႏိုင္မယ္ဆိုရင္ စိတ္ကို ၾကည္လင္ေစၿပီး တစ္ေန႔တာကို လန္းဆန္းတက္ၾကြစြာ စတင္ႏိုင္မွာ ျဖစ္ပါတယ္။
၈။ အလုပ္သြားဖို႔ ညည္းညဴေနတာ
ေအာင္ျမင္သူတိုင္းက မနက္ခင္းမွာ အလုပ္လုပ္ဖို႔ စိတ္အားထက္သန္သူေတြ ျဖစ္ၾကပါတယ္။ ဘယ္အခ်ိန္ပဲ ျဖစ္ျဖစ္၊ သြားရလာရတာ ဘယ္ေလာက္ပဲခက္ခက္၊ တစ္ေန႔တာကို အျပဳသေဘာေဆာင္တဲ့ အျမင္နဲ႔ ၾကည့္တတ္ဖို႔ ေအာင္ျမင္ျခင္းရဲ႕ နိဒါန္းပါပဲ။ အိပ္ရာက မထခ်င္ထခ်င္နဲ႔ ထၿပီး၊ အလုပ္ကို မသြားခ်င္ပဲ သြားေနရတယ္ဆိုရင္ သင့္ရဲ႕တစ္ေန႔တာက အစေကာင္းမွာမဟုတ္ပါဘူး။
၉။ သဘာ၀ကို ဆန္႔က်င္တာ
တစ္ခ်ိဳ႕လူေတြက ေစာေစာအိပ္ၿပီး ေစာေစာထတတ္သူေတြပါ။ တစ္ခ်ိဳ႕ကေတာ့ ညဥ့္နက္တဲ့အထိ အလုပ္လုပ္ၿပီး ေနာက္က်မွထတတ္ၾကပါတယ္။ သင္က ဘယ္အမ်ိဳးအစားထဲမွာပါလဲ ဆန္းစစ္ပါ။ သင့္သဘာ၀အတိုင္း လုပ္ေဆာင္ႏိုင္မွ အက်ိဳးရွိမွာျဖစ္ပါတယ္။ သင့္ရဲ႕ ရည္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္လုပ္ေဆာင္ဖို႔ ဘယ္အခ်ိန္ေတြက သင့္အတြက္ အေကာင္းဆံုးျဖစ္မလဲဆိုတာကို စီစဥ္တတ္ဖို႔ အေရးႀကီးပါတယ္။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++