ေအာင္ျမင္မႈနဲ႔အလွမ္းေ၀းေစမည့္ သင့္ကိုယ္သင္လိမ္လည္မႈ (၄)ခု

ေအာင္ျမင္မႈနဲ႔အလွမ္းေ၀းေစမည့္ သင့္ကိုယ္သင္လိမ္လည္မႈ (၄)ခု

(Zawgyi)

သင့္ဘ၀မွာ ေအာင္ျမင္မႈနဲ႔ အလွမ္းေ၀းေအာင္ တားဆီးဟန္႔တားေနတဲ့ တစ္ဦးတည္းေသာပုဂၢိဳဟ္က သင္ကိုယ္တိုင္ပဲ ျဖစ္ပါတယ္။ လူမႈ၀န္းက်င္မဟုတ္ပါဘူး။ အစိုးရလည္းမဟုတ္ပါဘူး။ သင့္ဘ၀ထဲက အျခားဘယ္သူမွလည္း မဟုတ္ပါဘူး။ လူတခ်ိဳ႕က အရမ္းေအာင္ျမင္ၿပီး တစ္ခ်ိဳ႕က ထင္သေလာက္ မေအာင္ျမင္ၾကပါဘူး။ တကယ္ေတာ့ လူတိုင္းမွာ ေအာင္ျမင္လာဖို႔ လုပ္ႏုိင္တဲ့စြမ္းရည္ရွိၾကပါတယ္။ လူအမ်ားစုက သူတို႔ရဲ႕ရည္မွန္းခ်က္ေတြ မေအာင္ျမင္တဲ့အခါမွာ ေျပာေလ့ရွိတဲ့ ကိုယ့္ကိုယ္ကိုယ္ လိမ္လည္မႈ (၄)ခုရွိပါတယ္။

၁။ ေအာင္ျမင္ဖို႔အတြက္ ဘြဲ႕လက္မွတ္တစ္ခုရွိဖို႔ လိုတယ္
မဟုတ္ပါဘူး။ သင့္အေနနဲ႔ သာမန္၀န္ထမ္းတစ္ေယာက္လုပ္ၿပီး မနက္(၉)နာရီ ရံုးတက္၊ ညေန(၅)နာရီ ရုံးဆင္း အလုပ္ကိုလုပ္ခ်င္မွသာ ဘြဲ႕လက္မွတ္ေတြရွိဖို႔ လိုအပ္တာပါ။ ဒါေပမယ့္ သင္ကစြန္႔ဦးတီထြင္တစ္ေယာက္အျဖစ္ ရပ္တည္ၿပီး ကိုယ္ပိုင္လုပ္ငန္းတစ္ခုကို လုပ္ေဆာင္မယ္ဆိုရင္ေတာ့ သင္ကိုယ္တိုင္က အလုပ္ရွင္ျဖစ္ပါတယ္။ ဒီအလုပ္အတြက္ ဘာဘြဲ႕လက္မွတ္မွ မလိုပါဘူး။ ၿပီးေတာ့ လိုအပ္တဲ့အသိပညာ အတတ္ပညာအတြက္လည္း ေက်ာင္းေတြ၊ သင္တန္းေတြ တက္မွ ရတာမဟုတ္ပါဘူး။ ကိုယ္တိုင္ေလ့လာလို႔ ရပါတယ္။ ဘြဲ႕မရေသးပဲနဲ႔ ေအာင္ျမင္ၿပီး မီလီယံေပါင္းမ်ားစြာ ခ်မ္းသာေနတဲ့လူေတြ အမ်ားႀကီးရွိပါတယ္။

၂။ အခ်ိန္မရွိဘူး
ဒီစကားကေတာ့ အမ်ားဆံုးၾကားရတတ္တဲ့ လိမ္လည္မႈတစ္ခုျဖစ္ပါတယ္။ တစ္ကမာၻလံုးမွာ ယားလို႔ေတာင္ ကုတ္ခ်ိန္မရတဲ့သူဆိုတာ လက္တစ္ဆုပ္စာေလာက္ပဲ ရွိမယ္လို႔ ထင္ပါတယ္။ ညေနခင္းမွာ Facebook သံုးဖို႔ ဒါမွမဟုတ္ ဗီဒီယိုဂိမ္းကစားဖို႔ အခ်ိန္ရွိတယ္ဆိုရင္ သင့္အတြက္လိုအပ္တဲ့ပညာရပ္ကို ေလ့လာဖို႔နဲ႔ ကိုယ္ပိုင္လုပ္ငန္းတစ္ခုကို တည္ေဆာက္ဖို႔ အခ်ိန္ေတြအမ်ားႀကီးရွိေနပါတယ္။ မ်ားေသာအားျဖင့္ လူေတြက ပ်င္းတတ္ၾကပါတယ္။ သင့္အေနနဲ႔ ပတ္၀န္းက်င္ကလူေတြေလာက္ အခ်ိန္ရခ်င္မွရပါလိမ့္မယ္။ ဒါေပမယ့္ တစ္ႀကိမ္မွာ နည္းနည္းလုပ္သြားမယ္ဆိုရင္ေတာင္ အခ်ိန္ၾကာလာတာနဲ႔အမွ် သင့္ရဲ႕တိုးတက္မႈက အံ့မခန္းျဖစ္လာပါလိမ့္မယ္။

[sg_popup id=6]

၃။ အသက္အရမ္းႀကီးေနၿပီ
အလုပ္လုပ္ႏိုင္ေနေသးသ၍ အခ်ိန္ရွိေနပါေသးတယ္။ မေသမခ်င္း ေအာင္ျမင္ႏိုင္ပါေသးတယ္။ ေလ့လာသင္ယူမႈအတြက္ ဘယ္ေတာ့မွ အသက္ႀကီးသြားၿပီဆိုတာ မရွိပါဘူး။ သင့္အသက္အရြယ္က ႏွစ္ဆယ္ေက်ာ္မဟုတ္ေတာ့တာနဲ႔ သင့္ရဲ႕စိတ္ကူးအိပ္မက္ေတြကို လက္မေလွ်ာ့လိုက္ပါနဲ႔။

၄။ အစလုပ္ဖို႔ အရမ္းခက္ခဲတယ္
ဘာပဲျဖစ္ျဖစ္ စတင္လုပ္ေဆာင္ဖို႔က ခက္ခဲႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဘာကိုပဲလုပ္လုပ္ သင့္ကို အၾကံဥာဏ္ေကာင္းေတြ၊ မွန္ကန္တဲ့လမ္းညႊန္မႈေတြ ေပးႏိုင္မယ့္ အၾကံေပးဆရာေကာင္းတစ္ေယာက္ကို ရွာပါ။ သူ႔ဆီကေန သင္ေရြးခ်ယ္ထားတဲ့ နယ္ပယ္မွာ ေအာင္ျမင္လာဖို႔ ဘာေတြလုပ္ရမလဲဆိုတာကို ေလ့လာသင္ယူပါ။ ဆိုရိုးစကားတစ္ခုရွိပါတယ္။ ဘယ္ခရီးကိုပဲသြားသြား၊ အခက္ခဲဆံုးအပိုင္းက အိမ္တံခါး၀က ပထမဆံုးေျခလွမ္း လွမ္းထြက္လိုက္ဖို႔ပဲ ဆိုတာပါ။ တကယ္စလုပ္ျဖစ္သြားၿပီဆိုရင္ စိတ္ပူေနတာအားလံုးက ထင္သေလာက္မဆိုးတာကိုလည္း ေတြ႕ရမွာပါ။

ပထမဆံုးေျခလွမ္းကို ဒီေန႔ပဲ စလွမ္းလိုက္ပါ
ဒီလို အလိမ္အညာစကားေတြကို ကိုယ့္ကိုယ္ကိုယ္ျပန္ေျပာၿပီး လူအမ်ားစုက ေအာင္ျမင္မႈနဲ႔ အလွမ္းေ၀းေနတတ္ၾကပါတယ္။ တကယ္တမ္းေျပာရရင္ သင္အသက္႐ႈေနေသးသမွ် ေအာင္ျမင္ႏိုင္ပါတယ္။ အျခားသူေတြထက္ ပိုၾကာရင္ၾကာႏိုင္ပါလိမ့္မယ္။ ဒါေပမယ့္ အားမေလွ်ာ့ပါနဲ႔။ သင့္ေအာင္ျမင္မႈကို ပိတ္ဆို႔တားဆီထားသူက သင္ကိုယ္တိုင္ပဲျဖစ္တယ္ဆိုတာကို မေမ့လိုက္ပါနဲ႔။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အောင်မြင်မှုနဲ့အလှမ်းဝေးစေမည့် သင့်ကိုယ်သင်လိမ်လည်မှု (၄)ခု

(Unicode)

သင့်ဘဝမှာ အောင်မြင်မှုနဲ့ အလှမ်းဝေးအောင် တားဆီးဟန့်တားနေတဲ့ တစ်ဦးတည်းသောပုဂ္ဂိုဟ်က သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ လူမှုဝန်းကျင်မဟုတ်ပါဘူး။ အစိုးရလည်းမဟုတ်ပါဘူး။ သင့်ဘဝထဲက အခြားဘယ်သူမှလည်း မဟုတ်ပါဘူး။ လူတချို့က အရမ်းအောင်မြင်ပြီး တစ်ချို့က ထင်သလောက် မအောင်မြင်ကြပါဘူး။ တကယ်တော့ လူတိုင်းမှာ အောင်မြင်လာဖို့ လုပ်နိုင်တဲ့စွမ်းရည်ရှိကြပါတယ်။ လူအများစုက သူတို့ရဲ့ရည်မှန်းချက်တွေ မအောင်မြင်တဲ့အခါမှာ ပြောလေ့ရှိတဲ့ ကိုယ့်ကိုယ်ကိုယ် လိမ်လည်မှု (၄)ခုရှိပါတယ်။

၁။ အောင်မြင်ဖို့အတွက် ဘွဲ့လက်မှတ်တစ်ခုရှိဖို့ လိုတယ်
မဟုတ်ပါဘူး။ သင့်အနေနဲ့ သာမန်ဝန်ထမ်းတစ်ယောက်လုပ်ပြီး မနက်(၉)နာရီ ရုံးတက်၊ ညနေ(၅)နာရီ ရုံးဆင်း အလုပ်ကိုလုပ်ချင်မှသာ ဘွဲ့လက်မှတ်တွေရှိဖို့ လိုအပ်တာပါ။ ဒါပေမယ့် သင်ကစွန့်ဦးတီထွင်တစ်ယောက်အဖြစ် ရပ်တည်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို လုပ်ဆောင်မယ်ဆိုရင်တော့ သင်ကိုယ်တိုင်က အလုပ်ရှင်ဖြစ်ပါတယ်။ ဒီအလုပ်အတွက် ဘာဘွဲ့လက်မှတ်မှ မလိုပါဘူး။ ပြီးတော့ လိုအပ်တဲ့အသိပညာ အတတ်ပညာအတွက်လည်း ကျောင်းတွေ၊ သင်တန်းတွေ တက်မှ ရတာမဟုတ်ပါဘူး။ ကိုယ်တိုင်လေ့လာလို့ ရပါတယ်။ ဘွဲ့မရသေးပဲနဲ့ အောင်မြင်ပြီး မီလီယံပေါင်းများစွာ ချမ်းသာနေတဲ့လူတွေ အများကြီးရှိပါတယ်။

၂။ အချိန်မရှိဘူး
ဒီစကားကတော့ အများဆုံးကြားရတတ်တဲ့ လိမ်လည်မှုတစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ယားလို့တောင် ကုတ်ချိန်မရတဲ့သူဆိုတာ လက်တစ်ဆုပ်စာလောက်ပဲ ရှိမယ်လို့ ထင်ပါတယ်။ ညနေခင်းမှာ Facebook သုံးဖို့ ဒါမှမဟုတ် ဗီဒီယိုဂိမ်းကစားဖို့ အချိန်ရှိတယ်ဆိုရင် သင့်အတွက်လိုအပ်တဲ့ပညာရပ်ကို လေ့လာဖို့နဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို တည်ဆောက်ဖို့ အချိန်တွေအများကြီးရှိနေပါတယ်။ များသောအားဖြင့် လူတွေက ပျင်းတတ်ကြပါတယ်။ သင့်အနေနဲ့ ပတ်ဝန်းကျင်ကလူတွေလောက် အချိန်ရချင်မှရပါလိမ့်မယ်။ ဒါပေမယ့် တစ်ကြိမ်မှာ နည်းနည်းလုပ်သွားမယ်ဆိုရင်တောင် အချိန်ကြာလာတာနဲ့အမျှ သင့်ရဲ့တိုးတက်မှုက အံ့မခန်းဖြစ်လာပါလိမ့်မယ်။

၃။ အသက်အရမ်းကြီးနေပြီ
အလုပ်လုပ်နိုင်နေသေးသ၍ အချိန်ရှိနေပါသေးတယ်။ မသေမချင်း အောင်မြင်နိုင်ပါသေးတယ်။ လေ့လာသင်ယူမှုအတွက် ဘယ်တော့မှ အသက်ကြီးသွားပြီဆိုတာ မရှိပါဘူး။ သင့်အသက်အရွယ်က နှစ်ဆယ်ကျော်မဟုတ်တော့တာနဲ့ သင့်ရဲ့စိတ်ကူးအိပ်မက်တွေကို လက်မလျှော့လိုက်ပါနဲ့။

၄။ အစလုပ်ဖို့ အရမ်းခက်ခဲတယ်
ဘာပဲဖြစ်ဖြစ် စတင်လုပ်ဆောင်ဖို့က ခက်ခဲနိုင်ပါတယ်။ ဒါ့ကြောင့် ဘာကိုပဲလုပ်လုပ် သင့်ကို အကြံဉာဏ်ကောင်းတွေ၊ မှန်ကန်တဲ့လမ်းညွှန်မှုတွေ ပေးနိုင်မယ့် အကြံပေးဆရာကောင်းတစ်ယောက်ကို ရှာပါ။ သူ့ဆီကနေ သင်ရွေးချယ်ထားတဲ့ နယ်ပယ်မှာ အောင်မြင်လာဖို့ ဘာတွေလုပ်ရမလဲဆိုတာကို လေ့လာသင်ယူပါ။ ဆိုရိုးစကားတစ်ခုရှိပါတယ်။ ဘယ်ခရီးကိုပဲသွားသွား၊ အခက်ခဲဆုံးအပိုင်းက အိမ်တံခါးဝက ပထမဆုံးခြေလှမ်း လှမ်းထွက်လိုက်ဖို့ပဲ ဆိုတာပါ။ တကယ်စလုပ်ဖြစ်သွားပြီဆိုရင် စိတ်ပူနေတာအားလုံးက ထင်သလောက်မဆိုးတာကိုလည်း တွေ့ရမှာပါ။

ပထမဆုံးခြေလှမ်းကို ဒီနေ့ပဲ စလှမ်းလိုက်ပါ
ဒီလို အလိမ်အညာစကားတွေကို ကိုယ့်ကိုယ်ကိုယ်ပြန်ပြောပြီး လူအများစုက အောင်မြင်မှုနဲ့ အလှမ်းဝေးနေတတ်ကြပါတယ်။ တကယ်တမ်းပြောရရင် သင်အသက်ရှုနေသေးသမျှ အောင်မြင်နိုင်ပါတယ်။ အခြားသူတွေထက် ပိုကြာရင်ကြာနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အားမလျှော့ပါနဲ့။ သင့်အောင်မြင်မှုကို ပိတ်ဆို့တားဆီထားသူက သင်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%