သဘာ၀အတိုင္း ခြန္အားျပည့္ေစမည့္ နည္းလမ္း (၉)ခု
(Zawgyi)
ယေန႔ေခတ္မွာ လူအမ်ားစုက လုိအပ္တာထက္ပိုၿပီး အလုပ္လုပ္ေနၾကရပါတယ္။ အရင္က မ်ိဳးဆက္လက္ထက္မွာ တစ္ႏွစ္ကို နာရီေပါင္း (၁၆၀၀)ေလာက္ လုပ္ရံုနဲ႔ လုံေလာက္ေပးမယ့္ အခုေခတ္မွာေတာ့ မလံုေလာက္ေတာ့ပါဘူး။ ဒီလိုအလုပ္ေတြ ပိုလုပ္လာရတဲ့အတြက္ ပင္ပန္းႏြမ္းနယ္လာခ်ိန္မွာ စြမ္းအားျပည့္အခ်ိဳရည္ ဒါမွမဟုတ္ ဆိုဒါ တစ္ခုခုေလာက္ ေသာက္ၿပီး ေရွ႕ဆက္လုပ္တတ္ၾကပါတယ္။ ဒါေပမယ့္ ဒီနည္းလမ္းေတြက သူတို႔ရဲ႕ အာနိသင္မရွိေတာ့တာနဲ႔ သင့္ကို ပိုၿပီးပင္ပန္းႏြမ္းနယ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ ခြန္အားကို သဘာ၀အတိုင္းျပည့္ၿဖိဳးလာေစမယ့္ နည္းလမ္း (၉)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ ေရဓာတ္ျပည့္ေနပါေစ
ေရမ်ားမ်ားေသာက္ေလ ပိုေကာင္းေလပါပဲ။ ေရဓာတ္ျပည့္၀ေနတာက သင့္ရဲ႕ ကိုယ္အဂၤါအစိတ္အပိုင္းေတြကို ေကာင္းမြန္စြာ အလုပ္လုပ္ေဆာင္ႏိုင္ေစပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ ခြန္အားကိုလည္း ၾကာရွည္ခံေအာင္ ထိန္းသိမ္းထားႏိုင္ပါတယ္။ မနက္ခင္း၊ ေန႔လည္ခင္းနဲ႔ ညခင္းတို႔မွာ အနည္းဆံုး ေရ ၀.၅ လီတာေလာက္ ေသာက္ေပးဖို႔ လိုပါတယ္။
၂။ အစားေလွ်ာ့စားပါ
အစားစားတဲ့အခါမွာ နည္းနည္းနဲ႔ မၾကာခဏ စားေပးရမွာျဖစ္ပါတယ္။ ႏွစ္နာရီျခားတစ္ခါ သံုးနာရီျခားတစ္ခါေလာက္ အစာနည္းနည္းစီ စားေပးျခင္းအားျဖင့္ သင့္ရဲ႕ဦးေႏွာက္အတြက္ အဟာရဓာတ္ကို ျဖည္းျဖည္းမွန္မွန္ရရွိေစၿပီး ေမာပန္းႏြမ္းနယ္မႈကို ေရွာင္ရွားႏိုင္မွာ ျဖစ္ပါတယ္။ တကယ္လို႔ အႀကိမ္ေရနည္းနည္းနဲ႔ မ်ားမ်ားစားရမွ ေက်နပ္တယ္ဆိုရင္လည္း အခ်ိန္မွန္မွန္စားဖို႔ လိုပါတယ္။
၃။ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြကို မွီ၀ဲပါ
ဘလူးဘယ္ရီ၊ အာတီခ်ဳပ္၊ ခရမ္းခ်ဥ္သီး စတာေတြက ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ၾကြယ္၀စြာ ပါ၀င္တဲ့ စားစရာေတြျဖစ္ပါတယ္။ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြဟာ သန္႔ရွင္းတဲ့ စြမ္းအင္ရင္းျမစ္ျဖစ္တာေၾကာင့္ သင့္ရဲ႕ ခႏၶာကိုယ္ကို အားအင္ကုန္ခမ္းၿပီး စိတ္ဖိစီးမႈျဖစ္ေစျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။
၄။ သၾကားဓာတ္ကို အားမကိုးပါနဲ႔
သၾကားဓာတ္ေတြက ခြန္အားကို ယာယီအားျဖင့္ပဲ တိုးေစႏိုင္ၿပီး လန္းဆန္းတက္ၾကြေစႏိုင္တာျဖစ္ပါတယ္။ နာရီအနည္းငယ္အတြင္းမွာ အာနိသင္ပ်က္ျပယ္ၿပီး ပိုမိုပင္ပန္းေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အခ်ိဳဓာတ္မ်ားတဲ့ စားစရာေတြထက္ အခ်ဥ္ဓာတ္မ်ားတဲ့ အသီးအႏွံေတြ၊ စားစရာေတြကို ပိုၿပီးစားသံုးေပးရမွာ ျဖစ္ပါတယ္။
၅။ တစ္ေမွး အိပ္တတ္ပါေစ
ပင္ပန္းႏြမ္းနယ္လာခ်ိန္မွာ တစ္ေမွးေလာက္ အိပ္စက္အနားယူဖို႔ကို ၀န္မေလးပါနဲ႔။ ဒါေပမယ့္ ညဖက္အိပ္ခ်ိန္ကို အေႏွာက္အယွက္မျဖစ္ရေအာင္ မိနစ္သံုးဆယ္ထက္ပိုၿပီး မအိပ္ပါနဲ႔။
[sg_popup id=6]
၆။ ကဖိန္းဓာတ္အကူအညီယူပါ
ကဖိန္းဓာတ္ဟာ ခြန္အားကို တိုးတက္ေစၿပီး ပါကင္ဆန္ေရာဂါ၊ ဆီးခ်ိဳ၊ သတိေမ့ေရာဂါနဲ႔ ကင္ဆာျဖစ္ႏိုင္ေခ် ေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ေခါင္းကိုက္ေ၀ဒနာကို သက္သာေစႏိုင္ၿပီး အာ႐ုံစူးစိုက္မႈ၊ မွတ္ဥာဏ္နဲ႔ တံု႔ျပန္မႈ အားေကာင္းေအာင္ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ သင္က ေကာ္ဖီမႀကိဳက္ဘူးဆိုရင္ေတာ့ ကဖိန္းဓာတ္ရႏိုင္တဲ့ အျခားအရာေတြကို မွီ၀ဲၾကည့္ပါ။
၇။ လမ္းေလွ်ာက္ပါ
စားပြဲထိုင္အလုပ္လုပ္ရတယ္ဆိုရင္ ဒီအခ်က္က အေရးႀကီးပါတယ္။ လမ္းအနည္းငယ္ေလွ်ာက္ေပးျခင္းအားျဖင့္ သင့္ရဲ႕ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး တစ္ေန႔တာကို ေရွ႕ဆက္ႏိုင္ဖို႔ ခြန္အားကို အနည္းငယ္ျမွင့္တင္ေပးႏိုင္ပါတယ္။ ေလ့လာမႈေတြအရ (၁၀)မိနစ္လမ္းေလွ်ာက္ျခင္းက သင့္ရဲ႕ခြန္အားကို ႏွစ္နာရီစာတိုးပြားေစႏိုင္တယ္လို႔ ဆိုပါတယ္။
၈။ မဂၢနီဆီယမ္ဓာတ္ၾကြယ္၀သည့္ စားစရာမ်ား စားသံုးပါ
အယ္မြန္ေစ့၊ သီဟိုဠ္ေစတို႔နဲ႔ အျခားအခြံမာ အေစ့အဆံေတြမွာ မဂၢနီဆီယမ္ဓာတ္ၾကြယ္၀ပါတယ္။ ဒီလိုစားစရာေတြကို စားသံုးေပးျခင္းအားျဖင့္ ခြန္အားကိုတိုးေစၿပီး အလုပ္ပိုလုပ္ႏိုင္ေစမွာျဖစ္ပါတယ္။
၉။ အေသာက္အစား ေလွ်ာ့ခ်ပါ
ညေနပိုင္းမွာ အယ္ကိုေဟာပါတာ တစ္ခုခုေလးေသာက္လိုက္ရမွ ပိုအိပ္လို႔ေကာင္းတယ္လို႔ ထင္ေနရင္ မွားသြားပါၿပီ။ တကယ္တမ္းက အယ္ကိုေဟာဓာတ္ဟာ ႏွစ္ျခိဳက္စြာအိပ္စက္ျခင္းကို အေႏွာက္အယွက္ျဖစ္ေစၿပီး ေနာက္တစ္ေန႔မွာ ပင္ပန္းႏြမ္းနယ္မႈကို ခံစားေနရေစမွာျဖစ္ပါတယ္။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
သဘာဝအတိုင်း ခွန်အားပြည့်စေမည့် နည်းလမ်း (၉)ခု
(Unicode)
ယနေ့ခေတ်မှာ လူအများစုက လိုအပ်တာထက်ပိုပြီး အလုပ်လုပ်နေကြရပါတယ်။ အရင်က မျိုးဆက်လက်ထက်မှာ တစ်နှစ်ကို နာရီပေါင်း (၁၆၀၀)လောက် လုပ်ရုံနဲ့ လုံလောက်ပေးမယ့် အခုခေတ်မှာတော့ မလုံလောက်တော့ပါဘူး။ ဒီလိုအလုပ်တွေ ပိုလုပ်လာရတဲ့အတွက် ပင်ပန်းနွမ်းနယ်လာချိန်မှာ စွမ်းအားပြည့်အချိုရည် ဒါမှမဟုတ် ဆိုဒါ တစ်ခုခုလောက် သောက်ပြီး ရှေ့ဆက်လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက သူတို့ရဲ့ အာနိသင်မရှိတော့တာနဲ့ သင့်ကို ပိုပြီးပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ခွန်အားကို သဘာဝအတိုင်းပြည့်ဖြိုးလာစေမယ့် နည်းလမ်း (၉)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ ရေဓာတ်ပြည့်နေပါစေ
ရေများများသောက်လေ ပိုကောင်းလေပါပဲ။ ရေဓာတ်ပြည့်ဝနေတာက သင့်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်စေပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ခွန်အားကိုလည်း ကြာရှည်ခံအောင် ထိန်းသိမ်းထားနိုင်ပါတယ်။ မနက်ခင်း၊ နေ့လည်ခင်းနဲ့ ညခင်းတို့မှာ အနည်းဆုံး ရေ ၀.၅ လီတာလောက် သောက်ပေးဖို့ လိုပါတယ်။
၂။ အစားလျှော့စားပါ
အစားစားတဲ့အခါမှာ နည်းနည်းနဲ့ မကြာခဏ စားပေးရမှာဖြစ်ပါတယ်။ နှစ်နာရီခြားတစ်ခါ သုံးနာရီခြားတစ်ခါလောက် အစာနည်းနည်းစီ စားပေးခြင်းအားဖြင့် သင့်ရဲ့ဦးနှောက်အတွက် အဟာရဓာတ်ကို ဖြည်းဖြည်းမှန်မှန်ရရှိစေပြီး မောပန်းနွမ်းနယ်မှုကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ အကြိမ်ရေနည်းနည်းနဲ့ များများစားရမှ ကျေနပ်တယ်ဆိုရင်လည်း အချိန်မှန်မှန်စားဖို့ လိုပါတယ်။
၃။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို မှီဝဲပါ
ဘလူးဘယ်ရီ၊ အာတီချုပ်၊ ခရမ်းချဉ်သီး စတာတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါ၀င်တဲ့ စားစရာတွေဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ သန့်ရှင်းတဲ့ စွမ်းအင်ရင်းမြစ်ဖြစ်တာကြောင့် သင့်ရဲ့ ခန္ဓာကိုယ်ကို အားအင်ကုန်ခမ်းပြီး စိတ်ဖိစီးမှုဖြစ်စေခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၄။ သကြားဓာတ်ကို အားမကိုးပါနဲ့
သကြားဓာတ်တွေက ခွန်အားကို ယာယီအားဖြင့်ပဲ တိုးစေနိုင်ပြီး လန်းဆန်းတက်ကြွစေနိုင်တာဖြစ်ပါတယ်။ နာရီအနည်းငယ်အတွင်းမှာ အာနိသင်ပျက်ပြယ်ပြီး ပိုမိုပင်ပန်းစေနိုင်ပါတယ်။ ဒါ့ကြောင့် အချိုဓာတ်များတဲ့ စားစရာတွေထက် အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ၊ စားစရာတွေကို ပိုပြီးစားသုံးပေးရမှာ ဖြစ်ပါတယ်။
၅။ တစ်မှေး အိပ်တတ်ပါစေ
ပင်ပန်းနွမ်းနယ်လာချိန်မှာ တစ်မှေးလောက် အိပ်စက်အနားယူဖို့ကို ၀န်မလေးပါနဲ့။ ဒါပေမယ့် ညဖက်အိပ်ချိန်ကို အနှောက်အယှက်မဖြစ်ရအောင် မိနစ်သုံးဆယ်ထက်ပိုပြီး မအိပ်ပါနဲ့။
၆။ ကဖိန်းဓာတ်အကူအညီယူပါ
ကဖိန်းဓာတ်ဟာ ခွန်အားကို တိုးတက်စေပြီး ပါကင်ဆန်ရောဂါ၊ ဆီးချို၊ သတိမေ့ရောဂါနဲ့ ကင်ဆာဖြစ်နိုင်ချေ တွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်ပြီး အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်နဲ့ တုံ့ပြန်မှု အားကောင်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ သင်က ကော်ဖီမကြိုက်ဘူးဆိုရင်တော့ ကဖိန်းဓာတ်ရနိုင်တဲ့ အခြားအရာတွေကို မှီဝဲကြည့်ပါ။
၇။ လမ်းလျှောက်ပါ
စားပွဲထိုင်အလုပ်လုပ်ရတယ်ဆိုရင် ဒီအချက်က အရေးကြီးပါတယ်။ လမ်းအနည်းငယ်လျှောက်ပေးခြင်းအားဖြင့် သင့်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး တစ်နေ့တာကို ရှေ့ဆက်နိုင်ဖို့ ခွန်အားကို အနည်းငယ်မြှင့်တင်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ (၁၀)မိနစ်လမ်းလျှောက်ခြင်းက သင့်ရဲ့ခွန်အားကို နှစ်နာရီစာတိုးပွားစေနိုင်တယ်လို့ ဆိုပါတယ်။
၈။ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝသည့် စားစရာများ စားသုံးပါ
အယ်မွန်စေ့၊ သီဟိုဠ်စေတို့နဲ့ အခြားအခွံမာ အစေ့အဆံတွေမှာ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝပါတယ်။ ဒီလိုစားစရာတွေကို စားသုံးပေးခြင်းအားဖြင့် ခွန်အားကိုတိုးစေပြီး အလုပ်ပိုလုပ်နိုင်စေမှာဖြစ်ပါတယ်။
၉။ အသောက်အစား လျှော့ချပါ
ညနေပိုင်းမှာ အယ်ကိုဟောပါတာ တစ်ခုခုလေးသောက်လိုက်ရမှ ပိုအိပ်လို့ကောင်းတယ်လို့ ထင်နေရင် မှားသွားပါပြီ။ တကယ်တမ်းက အယ်ကိုဟောဓာတ်ဟာ နှစ်ခြိုက်စွာအိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေပြီး နောက်တစ်နေ့မှာ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရစေမှာဖြစ်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine