ရည္မွန္းခ်က္ပန္းတိုင္သို႔ ေလွ်ာက္လွမ္းရာတြင္ စြန္႔လႊတ္ရမည့္အရာမ်ား

(Zawgyi)

ဘ၀မွာ လမ္းေၾကာင္းတစ္ခုကို ေရြးခ်ယ္ၿပီး ေလွ်ာက္လွမ္းတာဟာ လြယ္ကူတဲ့ကိစၥတစ္ခုေတာ့ မဟုတ္ပါဘူး။ အသက္ေမြး၀မ္းေက်ာင္းအလုပ္အကိုင္ကို ေျပာင္းလဲတာ၊ ၀န္ထမ္းဘ၀ကေန ကိုယ္ပိုင္လုပ္ငန္းလုပ္ေဆာင္တာ ဒါမွမဟုတ္ သင့္စိတ္ကူးအိပ္မက္ေတြကို အေကာင္အထည္ေဖာ္တာ ဘာပဲျဖစ္ျဖစ္ ဘ၀မွာ ေရွ႕ဆက္လုပ္ေဆာင္ရမယ့္ အရာေတြ ရွိေနတတ္ပါတယ္။ ဒီအရာေတြကို စိတ္ကူးထားတဲ့အတိုင္း၊ ရည္မွန္းထားတဲ့အတိုင္း ေအာင္ျမင္ၿပီးေျမာက္ခ်င္တယ္ဆိုရင္ေတာ့ စြန္႔လႊတ္ရမယ့္ အရာေတြလည္း ရွိေနပါတယ္။

၁။ အခ်ိန္ဆြဲ အခ်ိန္ေရႊ႕ဆိုင္းျခင္း
လုပ္ခ်င္တာေတြ၊ လုပ္စရာရွိတဲ့အရာေတြကို လုပ္ေဆာင္ဖို႔အတြက္ အေကာင္းဆံုးအခ်ိန္၊ အေကာင္းဆံုးအခြင့္အေရးကို ေစာင့္ေနတာက သင့္ရဲ႕အလားအလာကို ေႏွာင့္ေႏွးေစတဲ့အက်င့္ပဲ ျဖစ္ပါတယ္။ သင္လုပ္ခ်င္တာကို လုပ္ဖို႔တြက္ အခ်ိန္တုိင္းက အေကာင္းဆံုးအခ်ိန္ျဖစ္ပါတယ္။ ဘာျဖစ္လို႔ ဇန္န၀ါရီ (၁)ရက္ေန႔ေရာက္မွ၊ ေနာက္တစ္ပတ္က်မွ၊ ေနာက္လက်မွ စသျဖင့္ အခ်ိန္ေတြဆြဲေနဦးမွာပါလဲ။ အခုခ်က္ခ်င္းပဲ စလုပ္လိုက္ပါ။

၂။ က်႐ႈံးမွာကို ေၾကာက္ရြံ႕ျခင္း
ကၽြန္ေတာ္တို႔ အမ်ားစုကို ကိုယ္လုပ္ခ်င္တာကို ရဲရဲ၀ံ့၀ံ့မလုပ္ျဖစ္ေအာင္ ေနာက္ျပန္ဆြဲထားတဲ့ အရက္စက္ဆံုး အရာတစ္ခုကေတာ့ က်႐ႈံးသြားမွာကို ေၾကာက္ရြံ႕မႈပဲ ျဖစ္ပါတယ္။ ဦးေႏွာက္က ေျပာတာကို နားေထာင္သလို ႏွလံုးသားက လႈံ႕ေဆာ္မႈကိုလည္း အခြင့္အေရးေပးသင့္ပါတယ္။ က်႐ႈံးေတာ့ေရာ ဘာျဖစ္လဲ၊ က်႐ံႈးသြားပါေစေပါ့။ အ႐ႈံးကေန သင္ခန္းစာယူ၊ ေနာက္တစ္ေခါက္ထပ္ႀကိဳးစားရမွာပါ။ ဒါ့ေၾကာင့္ အေၾကာက္တရားကို စြန္႔လႊတ္ၿပီး လုပ္ခ်င္တာကို စလုပ္လိုက္ပါ။ မစြန္႔စားပဲ ဘာမွရလာမွာမဟုတ္ပါဘူး။

၃။ အဆင္ေျပေခ်ာေမြ႕မႈ
ရင္းႏွီးၿပီးသားပတ္၀န္းက်င္၊ အသားက်ကၽြမ္းက်င္ၿပီးသား အလုပ္အကိုင္ စသျဖင့္ ကၽြန္ေတာ္တို႔အတြက္ လက္ရွိမွာ အစစအရာရာအဆင္ေျပေနတယ္လို႔ ထင္ရတဲ့ Comfort Zone ကေန ႐ုန္းမထြက္ႏိုင္တာကလည္း ကၽြန္ေတာ္တို႔ရဲ႕အလားအလာကို အဟန္႔အတားျဖစ္ေစပါတယ္။ အေျခအေနေကာင္းၿပီး တည္ၿငိမ္တဲ့အလုပ္တစ္ခု ရွိေနတာပဲ ဘာျဖစ္လို႔ စြန္႔စားၿပီးကိုယ္ပိုင္လုပ္ငန္းလုပ္မွာလဲ။ ကား၀ယ္ဖို႔အတြက္ ေငြစုရမယ့္ဟာကို ဘာျဖစ္လို႔ ခရီးသြားၿပီးအကုန္ခံလိုက္မွာလဲ။ စသျဖင့္ သင့္ရဲ႕ Comfort Zone ထဲက ထြက္ဖို႔ထက္ Comfort Zone ထဲမွာ ေနထိုင္ဖို႔ကိုပဲ ပိုစိတ္အားထက္သန္တတ္ၾကပါတယ္။ တကယ္ဆိုရင္ Comfort Zone အျပင္ဖက္မွာမွ ဘ၀က စတင္တာျဖစ္ပါတယ္။ သင့္ကိုယ္သင္ Confort Zone ထဲက ႐ုန္းထြက္ဖို႔ တြန္းအားမေပးႏိုင္ဘူးဆိုရင္ ဘာေတြကို လုပ္ႏိုင္တယ္၊ ဘယ္ေလာက္ထိ စြမ္းေဆာင္ေအာင္ျမင္ႏိုင္တယ္ဆိုတာကို ဘယ္ေတာ့မွ မသိႏိုင္ေတာ့ပါဘူး။

၄။ သံသယမ်ား
မရင္းႏွီး မကၽြမ္း၀င္ေသးတဲ့ နယ္ပယ္တစ္ခုကို စတင္၀င္ေရာက္ၿပီဆိုတာနဲ႔ အရာရာကို သံသယ၀င္တတ္တာက သဘာ၀ပဲျဖစ္ပါတယ္။ ငါ ျဖစ္ေအာင္လုပ္ႏိုင္ပါ့မလား၊ မွားမ်ားမ်ားသြားၿပီလား၊ ဒီလိုမလုပ္ပဲနဲ႔ ဟိုလုိလုပ္ရင္ ပိုေကာင္းမလား စတဲ့ သံသယေပါင္းစံုက ေခါင္းထဲမွာျပည့္ေနမွာပါပဲ။ ဒီလို ခိုင္လံုတဲ့ အခ်က္အလက္မဟုတ္ပဲ အလကားသက္သက္ သံသယေတြမ်ားေနတာကလည္း သင့္ရဲ႕လုပ္ရည္ကိုင္ရည္ကို ေလ်ာ့နည္းၿပီး ျဖစ္ထြန္းသင့္သေလာက္ ျဖစ္ထြန္းေအာင္ျမင္မွာ မဟုတ္ပါဘူး။

၅။ အရွက္အေၾကာက္ႀကီးျခင္း
တစ္ခ်ိဳ႕အတြက္ကေတာ့ လုပ္ေနက်မဟုတ္တစ္ခုကို စတင္လုပ္ေဆာင္ရတာက မာနကို ထိခိုက္ေစတယ္လို႔ ထင္တတ္ၾကပါတယ္။ ေျခလွမ္းသစ္အတြက္ အျခားသူေတြဆီက အၾကံဥာဏ္နဲ႔ အကူအညီေတာင္းဆိုဖို႔ကို ရွက္ေနတတ္ၾကပါတယ္။ ဒီေနရာ သင့္မာနက သင့္ကိုဖ်က္ဆီးမယ့္အရာတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လိုအပ္တဲ့အကူအညီနဲ႔ အၾကံဥာဏ္ရႏိုင္ဖို႔အတြက္ ရွက္ေနလို႔ မျဖစ္ပါဘူး

[sg_popup id=6]

၆။ ပ်င္းရိျခင္း
ေပးဆပ္မႈမရွိရင္ ေအာင္ျမင္မႈဆိုတာ မရွိပါဘူး။ အေျပာင္းအလဲတစ္ခုခုျဖစ္ခ်င္တယ္ဆိုရင္ ပင္ပင္ပန္းပန္းလုပ္ဖို႔ အတြက္ ေနာက္တြန္႔ေနလို႔ မရပါဘူး။ ကံတရားက သင့္ကို အတိုင္းအတာတစ္ခုထိပဲ ပံ့ပိုးေပးႏိုင္မွာပါ။ အပ်င္းထူမေနပဲ တကယ္အလုပ္လုပ္မွသာ ရည္မွန္းခ်က္ေတြ ေအာင္ျမင္လာမွာျဖစ္ပါတယ္။

၇။ အျခားသူေတြ စိတ္ေက်နပ္မႈကို ဦးစားေပးျခင္း
သင္ကိုယ္တိုင္အတြက္ အဓိပၸါယ္ျပည့္စံုတဲ့အရာတစ္ခုကို လုပ္ေတာ့မယ္ဆိုရင္ သင့္ကိုယ္သင္ ဦးစားေပး နံပါတ္တစ္အျဖစ္ နားလည္သတ္မွတ္ထားဖို႔ လိုပါတယ္။ ေနာက္တစ္ခ်က္ လူတိုင္းကို စိတ္ေက်နပ္ေအာင္ လုပ္ေပးဖို႔က ခက္ခဲပါတယ္။ ကိုယ္ပိုင္ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ေနခ်ိန္မွာဆိုရင္ အျခားသူတစ္ေယာက္ စိတ္ေက်နပ္ဖို႔အတြက္ သူတို႔အလုပ္ေတြလုိက္လုပ္ေပးရင္း အခ်ိန္ကုန္ေနလို႔ မျဖစ္ပါဘူး။ ဒီအခ်ိန္မ်ိဳးမွာ အနည္းငယ္တစ္ကိုယ္ေကာင္းဆန္ၿပီး ေရွ႕ဆက္ဖို႔ လိုပါတယ္။

၈။ လုပ္႐ိုးလုပ္စဥ္အတိုင္း လုပ္ျခင္း
သင္အေနနဲ႔ တစ္ေန႔တာလုပ္႐ိုးလုပ္စဥ္ေတြအတိုင္းပဲ လုပ္ေဆာင္တတ္တဲ့လူမ်ိဳး ျဖစ္ခဲ့မယ္ဆိုရင္ သင့္ရဲ႕ ရည္မွန္းခ်က္အိပ္မက္ေတြကို အေကာင္အထည္ေဖာ္တဲ့ေနရာမွာ ခက္ခဲေနမွာ ျဖစ္ပါတယ္။ ပံုမွန္အတိုင္း လည္ပတ္ေနတာကို ရပ္တန္႔ၿပီး လိုအပ္ရင္လိုအပ္သလို အလိုက္သင့္ ေျပာင္းလဲလႈပ္ရွားတတ္ဖို႔ လိုပါတယ္။

၉။ ေ၀ဖန္မႈမ်ား
သင့္ကို အားေပးတဲ့လူေတြရွိသလို သင္လုပ္သမွ်အရာတိုင္းကို၊ ဆံုးျဖတ္ခ်က္တိုင္းကို ျပစ္တင္ေ၀ဖန္ေနတဲ့ သူေတြလည္း ရွိမွာေသခ်ာပါတယ္။ သူတို႔ကို စိတ္ထဲမွာ ထားမေနန႔ဲ ရည္မွန္းခ်က္ဆီကို မမွိတ္မသုန္ေလွ်ာက္လွမ္း ႏိုင္ဖို႔ လိုပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++++

ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းရာတွင် စွန့်လွှတ်ရမည့်အရာများ

(Unicode)

ဘဝမှာ လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး လျှောက်လှမ်းတာဟာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကို ပြောင်းလဲတာ၊ ၀န်ထမ်းဘဝကနေ ကိုယ်ပိုင်လုပ်ငန်းလုပ်ဆောင်တာ ဒါမှမဟုတ် သင့်စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်တာ ဘာပဲဖြစ်ဖြစ် ဘဝမှာ ရှေ့ဆက်လုပ်ဆောင်ရမယ့် အရာတွေ ရှိနေတတ်ပါတယ်။ ဒီအရာတွေကို စိတ်ကူးထားတဲ့အတိုင်း၊ ရည်မှန်းထားတဲ့အတိုင်း အောင်မြင်ပြီးမြောက်ချင်တယ်ဆိုရင်တော့ စွန့်လွှတ်ရမယ့် အရာတွေလည်း ရှိနေပါတယ်။

၁။ အချိန်ဆွဲ အချိန်ရွှေ့ဆိုင်းခြင်း
လုပ်ချင်တာတွေ၊ လုပ်စရာရှိတဲ့အရာတွေကို လုပ်ဆောင်ဖို့အတွက် အကောင်းဆုံးအချိန်၊ အကောင်းဆုံးအခွင့်အရေးကို စောင့်နေတာက သင့်ရဲ့အလားအလာကို နှောင့်နှေးစေတဲ့အကျင့်ပဲ ဖြစ်ပါတယ်။ သင်လုပ်ချင်တာကို လုပ်ဖို့တွက် အချိန်တိုင်းက အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဇန်နဝါရီ (၁)ရက်နေ့ရောက်မှ၊ နောက်တစ်ပတ်ကျမှ၊ နောက်လကျမှ စသဖြင့် အချိန်တွေဆွဲနေဦးမှာပါလဲ။ အခုချက်ချင်းပဲ စလုပ်လိုက်ပါ။

၂။ ကျရှုံးမှာကို ကြောက်ရွံ့ခြင်း
ကျွန်တော်တို့ အများစုကို ကိုယ်လုပ်ချင်တာကို ရဲရဲဝံ့ဝံ့မလုပ်ဖြစ်အောင် နောက်ပြန်ဆွဲထားတဲ့ အရက်စက်ဆုံး အရာတစ်ခုကတော့ ကျရှုံးသွားမှာကို ကြောက်ရွံ့မှုပဲ ဖြစ်ပါတယ်။ ဦးနှောက်က ပြောတာကို နားထောင်သလို နှလုံးသားက လှုံ့ဆော်မှုကိုလည်း အခွင့်အရေးပေးသင့်ပါတယ်။ ကျရှုံးတော့ရော ဘာဖြစ်လဲ၊ ကျရှုံးသွားပါစေပေါ့။ အရှုံးကနေ သင်ခန်းစာယူ၊ နောက်တစ်ခေါက်ထပ်ကြိုးစားရမှာပါ။ ဒါ့ကြောင့် အကြောက်တရားကို စွန့်လွှတ်ပြီး လုပ်ချင်တာကို စလုပ်လိုက်ပါ။ မစွန့်စားပဲ ဘာမှရလာမှာမဟုတ်ပါဘူး။

၃။ အဆင်ပြေချောမွေ့မှု
ရင်းနှီးပြီးသားပတ်ဝန်းကျင်၊ အသားကျကျွမ်းကျင်ပြီးသား အလုပ်အကိုင် စသဖြင့် ကျွန်တော်တို့အတွက် လက်ရှိမှာ အစစအရာရာအဆင်ပြေနေတယ်လို့ ထင်ရတဲ့ Comfort Zone ကနေ ရုန်းမထွက်နိုင်တာကလည်း ကျွန်တော်တို့ရဲ့အလားအလာကို အဟန့်အတားဖြစ်စေပါတယ်။ အခြေအနေကောင်းပြီး တည်ငြိမ်တဲ့အလုပ်တစ်ခု ရှိနေတာပဲ ဘာဖြစ်လို့ စွန့်စားပြီးကိုယ်ပိုင်လုပ်ငန်းလုပ်မှာလဲ။ ကားဝယ်ဖို့အတွက် ငွေစုရမယ့်ဟာကို ဘာဖြစ်လို့ ခရီးသွားပြီးအကုန်ခံလိုက်မှာလဲ။ စသဖြင့် သင့်ရဲ့ Comfort Zone ထဲက ထွက်ဖို့ထက် Comfort Zone ထဲမှာ နေထိုင်ဖို့ကိုပဲ ပိုစိတ်အားထက်သန်တတ်ကြပါတယ်။ တကယ်ဆိုရင် Comfort Zone အပြင်ဖက်မှာမှ ဘဝက စတင်တာဖြစ်ပါတယ်။ သင့်ကိုယ်သင် Confort Zone ထဲက ရုန်းထွက်ဖို့ တွန်းအားမပေးနိုင်ဘူးဆိုရင် ဘာတွေကို လုပ်နိုင်တယ်၊ ဘယ်လောက်ထိ စွမ်းဆောင်အောင်မြင်နိုင်တယ်ဆိုတာကို ဘယ်တော့မှ မသိနိုင်တော့ပါဘူး။

၄။ သံသယများ
မရင်းနှီး မကျွမ်းဝင်သေးတဲ့ နယ်ပယ်တစ်ခုကို စတင်ဝင်ရောက်ပြီဆိုတာနဲ့ အရာရာကို သံသယဝင်တတ်တာက သဘာဝပဲဖြစ်ပါတယ်။ ငါ ဖြစ်အောင်လုပ်နိုင်ပါ့မလား၊ မှားများများသွားပြီလား၊ ဒီလိုမလုပ်ပဲနဲ့ ဟိုလိုလုပ်ရင် ပိုကောင်းမလား စတဲ့ သံသယပေါင်းစုံက ခေါင်းထဲမှာပြည့်နေမှာပါပဲ။ ဒီလို ခိုင်လုံတဲ့ အချက်အလက်မဟုတ်ပဲ အလကားသက်သက် သံသယတွေများနေတာကလည်း သင့်ရဲ့လုပ်ရည်ကိုင်ရည်ကို လျော့နည်းပြီး ဖြစ်ထွန်းသင့်သလောက် ဖြစ်ထွန်းအောင်မြင်မှာ မဟုတ်ပါဘူး။

၅။ အရှက်အကြောက်ကြီးခြင်း
တစ်ချို့အတွက်ကတော့ လုပ်နေကျမဟုတ်တစ်ခုကို စတင်လုပ်ဆောင်ရတာက မာနကို ထိခိုက်စေတယ်လို့ ထင်တတ်ကြပါတယ်။ ခြေလှမ်းသစ်အတွက် အခြားသူတွေဆီက အကြံဉာဏ်နဲ့ အကူအညီတောင်းဆိုဖို့ကို ရှက်နေတတ်ကြပါတယ်။ ဒီနေရာ သင့်မာနက သင့်ကိုဖျက်ဆီးမယ့်အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့အကူအညီနဲ့ အကြံဉာဏ်ရနိုင်ဖို့အတွက် ရှက်နေလို့ မဖြစ်ပါဘူး

၆။ ပျင်းရိခြင်း
ပေးဆပ်မှုမရှိရင် အောင်မြင်မှုဆိုတာ မရှိပါဘူး။ အပြောင်းအလဲတစ်ခုခုဖြစ်ချင်တယ်ဆိုရင် ပင်ပင်ပန်းပန်းလုပ်ဖို့ အတွက် နောက်တွန့်နေလို့ မရပါဘူး။ ကံတရားက သင့်ကို အတိုင်းအတာတစ်ခုထိပဲ ပံ့ပိုးပေးနိုင်မှာပါ။ အပျင်းထူမနေပဲ တကယ်အလုပ်လုပ်မှသာ ရည်မှန်းချက်တွေ အောင်မြင်လာမှာဖြစ်ပါတယ်။

၇။ အခြားသူတွေ စိတ်ကျေနပ်မှုကို ဦးစားပေးခြင်း
သင်ကိုယ်တိုင်အတွက် အဓိပ္ပါယ်ပြည့်စုံတဲ့အရာတစ်ခုကို လုပ်တော့မယ်ဆိုရင် သင့်ကိုယ်သင် ဦးစားပေး နံပါတ်တစ်အဖြစ် နားလည်သတ်မှတ်ထားဖို့ လိုပါတယ်။ နောက်တစ်ချက် လူတိုင်းကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့က ခက်ခဲပါတယ်။ ကိုယ်ပိုင်ရည်မှန်းချက်ကို အကောင်အထည်ဖော်နေချိန်မှာဆိုရင် အခြားသူတစ်ယောက် စိတ်ကျေနပ်ဖို့အတွက် သူတို့အလုပ်တွေလိုက်လုပ်ပေးရင်း အချိန်ကုန်နေလို့ မဖြစ်ပါဘူး။ ဒီအချိန်မျိုးမှာ အနည်းငယ်တစ်ကိုယ်ကောင်းဆန်ပြီး ရှေ့ဆက်ဖို့ လိုပါတယ်။

၈။ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ခြင်း
သင်အနေနဲ့ တစ်နေ့တာလုပ်ရိုးလုပ်စဉ်တွေအတိုင်းပဲ လုပ်ဆောင်တတ်တဲ့လူမျိုး ဖြစ်ခဲ့မယ်ဆိုရင် သင့်ရဲ့ ရည်မှန်းချက်အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ခက်ခဲနေမှာ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း လည်ပတ်နေတာကို ရပ်တန့်ပြီး လိုအပ်ရင်လိုအပ်သလို အလိုက်သင့် ပြောင်းလဲလှုပ်ရှားတတ်ဖို့ လိုပါတယ်။

၉။ ဝေဖန်မှုများ
သင့်ကို အားပေးတဲ့လူတွေရှိသလို သင်လုပ်သမျှအရာတိုင်းကို၊ ဆုံးဖြတ်ချက်တိုင်းကို ပြစ်တင်ဝေဖန်နေတဲ့ သူတွေလည်း ရှိမှာသေချာပါတယ်။ သူတို့ကို စိတ်ထဲမှာ ထားမနေနဲ့ ရည်မှန်းချက်ဆီကို မမှိတ်မသုန်လျှောက်လှမ်း နိုင်ဖို့ လိုပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine