Relationship တစ္ခုမွာ မိန္းကေလးေတြ လိုလားေတာင့္တသည့္အရာမ်ား

Relationship တစ္ခုမွာ မိန္းကေလးေတြ လိုလားေတာင့္တသည့္အရာမ်ား

(Zawgyi)

ေယာကၤ်ားေလးတစ္ေယာက္နဲ႔ မိန္္းကေလးတစ္ေယာက္တို႔ ခ်စ္သူရည္းစားေတြအျဖစ္ ဒါမွမဟုတ္ အၾကင္လင္မယားေတြအျဖစ္ လက္တြဲၾကၿပီး Relationship တစ္ခုကို တည္ေဆာက္ၾကၿပီဆိုရင္ မိန္းကေလးေတြအေနနဲ႔ သူတို႔ရဲ႕ ခ်စ္သူဆီက လိုခ်င္တဲ့အရာက ဘာလဲဆိုတာ သိပါသလား။ အဲ့ဒါက သင့္ရဲ႕ ေငြေၾကးမဟုတ္ပါဘူး။ အျခားမိန္းကေလးေတြနဲ႔ ကင္းကင္းရွင္းရွင္းေနဖို႔ကလည္း ထင္သေလာက္အေရးမပါပါဘူး။ လိင္မႈကိစၥလား။ မဟုတ္ပါဘူး။ လံုး၀ပါပဲ။ ဒီေတာ့ Relationship တစ္ခုမွာ မိန္းကေလးေတြဖက္က လိုလားေတာင့္တတဲ့အရာေတြက ဘာေတြလဲဆိုတာ သိခ်င္ပါသလား။

၁။ နီးစပ္မႈ
နီးစပ္မႈဆိုတာက အေျခအေနနဲ႔ အခ်ိန္အခါေပၚလိုက္ၿပီး အဓိပၸါယ္အမ်ိဳးမ်ိဳးျဖစ္ႏိုင္ပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာ နီးစပ္မႈ၊ စိတ္ပိုင္းဆိုင္ရာ နီးစပ္မႈ၊ ခံစားမႈခ်င္း နီးစပ္မႈ တုိ႔ျဖစ္ပါတယ္။ ဒီသံုးခုစလံုးေပါင္းစပ္ၿပီး နီးစပ္မႈရွိမယ္ဆိုရင္ေတာ့ အေကာင္းဆံုးပါပဲ။ နီးစပ္မႈကို ခံစားရဖို႔အတြက္ လူခ်င္းေတြ႔မွ မဟုတ္ပါဘူး။ ခံစားမႈအရ အနားမွာရွိေနသလို ခံစားရေစဖို႔နဲ႔ စိတ္ကူးထဲမွာ အေတြးထဲမွာရွိေနဖို႔ ႀကိဳးစားလုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

၂။ ေသခ်ာေရရာမႈ
သူမ သိေနဖို႔ လိုပါတယ္။ သင့္တို႔ႏွစ္ဦးၾကားမွာ ဘာေတြျဖစ္လာမွာလဲ၊ သင္က ဘယ္ေလာက္ထိ ရည္ရြယ္ထားလဲ၊ ဘာေတြလုပ္ဖို႔ ျပင္ဆင္ထားလဲ၊ သူမနဲ႔အတူျဖတ္သန္းဖို႔ အနာဂတ္တစ္ခုကို ေတြးထားၿပီးၿပီလား၊ စသျဖင့္ သူမက ေသခ်ာသိထားဖို႔လိုပါတယ္။ ဒီလို သူမအတြက္ ေသခ်ာေရရာတဲ့ အနာဂတ္မရွိရင္ Realationship ခိုင္မာမႈလည္း ရွိႏိုင္မွာမဟုတ္ပါဘူး။

၃။ အေတြးရွင္းလင္းမႈ
သင္တို႔ႏွစ္ဦးၾကား ဆက္ဆံေရးမွာ ေသခ်ာေရရာမႈရွိၿပီးဆိုရင္ သူမက သင့္အတြက္ ဘယ္ေလာက္ထိ အေရးပါလဲ၊ သူမကို ဘယ္ေလာက္ထိ တန္ဖိုးထားလဲဆိုတာကို ရွင္းလင္းေသခ်ာစြာ သူမသိေနဖို႔ လိုပါတယ္။ ဒီလိုျဖစ္ဖို႔အတြက္ သင္စိတ္ရင္းကို ထုတ္ေျပာျပဖို႔လိုပါတယ္။ လုိအပ္လာရင္ ပိုမိုေသခ်ာရွင္းလင္းေစမယ့္ အရာေတြ လုပ္ေပးဖို႔လည္း လိုပါတယ္။

၄။ ခံစားခ်က္အတိုင္းလုပ္ေဆာင္မႈ
မိန္းကေလးေတြ လိုခ်င္တာေနာက္တစ္ခုက သင့္စိတ္ထဲ၊ ရင္ထဲမွာ ခံစားရတဲ့အတိုင္း လုပ္ေဆာင္ဖို႔ျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ ပတ္၀န္းက်င္ေၾကာင့္ေသာ္လည္းေကာင္း၊ အျငင္းခံရမွာ စိုးရိမ္စိတ္ေၾကာင့္ေသာ္လည္းေကာင္း လုပ္ေပးသင့္တယ္လို႔ ယူဆသည့္တိုင္ေအာင္ စိတ္ထဲရွိတဲ့အတိုင္း မလုပ္တတ္ၾကပါဘူး။ Relationship တစ္ခုမွာ အမူအယာနဲ႔ လုပ္ေဆာင္ခ်က္ေတြက စကားလံုးေတြထက္ အဓိပၸါယ္ပိုသက္ေရာက္ပါတယ္။ သင့္အေနနဲ႔ အေျပာနဲ႔အလုပ္ ကိုက္ညီဖို႔လည္း လိုပါတယ္။ ေျပာတာေတာ့ ရႊမ္းရႊမ္းေ၀ၿ႔ပီး တကယ္လက္ေတြ႕မလုပ္ႏိုင္ဘူးဆိုရင္ ဘာမွမေကာင္းပါဘူး။

၅။ အစဥ္တစိုက္ ဆက္သြယ္မႈ
လူေတြက ေျပာဆိုဆက္သြယ္တတ္ၾကတဲ့ အမ်ိဳးအစားေတြျဖစ္ပါတယ္။ Relationship တစ္ခုမွာဆိုရင္ ဆက္သြယ္မႈက အရမ္းကို အေရးႀကီးပါတယ္။ ဆက္သြယ္မႈဟာ လူႏွစ္ဦးရဲ႕ျဖစ္တည္မႈနဲ႔ သက္ဆိုင္ေနပါတယ္။ ဒါ့ေၾကာင့္ ျဖစ္တဲ့နည္းလမ္းနဲ့႔ ဆက္သြယ္ႏိုင္ေအာင္ ႀကိဳးစားပါ။

၆။ ယဥ္ေက်းသိမ္ေမြ႕မႈ
ယဥ္ေက်းသိမ္ေမြ႕မႈရဲ႕ စြမ္းအားကို အမ်ားစုက ေလွ်ာ့တြက္တတ္ၾကပါတယ္။ ယဥ္ေက်းသိမ္ေမြ႕တာက အားနည္းတာမဟုတ္ပါဘူး။ လူတစ္ေယာက္မွာရွိတဲ့ မသိသာတဲ့ စြမ္းအားတစ္ခုလို႔ ဆိုႏိုင္ပါတယ္။ မိန္းကေလးေတြက ကိုယ့္ခ်စ္သူေယာကၤ်ားေလးဆီကေန ယဥ္ေက်းသိမ္ေမြ႕စြာ ဆက္ဆံမႈကို လိုခ်င္တတ္ၾကပါတယ္။ ေယာကၤ်ားေလးေတြကေတာ့ ခပ္ၾကမ္းၾကမ္းပံုစံမ်ိဳးကိုမွ ေယာကၤ်ားပီသတယ္လို႔ ထင္တတ္ၾကပါတယ္။ တကယ္ဆိုရင္ ယဥ္ေက်းသိမ္ေမြ႕မႈက လူႀကီးလူေကာင္းနဲ႔ အေပအေတကို ကြဲျပားျခားနားသြားေစတဲ့အခ်က္ျဖစ္ပါတယ္။

[sg_popup id=6]

၇။ နားလည္စိတ္ရွည္မႈ
မိန္းကေလးေတြက ႐ႈပ္ေထြးနက္နဲၿပီး စိတ္႐ႈပ္စရာေကာင္းတဲ့ အမ်ိဳးအစားေတြျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ သင့္ကို ရစ္မယ္၊ ျပႆနာရွာမယ္၊ အေ၀းကို ႏွင္ထုတ္မယ္၊ အနားကိုျပန္ေခၚမယ္ စသျဖင့္ လုပ္တတ္တာေတြ အားလံုးက တကယ္စိတ္ထဲရွိလို႔ မဟုတ္ပါဘူး။ သူတို႔ကို နားလည္မႈရွိၿပီး စိတ္ရွည္သည္းခံမႈကို လုိခ်င္လို႔ ျဖ္စပါတယ္။

၈။ ထိန္းခ်ဳပ္မႈ
Relationship အမ်ားစုမွာ ေယာကၤ်ားေလးေတြက ဦးေဆာင္ၿပီး ထိန္းခ်ဳပ္တာကို မိန္းကေလးအမ်ားစုက သေဘာက်တတ္ပါတယ္။ ဒီလိုေျပာလို႔ အရာတိုင္းကို သင့္ဆံုးျဖတ္ခ်က္အတိုင္းပဲလို႔ မထင္လိုက္ပါနဲ႔။ ဆိုလိုခ်င္တာက သူမကိုယ္တိုင္ ဆံုးျဖတ္ရမယ့္ေနရာေတြမွာေတာင္မွ သူမစိတ္၀င္စားတာေတြ၊ သေဘာက်ႏွစ္သက္တာေတြကို သိထားၿပီး သူမကို ေရြးခ်ယ္ခြင့္ေပးတာမ်ိဳး ျဖစ္ပါတယ္။ မိန္းကေလးေတြက အာရုံမ်ားတတ္ပါတယ္။ တစ္ခါတစ္ေလးမွာ လုပ္သင့္တယ္လို႔ ထင္တဲ့အရာတစ္ခုကိုေတာင္မွ ေနာက္ဆက္တြဲျဖစ္ႏိုင္ေခ်ေတြကို စိုးရိမ္ၿပီး လုပ္ေဆာင္ဖို႔ ခက္ေနတတ္ပါတယ္။ ဒီအခ်ိန္မ်ိဳးမွာ သင္က ဦးေဆာင္ၿပီး သူမကို ေရွ႕ဆက္ဖို႔ တိုက္တြန္းတတ္ရမွာျဖစ္ပါတယ္။

၉။ အျပန္အလွန္ေလးစားမႈ
Relationship တစ္ခုမွာ အျပန္အလွန္ေလးစားမႈရွိဖို႔က အေရးႀကီးပါတယ္။ အျပန္အလွန္ေလးစားမႈဆိုရာမွာ တစ္ေယာက္ခ်င္းစီရဲ႕ အႀကိဳက္၊ ၀ါသနာနဲ႔ သီးျခားျဖစ္တည္မႈေတြကို ေလးစားဖို႔ ျဖစ္ပါတယ္။

၁၀။ နက္႐ႈိင္းသည့္ နားလည္မႈ
အျပန္အလွန္နားလည္မႈဆိုတာက နားလည္မႈကေန လာတာျဖစ္ပါတယ္။ Relationship တစ္ခုဟာ အတူယွဥ္တြဲျဖစ္တည္မႈ တစ္ခုပဲျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ မိန္းကေလးေတြက ဘာမွန္းမသိေအာင္ ႐ႈပ္ေထြးလြန္းပါတယ္။ သင့္အေနနဲ႔ သူမဆံပင္ကိုေဆာင့္ဆြဲၿပီး တိုက္ေပၚကပစ္ခ်ခ်င္စိတ္၊ ေခါင္းအံုးနဲ႔ ဖိသတ္ခ်င္စိတ္ေတြ ေပါက္လာတဲ့အထိ သင့္ကို ျပႆနာရွာႏိုင္ပါတယ္။ ဒါေပမယ့္ သူမ ဘာေၾကာင့္ ဒီလိုလုပ္တာလဲဆိုတဲ့အေၾကာင္းရင္းကို နားလည္ႏိုင္ေအာင္ အခ်ိန္ယူလိုက္ပါ။ အေၾကာင္းရင္း တစ္ခုေတာ့ အျမဲတမ္းရွိေနတတ္ပါတယ္။ သူမရဲ႕ အေၾကာင္းရင္းကို နားလည္ႏိုင္မယ္ဆိုရင္ ႏွစ္ေယာက္စလံုးအတြက္ အခက္ေတြ႔ေစႏိုင္မယ့္ အျငင္းပြားမႈေတြ၊ စကားမ်ားမႈေတြကို ေရွာင္ႏိုင္မွာျဖစ္ပါတယ္။

၁၁။ လြတ္လပ္မႈ
မိန္းကေလးတစ္ေယာက္နဲ႔ ခ်စ္ကၽြမ္း၀င္ေနၿပီဆိုရင္ သူမအတြက္ အလြယ္တကူေပးႏိုင္တဲ့ အဖိုးတန္ဆံုးအရာက လြတ္လပ္မႈပဲျဖစ္ပါတယ္။ လြတ္လပ္မႈေပးတဲ့ဆိုတာက အေျခအေန အရပ္ရပ္နဲ႔ လူတစ္ေယာက္ကို အရွိအတိုင္းလက္ခံႏိုင္တာ၊ တစ္ခ်ိဳ႕အရာေတြကို ကိုယ့္စိတ္တိုင္းက် ထိန္းခ်ဳပ္လို႔မရဘူးဆိုတာ နားလည္ႏိုင္တာ၊ ထိန္းခ်ဳပ္လို႔မရႏိုင္တာေတြအတြက္ စိတ္ပူမေနတာ၊ ဘ၀မွာ ဘာမဆိုျဖစ္ပ်က္ႏိုင္တယ္ဆိုတာကို လက္ခံႏိုင္တာကို ဆိုလိုပါတယ္။ သင့္ခ်စ္သူမိန္းကေလးကို သူမရဲ႕ ျဖစ္သင့္ျဖစ္ထိုက္တဲ့ သီးျခားျဖစ္တည္မႈအတြက္ လြတ္လပ္ခြင့္ေပးႏိုင္မယ္ဆိုရင္ ႏွစ္ေယာက္စလံုးအတြက္ ေပ်ာ္ရႊင္စရာေတြပဲ ျဖစ္ေနမွာပါ။

၁၂။ သစၥာရွိမႈ
႐ုပ္၀တၳဳေတြ တိုးတက္ေနတဲ့ ေခတ္မွာ သစၥာရွိမႈဆိုတာက အရွားပါးဆံုးအရာပဲျဖစ္ပါတယ္။ သစၥာရွိမႈဆိုတာက သင့္ဘ၀တစ္ေလွ်ာက္လံုး သူမအတြက္ အျမဲတမ္းရွိေနေပးတာ၊ သူမကလည္း သင့္အတြက္ရွိေနတာ၊ ဘယ္လိုအတားအဆီးေတြရွိရွိ သူမအနားကို လက္မေလွ်ာ့စတမ္း အေရာက္လာႏိုင္တာ၊ အသက္(၃၀)မွာ သူမမ်က္ရည္ကို သုတ္ေပးၿပီး ျပံဳးရယ္ေအာင္ လုပ္ေပးႏိုင္ခဲ့သလို အသက္(၈၀)မွာလည္း လုပ္ေပးႏိုင္တာကို ဆိုလိုပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++

Relationship တစ်ခုမှာ မိန်းကလေးတွေ လိုလားတောင့်တသည့်အရာများ

(Unicode)

ယောင်္ကျားလေးတစ်ယောက်နဲ့ မိန််းကလေးတစ်ယောက်တို့ ချစ်သူရည်းစားတွေအဖြစ် ဒါမှမဟုတ် အကြင်လင်မယားတွေအဖြစ် လက်တွဲကြပြီး Relationship တစ်ခုကို တည်ဆောက်ကြပြီဆိုရင် မိန်းကလေးတွေအနေနဲ့ သူတို့ရဲ့ ချစ်သူဆီက လိုချင်တဲ့အရာက ဘာလဲဆိုတာ သိပါသလား။ အဲ့ဒါက သင့်ရဲ့ ငွေကြေးမဟုတ်ပါဘူး။ အခြားမိန်းကလေးတွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ကလည်း ထင်သလောက်အရေးမပါပါဘူး။ လိင်မှုကိစ္စလား။ မဟုတ်ပါဘူး။ လုံးဝပါပဲ။ ဒီတော့ Relationship တစ်ခုမှာ မိန်းကလေးတွေဖက်က လိုလားတောင့်တတဲ့အရာတွေက ဘာတွေလဲဆိုတာ သိချင်ပါသလား။

၁။ နီးစပ်မှု
နီးစပ်မှုဆိုတာက အခြေအနေနဲ့ အချိန်အခါပေါ်လိုက်ပြီး အဓိပ္ပါယ်အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ နီးစပ်မှု၊ စိတ်ပိုင်းဆိုင်ရာ နီးစပ်မှု၊ ခံစားမှုချင်း နီးစပ်မှု တို့ဖြစ်ပါတယ်။ ဒီသုံးခုစလုံးပေါင်းစပ်ပြီး နီးစပ်မှုရှိမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ နီးစပ်မှုကို ခံစားရဖို့အတွက် လူချင်းတွေ့မှ မဟုတ်ပါဘူး။ ခံစားမှုအရ အနားမှာရှိနေသလို ခံစားရစေဖို့နဲ့ စိတ်ကူးထဲမှာ အတွေးထဲမှာရှိနေဖို့ ကြိုးစားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

၂။ သေချာရေရာမှု
သူမ သိနေဖို့ လိုပါတယ်။ သင့်တို့နှစ်ဦးကြားမှာ ဘာတွေဖြစ်လာမှာလဲ၊ သင်က ဘယ်လောက်ထိ ရည်ရွယ်ထားလဲ၊ ဘာတွေလုပ်ဖို့ ပြင်ဆင်ထားလဲ၊ သူမနဲ့အတူဖြတ်သန်းဖို့ အနာဂတ်တစ်ခုကို တွေးထားပြီးပြီလား၊ စသဖြင့် သူမက သေချာသိထားဖို့လိုပါတယ်။ ဒီလို သူမအတွက် သေချာရေရာတဲ့ အနာဂတ်မရှိရင် Realationship ခိုင်မာမှုလည်း ရှိနိုင်မှာမဟုတ်ပါဘူး။

၃။ အတွေးရှင်းလင်းမှု
သင်တို့နှစ်ဦးကြား ဆက်ဆံရေးမှာ သေချာရေရာမှုရှိပြီးဆိုရင် သူမက သင့်အတွက် ဘယ်လောက်ထိ အရေးပါလဲ၊ သူမကို ဘယ်လောက်ထိ တန်ဖိုးထားလဲဆိုတာကို ရှင်းလင်းသေချာစွာ သူမသိနေဖို့ လိုပါတယ်။ ဒီလိုဖြစ်ဖို့အတွက် သင်စိတ်ရင်းကို ထုတ်ပြောပြဖို့လိုပါတယ်။ လိုအပ်လာရင် ပိုမိုသေချာရှင်းလင်းစေမယ့် အရာတွေ လုပ်ပေးဖို့လည်း လိုပါတယ်။

၄။ ခံစားချက်အတိုင်းလုပ်ဆောင်မှု
မိန်းကလေးတွေ လိုချင်တာနောက်တစ်ခုက သင့်စိတ်ထဲ၊ ရင်ထဲမှာ ခံစားရတဲ့အတိုင်း လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ပတ်ဝန်းကျင်ကြောင့်သော်လည်းကောင်း၊ အငြင်းခံရမှာ စိုးရိမ်စိတ်ကြောင့်သော်လည်းကောင်း လုပ်ပေးသင့်တယ်လို့ ယူဆသည့်တိုင်အောင် စိတ်ထဲရှိတဲ့အတိုင်း မလုပ်တတ်ကြပါဘူး။ Relationship တစ်ခုမှာ အမူအယာနဲ့ လုပ်ဆောင်ချက်တွေက စကားလုံးတွေထက် အဓိပ္ပါယ်ပိုသက်ရောက်ပါတယ်။ သင့်အနေနဲ့ အပြောနဲ့အလုပ် ကိုက်ညီဖို့လည်း လိုပါတယ်။ ပြောတာတော့ ရွှမ်းရွှမ်းဝြေ့ပီး တကယ်လက်တွေ့မလုပ်နိုင်ဘူးဆိုရင် ဘာမှမကောင်းပါဘူး။

၅။ အစဉ်တစိုက် ဆက်သွယ်မှု
လူတွေက ပြောဆိုဆက်သွယ်တတ်ကြတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ Relationship တစ်ခုမှာဆိုရင် ဆက်သွယ်မှုက အရမ်းကို အရေးကြီးပါတယ်။ ဆက်သွယ်မှုဟာ လူနှစ်ဦးရဲ့ဖြစ်တည်မှုနဲ့ သက်ဆိုင်နေပါတယ်။ ဒါ့ကြောင့် ဖြစ်တဲ့နည်းလမ်းနဲ့့ ဆက်သွယ်နိုင်အောင် ကြိုးစားပါ။

၆။ ယဉ်ကျေးသိမ်မွေ့မှု
ယဉ်ကျေးသိမ်မွေ့မှုရဲ့ စွမ်းအားကို အများစုက လျှော့တွက်တတ်ကြပါတယ်။ ယဉ်ကျေးသိမ်မွေ့တာက အားနည်းတာမဟုတ်ပါဘူး။ လူတစ်ယောက်မှာရှိတဲ့ မသိသာတဲ့ စွမ်းအားတစ်ခုလို့ ဆိုနိုင်ပါတယ်။ မိန်းကလေးတွေက ကိုယ့်ချစ်သူယောင်္ကျားလေးဆီကနေ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံမှုကို လိုချင်တတ်ကြပါတယ်။ ယောင်္ကျားလေးတွေကတော့ ခပ်ကြမ်းကြမ်းပုံစံမျိုးကိုမှ ယောင်္ကျားပီသတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်ဆိုရင် ယဉ်ကျေးသိမ်မွေ့မှုက လူကြီးလူကောင်းနဲ့ အပေအတေကို ကွဲပြားခြားနားသွားစေတဲ့အချက်ဖြစ်ပါတယ်။

၇။ နားလည်စိတ်ရှည်မှု
မိန်းကလေးတွေက ရှုပ်ထွေးနက်နဲပြီး စိတ်ရှုပ်စရာကောင်းတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ သင့်ကို ရစ်မယ်၊ ပြဿနာရှာမယ်၊ အဝေးကို နှင်ထုတ်မယ်၊ အနားကိုပြန်ခေါ်မယ် စသဖြင့် လုပ်တတ်တာတွေ အားလုံးက တကယ်စိတ်ထဲရှိလို့ မဟုတ်ပါဘူး။ သူတို့ကို နားလည်မှုရှိပြီး စိတ်ရှည်သည်းခံမှုကို လိုချင်လို့ ဖြ်စပါတယ်။

၈။ ထိန်းချုပ်မှု
Relationship အများစုမှာ ယောင်္ကျားလေးတွေက ဦးဆောင်ပြီး ထိန်းချုပ်တာကို မိန်းကလေးအများစုက သဘောကျတတ်ပါတယ်။ ဒီလိုပြောလို့ အရာတိုင်းကို သင့်ဆုံးဖြတ်ချက်အတိုင်းပဲလို့ မထင်လိုက်ပါနဲ့။ ဆိုလိုချင်တာက သူမကိုယ်တိုင် ဆုံးဖြတ်ရမယ့်နေရာတွေမှာတောင်မှ သူမစိတ်ဝင်စားတာတွေ၊ သဘောကျနှစ်သက်တာတွေကို သိထားပြီး သူမကို ရွေးချယ်ခွင့်ပေးတာမျိုး ဖြစ်ပါတယ်။ မိန်းကလေးတွေက အာရုံများတတ်ပါတယ်။ တစ်ခါတစ်လေးမှာ လုပ်သင့်တယ်လို့ ထင်တဲ့အရာတစ်ခုကိုတောင်မှ နောက်ဆက်တွဲဖြစ်နိုင်ချေတွေကို စိုးရိမ်ပြီး လုပ်ဆောင်ဖို့ ခက်နေတတ်ပါတယ်။ ဒီအချိန်မျိုးမှာ သင်က ဦးဆောင်ပြီး သူမကို ရှေ့ဆက်ဖို့ တိုက်တွန်းတတ်ရမှာဖြစ်ပါတယ်။

၉။ အပြန်အလှန်လေးစားမှု
Relationship တစ်ခုမှာ အပြန်အလှန်လေးစားမှုရှိဖို့က အရေးကြီးပါတယ်။ အပြန်အလှန်လေးစားမှုဆိုရာမှာ တစ်ယောက်ချင်းစီရဲ့ အကြိုက်၊ ၀ါသနာနဲ့ သီးခြားဖြစ်တည်မှုတွေကို လေးစားဖို့ ဖြစ်ပါတယ်။

၁၀။ နက်ရှိုင်းသည့် နားလည်မှု
အပြန်အလှန်နားလည်မှုဆိုတာက နားလည်မှုကနေ လာတာဖြစ်ပါတယ်။ Relationship တစ်ခုဟာ အတူယှဉ်တွဲဖြစ်တည်မှု တစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ မိန်းကလေးတွေက ဘာမှန်းမသိအောင် ရှုပ်ထွေးလွန်းပါတယ်။ သင့်အနေနဲ့ သူမဆံပင်ကိုဆောင့်ဆွဲပြီး တိုက်ပေါ်ကပစ်ချချင်စိတ်၊ ခေါင်းအုံးနဲ့ ဖိသတ်ချင်စိတ်တွေ ပေါက်လာတဲ့အထိ သင့်ကို ပြဿနာရှာနိုင်ပါတယ်။ ဒါပေမယ့် သူမ ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတဲ့အကြောင်းရင်းကို နားလည်နိုင်အောင် အချိန်ယူလိုက်ပါ။ အကြောင်းရင်း တစ်ခုတော့ အမြဲတမ်းရှိနေတတ်ပါတယ်။ သူမရဲ့ အကြောင်းရင်းကို နားလည်နိုင်မယ်ဆိုရင် နှစ်ယောက်စလုံးအတွက် အခက်တွေ့စေနိုင်မယ့် အငြင်းပွားမှုတွေ၊ စကားများမှုတွေကို ရှောင်နိုင်မှာဖြစ်ပါတယ်။

၁၁။ လွတ်လပ်မှု
မိန်းကလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်နေပြီဆိုရင် သူမအတွက် အလွယ်တကူပေးနိုင်တဲ့ အဖိုးတန်ဆုံးအရာက လွတ်လပ်မှုပဲဖြစ်ပါတယ်။ လွတ်လပ်မှုပေးတဲ့ဆိုတာက အခြေအနေ အရပ်ရပ်နဲ့ လူတစ်ယောက်ကို အရှိအတိုင်းလက်ခံနိုင်တာ၊ တစ်ချို့အရာတွေကို ကိုယ့်စိတ်တိုင်းကျ ထိန်းချုပ်လို့မရဘူးဆိုတာ နားလည်နိုင်တာ၊ ထိန်းချုပ်လို့မရနိုင်တာတွေအတွက် စိတ်ပူမနေတာ၊ ဘဝမှာ ဘာမဆိုဖြစ်ပျက်နိုင်တယ်ဆိုတာကို လက်ခံနိုင်တာကို ဆိုလိုပါတယ်။ သင့်ချစ်သူမိန်းကလေးကို သူမရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သီးခြားဖြစ်တည်မှုအတွက် လွတ်လပ်ခွင့်ပေးနိုင်မယ်ဆိုရင် နှစ်ယောက်စလုံးအတွက် ပျော်ရွှင်စရာတွေပဲ ဖြစ်နေမှာပါ။

၁၂။ သစ္စာရှိမှု
ရုပ်ဝတ္ထုတွေ တိုးတက်နေတဲ့ ခေတ်မှာ သစ္စာရှိမှုဆိုတာက အရှားပါးဆုံးအရာပဲဖြစ်ပါတယ်။ သစ္စာရှိမှုဆိုတာက သင့်ဘဝတစ်လျှောက်လုံး သူမအတွက် အမြဲတမ်းရှိနေပေးတာ၊ သူမကလည်း သင့်အတွက်ရှိနေတာ၊ ဘယ်လိုအတားအဆီးတွေရှိရှိ သူမအနားကို လက်မလျှော့စတမ်း အရောက်လာနိုင်တာ၊ အသက်(၃၀)မှာ သူမမျက်ရည်ကို သုတ်ပေးပြီး ပြုံးရယ်အောင် လုပ်ပေးနိုင်ခဲ့သလို အသက်(၈၀)မှာလည်း လုပ်ပေးနိုင်တာကို ဆိုလိုပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%