လုပ္ငန္းစြမ္းေဆာင္ရည္ တိုးတက္လာေစႏိုင္မည့္ နည္းလမ္း(၄)ခု

(Zawgyi)

ကမာၻ႕ေခါင္းေဆာင္ေတြ၊ ေအာင္ျမင္ေသာ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္ေတြနဲ႔ နာမည္ေက်ာ္ အားကစားသမားေတြတိုင္းမွာ တူညီတဲ့အခ်က္တစ္ခု ရွိပါတယ္။ အဲ့ဒါကေတာ့ သူတို႔မွာ ထူးျခားတဲ့အေလ့အက်င့္ေတြ ရွိေနတာပဲျဖစ္ပါတယ္။ ဒီလိုအေလ့အက်င့္ေတြထဲက သိပ္မထူးျခားေပမယ့္ သင့္ရဲ႕ လုပ္ငန္းစြမ္းေဆာင္ရည္နဲ႔ စိတ္ေနသေဘာထားကို ေျပာင္းလဲတိုးတက္ေစႏိုင္တဲ့ အေလ့အက်င့္ (၄)ခုကို ေဖာ္ျပလိုက္ပါတယ္။

 

၁။ အလုပ္ခ်ိန္ထက္ အနည္းငယ္ေစာသြားပါ။
အေျခခံက စေျပာရမယ္ဆိုရင္ အလုပ္ခ်ိန္ထက္ အနည္းငယ္ေစာၿပီး အလုပ္ကိုေရာက္ေအာင္သြားဖို႔ဆိုတာက သိပ္ထူးျခားဆန္းျပားတဲ့အရာတစ္ခု မဟုတ္ပါဘူး။ ဒါေပမယ့္ အေလ့အက်င့္တစ္ခုအေနနဲ႔ အျမဲတမ္းလုပ္ေဆာင္ျဖစ္မယ္ဆိုရင္ေတာ့ သင့္အတြက္ စိတ္ေက်နပ္မႈေတြနဲ႔ လုပ္ငန္းတိုးတက္မႈ အလားအလာေကာင္းေတြကို ရရွိေစႏိုင္ပါတယ္။ သတ္မွတ္အလုပ္ခ်ိန္ထက္ နာရီ၀က္၊ တစ္နာရီေလာက္ ေစာေရာက္ေနဖို႔ မလိုပါဘူး။ ဆယ္မိနစ္ေလာက္ ေစာေရာက္ဖို႔ပဲ လုိပါတယ္။ ဒီလိုေစာေရာက္ႏိုင္ဖို႔ ေသခ်ာစီစဥ္လုပ္ေဆာင္ႏိုင္မယ္ဆိုရင္ ႐ုံးေနာက္က်မွာ စိုးရိမ္ရတဲ့ စိတ္၊ ကားလမ္းပိတ္တဲ့ ေသာကေတြ မရွိေတာ့တဲ့အတြက္ စိတ္ၾကည္လင္စြာနဲ႔ အလုပ္လုပ္ႏိုင္မွာ ျဖစ္ပါတယ္။

၂။ မွတ္စုေရးတတ္ပါေစ။
စိတ္ကူးဥာဏ္ကြန္႔ျမဴးမႈက ဘယ္အခ်ိန္မွာ ျဖစ္ေပၚမလဲဆိုတာကို ဘယ္သူမွမသိႏိုင္ပါဘူး။ ေရခ်ိဳးေနရင္းနဲ႔လည္း ျဖစ္ႏိုင္သလို၊ အလုပ္သြားရင္း ဒါမွမဟုတ္ ညတစ္ေရးႏိုးခ်ိန္ေတြမွာလည္း စိတ္ကူးအၾကံဥာဏ္ေကာင္းေတြ ထြက္ေပၚလာတတ္ပါတယ္။ ဒါ့ေၾကာင့္ ေခါင္းထဲကို တစ္ခုခုေရာက္လာတာပဲျဖစ္ျဖစ္၊ လုပ္စရာရွိတာကိုပဲျဖစ္ျဖစ္ မွတ္စုေရးထားမယ္၊ ကပ္ခြာမွတ္စုေလးေတြနဲ႔ ေရးၿပီးကပ္ထားမယ္ဆိုရင္ အဆင္ေျပႏိုင္ပါတယ္။ မွတ္စုေရးတာက သင့္ရဲ႕မွတ္ဥာဏ္စြမ္းအားကို က်ဆင္းေစႏိုင္တယ္လို႔ ထင္စရာရွိပါတယ္။ ဒါေပမယ့္ သင့္အလုပ္လုပ္တဲ့ေနရာနားမွာ မွတ္စုေတြကို ေတြ႕ေနျခင္းအားျဖင့္ သင့္ကိုတက္ၾကြၿပီး အလုပ္ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ တြန္းအားေပးႏိုင္ပါတယ္။

 

၃။ ခံစားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ စိတ္ကူးပုံေဖာ္ၾကည့္ပါ။
လုပ္ေဆာင္ရမယ့္ ကိစၥေတြကို ႀကိဳတင္ၿပီး စိတ္ကူးပံုေဖာ္ၾကည့္တာက ထိေရာက္တဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ သင့္စိတ္ထဲက စိုးရိမ္ပူပန္မႈေတြကို ေလ်ာ့နည္းသြားေစၿပီး အေျခအေနအရပ္ရပ္ကို သီးျခားအျမင္တစ္ခုအေနနဲ႔ နားလည္လာမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အေရးႀကီးကိစၥတစ္ခုကို လုပ္ေဆာင္ရေတာ့မယ္ဆိုရင္ ဘယ္လိုအေျခအေနရွိႏိုင္မလဲဆိုတာ စိတ္ကူးပံုေဖာ္ၾကည့္ပါ။ သင့္စိတ္ထဲက စိုးရိမ္ေသာကေတြကို ေမာင္းထုတ္လိုက္ပါ။ ထင္ထားတာထက္ ပိုေကာင္းေအာင္ လုပ္ႏိုင္တာကို ေတြ႕ရမွာျဖစ္ပါတယ္။

 

၄။ မနက္တိုင္း အလုပ္ေနရာကို ရွင္းလင္းဖို႔ အခ်ိန္ေပးပါ။
လုပ္ငန္းခြင္ဆိုတာ ေနအိမ္ၿပီးရင္ ဒုတိယအမ်ားဆံုးေနရတဲ့ ေနရာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လုပ္ငန္းခြင္က ကိုယ့္ေနရာေလးကို ကိုယ့္ေနအိမ္လို႔သေဘာထားၿပီး ရွင္းလင္းသပ္ရပ္ေနေစဖို႔ လိုပါတယ္။ မနက္ခင္းအလုပ္ကို ေရာက္ရွိတာနဲ႔ သန္႔ရွင္းေရးလုပ္ၿပီး တစ္ေန႔တာအလုပ္လုပ္ဖို႔အတြက္ လိုအပ္တဲပစၥည္းပစၥယေတြ အကုန္လံုးကို သူ႔ေနရာနဲ႔သူ စနစ္တက်ရွိေနဖို႔ ျပင္ဆင္ပါ။ ဒီလိုျပင္ဆင္ထားမယ္ဆိုရင္ တစ္ေန႔တာရဲ႕လုပ္ငနး္ေဆာင္တာေတြ အားလံုးကို အလြယ္တကူနဲ႔ ျမန္ျမန္ဆန္ဆန္ၿပီးစီးေအာင္ ပိုလုပ္ေဆာင္ႏိုင္တာကို ေတြ႕ရပါလိမ့္မယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

[sg_popup id=6]

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေနိုင်မည့် နည်းလမ်း(၄)ခု

(Unicode)

ကမ္ဘာ့ခေါင်းဆောင်တွေ၊ အောင်မြင်သော စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေနဲ့ နာမည်ကျော် အားကစားသမားတွေတိုင်းမှာ တူညီတဲ့အချက်တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ သူတို့မှာ ထူးခြားတဲ့အလေ့အကျင့်တွေ ရှိနေတာပဲဖြစ်ပါတယ်။ ဒီလိုအလေ့အကျင့်တွေထဲက သိပ်မထူးခြားပေမယ့် သင့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ စိတ်နေသဘောထားကို ပြောင်းလဲတိုးတက်စေနိုင်တဲ့ အလေ့အကျင့် (၄)ခုကို ဖော်ပြလိုက်ပါတယ်။

 

၁။ အလုပ်ချိန်ထက် အနည်းငယ်စောသွားပါ။
အခြေခံက စပြောရမယ်ဆိုရင် အလုပ်ချိန်ထက် အနည်းငယ်စောပြီး အလုပ်ကိုရောက်အောင်သွားဖို့ဆိုတာက သိပ်ထူးခြားဆန်းပြားတဲ့အရာတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် အလေ့အကျင့်တစ်ခုအနေနဲ့ အမြဲတမ်းလုပ်ဆောင်ဖြစ်မယ်ဆိုရင်တော့ သင့်အတွက် စိတ်ကျေနပ်မှုတွေနဲ့ လုပ်ငန်းတိုးတက်မှု အလားအလာကောင်းတွေကို ရရှိစေနိုင်ပါတယ်။ သတ်မှတ်အလုပ်ချိန်ထက် နာရီဝက်၊ တစ်နာရီလောက် စောရောက်နေဖို့ မလိုပါဘူး။ ဆယ်မိနစ်လောက် စောရောက်ဖို့ပဲ လိုပါတယ်။ ဒီလိုစောရောက်နိုင်ဖို့ သေချာစီစဉ်လုပ်ဆောင်နိုင်မယ်ဆိုရင် ရုံးနောက်ကျမှာ စိုးရိမ်ရတဲ့ စိတ်၊ ကားလမ်းပိတ်တဲ့ သောကတွေ မရှိတော့တဲ့အတွက် စိတ်ကြည်လင်စွာနဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

 

၂။ မှတ်စုရေးတတ်ပါစေ။
စိတ်ကူးဉာဏ်ကွန့်မြူးမှုက ဘယ်အချိန်မှာ ဖြစ်ပေါ်မလဲဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ ရေချိုးနေရင်းနဲ့လည်း ဖြစ်နိုင်သလို၊ အလုပ်သွားရင်း ဒါမှမဟုတ် ညတစ်ရေးနိုးချိန်တွေမှာလည်း စိတ်ကူးအကြံဉာဏ်ကောင်းတွေ ထွက်ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် ခေါင်းထဲကို တစ်ခုခုရောက်လာတာပဲဖြစ်ဖြစ်၊ လုပ်စရာရှိတာကိုပဲဖြစ်ဖြစ် မှတ်စုရေးထားမယ်၊ ကပ်ခွာမှတ်စုလေးတွေနဲ့ ရေးပြီးကပ်ထားမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ မှတ်စုရေးတာက သင့်ရဲ့မှတ်ဉာဏ်စွမ်းအားကို ကျဆင်းစေနိုင်တယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် သင့်အလုပ်လုပ်တဲ့နေရာနားမှာ မှတ်စုတွေကို တွေ့နေခြင်းအားဖြင့် သင့်ကိုတက်ကြွပြီး အလုပ်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ တွန်းအားပေးနိုင်ပါတယ်။

 

၃။ ခံစားမှုကို ထိန်းချုပ်နိုင်ဖို့ စိတ်ကူးပုံဖော်ကြည့်ပါ။
လုပ်ဆောင်ရမယ့် ကိစ္စတွေကို ကြိုတင်ပြီး စိတ်ကူးပုံဖော်ကြည့်တာက ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင့်စိတ်ထဲက စိုးရိမ်ပူပန်မှုတွေကို လျော့နည်းသွားစေပြီး အခြေအနေအရပ်ရပ်ကို သီးခြားအမြင်တစ်ခုအနေနဲ့ နားလည်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အရေးကြီးကိစ္စတစ်ခုကို လုပ်ဆောင်ရတော့မယ်ဆိုရင် ဘယ်လိုအခြေအနေရှိနိုင်မလဲဆိုတာ စိတ်ကူးပုံဖော်ကြည့်ပါ။ သင့်စိတ်ထဲက စိုးရိမ်သောကတွေကို မောင်းထုတ်လိုက်ပါ။ ထင်ထားတာထက် ပိုကောင်းအောင် လုပ်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။

 

၄။ မနက်တိုင်း အလုပ်နေရာကို ရှင်းလင်းဖို့ အချိန်ပေးပါ။
လုပ်ငန်းခွင်ဆိုတာ နေအိမ်ပြီးရင် ဒုတိယအများဆုံးနေရတဲ့ နေရာဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်က ကိုယ့်နေရာလေးကို ကိုယ့်နေအိမ်လို့သဘောထားပြီး ရှင်းလင်းသပ်ရပ်နေစေဖို့ လိုပါတယ်။ မနက်ခင်းအလုပ်ကို ရောက်ရှိတာနဲ့ သန့်ရှင်းရေးလုပ်ပြီး တစ်နေ့တာအလုပ်လုပ်ဖို့အတွက် လိုအပ်တဲပစ္စည်းပစ္စယတွေ အကုန်လုံးကို သူ့နေရာနဲ့သူ စနစ်တကျရှိနေဖို့ ပြင်ဆင်ပါ။ ဒီလိုပြင်ဆင်ထားမယ်ဆိုရင် တစ်နေ့တာရဲ့လုပ်ငနး်ဆောင်တာတွေ အားလုံးကို အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်ပြီးစီးအောင် ပိုလုပ်ဆောင်နိုင်တာကို တွေ့ရပါလိမ့်မယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine