မိန္းကေလးတစ္ေယာက္က ပထမဆံုးအၾကည့္မွာတင္ သတိထားမိႏိုင္သည့္အရာမ်ား

(Zawgyi)

မိန္းကေလးေတြဟာ ေယာကၤ်ားေလးတစ္ေယာက္ကို တစ္ခ်က္ၾကည့္လိုက္ရုံနဲ႔ သတိထားမိလိုက္တဲ့အရာေတြ အမ်ားႀကီးရွိပါတယ္။ ပုခံုးေပၚမွာ ဖုန္အနည္းငယ္ေပက်ံေနတာက စၿပီး ဖိနပ္အေရာင္ကြက္ေနတာအထိ ေခါင္းအစေျခအဆံုးကို ျခံဳငံုၾကည့္႐ႈႏိုင္စြမ္းရွိပါတယ္။ တကယ္လို႔မ်ား မိန္းကေလးတစ္ေယာက္ရဲ႕ အာ႐ုံကိုဖမ္းစားခ်င္တယ္ဆိုရင္ ပထမဆံုး(၁၀)စကၠန္႔အတြင္းမွာ သူတို႔သတိထားမိႏိုင္တဲ့ အရာေတြကို ေသခ်ာျပင္ဆင္ထားဖို႔ လိုပါတယ္။ ဒါ့ေၾကာင့္ မိန္းကေလးတစ္ေယာက္က ပထမဆံုးအၾကည့္မွာတင္ သင္နဲ႔ပတ္သက္ၿပီး သတိထားမိႏိုင္တဲ့အရာ(၁၀)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ဆံပင္
ဆံပင္ဟာ သင့္ခႏၶာကိုယ္ရဲ႕ အေပၚဆံုးနဲ႔အသိသာဆံုးအပိုင္းျဖစ္ၿပီး၊ ဆံပင္ကို ဘယ္လိုပံုစံထားလဲ ဆိုတာကလည္း အေရးႀကီးပါတယ္။ ဟုတ္ပါတယ္။ မိန္းကေလးတစ္ေယာက္က သင့္ကိုၾကည့္လိုက္တာနဲ႔ အရင္ဆံုးသတိထားမိတာက သင့္ရဲ႕ဆံပင္ပဲျဖစ္ပါတယ္။

၂။ အရွိန္အ၀ါ
လူတိုင္းလူတိုင္းမွာ အျခားသူေတြက သူတို႔နဲ႔ပတ္သက္ၿပီး ခံစားရတဲ့ အရွိန္အ၀ါရွိပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ ခ်က္ခ်င္းခင္မင္အေရာ၀င္ခ်င္စိတ္ေပါက္သြားေအာင္ ႏွစ္လိုဖြယ္အရွိန္အ၀ါထြက္ေနတတ္ၿပီး တစ္ခ်ိဳ႕ေတြကေတာ့ အဖက္မလုပ္ခ်င္ေလာက္ေအာင္ ျဖစ္သြားေစတဲ့ မေကာင္းတဲ့အရွိန္အ၀ါေတြ ရွိတတ္ပါတယ္။ သင့္မွာ ဘယ္လိုအရွိန္အ၀ါမ်ိဳးရွိေနလဲဆိုတာကို ဆင္ျခင္ၾကည့္ပါ။ မိန္းကေလးေတြက ဒီလိုအရွိန္အ၀ါမ်ိဳးကို သတိျပဳမိတတ္ၾကပါတယ္။

၃။ အကႌ်အေရာင္
သင္၀တ္ထားတဲ့ အကႌ်အေရာက္ကလည္း မိန္းကေလးေတြရဲ႕ စိတ္အာ႐ုံကို ဖမ္းစားႏိုင္ပါတယ္။ အျဖဴေရာင္ကေတာ့ အလုပ္သေဘာဆန္တဲ့အေရာင္ျဖစ္ၿပီး ေယာကၤ်ားေလးအမ်ားစု ၀တ္ၾကပါတယ္။ အျပာရင့္ေရာင္ကေတာ့ ေယာကၤ်ားေလးေတြနဲ႔ ဒုတိယအလုိက္ဖက္ဆံုးျဖစ္ပါတယ္။ အနက္ေရာင္ကလည္း ထင္ရွားေပၚလြင္ေစတဲ့အေရာင္ျဖစ္ပါတယ္။ အဆင္မေျပႏိုင္တဲ့အေရာင္ဆိုရင္ေတာ့ အျပာအေဖ်ာ့၊ ပန္းေရာင္၊ အစိမ္းေရာင္နဲ႔ အုတ္ခဲေရာင္တို႔ပဲျဖစ္ပါတယ္။

၄။ ေဘာင္းဘီ ၀တ္ဆင္ပံု
ဘာဆိုင္လို႔လဲလို႔ ထင္ခ်င္စရာပါပဲ။ ဒါေပမယ့္ ဒီအခ်က္ကလည္း ဂ႐ုစိုက္ဖို႔လိုပါတယ္။ သင္ေဘာင္းဘီ၀တ္ဆင္တဲ့ပုံစံကိုၾကည့္ၿပီး သင္ဘယ္လိုလူမ်ိဳးလဲဆိုတာကို မိန္းကေလးေတြက သံုးသပ္တတ္ၾကပါတယ္။ Skinny၊ Fitting၊ Regular Denim၊ Baggy စသျဖင့္ ေဘာင္းဘီ ပုံစံအမ်ိဳးမ်ိဳးထဲက သင္ကိုယ္ဟန္အေနအထားနဲ႔ လိုက္ဖက္တာကို ေရြးခ်ယ္တတ္ဖို႔ လိုပါတယ္။

၅။ လက္ဟန္အေနအထား
တံခါးကို ကိုင္ၿပီးဖြင့္လိုက္တဲပံုစံ၊ ထိုင္ခံုကို ဆြဲလိုက္တဲ့ပုံစံ၊ လမ္းေလွ်ာက္ရင္ လက္လႊဲတတ္တဲ့ပုံစံ စသျဖင့္ သင့္လက္က ဘယ္လိုဘယ္ပံု လႈပ္ရွားလဲဆိုတာကို မိန္းကေလးေတြက သတိျပဳမိတတ္ၾကပါတယ္။ လက္၊ လက္ေမာင္း၊ လက္ဖ်ံေတြအကုန္လံုးကို ျမင္တတ္ၾကပါတယ္။ လက္မွာ ေသြးေၾကာေပၚတာ၊ မေပၚတာ၊ ေမႊးညွင္းႏုေလးေတြ ရွိတာ၊ မရွိတာ စသျဖင့္ အားလံုးကို သတိထားမိတတ္ၾကပါတယ္။

၆။ ကိုယ္ဟန္အေနအထား
ကိုယ္ဟန္အေနအထားက သင့္အေၾကာင္းအမ်ားႀကီးကို ေျပာျပႏိုင္ပါတယ္။ လက္ျပင္ကုန္းတာ၊ ခါးကိုင္းတာ၊ အရပ္ပုတာ၊ ေျမာက္ၾကြေျမာက္ၾကြလုပ္တာ စသျဖင့္ အားလံုးကို မိန္းကေလးေတြက သတိျပဳႏိုင္ပါတယ္။ ကိုယ္ဟန္အေနအထား မေကာင္းတဲ့သူေတြကို မိန္းကေလးေတြက စိတ္မ၀င္စားတတ္ၾကပါဘူး။ ဒါ့ေၾကာင့္ ဘယ္လိုကိုယ္ဟန္အေနအထားမ်ိဳးက မိန္းကေလးေတြကို ဆြဲေဆာင္ႏိုင္မလဲ ေလ့လာထားပါ။

၇။ ပုခံုးေတြ
မိန္းကေလးေတြက ပုခံုးေတြကေန သင့္အေၾကာင္းကို ခန္႔မွန္းတတ္ၾကပါတယ္။ သင့္ရဲ႕ပုခံုးက နိမ့္ေလွ်ာပံုစံျဖစ္ေနရင္ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ဓာတ္ပိုင္းဆိုင္ရာမွာပါ သန္မာမႈမရွိဘူးလို႔ ယူဆၾကပါတယ္။ ၾကြက္သားေတြမ်ားလြန္းေနရင္လည္း ဟိတ္ဟန္မ်ားတယ္လို႔ ထင္ၾကပါတယ္။ ဒါ့ေၾကာင့္ ၾကည့္ေကာင္းရုံထက္မပိုတဲ့ ပုခံုးဖြဲ႕စည္းတည္ေဆာက္ပံုမ်ိဳးရရွိေအာင္ ႀကိဳးစားပါ။

[sg_popup id=6]

၈။ မ်က္လံုးေတြ
သင့္မ်က္လံုးေတြဟာ သင့္အေၾကာင္းအမ်ားဆံုး ေျပာျပႏိုင္တဲ့ အရာေတြျဖစ္ပါတယ္။ မ်က္လံုးအေရာင္ေတြသာမက သင့္မ်က္လံုးအေနအထား၊ ၾကည့္႐ႈပံုတို႔ကေန စိတ္အားငယ္တဲ့သူလား၊ ဘ၀င္ျမင့္ေနတဲ့သူလား၊ ေပ်ာ္တတ္တဲ့သူလား၊ က်ီးကန္းေတာက္ေမွာက္ ေတာသားၿမိဳ႕ေရာက္ျဖစ္ေနလား၊ ယုံၾကည္မႈလြန္ကဲေနတာလား စသျဖင့္ အားလံုးကို သိႏိုင္ပါတယ္။

၉။ တံု႔ျပန္မႈ ပံုစံ
ဒီအခ်က္ကေတာ့ သိပ္အမ်ားႀကီးေျပာစရာမရွိပါဘူး။ တစ္စံုတစ္ေယာက္ ဒါမွမဟုတ္ တစ္စံုတစ္ခုကို သင့္ဖက္က တုံ႔ျပန္တဲ့ပုံစံကို သတိထားၾကည့္တတ္ၾကပါတယ္။ ဥပမာ တစ္ေယာက္ေယာက္ သင့္ကိုယ္သင္ မိတ္ဆက္ခိုင္းတဲ့အခါမွာ သင့္ရဲ႕တံု႔ျပန္မႈ၊ ႐ုတ္တရက္ျဖစ္ေပၚလာတဲ့ အေျခအေနတစ္ခုကို တုံ႔ျပန္ပံု စသျဖင့္ အားလံုးကို မိန္းကေလးေတြက သတိထားၾကည့္တတ္ၾကပါတယ္။

၁၀။ ႏႈတ္ခမ္းလႈပ္ရွားပံု
စကားေျပာတဲ့အခါ၊ ျပံဳးတဲ့အခါ၊ ဟန္ေဆာင္ျပံဳးတဲ့အခါ သင့္ရဲ႕ ႏႈတ္ခမ္းေတြ ဘယ္လိုလႈပ္ရွားတတ္လဲဆိုတာကိုလည္း မိန္းကေလးေတြက သတိျပဳမိတတ္ၾကပါေသးတယ္။ နားေထာင္ေနခ်ိန္မွာ ႏႈတ္ခမ္းေတြကို ဘယ္လိုထားတယ္၊ အစားစားရင္ ဘယ္လုိလႈပ္ရွားတယ္ စတာေတြကိုပါ ၾကည့္တတ္ျမင္တတ္ၾကၿပီး ႏႈတ္ခမ္းအေရာင္ကိုက အစစိတ္၀င္စားတတ္ၾကပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++++

မိန်းကလေးတစ်ယောက်က ပထမဆုံးအကြည့်မှာတင် သတိထားမိနိုင်သည့်အရာများ

(Unicode)

မိန်းကလေးတွေဟာ ယောင်္ကျားလေးတစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သတိထားမိလိုက်တဲ့အရာတွေ အများကြီးရှိပါတယ်။ ပုခုံးပေါ်မှာ ဖုန်အနည်းငယ်ပေကျံနေတာက စပြီး ဖိနပ်အရောင်ကွက်နေတာအထိ ခေါင်းအစခြေအဆုံးကို ခြုံငုံကြည့်ရှုနိုင်စွမ်းရှိပါတယ်။ တကယ်လို့များ မိန်းကလေးတစ်ယောက်ရဲ့ အာရုံကိုဖမ်းစားချင်တယ်ဆိုရင် ပထမဆုံး(၁၀)စက္ကန့်အတွင်းမှာ သူတို့သတိထားမိနိုင်တဲ့ အရာတွေကို သေချာပြင်ဆင်ထားဖို့ လိုပါတယ်။ ဒါ့ကြောင့် မိန်းကလေးတစ်ယောက်က ပထမဆုံးအကြည့်မှာတင် သင်နဲ့ပတ်သက်ပြီး သတိထားမိနိုင်တဲ့အရာ(၁၀)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ဆံပင်
ဆံပင်ဟာ သင့်ခန္ဓာကိုယ်ရဲ့ အပေါ်ဆုံးနဲ့အသိသာဆုံးအပိုင်းဖြစ်ပြီး၊ ဆံပင်ကို ဘယ်လိုပုံစံထားလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ ဟုတ်ပါတယ်။ မိန်းကလေးတစ်ယောက်က သင့်ကိုကြည့်လိုက်တာနဲ့ အရင်ဆုံးသတိထားမိတာက သင့်ရဲ့ဆံပင်ပဲဖြစ်ပါတယ်။

၂။ အရှိန်အဝါ
လူတိုင်းလူတိုင်းမှာ အခြားသူတွေက သူတို့နဲ့ပတ်သက်ပြီး ခံစားရတဲ့ အရှိန်အဝါရှိပါတယ်။ တစ်ချို့တွေကတော့ ချက်ချင်းခင်မင်အရောဝင်ချင်စိတ်ပေါက်သွားအောင် နှစ်လိုဖွယ်အရှိန်အဝါထွက်နေတတ်ပြီး တစ်ချို့တွေကတော့ အဖက်မလုပ်ချင်လောက်အောင် ဖြစ်သွားစေတဲ့ မကောင်းတဲ့အရှိန်အဝါတွေ ရှိတတ်ပါတယ်။ သင့်မှာ ဘယ်လိုအရှိန်အဝါမျိုးရှိနေလဲဆိုတာကို ဆင်ခြင်ကြည့်ပါ။ မိန်းကလေးတွေက ဒီလိုအရှိန်အဝါမျိုးကို သတိပြုမိတတ်ကြပါတယ်။

၃။ အင်္ကျီအရောင်
သင်ဝတ်ထားတဲ့ အင်္ကျီအရောက်ကလည်း မိန်းကလေးတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ပါတယ်။ အဖြူရောင်ကတော့ အလုပ်သဘောဆန်တဲ့အရောင်ဖြစ်ပြီး ယောင်္ကျားလေးအများစု ၀တ်ကြပါတယ်။ အပြာရင့်ရောင်ကတော့ ယောင်္ကျားလေးတွေနဲ့ ဒုတိယအလိုက်ဖက်ဆုံးဖြစ်ပါတယ်။ အနက်ရောင်ကလည်း ထင်ရှားပေါ်လွင်စေတဲ့အရောင်ဖြစ်ပါတယ်။ အဆင်မပြေနိုင်တဲ့အရောင်ဆိုရင်တော့ အပြာအဖျော့၊ ပန်းရောင်၊ အစိမ်းရောင်နဲ့ အုတ်ခဲရောင်တို့ပဲဖြစ်ပါတယ်။

၄။ ဘောင်းဘီ ၀တ်ဆင်ပုံ
ဘာဆိုင်လို့လဲလို့ ထင်ချင်စရာပါပဲ။ ဒါပေမယ့် ဒီအချက်ကလည်း ဂရုစိုက်ဖို့လိုပါတယ်။ သင်ဘောင်းဘီဝတ်ဆင်တဲ့ပုံစံကိုကြည့်ပြီး သင်ဘယ်လိုလူမျိုးလဲဆိုတာကို မိန်းကလေးတွေက သုံးသပ်တတ်ကြပါတယ်။ Skinny၊ Fitting၊ Regular Denim၊ Baggy စသဖြင့် ဘောင်းဘီ ပုံစံအမျိုးမျိုးထဲက သင်ကိုယ်ဟန်အနေအထားနဲ့ လိုက်ဖက်တာကို ရွေးချယ်တတ်ဖို့ လိုပါတယ်။

၅။ လက်ဟန်အနေအထား
တံခါးကို ကိုင်ပြီးဖွင့်လိုက်တဲပုံစံ၊ ထိုင်ခုံကို ဆွဲလိုက်တဲ့ပုံစံ၊ လမ်းလျှောက်ရင် လက်လွှဲတတ်တဲ့ပုံစံ စသဖြင့် သင့်လက်က ဘယ်လိုဘယ်ပုံ လှုပ်ရှားလဲဆိုတာကို မိန်းကလေးတွေက သတိပြုမိတတ်ကြပါတယ်။ လက်၊ လက်မောင်း၊ လက်ဖျံတွေအကုန်လုံးကို မြင်တတ်ကြပါတယ်။ လက်မှာ သွေးကြောပေါ်တာ၊ မပေါ်တာ၊ မွှေးညှင်းနုလေးတွေ ရှိတာ၊ မရှိတာ စသဖြင့် အားလုံးကို သတိထားမိတတ်ကြပါတယ်။

၆။ ကိုယ်ဟန်အနေအထား
ကိုယ်ဟန်အနေအထားက သင့်အကြောင်းအများကြီးကို ပြောပြနိုင်ပါတယ်။ လက်ပြင်ကုန်းတာ၊ ခါးကိုင်းတာ၊ အရပ်ပုတာ၊ မြောက်ကြွမြောက်ကြွလုပ်တာ စသဖြင့် အားလုံးကို မိန်းကလေးတွေက သတိပြုနိုင်ပါတယ်။ ကိုယ်ဟန်အနေအထား မကောင်းတဲ့သူတွေကို မိန်းကလေးတွေက စိတ်မဝင်စားတတ်ကြပါဘူး။ ဒါ့ကြောင့် ဘယ်လိုကိုယ်ဟန်အနေအထားမျိုးက မိန်းကလေးတွေကို ဆွဲဆောင်နိုင်မလဲ လေ့လာထားပါ။

၇။ ပုခုံးတွေ
မိန်းကလေးတွေက ပုခုံးတွေကနေ သင့်အကြောင်းကို ခန့်မှန်းတတ်ကြပါတယ်။ သင့်ရဲ့ပုခုံးက နိမ့်လျှောပုံစံဖြစ်နေရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ သန်မာမှုမရှိဘူးလို့ ယူဆကြပါတယ်။ ကြွက်သားတွေများလွန်းနေရင်လည်း ဟိတ်ဟန်များတယ်လို့ ထင်ကြပါတယ်။ ဒါ့ကြောင့် ကြည့်ကောင်းရုံထက်မပိုတဲ့ ပုခုံးဖွဲ့စည်းတည်ဆောက်ပုံမျိုးရရှိအောင် ကြိုးစားပါ။

၈။ မျက်လုံးတွေ
သင့်မျက်လုံးတွေဟာ သင့်အကြောင်းအများဆုံး ပြောပြနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ မျက်လုံးအရောင်တွေသာမက သင့်မျက်လုံးအနေအထား၊ ကြည့်ရှုပုံတို့ကနေ စိတ်အားငယ်တဲ့သူလား၊ ဘဝင်မြင့်နေတဲ့သူလား၊ ပျော်တတ်တဲ့သူလား၊ ကျီးကန်းတောက်မှောက် တောသားမြို့ရောက်ဖြစ်နေလား၊ ယုံကြည်မှုလွန်ကဲနေတာလား စသဖြင့် အားလုံးကို သိနိုင်ပါတယ်။

၉။ တုံ့ပြန်မှု ပုံစံ
ဒီအချက်ကတော့ သိပ်အများကြီးပြောစရာမရှိပါဘူး။ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကို သင့်ဖက်က တုံ့ပြန်တဲ့ပုံစံကို သတိထားကြည့်တတ်ကြပါတယ်။ ဥပမာ တစ်ယောက်ယောက် သင့်ကိုယ်သင် မိတ်ဆက်ခိုင်းတဲ့အခါမှာ သင့်ရဲ့တုံ့ပြန်မှု၊ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုကို တုံ့ပြန်ပုံ စသဖြင့် အားလုံးကို မိန်းကလေးတွေက သတိထားကြည့်တတ်ကြပါတယ်။

၁၀။ နှုတ်ခမ်းလှုပ်ရှားပုံ
စကားပြောတဲ့အခါ၊ ပြံုးတဲ့အခါ၊ ဟန်ဆောင်ပြံုးတဲ့အခါ သင့်ရဲ့ နှုတ်ခမ်းတွေ ဘယ်လိုလှုပ်ရှားတတ်လဲဆိုတာကိုလည်း မိန်းကလေးတွေက သတိပြုမိတတ်ကြပါသေးတယ်။ နားထောင်နေချိန်မှာ နှုတ်ခမ်းတွေကို ဘယ်လိုထားတယ်၊ အစားစားရင် ဘယ်လိုလှုပ်ရှားတယ် စတာတွေကိုပါ ကြည့်တတ်မြင်တတ်ကြပြီး နှုတ်ခမ်းအရောင်ကိုက အစစိတ်ဝင်စားတတ်ကြပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine