႐ူပါလန္းေစဖို႔ ေန႔တိုင္းလုပ္သင့္တဲ့အရာမ်ား
(Zawgyi)
ေယာကၤ်ားေလးအမ်ားစုမွာ ႐ုပ္ရည္သြင္ျပင္နဲ႔ပတ္သက္လာရင္ ေမြးကတည္းက ေျပာစရာမရွိေလာက္ေအာင္ ေခ်ာေမာခန္႔ညားသူက ရွားပါတယ္။ မိန္းကေလးေတြ ေၾကြဆင္းသြားေလာက္တဲ့ ရုပ္ရည္ရူပကာမ်ိဳးကို လူတိုင္းမပိုင္ဆိုင္ႏိုင္ၾကပါဘူး။ ဒါေပမယ့္ အမ်ိဳးသားအေပါင္းတို႔ အားငယ္စရာမလိုပါဘူး။ ရုပ္ရည္သြင္ျပင္ဆိုတာက သင့္ရဲ႕ခႏၶာကိုယ္ကို သင္ဘယ္လိုျပဳစုထိန္းသိမ္းလဲဆိုတာေပၚမွာ အမ်ားႀကီး မူတည္ပါတယ္။ သင့္ရုပ္ရည္အတြက္ နည္းနည္းေလး အာရုံစိုက္မယ္ဆိုရင္ေတာင္ အေျပာင္းအလဲက သိသာလြန္းပါတယ္။ ဒါ့ေၾကာင့္ ႐ူပါလန္းေစဖို႔ ေန႔တိုင္းလုပ္ေဆာင္သင့္တဲ့အရာ (၁၅)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ မနက္ေစာေစာ ေရမ်ားမ်ားေသာက္ပါ
ေန႔တိုင္း မနက္ေစာေစာ ဘာမွမစားရေသးခင္မွာ ေရေသာက္ျခင္းအားျဖင့္ အသားအေရကို ၾကည္လင္ေတာက္ပေစပါတယ္။ ဒါ့အျပင္ ေရက ေသြးအတြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တဲ့အတြက္ ရွင္းသန္႔ၿပီး စြမ္းအားျပည့္တဲ့အသားအေရကို ရရွိေစႏိုင္ပါတယ္။ ေနာက္ထပ္တစ္ခ်က္က ကိုယ္အေလးခ်ိန္က်ေအာင္လည္း ကူညီေပးႏိုင္ပါတယ္။
[sg_popup id=6]
၂။ မ်က္ႏွာေပၚက မလိုအပ္တဲ့အေမႊးအမွ်င္မ်ားကို ရွင္းလင္းပါ
ေယာကၤ်ားေလးအမ်ားစုက မ်က္ႏွာေပၚမွာ အေမႊးအမွ်င္ေတြ ရွိတတ္ပါတယ္။ မေန႔ကမွ မုတ္ဆိတ္ေမႊး၊ ပါးသိုင္းေမႊးနဲ႔ ႏႈတ္ခမ္းေမႊးေတြ ရိတ္ထားတဲ့အတြက္ ဒီေန႔ရိတ္စရာမလိုဘူးလို႔ ထင္ခ်င္ထင္ႏိုင္ပါတယ္။ ဒါေပမယ့္ မ်က္ႏွာေပၚက အေမႊးငုတ္စိေလးေတြကလည္း သင့္ရဲ႕႐ုပ္ရည္သြင္ျပင္ကို သက္ေရာက္မႈရွိေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ မလိုအပ္တဲ့အေမႊးအမွ်င္ေတြကို နည္းနည္းေလးေတာင္ မထားပါနဲ႔။
၃။ တစ္ေန႔ကို သြားႏွစ္ႀကိမ္တိုက္ပါ။
သင့္ရဲ႕အျပံဳးက သင့္နဲ႔ပတ္သက္ၿပီး လူေတြပထမဆံုးသတိထားမိတဲ့အရာေတြထဲက တစ္ခုျဖစ္ပါတယ္။ က်န္တာေတြၾကည့္လို႔ေကာင္းေနေပမယ့္ သြားေတြ ၀ါက်င္ေနတဲ့သူမ်ိဳးကိုေတာ့ သင္ကိုယ္တိုင္လည္း ျဖစ္ခ်င္မွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ သြားက်န္းမာေရးကို ဂ႐ုစိုက္ၿပီး သြားေလးေတြ ရွင္းသန္႔ျဖဴစင္ေနေအာင္ ထားပါ။
၄။ ေနေလာင္ခံခရမ္ သံုးပါ။
ရာသီဥတုအေျပာင္းအလဲေၾကာင့္ ေနအပူခ်ိန္တိုးျမင့္လာခ်ိန္မွာ အမ်ိဳးသားေတြအေနနဲ႔လည္း အသားအေရကို ထိခိုက္ပ်က္စီးေစႏိုင္တဲ့ ခရမ္းလြန္ေရာင္ျခည္ဒဏ္က ကာကြယ္ဖို႔ လိုအပ္ပါတယ္။ အျပင္သြားေတာ့မယ္ဆိုရင္ သင့္အသားအေရနဲ႔လိုက္ဖက္မယ့္ SPF ပါ၀င္တဲ့ ေနေလာင္ခံခရင္မ္တစ္ခုခုသံုးတတ္ေအာင္ အက်င့္လုပ္ထားပါ။
၅။ အိပ္ေရး၀၀ အိပ္ပါ။
အိပ္ေရးမ၀လို႔ ျဖစ္ေပၚလာတဲ့ အညိဳေရာင္မ်က္ကြင္းေတြနဲ႔ ပင္ပန္းႏြမ္းနယ္ေနသလို ပုံစံေလာက္ ၾကည့္မေကာင္းတာ မရွိပါဘူး။ ဒါ့ေၾကာင့္ ညစဥ္ညတိုင္း အနည္းဆံုးအိပ္ခ်ိန္(၇)နာရီရွိေနဖို႔ ဂ႐ုစိုက္ပါ။
၆။ ကိုယ္ဟန္အေနအထား မွန္ကန္ေအာင္ေနထိုင္ပါ။
လက္ျပင္မကုန္းပါနဲ႔။ မားမားမတ္မတ္ရပ္ပါ။ ကိုယ္ဟန္အေနထားမွန္ကန္ရင္ ခႏၶာကိုယ္ေသးရင္ေတာင္မွ သင့္ကို ယုံၾကည္မႈပိုရွိၿပီး သန္မာသလိုျဖစ္ေစႏိုင္ပါတယ္။
၇။ အခ်ိဳးအစားမွန္ကန္တဲ့အ၀တ္အစားေတြကို ၀တ္ဆင္ပါ။
ဖက္ရွင္က်ဖို႔အထိ အာ႐ုံစိုက္စရာမလိုပါဘူး။ ဘာကိုပဲ၀တ္၀တ္ သင့္ခႏၶာကိုယ္ အခ်ိဳးအစားနဲ႔ ကိုက္ညီတဲ့ အ၀တ္အစားကိုပဲ ၀တ္ဆင္ပါ။ အ၀တ္အစား၀ယ္ရင္လည္း အံကိုက္ျဖစ္မယ့္အရြယ္အစားကိုပဲ ၀ယ္ပါ။ ပြလြန္းႀကီးလြန္းတာေတြ၊ အရမ္းေသးၿပီးက်ပ္ေနတာေတြကို မ၀တ္ပါနဲ႔။
၈။ အျပင္မသြားခင္ ေလ့က်င့္ခန္းလုပ္ပါ။
Gym ကို အျမဲတမ္းသြားေလ့က်င့္ေနစရာမလိုပါဘူး။ အျပင္ထြက္ခါနီးတိုင္းမွာ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္း အနည္းငယ္ေလာက္ ပုံမွန္ေလးလုပ္ေပးရင္ အဆင္ေျပပါၿပီ။
၉။ သပ္သပ္ရပ္ရပ္ ၀တ္ဆင္ပါ။
ေတာင္းမွာအကြပ္ လူမွာအ၀တ္ဆိုတဲ့အတိုင္း အ၀တ္အစားက အေရးႀကီးပါတယ္။ ဒီလိုေျပာလို႔ အ၀တ္အစားေတြ အမ်ားႀကီးရွိေနမွျဖစ္တာမဟုတ္ပါဘူး။ ရွိတာေလးနဲ႔ လွေအာင္၀တ္ဖို႔ ဆိုလိုတာပါ။ ဘာကိုပဲ၀တ္၀တ္ သန္႔သန္႔ျပန္႔ျပန္႔ သပ္သပ္ရပ္ရပ္ ၀တ္ဆင္ပါ။ အ၀တ္အစားေတြကို မီးပူတိုက္ၿပီးမွာ ၀တ္ဆင္ပါ။
၁၀။ ဆံပင္ပုံစံ အျမဲတမ္းသပ္ရပ္ေနပါေစ။
သင့္ရဲ႕ ဆံပင္ပံုစံအဆင္ေျပေနရင္ ႐ူပါတ၀က္တိုးတက္လာၿပီလို႔ ဆိုႏိုင္ပါတယ္။ ေခတ္ဆန္တဲ့ ပံုစံေတြ မထားခ်င္ဘူးဆိုရင္ေတာင္မွ ရိုးရိုးရွင္းရွင္းပံုစံမ်ိဳးက သင့္ကို ခန္႔ညားတဲ့အမ်ိဳးသားတစ္ေယာက္ပံုစံ ျဖစ္ေစမွာပါ။
၁၁။ ႏႈတ္ခမ္းေတြ ေျခာက္ေသြ႕အက္ကြဲမေနပါေစနဲ႔။
မိန္းကေလးေတြက ေယာကၤ်ားေလးေတြရဲ႕ ႏႈတ္ခမ္းေတြကို သတိထားၾကည့္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ႏႈတ္ခမ္းေတြကို ေျခာက္ေသြ႕အက္ကြဲမေနေအာင္ ဂ႐ုစိုက္ပါ။ လိုအပ္ရင္ ႏႈတ္ခမ္းမေျခာက္ေစတဲ့ အဆီသံုးပါ။
၁၂။ ေခတ္ေရစီးေၾကာင္းကို လိုက္ပါ။
ေနာက္ဆံုးေပၚ ဖက္ရွင္ေရစီးေၾကာင္းကို အမွီလိုက္ႏိုင္ဖို႔ လိုပါတယ္။ ဖိနပ္အသစ္၀ယ္ေတာ့မယ္ဆိုရင္ ဘယ္လိုပံုစံ၊ ဘယ္ဒီဇိုင္းေတြက ေခတ္စားေနလဲ ေလ့လာ၀ယ္ယူပါ။ ဖက္ရွင္က်ေနမယ္ဆိုရင္ ပတ္၀န္းက်င္က လူေတြကို ပိုၿပီးဆြဲေဆာင္ႏိုင္ပါတယ္။ ဒီအတြက္ သိပ္လည္း အားထည့္စရာမလိုပါဘူး။
၁၃။ ဒါမွမဟုတ္ ႐ိုးရိုးရွင္းရွင္းပဲေနပါ။
သင့္အေနနဲ႔ ဖက္ရွင္ေရစီးေၾကာင္းေတြနဲ႔ ပတ္သက္ၿပီး အားနည္းတယ္ဆိုရင္လည္း ႐ိုးရိုးရွင္းရွင္းပံုစံေတြကိုပဲ မွန္မွန္ကန္ကန္၀တ္ဆင္ပါ။
၁၄။ အစိုဓာတ္ျဖည့္တင္းပါ။
သင့္ရဲ႕အသားအေရကို ေရဓာတ္ျပည့္၀ေစဖို႔ လိုအပ္ပါတယ္။ ဒါမွာ အသားအေရက က်န္းမာလန္းဆန္းၿပီး အျမဲတမ္းရွင္းသန္႔ေနေစမွာျဖစ္ပါတယ္။
၁၅။ အိပ္ရာမ၀င္ခင္မွာ မ်က္ႏွာသစ္ပါ။
အျပင္ထြက္တိုင္းမွာ မ်က္ႏွာမွာ ဖုန္ေတြ၊ အမႈန္ေတြ ကပ္ညိလာတတ္ၿပီး ၀က္ျခံနဲ႔ မွဲ႔ေျခာက္ေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အျပင္ကျပန္လာတိုင္းနဲ႔ ညဖက္ အိပ္ရာမ၀င္ခင္မွာ မ်က္ႏွာသစ္ေပးဖို႔ လိုအပ္ပါတယ္။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
++++++++++++++++++++++++++++++++++++++++++++++++++++++
ရူပါလန်းစေဖို့ နေ့တိုင်းလုပ်သင့်တဲ့အရာများ
ယောင်္ကျားလေးအများစုမှာ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်လာရင် မွေးကတည်းက ပြောစရာမရှိလောက်အောင် ချောမောခန့်ညားသူက ရှားပါတယ်။ မိန်းကလေးတွေ ကြွေဆင်းသွားလောက်တဲ့ ရုပ်ရည်ရူပကာမျိုးကို လူတိုင်းမပိုင်ဆိုင်နိုင်ကြပါဘူး။ ဒါပေမယ့် အမျိုးသားအပေါင်းတို့ အားငယ်စရာမလိုပါဘူး။ ရုပ်ရည်သွင်ပြင်ဆိုတာက သင့်ရဲ့ခန္ဓာကိုယ်ကို သင်ဘယ်လိုပြုစုထိန်းသိမ်းလဲဆိုတာပေါ်မှာ အများကြီး မူတည်ပါတယ်။ သင့်ရုပ်ရည်အတွက် နည်းနည်းလေး အာရုံစိုက်မယ်ဆိုရင်တောင် အပြောင်းအလဲက သိသာလွန်းပါတယ်။ ဒါ့ကြောင့် ရူပါလန်းစေဖို့ နေ့တိုင်းလုပ်ဆောင်သင့်တဲ့အရာ (၁၅)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ မနက်စောစော ရေများများသောက်ပါ
နေ့တိုင်း မနက်စောစော ဘာမှမစားရသေးခင်မှာ ရေသောက်ခြင်းအားဖြင့် အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ ဒါ့အပြင် ရေက သွေးအတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် ရှင်းသန့်ပြီး စွမ်းအားပြည့်တဲ့အသားအရေကို ရရှိစေနိုင်ပါတယ်။ နောက်ထပ်တစ်ချက်က ကိုယ်အလေးချိန်ကျအောင်လည်း ကူညီပေးနိုင်ပါတယ်။
၂။ မျက်နှာပေါ်က မလိုအပ်တဲ့အမွှေးအမျှင်များကို ရှင်းလင်းပါ
ယောင်္ကျားလေးအများစုက မျက်နှာပေါ်မှာ အမွှေးအမျှင်တွေ ရှိတတ်ပါတယ်။ မနေ့ကမှ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးနဲ့ နှုတ်ခမ်းမွှေးတွေ ရိတ်ထားတဲ့အတွက် ဒီနေ့ရိတ်စရာမလိုဘူးလို့ ထင်ချင်ထင်နိုင်ပါတယ်။ ဒါပေမယ့် မျက်နှာပေါ်က အမွှေးငုတ်စိလေးတွေကလည်း သင့်ရဲ့ရုပ်ရည်သွင်ပြင်ကို သက်ရောက်မှုရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် မလိုအပ်တဲ့အမွှေးအမျှင်တွေကို နည်းနည်းလေးတောင် မထားပါနဲ့။
၃။ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ပါ။
သင့်ရဲ့အပြုံးက သင့်နဲ့ပတ်သက်ပြီး လူတွေပထမဆုံးသတိထားမိတဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျန်တာတွေကြည့်လို့ကောင်းနေပေမယ့် သွားတွေ ၀ါကျင်နေတဲ့သူမျိုးကိုတော့ သင်ကိုယ်တိုင်လည်း ဖြစ်ချင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သွားကျန်းမာရေးကို ဂရုစိုက်ပြီး သွားလေးတွေ ရှင်းသန့်ဖြူစင်နေအောင် ထားပါ။
၄။ နေလောင်ခံခရမ် သုံးပါ။
ရာသီဥတုအပြောင်းအလဲကြောင့် နေအပူချိန်တိုးမြင့်လာချိန်မှာ အမျိုးသားတွေအနေနဲ့လည်း အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်ဖို့ လိုအပ်ပါတယ်။ အပြင်သွားတော့မယ်ဆိုရင် သင့်အသားအရေနဲ့လိုက်ဖက်မယ့် SPF ပါ၀င်တဲ့ နေလောင်ခံခရင်မ်တစ်ခုခုသုံးတတ်အောင် အကျင့်လုပ်ထားပါ။
၅။ အိပ်ရေးဝဝ အိပ်ပါ။
အိပ်ရေးမဝလို့ ဖြစ်ပေါ်လာတဲ့ အညိုရောင်မျက်ကွင်းတွေနဲ့ ပင်ပန်းနွမ်းနယ်နေသလို ပုံစံလောက် ကြည့်မကောင်းတာ မရှိပါဘူး။ ဒါ့ကြောင့် ညစဉ်ညတိုင်း အနည်းဆုံးအိပ်ချိန်(၇)နာရီရှိနေဖို့ ဂရုစိုက်ပါ။
၆။ ကိုယ်ဟန်အနေအထား မှန်ကန်အောင်နေထိုင်ပါ။
လက်ပြင်မကုန်းပါနဲ့။ မားမားမတ်မတ်ရပ်ပါ။ ကိုယ်ဟန်အနေထားမှန်ကန်ရင် ခန္ဓာကိုယ်သေးရင်တောင်မှ သင့်ကို ယုံကြည်မှုပိုရှိပြီး သန်မာသလိုဖြစ်စေနိုင်ပါတယ်။
၇။ အချိုးအစားမှန်ကန်တဲ့အဝတ်အစားတွေကို ၀တ်ဆင်ပါ။
ဖက်ရှင်ကျဖို့အထိ အာရုံစိုက်စရာမလိုပါဘူး။ ဘာကိုပဲဝတ်ဝတ် သင့်ခန္ဓာကိုယ် အချိုးအစားနဲ့ ကိုက်ညီတဲ့ အဝတ်အစားကိုပဲ ၀တ်ဆင်ပါ။ အဝတ်အစားဝယ်ရင်လည်း အံကိုက်ဖြစ်မယ့်အရွယ်အစားကိုပဲ ၀ယ်ပါ။ ပွလွန်းကြီးလွန်းတာတွေ၊ အရမ်းသေးပြီးကျပ်နေတာတွေကို မဝတ်ပါနဲ့။
၈။ အပြင်မသွားခင် လေ့ကျင့်ခန်းလုပ်ပါ။
Gym ကို အမြဲတမ်းသွားလေ့ကျင့်နေစရာမလိုပါဘူး။ အပြင်ထွက်ခါနီးတိုင်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း အနည်းငယ်လောက် ပုံမှန်လေးလုပ်ပေးရင် အဆင်ပြေပါပြီ။
၉။ သပ်သပ်ရပ်ရပ် ၀တ်ဆင်ပါ။
တောင်းမှာအကွပ် လူမှာအဝတ်ဆိုတဲ့အတိုင်း အဝတ်အစားက အရေးကြီးပါတယ်။ ဒီလိုပြောလို့ အဝတ်အစားတွေ အများကြီးရှိနေမှဖြစ်တာမဟုတ်ပါဘူး။ ရှိတာလေးနဲ့ လှအောင်ဝတ်ဖို့ ဆိုလိုတာပါ။ ဘာကိုပဲဝတ်ဝတ် သန့်သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ် ၀တ်ဆင်ပါ။ အဝတ်အစားတွေကို မီးပူတိုက်ပြီးမှာ ၀တ်ဆင်ပါ။
၁၀။ ဆံပင်ပုံစံ အမြဲတမ်းသပ်ရပ်နေပါစေ။
သင့်ရဲ့ ဆံပင်ပုံစံအဆင်ပြေနေရင် ရူပါတဝက်တိုးတက်လာပြီလို့ ဆိုနိုင်ပါတယ်။ ခေတ်ဆန်တဲ့ ပုံစံတွေ မထားချင်ဘူးဆိုရင်တောင်မှ ရိုးရိုးရှင်းရှင်းပုံစံမျိုးက သင့်ကို ခန့်ညားတဲ့အမျိုးသားတစ်ယောက်ပုံစံ ဖြစ်စေမှာပါ။
၁၁။ နှုတ်ခမ်းတွေ ခြောက်သွေ့အက်ကွဲမနေပါစေနဲ့။
မိန်းကလေးတွေက ယောင်္ကျားလေးတွေရဲ့ နှုတ်ခမ်းတွေကို သတိထားကြည့်တတ်ကြပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းတွေကို ခြောက်သွေ့အက်ကွဲမနေအောင် ဂရုစိုက်ပါ။ လိုအပ်ရင် နှုတ်ခမ်းမခြောက်စေတဲ့ အဆီသုံးပါ။
၁၂။ ခေတ်ရေစီးကြောင်းကို လိုက်ပါ။
နောက်ဆုံးပေါ် ဖက်ရှင်ရေစီးကြောင်းကို အမှီလိုက်နိုင်ဖို့ လိုပါတယ်။ ဖိနပ်အသစ်ဝယ်တော့မယ်ဆိုရင် ဘယ်လိုပုံစံ၊ ဘယ်ဒီဇိုင်းတွေက ခေတ်စားနေလဲ လေ့လာဝယ်ယူပါ။ ဖက်ရှင်ကျနေမယ်ဆိုရင် ပတ်ဝန်းကျင်က လူတွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ ဒီအတွက် သိပ်လည်း အားထည့်စရာမလိုပါဘူး။
၁၃။ ဒါမှမဟုတ် ရိုးရိုးရှင်းရှင်းပဲနေပါ။
သင့်အနေနဲ့ ဖက်ရှင်ရေစီးကြောင်းတွေနဲ့ ပတ်သက်ပြီး အားနည်းတယ်ဆိုရင်လည်း ရိုးရိုးရှင်းရှင်းပုံစံတွေကိုပဲ မှန်မှန်ကန်ကန်ဝတ်ဆင်ပါ။
၁၄။ အစိုဓာတ်ဖြည့်တင်းပါ။
သင့်ရဲ့အသားအရေကို ရေဓာတ်ပြည့်ဝစေဖို့ လိုအပ်ပါတယ်။ ဒါမှာ အသားအရေက ကျန်းမာလန်းဆန်းပြီး အမြဲတမ်းရှင်းသန့်နေစေမှာဖြစ်ပါတယ်။
၁၅။ အိပ်ရာမဝင်ခင်မှာ မျက်နှာသစ်ပါ။
အပြင်ထွက်တိုင်းမှာ မျက်နှာမှာ ဖုန်တွေ၊ အမှုန်တွေ ကပ်ညိလာတတ်ပြီး ၀က်ခြံနဲ့ မှဲ့ခြောက်တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အပြင်ကပြန်လာတိုင်းနဲ့ ညဖက် အိပ်ရာမဝင်ခင်မှာ မျက်နှာသစ်ပေးဖို့ လိုအပ်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine