အိပ္ေနရင္း ကိုယ္အေလးခ်ိန္က်ေစမည့္ နည္းလမ္းေကာင္းမ်ား

အိပ္ေနရင္း ကိုယ္အေလးခ်ိန္က်ေစမည့္ နည္းလမ္းေကာင္းမ်ား

လူအမ်ားစုအတြက္ ခႏၶာကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔က ခက္ခဲပင္ပန္းတဲ့အလုပ္တစ္ခုျဖစ္ေနတတ္ပါတယ္။ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းမလုပ္ႏိုင္တာ၊ Gym ကစားဖို႔ အခ်ိန္မေပးႏိုင္တာ၊ အပင္ပန္းမခံႏိုင္တာ စသျဖင့္ အေၾကာင္းျပခ်က္မ်ိဳးစံုနဲ႔ ကိုယ္အေလးခ်ိန္ေတြ တိုးၿပီးရင္းတိုးလာတတ္ၾကပါတယ္။ ဒါေပမယ့္ Gym ကို သြားၿပီး ပင္ပင္ပန္းပန္းေတြလုပ္စရာမလိုပဲ အိပ္ေနရင္းနဲ႔ ကိုယ္အေလးခ်ိန္ က်သြားမယ္ဆိုရင္ အားလံုးက စိတ္၀င္စားၾကမွာပါ။

ဟုတ္ပါတယ္။ မၾကာေသးခင္က လုပ္ေဆာင္ခဲ့တဲ့ေလ့လာမႈေတြအရ ၀မ္းတြင္းမွာ က်န္းမာေရးကိုအေထာက္အကူ ျဖစ္ေစတဲ့ ဘက္တီးရီးယားရွိသူေတြဟာ ညဖက္အိပ္ေနရင္းနဲ႔ေတာင္မွ ကယ္လိုရီေတြကို ပိုမိုေလာင္ကၽြမ္းႏိုင္တယ္ဆိုတာကို ေတြ႕ရွိခဲ့ၾကပါတယ္။ လူ႔ခႏၶာကိုယ္ဟာ အိပ္စက္ေနခ်ိန္မွာ လိုအပ္တာေတြကို ျပင္ဆင္မြမ္းမံေလ့ရွိငါပတယ္။ ဒီအခ်ိန္မွာ ဘက္တီးရီးယားေတြကို အလုပ္ေကာင္းေကာင္းလုပ္ခိုင္းမယ္ဆိုရင္ လက္တစ္ေခ်ာင္းေတာင္ ေျမွာက္စရာမလိုပဲ ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။ ဒီအတြက္ အေထာက္အကူျဖစ္ေစမယ့္ နည္းလမ္းေတြကေတာ့…

၁။ ညစာကို ေစာေစာစားပါ။
ညစာစားတဲ့အခါမွာ အမ်ားႀကီးမစားရမယ့္အျပင္ ခပ္ေစာေစာ စားဖို႔လိုပါတယ္။ ညစာစားခ်ိန္နဲ႔ အိပ္ခ်ိန္ၾကားမွာ အနည္းဆံုး ႏွစ္နာရီေလာက္ ျခားထားဖို႔ လိုပါတယ္။

၂။ အသားစားပါ။
အသားအမ်ားစုမွာပါ၀င္တဲ့ အမိုင္ႏိုအက္ဆစ္ဓာတ္ဟာ အိပ္စက္ျခင္းကို အေထာက္အကူျဖစ္ေစပါတယ္။ အသားအနည္းငယ္ေလာက္ စားေပးရုံနဲ႔ ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေစႏိုင္မွာ ျဖစ္ပါတယ္။

၃။ ငရုပ္ေကာင္းစားပါ
အဆီပိုေတြကို ေလာင္ကၽြမ္းေစတဲ့အေကာင္းဆံုးနည္းလမ္းတစ္ခုက င႐ုပ္ေကာင္းစားျခင္း ျဖစ္ပါတယ္။ လိုက္ဖက္မယ့္ အစားအေသာက္တိုက္မွာ င႐ုပ္ေကာင္းထည့္စားျခင္းအားျဖင့္ အိပ္ေနတုန္းမွာ အဆီေလာင္ကၽြမ္းမႈကို ျမင့္တက္ေစမွာျဖစ္ပါတယ္။

၄။ ပ႐ိုတင္းျဖည့္စြက္စာေတြ မွီ၀ဲပါ
ပရိုတင္းဓာတ္ဟာ သင့္ခႏၶာကိုယ္ရဲ႕ ဇီ၀ကမၼျဖစ္စဥ္ကို အားေကာင္းေစပါတယ္။ ဒါ့အျပင္ ပ႐ိုတင္းကို ေခ်ဖ်က္တဲ့အခါမွာ ကစီဓာတ္နဲ႔ အဆီေတြထက္ အပူပိုထြက္တဲ့အတြက္ ကယ္လိုရီေတြကို ပိုမိုေလာင္ကၽြမ္းေစပါတယ္။

၅။ ပ႐ုတ္နံ႔ ႐ႈပါ။
ပ႐ုတ္နံ႔ဟာ ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ေပးႏိုင္တဲ့ အစြမ္းရွိပါတယ္။ ဒါ့ေၾကာင့္ သင့္ေခါင္းအံုးမွာ ပရုတ္အဆီေလး အနည္းငယ္စြတ္ထားေပးပါ။

၆။ အိပ္ခန္းအပူခ်ိန္ကို ေလွ်ာ့ခ်ထားပါ။
အပူခ်ိန္ေလ်ာ့နည္းၿပီး ေအးျမတဲ့အေျခအေနမွာဆိုရင္ ခႏၶာကိုယ္က ၀မ္းဗိုက္မွာရွိတဲ့ အဆီေတြကို ေလာင္ကၽြမ္းေစၿပီး ကိုယ္အပူခ်ိန္ကို ထိန္းညွိေပးရတာေၾကာင့္ အဆီက် ၀ိတ္ေလ်ာ့ေစတဲ့ အက်ိဳးသက္ေရာက္မႈကို ရရွိေစႏိုင္ပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++

အိပ်နေရင်း ကိုယ်အလေးချိန်ကျစေမည့် နည်းလမ်းကောင်းများ

လူအများစုအတွက် ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့က ခက်ခဲပင်ပန်းတဲ့အလုပ်တစ်ခုဖြစ်နေတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းမလုပ်နိုင်တာ၊ Gym ကစားဖို့ အချိန်မပေးနိုင်တာ၊ အပင်ပန်းမခံနိုင်တာ စသဖြင့် အကြောင်းပြချက်မျိုးစုံနဲ့ ကိုယ်အလေးချိန်တွေ တိုးပြီးရင်းတိုးလာတတ်ကြပါတယ်။ ဒါပေမယ့် Gym ကို သွားပြီး ပင်ပင်ပန်းပန်းတွေလုပ်စရာမလိုပဲ အိပ်နေရင်းနဲ့ ကိုယ်အလေးချိန် ကျသွားမယ်ဆိုရင် အားလုံးက စိတ်ဝင်စားကြမှာပါ။

ဟုတ်ပါတယ်။ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတွေအရ ၀မ်းတွင်းမှာ ကျန်းမာရေးကိုအထောက်အကူ ဖြစ်စေတဲ့ ဘက်တီးရီးယားရှိသူတွေဟာ ညဖက်အိပ်နေရင်းနဲ့တောင်မှ ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ လူ့ခန္ဓာကိုယ်ဟာ အိပ်စက်နေချိန်မှာ လိုအပ်တာတွေကို ပြင်ဆင်မွမ်းမံလေ့ရှိငါပတယ်။ ဒီအချိန်မှာ ဘက်တီးရီးယားတွေကို အလုပ်ကောင်းကောင်းလုပ်ခိုင်းမယ်ဆိုရင် လက်တစ်ချောင်းတောင် မြှောက်စရာမလိုပဲ ကိုယ်အလေးချိန်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကတော့…

[sg_popup id=6]

၁။ ညစာကို စောစောစားပါ။
ညစာစားတဲ့အခါမှာ အများကြီးမစားရမယ့်အပြင် ခပ်စောစော စားဖို့လိုပါတယ်။ ညစာစားချိန်နဲ့ အိပ်ချိန်ကြားမှာ အနည်းဆုံး နှစ်နာရီလောက် ခြားထားဖို့ လိုပါတယ်။

၂။ အသားစားပါ။
အသားအများစုမှာပါ၀င်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်ဟာ အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။ အသားအနည်းငယ်လောက် စားပေးရုံနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်မှာ ဖြစ်ပါတယ်။

၃။ ငရုပ်ကောင်းစားပါ
အဆီပိုတွေကို လောင်ကျွမ်းစေတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုက ငရုပ်ကောင်းစားခြင်း ဖြစ်ပါတယ်။ လိုက်ဖက်မယ့် အစားအသောက်တိုက်မှာ ငရုပ်ကောင်းထည့်စားခြင်းအားဖြင့် အိပ်နေတုန်းမှာ အဆီလောင်ကျွမ်းမှုကို မြင့်တက်စေမှာဖြစ်ပါတယ်။

၄။ ပရိုတင်းဖြည့်စွက်စာတွေ မှီဝဲပါ
ပရိုတင်းဓာတ်ဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ ဒါ့အပြင် ပရိုတင်းကို ချေဖျက်တဲ့အခါမှာ ကစီဓာတ်နဲ့ အဆီတွေထက် အပူပိုထွက်တဲ့အတွက် ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။

၅။ ပရုတ်နံ့ ရှုပါ။
ပရုတ်နံ့ဟာ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါ့ကြောင့် သင့်ခေါင်းအုံးမှာ ပရုတ်အဆီလေး အနည်းငယ်စွတ်ထားပေးပါ။

၆။ အိပ်ခန်းအပူချိန်ကို လျှော့ချထားပါ။
အပူချိန်လျော့နည်းပြီး အေးမြတဲ့အခြေအနေမှာဆိုရင် ခန္ဓာကိုယ်က ၀မ်းဗိုက်မှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး ကိုယ်အပူချိန်ကို ထိန်းညှိပေးရတာကြောင့် အဆီကျ ၀ိတ်လျော့စေတဲ့ အကျိုးသက်ရောက်မှုကို ရရှိစေနိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%