ထူးျခားေသာ ေငြစာရင္းတစ္ခု
(Zawgyi)
သင့္ရဲ႕ ကိုယ္ပိုင္ေငြစာရင္းထဲကို မနက္ခင္းတိုင္းမွာ ေငြက်ပ္ ၈၆၄၀၀ ထည့္ေပးတဲ့ ဘဏ္တစ္ခုရွိတယ္ ဆိုပါစို႔။
ဒီဘဏ္မွာ စည္းကမ္းခ်က္တစ္ခုေတာ့ ရွိပါတယ္။ သင့္အေနနဲ႔ ဘဏ္ကထည့္သြင္းေပးထားတဲ့ ေငြက်ပ္ ၈၆၄၀၀ ကို ေန႔မကူးခင္ အကုန္သံုးလို႔ ရပါတယ္။ ဒါေပမယ့္ မသံုးႏိုင္လို႔ က်န္ေနတဲ့ေငြကိုေတာ့ ေနာက္တစ္ေန႔စာရင္းထဲ ေျပာင္းေရႊ႕မေပးပဲ တစ္ရက္တာကုန္ဆံုးတာနဲ႔ ဖ်က္သိမ္းလိုက္မွာျဖစ္ပါတယ္။
ဒီလိုသာဆိုရင္ သင္ ဘာလုပ္မလဲ ???
ေငြေတြကို ျပန္အသိမ္းခံမလား။
ေန႔မကူးခင္ အကုန္သံုးမလား။ ႐ိုးရိုးသားသား ေျဖဆိုပါ။
ကၽြန္ေတာ္တို႔ အားလံုးမွာ ဒီလိုဘဏ္စာရင္းတစ္ခုစီ ရွိၾကပါတယ္။ အဲ့ဒီဘဏ္စာရင္းကို “အခ်ိန္” လို႔ ေခၚပါတယ္။ မနက္မိုးလင္းတိုင္းမွာ ကၽြန္ေတာ္တို႔အတြက္ စကၠန္႔ေပါင္း ၈၆၄၀၀ ရရွိမွာျဖစ္ပါတယ္။ ညေရာက္တာနဲ႔ သင္မသံုးျဖစ္ခဲ့တဲ့ စကၠန္႔တိုင္း၊ မိနစ္တိုင္းကို ပယ္ဖ်က္လိုက္မွာျဖစ္ပါတယ္။ ေနာက္ေန႔မွာ ျပန္မရႏိုင္ပါဘူး။ ေန႔စဥ္ေန႔တိုင္းမွာ သင့္စာရင္းက အသစ္ျဖစ္ေနၿပီး တစ္ရက္တာကုန္ဆံုးတာနဲ႔ မသံုးျဖစ္တဲ့အခ်ိန္ေတြကို ပယ္ဖ်က္လိုက္မွာ ျဖစ္ပါတယ္။ သင္ မသံုးျဖစ္လိုက္တဲ့ အခ်ိန္ေတြက သင့္ရဲ႕ဆံုး႐ႈံးမႈပဲ ျဖစ္ပါတယ္။ ျပန္လည္ေတာင္းဆိုလို႔ မရႏိုင္ပါဘူး။
ဒါ့အျပင္ အခ်ိန္ကို ေခ်းငွားလို႔လည္း မရႏိုင္ပါဘူး။ သင့္မွာရွိတဲ့အခ်ိန္က သင့္အခ်ိန္ပါပဲ။ ေငြေၾကးသာျဖစ္ခဲ့မယ္ဆိုရင္ ဘယ္လိုသံုးစြဲမလဲဆာကို ဆံုးျဖတ္ရသလို ဒီအခ်ိန္ေတြကို သင္ဘယ္လိုအသံုးျပဳမလဲဆိုတာကလည္း ဆံုးျဖတ္ရမွာပါ။
ဘယ္လိုဆံုးျဖတ္မွာပါလဲ။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
++++++++++++++++++++++++++++++++++++++++++++++++++++++
ထူးခြားသော ငွေစာရင်းတစ်ခု
(Unicode)
သင့်ရဲ့ ကိုယ်ပိုင်ငွေစာရင်းထဲကို မနက်ခင်းတိုင်းမှာ ငွေကျပ် ၈၆၄၀၀ ထည့်ပေးတဲ့ ဘဏ်တစ်ခုရှိတယ် ဆိုပါစို့။
ဒီဘဏ်မှာ စည်းကမ်းချက်တစ်ခုတော့ ရှိပါတယ်။ သင့်အနေနဲ့ ဘဏ်ကထည့်သွင်းပေးထားတဲ့ ငွေကျပ် ၈၆၄၀၀ ကို နေ့မကူးခင် အကုန်သုံးလို့ ရပါတယ်။ ဒါပေမယ့် မသုံးနိုင်လို့ ကျန်နေတဲ့ငွေကိုတော့ နောက်တစ်နေ့စာရင်းထဲ ပြောင်းရွှေ့မပေးပဲ တစ်ရက်တာကုန်ဆုံးတာနဲ့ ဖျက်သိမ်းလိုက်မှာဖြစ်ပါတယ်။
ဒီလိုသာဆိုရင် သင် ဘာလုပ်မလဲ ???
ငွေတွေကို ပြန်အသိမ်းခံမလား။
နေ့မကူးခင် အကုန်သုံးမလား။ ရိုးရိုးသားသား ဖြေဆိုပါ။
ကျွန်တော်တို့ အားလုံးမှာ ဒီလိုဘဏ်စာရင်းတစ်ခုစီ ရှိကြပါတယ်။ အဲ့ဒီဘဏ်စာရင်းကို “အချိန်” လို့ ခေါ်ပါတယ်။ မနက်မိုးလင်းတိုင်းမှာ ကျွန်တော်တို့အတွက် စက္ကန့်ပေါင်း ၈၆၄၀၀ ရရှိမှာဖြစ်ပါတယ်။ ညရောက်တာနဲ့ သင်မသုံးဖြစ်ခဲ့တဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို ပယ်ဖျက်လိုက်မှာဖြစ်ပါတယ်။ နောက်နေ့မှာ ပြန်မရနိုင်ပါဘူး။ နေ့စဉ်နေ့တိုင်းမှာ သင့်စာရင်းက အသစ်ဖြစ်နေပြီး တစ်ရက်တာကုန်ဆုံးတာနဲ့ မသုံးဖြစ်တဲ့အချိန်တွေကို ပယ်ဖျက်လိုက်မှာ ဖြစ်ပါတယ်။ သင် မသုံးဖြစ်လိုက်တဲ့ အချိန်တွေက သင့်ရဲ့ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။ ပြန်လည်တောင်းဆိုလို့ မရနိုင်ပါဘူး။
ဒါ့အပြင် အချိန်ကို ချေးငှားလို့လည်း မရနိုင်ပါဘူး။ သင့်မှာရှိတဲ့အချိန်က သင့်အချိန်ပါပဲ။ ငွေကြေးသာဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုသုံးစွဲမလဲဆာကို ဆုံးဖြတ်ရသလို ဒီအချိန်တွေကို သင်ဘယ်လိုအသုံးပြုမလဲဆိုတာကလည်း ဆုံးဖြတ်ရမှာပါ။
ဘယ်လိုဆုံးဖြတ်မှာပါလဲ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine