အစာစားၿပီးျပီးခ်င္း ေရေသာက္သင့္လား ????
(Zawgyi)
အစားတစ္ခုခု စားေနတုန္းမွာ ေရမေသာက္ဖို႔ ဒါမွမဟုတ္ စားၿပီးၿပီးခ်င္းမွာ ေရမေသာက္ဖို႔ ေျပာေလ့ရွိၾကပါတယ္။ ဒီလိုေရေသာက္မယ္ဆိုရင္ အစာေခ်ရည္ရဲ႕အာနိသင္ကို ေလ်ာ့က်သြားေစၿပီး အစာမေၾကျဖစ္ႏိုင္တယ္လို႔ ယုံၾကည္ထားၾကတာေတြလည္း ရွိပါတယ္။ ဒီအခ်က္က မွန္ကန္ရဲ႕လားဆိုတာကို ေလ့လာဆန္းစစ္ၾကည့္ဖို႔ လိုပါတယ္။
အစာေခ်ျခင္းျဖစ္စဥ္
အေစာေခ်ျခင္းလုပ္ငန္းစဥ္က အစားတစ္ခုခုကို သင့္ပါးစပ္ထဲကို ထည့္လိုက္တဲ့အခ်ိန္က စတင္ပါတယ္။ ပါးစပ္ထဲမွာ ၀ါးစားလိုက္တာနဲ႔ အစားအစာေတြကို ေပ်ာ့သြားေစဖို႔အတြက္ တံေတြးထြက္လာေအာင္ ပါးစပ္ထဲက တံေတြးဂလင္းေတြကို လႈံ႕ေဆာ္မႈျဖစ္ေစပါတယ္။ တံေတြးနဲ႔ထိေတြ႕ၿပီးေပ်ာ့ေပ်ာင္းသြားတဲ့အစာေတြကို သြားနဲ႔ ၀ါးစားၿပီး အစာေရမ်ိဳျပြန္ကေနတဆင့္ အစာအိမ္ထဲကို ေရာက္ရွိသြားပါတယ္။ အစာအိမ္ထဲမွာေတာ့ အစာေခ်အက္ဆစ္ရည္နဲ႔ ထပ္ေတြ႕ၿပီး ထပ္မံၿပိဳကြဲသြားပါတယ္။
ထို႔ေနာက္မွာေတာ့ အူသိမ္ေတြထဲကို ေရာက္ရွိကာ ပန္ခရိယနဲ႔အသည္းက ထုတ္လုပ္ေပးတဲ့ ပန္ခရိယအင္မ္ဇိုင္းေတြ၊ သည္းေျခေရေတြနဲ႔ ေရာေႏွာသြားပါတယ္။ ဒီျဖစ္စဥ္မွာ ျပိဳကြဲေနတဲ့အစားအစာေတြက အဟာရဓာတ္ေတြကို ခႏၶာကိုယ္က စုပ္ယူပါတယ္။ မစုပ္ယူႏိုင္တဲ့ အစာေဟာင္းေတြကေတာ့ အူမႀကီးအတြင္းကို ေရာက္ရွိသြားကာ အျပင္ကို စြန္႔ထုတ္လိုက္ပါတယ္။ ဒီ အစာေခ်ျဖစ္စဥ္ဟာ စားေသာက္တဲ့ အစားအစာေပၚမွာမူတည္ၿပီး ၂၄ နာရီကေန ၇၂ နာရီအထိ ၾကာျမင့္ပါတယ္။
ေရေသာက္ရင္ အစာေခ်ျဖစ္စဥ္ကို ထိခိုက္ေစတယ္လို႔ ဘာေၾကာင့္ ထင္ၾကတာလဲ။
အစားစားေနတုန္းမွာ ေရေသာက္တာဟာ အစာေခ်ရည္ေတြရဲ႕ အာနိသင္ကို အားေပ်ာ့သြားေစတယ္လို႔ အမ်ားစုက ယုံၾကည္တတ္ၾကပါတယ္။ ဒါ့အျပင္ တခ်ိဳ႕ေတြက ေရေသာက္တာဟာ ခႏၶာကိုယ္က အဟာရဓာတ္ေတြကို မစုပ္ရေသးခင္မွာ အူလမ္းေၾကာင္းအတြင္း ျမန္ျမန္ျဖတ္သန္းသြားေစတယ္လို႔လည္း ယူဆတတ္ၾကပါတယ္။ ဒီယူဆခ်က္ေတြက မွားယြင္းေနပါတယ္။
ေရက အစာေခ်ျဖစ္စဥ္ကို မထိခိုက္ေစတဲ့အျပင္ အားေပးကူညီေပးတယ္
[sg_popup id=6]
အစာေခ်စနစ္အတြင္းကို အစိုင္အခဲေတြထက္ ျမန္ျမန္ျဖတ္သန္းသြားႏိုင္မယ့္ ဘယ္အရည္မ်ိဳးေသာက္သံုးတာဟာ အစာေခ်ျဖစ္စဥ္ကို အေႏွာက္အယွက္မျဖစ္ေစႏိုင္တဲ့အေၾကာင္း ေလ့လာေတြ႕ရွိထားၿပီးျဖစ္ပါတယ္။ အစားစားရင္း ေရအနည္းငယ္ေသာက္တာကလည္း အစာေခ်ရည္ေတြရဲ႕ အာနိသင္ကို သက္ေရာက္မႈမရွိေစတဲ့အျပင္ အစိုင္အခဲအစာေတြကို အစာေခ်လမ္းေၾကာင္းရဲ႕ အစပိုင္းမွာတင္ ေခ်ဖ်က္ႏိုင္ဖို႔အတြက္ အေထာက္အကူေတာင္ျဖစ္ေစပါေသးတယ္။ ဒါေၾကာင့္ အစာစားရင္းပဲျဖစ္ျဖစ္၊ စားၿပီးမွပဲ ျဖစ္ျဖစ္ ေရေသာက္တာက ျပႆနာမရွိတဲ့အျပင္ ခႏၶာကိုယ္ရဲ႕ ဇီ၀ကမၼျဖစ္စဥ္ကို ျမွင့္တင္ေပးႏိုင္ပါတယ္။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++
အစာစားပြီးပြီးချင်း ရေသောက်သင့်လား ????
(Unicode)
အစားတစ်ခုခု စားနေတုန်းမှာ ရေမသောက်ဖို့ ဒါမှမဟုတ် စားပြီးပြီးချင်းမှာ ရေမသောက်ဖို့ ပြောလေ့ရှိကြပါတယ်။ ဒီလိုရေသောက်မယ်ဆိုရင် အစာချေရည်ရဲ့အာနိသင်ကို လျော့ကျသွားစေပြီး အစာမကြေဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြတာတွေလည်း ရှိပါတယ်။ ဒီအချက်က မှန်ကန်ရဲ့လားဆိုတာကို လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။
အစာချေခြင်းဖြစ်စဉ်
အစောချေခြင်းလုပ်ငန်းစဉ်က အစားတစ်ခုခုကို သင့်ပါးစပ်ထဲကို ထည့်လိုက်တဲ့အချိန်က စတင်ပါတယ်။ ပါးစပ်ထဲမှာ ၀ါးစားလိုက်တာနဲ့ အစားအစာတွေကို ပျော့သွားစေဖို့အတွက် တံတွေးထွက်လာအောင် ပါးစပ်ထဲက တံတွေးဂလင်းတွေကို လှုံ့ဆော်မှုဖြစ်စေပါတယ်။ တံတွေးနဲ့ထိတွေ့ပြီးပျော့ပျောင်းသွားတဲ့အစာတွေကို သွားနဲ့ ၀ါးစားပြီး အစာရေမျိုပြွန်ကနေတဆင့် အစာအိမ်ထဲကို ရောက်ရှိသွားပါတယ်။ အစာအိမ်ထဲမှာတော့ အစာချေအက်ဆစ်ရည်နဲ့ ထပ်တွေ့ပြီး ထပ်မံပြိုကွဲသွားပါတယ်။
ထို့နောက်မှာတော့ အူသိမ်တွေထဲကို ရောက်ရှိကာ ပန်ခရိယနဲ့အသည်းက ထုတ်လုပ်ပေးတဲ့ ပန်ခရိယအင်မ်ဇိုင်းတွေ၊ သည်းခြေရေတွေနဲ့ ရောနှောသွားပါတယ်။ ဒီဖြစ်စဉ်မှာ ပြိုကွဲနေတဲ့အစားအစာတွေက အဟာရဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူပါတယ်။ မစုပ်ယူနိုင်တဲ့ အစာဟောင်းတွေကတော့ အူမကြီးအတွင်းကို ရောက်ရှိသွားကာ အပြင်ကို စွန့်ထုတ်လိုက်ပါတယ်။ ဒီ အစာချေဖြစ်စဉ်ဟာ စားသောက်တဲ့ အစားအစာပေါ်မှာမူတည်ပြီး ၂၄ နာရီကနေ ရ၂ နာရီအထိ ကြာမြင့်ပါတယ်။
ရေသောက်ရင် အစာချေဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ ဘာကြောင့် ထင်ကြတာလဲ။
အစားစားနေတုန်းမှာ ရေသောက်တာဟာ အစာချေရည်တွေရဲ့ အာနိသင်ကို အားပျော့သွားစေတယ်လို့ အများစုက ယုံကြည်တတ်ကြပါတယ်။ ဒါ့အပြင် တချို့တွေက ရေသောက်တာဟာ ခန္ဓာကိုယ်က အဟာရဓာတ်တွေကို မစုပ်ရသေးခင်မှာ အူလမ်းကြောင်းအတွင်း မြန်မြန်ဖြတ်သန်းသွားစေတယ်လို့လည်း ယူဆတတ်ကြပါတယ်။ ဒီယူဆချက်တွေက မှားယွင်းနေပါတယ်။
ရေက အစာချေဖြစ်စဉ်ကို မထိခိုက်စေတဲ့အပြင် အားပေးကူညီပေးတယ်
အစာချေစနစ်အတွင်းကို အစိုင်အခဲတွေထက် မြန်မြန်ဖြတ်သန်းသွားနိုင်မယ့် ဘယ်အရည်မျိုးသောက်သုံးတာဟာ အစာချေဖြစ်စဉ်ကို အနှောက်အယှက်မဖြစ်စေနိုင်တဲ့အကြောင်း လေ့လာတွေ့ရှိထားပြီးဖြစ်ပါတယ်။ အစားစားရင်း ရေအနည်းငယ်သောက်တာကလည်း အစာချေရည်တွေရဲ့ အာနိသင်ကို သက်ရောက်မှုမရှိစေတဲ့အပြင် အစိုင်အခဲအစာတွေကို အစာချေလမ်းကြောင်းရဲ့ အစပိုင်းမှာတင် ချေဖျက်နိုင်ဖို့အတွက် အထောက်အကူတောင်ဖြစ်စေပါသေးတယ်။ ဒါကြောင့် အစာစားရင်းပဲဖြစ်ဖြစ်၊ စားပြီးမှပဲ ဖြစ်ဖြစ် ရေသောက်တာက ပြဿနာမရှိတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine