Colonel Sanders သို႔မဟုတ္ ေအာင္ျမင္မႈအတြက္ ေနာက္ဆံုးအခ်ိန္မရွိေၾကာင္း သက္ေသျပခဲ့သူ
(Zawgyi)
ဘ၀ဆိုတာက ဆန္းၾကယ္တဲ့အရာတစ္ခုျဖစ္ပါတယ္။
ဘ၀မွာၾကံဳေတြ႕ရတဲ့ စြန္႔လႊတ္စြန္႔စားစရာ အေၾကာင္းကိစၥေတြကလည္း ဘယ္သူမွရင္မဆိုင္ခ်င္ၾကပါဘူး။ ဒါ့ေၾကာင့္လည္း စြန္႔စားစရာေတြျဖစ္ေနတာပါ။ ကၽြန္ေတာ္တို႔ ၀င္မျပိဳင္တဲ့ ၿပိဳင္ပြဲတစ္ခုမွာ ေနာက္ေကာက္က်က်န္ေနခဲ့မွာကို စိုးရိမ္စိတ္ေတြက ကၽြန္ေတာ္တို႔ ဆံုးျဖတ္မယ့္ အဆံုးအျဖတ္ေတြေပၚမွာ သက္ေရာက္မႈရွိေနပါတယ္။ လက္ရွိအေျခအေနတိုင္းေလးပဲ လည္ပတ္ေနဖို႔က လြယ္ကူပါတယ္။ အားလံုး အေျခတက်တည္ၿငိမ္ေနမွေတာ့ ဘာေၾကာင့္မ်ား တျခားအရာေတြကို စြန္႔စားရဦးမွာလဲလို႔ ေတြးမိမွာပါ။
Colonel Harland Sanders သာ ဒီလိုေတြ႕မိခဲ့မယ္ဆိုရင္ ဘယ္လိုေတြ ျဖစ္လာမွာပါလဲ။ ကၽြန္ေတာ္တို႔ အခု စားသံုးေနတဲ့ KFC ၾကက္ေၾကာ္ေတြ စားရဖို႔ မေသခ်ာပါဘူး။ ဟုတ္ပါတယ္။ Colonel Harland Sanders ဆိုတာ လူေတြၾကက္သားစားတဲ့ နည္းလမ္းကို ေျပာင္းလဲေပးခဲ့ၿပီး နာမည္ေက်ာ္ Kentucky Fried Chicken – KFC ၾကက္ေၾကာ္ဆိုင္ေတြကို တည္ေထာင္ခဲ့သူျဖစ္ပါတယ္။
သင့္ရဲ႕အေကာင္းဆံုးအခ်ိန္ေတြကို ဆံုး႐ႈံးလိုက္ရၿပီး ရည္မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ဖို႔ ေနာက္က်ေနၿပီလို႔ ခံစားရတဲ့အခါတိုင္းမွာ အသက္ (၆၅)ႏွစ္ေရာက္မွ ကမာၻမွာအႀကီးဆံုး စားေသာက္ဆိုင္လုပ္ငန္းႀကီးတစ္ခုကို တည္ေထာင္ႏိုင္ခဲ့တဲ့ Colonel Sanders ကို သတိရလိုက္ပါ။
Colonel Sanders အရြယ္မေရာက္ခင္မွာတင္ သူ႔ဖခင္ျဖစ္သူ ကြယ္လြန္သြားခဲ့ၿပီး ဆင္းရဲ က်ပ္တည္းလြန္းတာေၾကာင့္ အသက္(၇)ႏွစ္မွာကတည္းက အခ်က္အျပဳတ္အလုပ္ေတြကို သင္ယူခဲ့ရပါတယ္။ အေရာင္းသမားအျဖစ္နဲ႔လည္း အလုပ္လုပ္ဖူးၿပီး သူ႔ဘ၀ရဲ႕ အခ်ိန္ေကာင္းေတြကို ကားတာယာေရာင္းတာ၊ ကူးတို႔ေလွေမာင္းတာ၊ ေရေႏြးေငြ႕ရထားစက္ေခါင္းအလုပ္႐ုံမွာ အလုပ္လုပ္တာ စတဲ့ အလုပ္ေပါင္းစံုကို လုပ္ရင္းနဲ႔ ကုန္လြန္ခဲ့ပါတယ္။
အသက္(၄၀)မွာေတာ့ ကန္တပ္ကီမွာရွိတဲ့ ကားစက္ျပင္အလုပ္႐ုံတစ္ခုက စားေသာက္ခန္းမွာ အခ်က္အျပဳတ္အလုပ္ေတြ လုပ္ခဲ့ရပါတယ္။ ဒီေနရာ သူ႔လက္ရာဟင္းလ်ာေတြကို လူႀကိဳက္မ်ားလာတဲ့အတြက္ ဓာတ္ဆီဆိုင္ကို လမ္းေဘးစားေသာက္ဆိုင္တစ္ခုအျဖစ္ ေျပာင္းလဲဖြင့္လွစ္ခဲ့ပါတယ္။
၁၉၃၉ ခုႏွစ္မွာေတာ့ သူကိုယ္တိုင္ ႏွစ္ေပါင္းမ်ားစြာ ဆန္းသစ္တီထြင္ေနခဲ့တဲ့ ၿပီးျပည့္စံုၿပီး မေျပာင္းမလဲတဲ့ အရသာရွိတဲ့ ၾကက္ေၾကာ္ကို ဘယ္လိုေၾကာ္ရမလဲဆိုတာကို သိရွိလာခဲ့ပါတယ္။ ဒီၾကက္ေၾကာ္ေတြေၾကာင့္ လူသိမ်ားေက်ာ္ၾကားလာခဲ့ၿပီး ၁၉၅၀ ခုႏွစ္မွာေတာ့ သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈနဲ႔ ၾကက္ေၾကာ္နည္းလမ္းအတြက္ ကန္တပ္ကီျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက Colonel ဆိုတဲ့ ရာထူးကို ေပးအပ္ခဲ့ပါတယ္။
အဲ့ဒီေနာက္မွာေတာ့ သူ႔ရဲ႕သူငယ္ခ်င္း၊ စားေသာက္ဆိုင္လုပ္ငန္းလုပ္ကိုင္သူ Pete Harman နဲ႔ ပူးေပါင္းၿပီး သူ႔ရဲ႕ၾကက္ေၾကာ္ေတြကို Kentucky Fried Chicken လို႔ အမည္ေပးခဲ့ပါတယ္။ ၾကက္ေၾကာ္တစ္ခုေရာင္းရတိုင္းမွာ သူ႔အတြက္ တန္ဖိုးရဲ႕(၄)ရာခိုင္ႏႈန္း အက်ိဳးခံစားခြင့္ရရွိခဲ့ပါတယ္။ Colonel Sanders ဟာ စားေသာက္ဆိုင္ေတြ တစ္ဆိုင္ၿပီးတစ္ဆိုင္ေလွ်ာက္သြားခဲ့ၿပီး သူ႔ရဲ႕ၾကက္ေၾကာ္နည္းကို ကမ္းလွမ္းခ ရာခိုင္ႏႈန္းခံစားခြင့္ကို ရယူခဲ့ပါတယ္။ ၁၉၆၄ ခုႏွစ္မွာေတာ့ အေမရိကန္နဲ႔ ကေနဒါမွာရွိတဲ့ စားေသာက္ဆိုင္ေပါင္း ၆၀၀ ေက်ာ္က Kentucky Fried Chicken ၾကက္ေၾကာ္ေတြကို ေရာင္းခ်ေနၿပီျဖစ္ပါတယ္။ ေနာက္ထပ္ဆယ္စုႏွစ္တစ္ခုၾကာၿပီးတဲ့ေနာက္မွာေတာ့ Colonel Sanders ဟာ ကမာၻမွာ ဒုတိယလူသိအမ်ားဆံုး နာမည္ေက်ာ္ပုဂၢိဳဟ္ျဖစ္လာခဲ့ပါတယ္။
၁၉၆၅ ခုႏွစ္မွာေတာ့ KFC လုပ္ငန္းဟာ ကမာၻတစ္လႊားအထိ က်ယ္ျပန္႔ေရာက္ရွိႏိုင္တာကို သိရွိလာခဲ့ၿပီး သူ႔ကုမၸဏီရဲ႕မူပိုင္ခြင့္ကို ေဒၚလာႏွစ္သန္းနဲ႔ ေရာင္းခ်ခဲ့ပါတယ္။ Colonel Sanders ဟာ KFC အမွတ္တံဆိပ္ရဲ႕ ကိုယ္စားလွယ္ျဖစ္လာခဲ့ၿပီး တစ္သက္တာလံုးအတြက္ တစ္လကို ေဒၚလာ(၇၅၀၀၀) လစာရရွိခဲ့သလို ကေနဒါႏိုင္ငံမွာရွိတဲ့ KFC ဆိုင္ခြဲအမ်ားစုကို ဆက္လက္ပိုင္ဆိုင္ခြင့္ရရွိခဲ့ပါတယ္။
Colonel Sanders ဟာ အသက္(၆၂)ႏွစ္ မတိုင္ခင္အထိ KFC ကို မတည္ေထာင္ရေသးပါဘူး။ ၿပီးေတာ့ KFC လုပ္ငန္းေအာင္ျမင္မႈကလည္း သူ႕ဘ၀အတြက္ အရမ္းအေရးႀကီးလွတဲ့ ကိစၥမဟုတ္ခဲ့ပါဘူး။ သူက ခ်မ္းသာခ်င္တဲ့လူ မဟုတ္ပါဘူး။ သူ႕ရဲ႕ ရည္မွန္းခ်က္က ကမာၻမွာ အေကာင္းဆံုးၾကက္သားကို ဖန္တီးႏိုင္သူ ျဖစ္ခ်င္ခဲ့တာပါ။ သူ ရည္မွန္းထားတဲ့အတိုင္း ျဖစ္ခဲ့႐ုံသာမက အမ်ားႀကီး ပိုခဲ့ပါတယ္။
ဒါ့ေၾကာင့္ ဘ၀မွာ အ႐ႈံးေတြဆိုတာ ရွိေနမွာပါ။ အျမဲတမ္းလြယ္ကူေနဖို႔လည္း မေမွ်ာ္လင့္ပါနဲ႔။ ေအာင္ျမင္မႈအတြက္ အာမခံခ်က္ဆိုတာ မရွိပါဘူး။ ဒါေပမယ့္ သင့္ရဲ႕ ရင္ထဲ ႏွလံုးထဲက စိတ္ဆႏၵျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ေအာင္ျမင္ဖို႔အတြက္ နည္းလမ္းတစ္ခုကို ရွာေတြ႕မွာျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ ေန႔ရက္ေတြကလည္း ေရာက္ရွိလာမွာျဖစ္ပါတယ္။ Colonel Sanders လုပ္ခဲ့သလိုေပါ့။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++++
Colonel Sanders သို့မဟုတ် အောင်မြင်မှုအတွက် နောက်ဆုံးအချိန်မရှိကြောင်း သက်သေပြခဲ့သူ
(Unicode)
ဘဝဆိုတာက ဆန်းကြယ်တဲ့အရာတစ်ခုဖြစ်ပါတယ်။
ဘဝမှာကြုံတွေ့ရတဲ့ စွန့်လွှတ်စွန့်စားစရာ အကြောင်းကိစ္စတွေကလည်း ဘယ်သူမှရင်မဆိုင်ချင်ကြပါဘူး။ ဒါ့ကြောင့်လည်း စွန့်စားစရာတွေဖြစ်နေတာပါ။ ကျွန်တော်တို့ ၀င်မပြိုင်တဲ့ ပြိုင်ပွဲတစ်ခုမှာ နောက်ကောက်ကျကျန်နေခဲ့မှာကို စိုးရိမ်စိတ်တွေက ကျွန်တော်တို့ ဆုံးဖြတ်မယ့် အဆုံးအဖြတ်တွေပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ လက်ရှိအခြေအနေတိုင်းလေးပဲ လည်ပတ်နေဖို့က လွယ်ကူပါတယ်။ အားလုံး အခြေတကျတည်ငြိမ်နေမှတော့ ဘာကြောင့်များ တခြားအရာတွေကို စွန့်စားရဦးမှာလဲလို့ တွေးမိမှာပါ။
Colonel Harland Sanders သာ ဒီလိုတွေ့မိခဲ့မယ်ဆိုရင် ဘယ်လိုတွေ ဖြစ်လာမှာပါလဲ။ ကျွန်တော်တို့ အခု စားသုံးနေတဲ့ KFC ကြက်ကြော်တွေ စားရဖို့ မသေချာပါဘူး။ ဟုတ်ပါတယ်။ Colonel Harland Sanders ဆိုတာ လူတွေကြက်သားစားတဲ့ နည်းလမ်းကို ပြောင်းလဲပေးခဲ့ပြီး နာမည်ကျော် Kentucky Fried Chicken – KFC ကြက်ကြော်ဆိုင်တွေကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။
သင့်ရဲ့အကောင်းဆုံးအချိန်တွေကို ဆုံးရှုံးလိုက်ရပြီး ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ နောက်ကျနေပြီလို့ ခံစားရတဲ့အခါတိုင်းမှာ အသက် (၆၅)နှစ်ရောက်မှ ကမ္ဘာမှာအကြီးဆုံး စားသောက်ဆိုင်လုပ်ငန်းကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့တဲ့ Colonel Sanders ကို သတိရလိုက်ပါ။
Colonel Sanders အရွယ်မရောက်ခင်မှာတင် သူ့ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး ဆင်းရဲ ကျပ်တည်းလွန်းတာကြောင့် အသက်(၇)နှစ်မှာကတည်းက အချက်အပြုတ်အလုပ်တွေကို သင်ယူခဲ့ရပါတယ်။ အရောင်းသမားအဖြစ်နဲ့လည်း အလုပ်လုပ်ဖူးပြီး သူ့ဘဝရဲ့ အချိန်ကောင်းတွေကို ကားတာယာရောင်းတာ၊ ကူးတို့လှေမောင်းတာ၊ ရေနွေးငွေ့ရထားစက်ခေါင်းအလုပ်ရုံမှာ အလုပ်လုပ်တာ စတဲ့ အလုပ်ပေါင်းစုံကို လုပ်ရင်းနဲ့ ကုန်လွန်ခဲ့ပါတယ်။
အသက်(၄၀)မှာတော့ ကန်တပ်ကီမှာရှိတဲ့ ကားစက်ပြင်အလုပ်ရုံတစ်ခုက စားသောက်ခန်းမှာ အချက်အပြုတ်အလုပ်တွေ လုပ်ခဲ့ရပါတယ်။ ဒီနေရာ သူ့လက်ရာဟင်းလျာတွေကို လူကြိုက်များလာတဲ့အတွက် ဓာတ်ဆီဆိုင်ကို လမ်းဘေးစားသောက်ဆိုင်တစ်ခုအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။
၁၉၃၉ ခုနှစ်မှာတော့ သူကိုယ်တိုင် နှစ်ပေါင်းများစွာ ဆန်းသစ်တီထွင်နေခဲ့တဲ့ ပြီးပြည့်စုံပြီး မပြောင်းမလဲတဲ့ အရသာရှိတဲ့ ကြက်ကြော်ကို ဘယ်လိုကြော်ရမလဲဆိုတာကို သိရှိလာခဲ့ပါတယ်။ ဒီကြက်ကြော်တွေကြောင့် လူသိများကျော်ကြားလာခဲ့ပြီး ၁၉၅၀ ခုနှစ်မှာတော့ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကြက်ကြော်နည်းလမ်းအတွက် ကန်တပ်ကီပြည်နယ်အုပ်ချုပ်ရေးမှူးက Colonel ဆိုတဲ့ ရာထူးကို ပေးအပ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ သူ့ရဲ့သူငယ်ချင်း၊ စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ Pete Harman နဲ့ ပူးပေါင်းပြီး သူ့ရဲ့ကြက်ကြော်တွေကို Kentucky Fried Chicken လို့ အမည်ပေးခဲ့ပါတယ်။ ကြက်ကြော်တစ်ခုရောင်းရတိုင်းမှာ သူ့အတွက် တန်ဖိုးရဲ့(၄)ရာခိုင်နှုန်း အကျိုးခံစားခွင့်ရရှိခဲ့ပါတယ်။ Colonel Sanders ဟာ စားသောက်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်လျှောက်သွားခဲ့ပြီး သူ့ရဲ့ကြက်ကြော်နည်းကို ကမ်းလှမ်းခ ရာခိုင်နှုန်းခံစားခွင့်ကို ရယူခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာတော့ အမေရိကန်နဲ့ ကနေဒါမှာရှိတဲ့ စားသောက်ဆိုင်ပေါင်း ၆၀၀ ကျော်က Kentucky Fried Chicken ကြက်ကြော်တွေကို ရောင်းချနေပြီဖြစ်ပါတယ်။ နောက်ထပ်ဆယ်စုနှစ်တစ်ခုကြာပြီးတဲ့နောက်မှာတော့ Colonel Sanders ဟာ ကမ္ဘာမှာ ဒုတိယလူသိအများဆုံး နာမည်ကျော်ပုဂ္ဂိုဟ်ဖြစ်လာခဲ့ပါတယ်။
၁၉၆၅ ခုနှစ်မှာတော့ KFC လုပ်ငန်းဟာ ကမ္ဘာတစ်လွှားအထိ ကျယ်ပြန့်ရောက်ရှိနိုင်တာကို သိရှိလာခဲ့ပြီး သူ့ကုမ္ပဏီရဲ့မူပိုင်ခွင့်ကို ဒေါ်လာနှစ်သန်းနဲ့ ရောင်းချခဲ့ပါတယ်။ Colonel Sanders ဟာ KFC အမှတ်တံဆိပ်ရဲ့ ကိုယ်စားလှယ်ဖြစ်လာခဲ့ပြီး တစ်သက်တာလုံးအတွက် တစ်လကို ဒေါ်လာ(၇၅၀၀၀) လစာရရှိခဲ့သလို ကနေဒါနိုင်ငံမှာရှိတဲ့ KFC ဆိုင်ခွဲအများစုကို ဆက်လက်ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။
Colonel Sanders ဟာ အသက်(၆၂)နှစ် မတိုင်ခင်အထိ KFC ကို မတည်ထောင်ရသေးပါဘူး။ ပြီးတော့ KFC လုပ်ငန်းအောင်မြင်မှုကလည်း သူ့ဘဝအတွက် အရမ်းအရေးကြီးလှတဲ့ ကိစ္စမဟုတ်ခဲ့ပါဘူး။ သူက ချမ်းသာချင်တဲ့လူ မဟုတ်ပါဘူး။ သူ့ရဲ့ ရည်မှန်းချက်က ကမ္ဘာမှာ အကောင်းဆုံးကြက်သားကို ဖန်တီးနိုင်သူ ဖြစ်ချင်ခဲ့တာပါ။ သူ ရည်မှန်းထားတဲ့အတိုင်း ဖြစ်ခဲ့ရုံသာမက အများကြီး ပိုခဲ့ပါတယ်။
ဒါ့ကြောင့် ဘဝမှာ အရှုံးတွေဆိုတာ ရှိနေမှာပါ။ အမြဲတမ်းလွယ်ကူနေဖို့လည်း မမျှော်လင့်ပါနဲ့။ အောင်မြင်မှုအတွက် အာမခံချက်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် သင့်ရဲ့ ရင်ထဲ နှလုံးထဲက စိတ်ဆန္ဒဖြစ်ခဲ့မယ်ဆိုရင်တော့ အောင်မြင်ဖို့အတွက် နည်းလမ်းတစ်ခုကို ရှာတွေ့မှာဖြစ်ပါတယ်။ အောင်မြင်တဲ့ နေ့ရက်တွေကလည်း ရောက်ရှိလာမှာဖြစ်ပါတယ်။ Colonel Sanders လုပ်ခဲ့သလိုပေါ့။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine