သင့္ဘ၀ကို ေျပာင္းလဲေစႏိုင္သည့္ အေလ့အက်င့္(၄)ခု

သင့္ဘ၀ကို ေျပာင္းလဲေစႏိုင္သည့္ အေလ့အက်င့္(၄)ခု

(Zawgyi)

အေလ့အက်င့္ေကာင္းေတြ မရွိဘူးဆိုရင္ ဘ၀က ပိုမိုခက္ခဲေနတတ္ပါတယ္။ ကၽြန္ေတာ္တို႔ အားလံုးမွာ ေရြးခ်ယ္စရာရွိပါတယ္။ မိမိကိုယ္ကို ေလ့က်င့္ေပးၿပီး ဘ၀ကို အလြယ္တကူျဖတ္သန္းမလား ဒါမွမဟုတ္ သက္ေဆာင့္သက္သာေနၿပီး ခက္ခဲၾကမ္းတမ္းတဲ့ဘ၀ကို ရင္ဆိုင္မလားဆိုတာပါပဲ။

ေအာင္ျမင္သူတိုင္းကေတာ့ ခက္ခဲၾကမ္းတမ္းတဲ့ဘ၀ထက္ အေလ့အက်င့္ေကာင္းေတြကိုပဲ ပ်ိဳးေထာင္တတ္ၾကပါတယ္။ ပထမပိုင္းမွာ ဘာမွအက်ိဳးမထူးဘူးလို႔ ထင္ရေပမယ့္ ေရရွည္မွာ အက်ိဳးရွိလာမွာ ေသခ်ာပါတယ္။ အေလ့အက်င့္ေကာင္းေတြအားလံုးက တူညီတဲ့သက္ေရာက္မႈမရွိပါဘူး။ ဒါ့ေၾကာင့္ သင့္ရဲ႕ ယုံၾကည္မႈကို အားေကာင္းေစၿပီး သင္လိုခ်င္တဲ့အရာ၊ ျဖစ္ခ်င္တာကို စြမ္းေဆာင္ႏိုင္ဖို႔ စိတ္ေက်နပ္တဲ့ဘ၀ခရီးကို ေလွ်ာက္လွမ္းႏိုင္ဖို႔အတြက္ စြမ္းအားျပည့္၀ေစတဲ့ အေလ့အက်င့္(၄)ခုကို အၾကံျပဳလိုက္ပါတယ္။

 

၁။ ဘ၀ကို လက္ခံလိုက္ပါ။ မဆန္႔က်င္ပါနဲ႔။
ဘ၀မွာ ထင္ထားသလိုျဖစ္မလာတဲ့အခါ အရြဲ႕တိုက္ဆန္႔က်င္ခ်င္စိတ္ေတြ ျဖစ္လာတတ္ပါတယ္။ ဒီလိုဆန္႔က်င္မယ့္အစား ဘာေၾကာင့္ ဘာေတြအလုပ္မျဖစ္ခဲ့တာလဲဆိုတာကို သံုးသပ္ဖို႔ အခ်ိန္ယူလိုက္ပါ။ ဒီအခ်က္ေတြက အဖိုးတန္ပါတယ္။ အခက္အခဲေတြကို စဥ္းစားေတြးေခၚပံု ေျပာင္းလဲဖို႔အတြက္ အသံုးျပဳႏိုင္ါပတယ္။ အျမဲတမ္းပံုမွန္လည္ပတ္ေနရာကေန အခက္အခဲေတြနဲ႔ ရင္ဆိုင္ရတဲ့အခါ တမူထူးျခားတဲ့ ႐ႈေထာင့္ကေန ျမင္တတ္ေတြးတတ္လာေစပါတယ္။ ဒါ့ေၾကာင့္ ဘ၀ကို လက္ခံပါ။ မဆန္႔က်င္ပါနဲ႔။

 

၂။ မိမိကိုယ္ကို အားေပးပါ။ မႏွိမ့္ခ်ပါနဲ႔။
ကၽြန္ေတာ္တို႔အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ အဆင့္နိမ့္က်ေစတဲ့ နည္းလမ္းေတြထဲက တစ္ခုကေတာ့ ေမးခြန္းမွားေတြ ေမးတာပဲျဖစ္ပါတယ္။ ေမးခြန္းမွားေတြက စိတ္ဓာတ္အင္အားကို ေလ်ာ့ပါးေစပါတယ္။ အျပဳသေဘာေဆာင္တဲ့စိတ္ကို မေကာင္းတဲ့ဖက္ကို ေျပာင္းလဲေစႏိုင္ပါတယ္။ ဥပမာေျပာရမယ္ဆိုရင္…

ေမးခြန္း။ ။ ဘာလို႔ ငါ ကိုယ္အေလးခ်ိန္ မေလ်ာ့ႏိုင္ရတာလဲ
အေျဖ ။ ။ မင္းက ၀က္တစ္ေကာင္လို႔ ၀ေနလို႔။
ေမးခြန္း။ ။ ဘာလို႔ ငါ ဒါေတြကို အဆင္ေျပာေအာင္ မလုပ္ႏိုင္ရတာလဲ
အေျဖ။ ။ မင္းက ဘာမွမတတ္လို႔ေပါ့။
ေမးခြန္း။ ။ ငါ ဘာျဖစ္လို႔ ဒီေလာက္မြဲေနရတာလဲ
အေျဖ ။ ။ မင္းက ေသာက္သံုးမက်လို႔

အထက္ပါအတုိင္း ေမးခြန္းအမွားေတြ၊ မေကာင္းတဲ့ေမးခြန္းေတြ ေမးမယ္ဆိုရင္ မေကာင္းတဲ့အေျဖေတြပဲ ရမွာျဖစ္ပါတယ္။ ဒါက ကၽြန္ေတာ္တို႔ရဲ႕ မသိစိတ္အလုပ္လုပ္တဲ့ ပံုစံျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မွန္ကန္တဲ့ ေမးခြန္းေတြ ေမးတတ္ဖို႔ လိုပါတယ္။ ဘယ္လိုေမးရမလဲဆိုရင္….

ငါ ကိုယ္အေလးခ်ိန္ေလွ်ာ့ႏိုင္ဖို႔ ပထမဆံုးလုပ္ရမွာေတြက ဘာေတြလဲ။
ဒီကိစၥကို ပိုေကာင္းေအာင္ ဘယ္လိုလုပ္လို႔ ရႏိုင္မလဲ။
ငါ့၀င္ေငြ ပိုေကာင္းလာေအာင္ ဘာေတြလုပ္သင့္လဲ စသျဖင့္ အျပဳသေဘာေဆာင္တဲ့ေမးခြန္းေတြက သင့္ကို ခြန္အားျဖစ္ေစမယ့္ အေျဖေတြေပးႏိုင္ပါလိမ့္မယ္။

 

၃။ ဦးေႏွာက္ကို သံုးပါ။ အျပစ္မတင္ပါနဲ႔။

အဆင္မေျပျဖစ္ၿပီး လြဲေခ်ာ္သြားတဲ့ကိစၥတစ္ခုအတြက္ တစ္ခုခုကို အျပစ္တင္တာဟာ ကၽြန္ေတာ္တို႔အမွားမျဖစ္ေအာင္ ဆင္ေျခေပးတတ္တဲ့ စိတ္ေၾကာင့္ ျဖစ္ပါတယ္။ ဒီလို အျပစ္တင္တာဟာ နာက်ည္းခ်က္ေတြကို ျဖစ္ေစႏိုင္ပါတယ္။ ၿပီးခဲ့တာေတြက ၿပီးသြားပါၿပီ။ ထိန္းခ်ဳပ္လို႔ မရႏိုင္ေတာ့ပါဘူး။ အတိတ္ကျဖစ္ရပ္ေတြေၾကာင့္ လက္ရွိအခ်ိန္ကို ထိခိုက္မခံပါနဲ႔။ ဒီလိုျဖစ္ေနမယ့္အစား ေနာက္တစ္ခါ ဒီလိုမျဖစ္ေစဖို႔ ဦးေႏွာက္ကိုသံုးၿပီး အေျဖရွာပါ။ အတိတ္ရဲ႕ အက်ဥ္းသားအျဖစ္မခံပါနဲ႔။ အနာဂတ္ကို ဦးေဆာင္လိုက္ပါ။

 

၄။ တစ္ခုခုလုပ္ပါ။ အကုန္လံုးေလွ်ာက္မလုပ္ပါနဲ႔။

လုပ္စရာရွိတာေတြထဲက အေရးႀကီးတာေတြကို အရင္လုပ္တတ္ဖို႔ လိုပါတယ္။ တစ္ခါတစ္ေလမွာ လုပ္စရာ(၁၀)ခု ရွိေနေပမယ့္ ပထမဆံုး(၂)ခုကို လုပ္လိုက္႐ုံနဲ႔ က်န္တာေတြပါ ၿပီးသြားတတ္တာမ်ိဳး ရွိပါတယ္။ ဒါ့ေၾကာင့္ အေရးႀကီးတာကို အာ႐ုံစိုက္လုပ္ေဆာင္ပါ။ ဒီလိုဆိုရင္ အလုပ္ေတြၿပီးေျမာက္ၿပီး အဆင္ေျပေခ်ာေမြ႕တဲ့ ေန႔ရက္ေတြကို ရရွိမွာပါ။ ဘ၀မွာ ေပ်ာ္ရႊင္ေနတဲ့သူေတြဟာ အလုပ္မ်ားၾကေပမယ့္ ထိန္းသိမ္းႏိုင္ၾကပါတယ္။ ဘာမွ အေလာသံုးဆယ္နဲ႔ ပ်ာယာခတ္ေနတာမ်ိဳး မရွိပါဘူး။ ဒီလိုလုပ္ႏိုင္ဖို႔အတြက္ အရာအားလံုးကို ေလွ်ာက္လုပ္ဖို႔ ႀကိဳးစားေနမယ့္အစား အေရးႀကီးတာကိုပဲ ဥိးစားေပးတတ္ဖို႔ လိုပါတယ္။

မိန္းကေလးတိုင္းေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++++

သင့်ဘဝကို ပြောင်းလဲစေနိုင်သည့် အလေ့အကျင့်(၄)ခု

(Unicode)

အလေ့အကျင့်ကောင်းတွေ မရှိဘူးဆိုရင် ဘဝက ပိုမိုခက်ခဲနေတတ်ပါတယ်။ ကျွန်တော်တို့ အားလုံးမှာ ရွေးချယ်စရာရှိပါတယ်။ မိမိကိုယ်ကို လေ့ကျင့်ပေးပြီး ဘဝကို အလွယ်တကူဖြတ်သန်းမလား ဒါမှမဟုတ် သက်ဆောင့်သက်သာနေပြီး ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်မလားဆိုတာပါပဲ။

အောင်မြင်သူတိုင်းကတော့ ခက်ခဲကြမ်းတမ်းတဲ့ဘဝထက် အလေ့အကျင့်ကောင်းတွေကိုပဲ ပျိုးထောင်တတ်ကြပါတယ်။ ပထမပိုင်းမှာ ဘာမှအကျိုးမထူးဘူးလို့ ထင်ရပေမယ့် ရေရှည်မှာ အကျိုးရှိလာမှာ သေချာပါတယ်။ အလေ့အကျင့်ကောင်းတွေအားလုံးက တူညီတဲ့သက်ရောက်မှုမရှိပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ ယုံကြည်မှုကို အားကောင်းစေပြီး သင်လိုချင်တဲ့အရာ၊ ဖြစ်ချင်တာကို စွမ်းဆောင်နိုင်ဖို့ စိတ်ကျေနပ်တဲ့ဘဝခရီးကို လျှောက်လှမ်းနိုင်ဖို့အတွက် စွမ်းအားပြည့်ဝစေတဲ့ အလေ့အကျင့်(၄)ခုကို အကြံပြုလိုက်ပါတယ်။

[sg_popup id=6]

၁။ ဘဝကို လက်ခံလိုက်ပါ။ မဆန့်ကျင်ပါနဲ့။
ဘဝမှာ ထင်ထားသလိုဖြစ်မလာတဲ့အခါ အရွဲ့တိုက်ဆန့်ကျင်ချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုဆန့်ကျင်မယ့်အစား ဘာကြောင့် ဘာတွေအလုပ်မဖြစ်ခဲ့တာလဲဆိုတာကို သုံးသပ်ဖို့ အချိန်ယူလိုက်ပါ။ ဒီအချက်တွေက အဖိုးတန်ပါတယ်။ အခက်အခဲတွေကို စဉ်းစားတွေးခေါ်ပုံ ပြောင်းလဲဖို့အတွက် အသုံးပြုနိုင်ါပတယ်။ အမြဲတမ်းပုံမှန်လည်ပတ်နေရာကနေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တမူထူးခြားတဲ့ ရှုထောင့်ကနေ မြင်တတ်တွေးတတ်လာစေပါတယ်။ ဒါ့ကြောင့် ဘဝကို လက်ခံပါ။ မဆန့်ကျင်ပါနဲ့။

 

၂။ မိမိကိုယ်ကို အားပေးပါ။ မနှိမ့်ချပါနဲ့။
ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆင့်နိမ့်ကျစေတဲ့ နည်းလမ်းတွေထဲက တစ်ခုကတော့ မေးခွန်းမှားတွေ မေးတာပဲဖြစ်ပါတယ်။ မေးခွန်းမှားတွေက စိတ်ဓာတ်အင်အားကို လျော့ပါးစေပါတယ်။ အပြုသဘောဆောင်တဲ့စိတ်ကို မကောင်းတဲ့ဖက်ကို ပြောင်းလဲစေနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင်…

မေးခွန်း။ ။ ဘာလို့ ငါ ကိုယ်အလေးချိန် မလျော့နိုင်ရတာလဲ
အဖြေ ။ ။ မင်းက ၀က်တစ်ကောင်လို့ ၀နေလို့။
မေးခွန်း။ ။ ဘာလို့ ငါ ဒါတွေကို အဆင်ပြောအောင် မလုပ်နိုင်ရတာလဲ
အဖြေ။ ။ မင်းက ဘာမှမတတ်လို့ပေါ့။
မေးခွန်း။ ။ ငါ ဘာဖြစ်လို့ ဒီလောက်မွဲနေရတာလဲ
အဖြေ ။ ။ မင်းက သောက်သုံးမကျလို့

အထက်ပါအတိုင်း မေးခွန်းအမှားတွေ၊ မကောင်းတဲ့မေးခွန်းတွေ မေးမယ်ဆိုရင် မကောင်းတဲ့အဖြေတွေပဲ ရမှာဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ မသိစိတ်အလုပ်လုပ်တဲ့ ပုံစံဖြစ်ပါတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့ မေးခွန်းတွေ မေးတတ်ဖို့ လိုပါတယ်။ ဘယ်လိုမေးရမလဲဆိုရင်….

ငါ ကိုယ်အလေးချိန်လျှော့နိုင်ဖို့ ပထမဆုံးလုပ်ရမှာတွေက ဘာတွေလဲ။
ဒီကိစ္စကို ပိုကောင်းအောင် ဘယ်လိုလုပ်လို့ ရနိုင်မလဲ။
ငါ့ဝင်ငွေ ပိုကောင်းလာအောင် ဘာတွေလုပ်သင့်လဲ စသဖြင့် အပြုသဘောဆောင်တဲ့မေးခွန်းတွေက သင့်ကို ခွန်အားဖြစ်စေမယ့် အဖြေတွေပေးနိုင်ပါလိမ့်မယ်။

 

၃။ ဦးနှောက်ကို သုံးပါ။ အပြစ်မတင်ပါနဲ့။

အဆင်မပြေဖြစ်ပြီး လွဲချော်သွားတဲ့ကိစ္စတစ်ခုအတွက် တစ်ခုခုကို အပြစ်တင်တာဟာ ကျွန်တော်တို့အမှားမဖြစ်အောင် ဆင်ခြေပေးတတ်တဲ့ စိတ်ကြောင့် ဖြစ်ပါတယ်။ ဒီလို အပြစ်တင်တာဟာ နာကျည်းချက်တွေကို ဖြစ်စေနိုင်ပါတယ်။ ပြီးခဲ့တာတွေက ပြီးသွားပါပြီ။ ထိန်းချုပ်လို့ မရနိုင်တော့ပါဘူး။ အတိတ်ကဖြစ်ရပ်တွေကြောင့် လက်ရှိအချိန်ကို ထိခိုက်မခံပါနဲ့။ ဒီလိုဖြစ်နေမယ့်အစား နောက်တစ်ခါ ဒီလိုမဖြစ်စေဖို့ ဦးနှောက်ကိုသုံးပြီး အဖြေရှာပါ။ အတိတ်ရဲ့ အကျဉ်းသားအဖြစ်မခံပါနဲ့။ အနာဂတ်ကို ဦးဆောင်လိုက်ပါ။

 

၄။ တစ်ခုခုလုပ်ပါ။ အကုန်လုံးလျှောက်မလုပ်ပါနဲ့။

လုပ်စရာရှိတာတွေထဲက အရေးကြီးတာတွေကို အရင်လုပ်တတ်ဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ လုပ်စရာ(၁၀)ခု ရှိနေပေမယ့် ပထမဆုံး(၂)ခုကို လုပ်လိုက်ရုံနဲ့ ကျန်တာတွေပါ ပြီးသွားတတ်တာမျိုး ရှိပါတယ်။ ဒါ့ကြောင့် အရေးကြီးတာကို အာရုံစိုက်လုပ်ဆောင်ပါ။ ဒီလိုဆိုရင် အလုပ်တွေပြီးမြောက်ပြီး အဆင်ပြေချောမွေ့တဲ့ နေ့ရက်တွေကို ရရှိမှာပါ။ ဘဝမှာ ပျော်ရွှင်နေတဲ့သူတွေဟာ အလုပ်များကြပေမယ့် ထိန်းသိမ်းနိုင်ကြပါတယ်။ ဘာမှ အလောသုံးဆယ်နဲ့ ပျာယာခတ်နေတာမျိုး မရှိပါဘူး။ ဒီလိုလုပ်နိုင်ဖို့အတွက် အရာအားလုံးကို လျှောက်လုပ်ဖို့ ကြိုးစားနေမယ့်အစား အရေးကြီးတာကိုပဲ ဥိးစားပေးတတ်ဖို့ လိုပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%