အသက္(၃၀)ေက်ာ္မွာ ေငြေရးေၾကးေရးအဆင္ေျပေစဖို႔ (၂၀)ေက်ာ္အရြယ္မွာ လုပ္ေဆာင္သင့္သည့္အရာမ်ား
(Zawgyi)
အသက္(၂၀)ေက်ာ္အရြယ္ဟာ ဘ၀ရဲ႕အေကာင္းဆံုးအခ်ိန္လို႔ ဆိုႏိုင္ပါတယ္။ ဒါ့အျပင္ ဒီအခ်ိန္မွာ သင့္အနာဂတ္မွာ ေငြေၾကးကိစၥအတြက္ စိတ္ခ်ရေစဖို႔ စီမံႏိုင္တဲ့အခ်ိန္လည္း ျဖစ္ပါတယ္။ ေက်ာင္းၿပီးလို႔ အလုပ္တစ္ခု၀င္လုပ္မယ္။ မိသားစုတစ္ခုကို တည္ေထာင္မယ္ဆိုရင္ ေရရွည္ ေရတိုႏွစ္ခုစလံုးအတြက္ ေငြေၾကးကိစၥ ပူပန္မေနရဖို႔ အေလ့အက်င့္တစ္ခ်ိဳ႕ကို ပ်ိဳးေထာင္ထားေပးဖို႔ လိုပါတယ္။
၁။ အေၾကြးကင္းေအာင္ေနပါ။
အေၾကြးတင္ေနျခင္းဟာ သင့္ကိုယ္ပိုင္ ေငြေၾကးကို အသံုးခ်ဖို႔ ေႏွာင့္ေႏွးေစပါတယ္။ အတိုးႏႈန္းျမင့္တဲ့ အေၾကြးတစ္ခုသာျဖစ္ခဲ့မယ္ဆိုရင္ အတိုးေပးဖို႔အတြက္ခ်ည္းပဲ ေငြေၾကးေတာ္ေတာ္မ်ားမ်ားကို ဆံုး႐ႈံးေနရပါလိမ့္မယ္။ ဒါ့ေၾကာင့္ သင့္မွာရွိတဲ့အေၾကြးေတြကို တတ္ႏိုင္သမွ် အျမန္ဆံုးေက်ေအာင္ဆပ္ဖို႔ ႀကိဳးစားရမွာ ျဖစ္ပါတယ္။ အသက္(၂၀)ေက်ာ္အရြယ္မွာ အေၾကြးမတင္ေအာင္ ေနႏိုင္ရင္၊ ဒါမွမဟုတ္ တင္ေနတဲ့အေၾကြးေတြကို ေက်ေအာင္ဆပ္ႏိုင္ရင္ (၃၀)အရြယ္မွာ စိုးရိမ္ေသာက ေတာ္ေတာ္ေလ်ာ့ပါးသြားမွာ ျဖစ္ပါတယ္။
၂။ အေရးေပၚသံုးစြဲဖို႔ ေငြေၾကးတစ္ခု စုေဆာင္းထားပါ။
အသက္ႀကီးလာၿပီး အလုပ္မ်ားလာတာနဲ႔အမွ် ေမွ်ာ္လင့္မထားတဲ့ အသံုးစရိတ္ေတြက ေပၚလာတတ္ပါတယ္။ ဒါ့ေၾကာင့္ အေရးေပၚသံုးစရာလိုအပ္လာရင္ အဆင္သင့္ရွိေနေစဖို႔ အေရးေပၚရန္ပံုေငြတစ္ခုကို စုေဆာင္းထားရမွာ ျဖစ္ပါတယ္။ ဘယ္ေလာက္စုေဆာင္းရမလဲဆိုတာကေတာ့ သင့္ရဲ႕ ၀င္ေငြ၊ အသံုးစရိတ္၊ ပတ္၀န္းက်င္အေျခအေနတုိ႔နဲ႔ သက္ဆိုင္ပါတယ္။ ဒါေပမယ့္ သိပ္မမ်ားတဲ့ပမာဏတစ္ခုကို လစဥ္ဖဲ့စုထားရင္လည္း အဆင္ေျပပါတယ္။
၃။ အနားယူခ်ိန္အတြက္ စတင္စုေဆာင္းပါ။
သင္ အသက္ႀကီးလာၿပီး အလုပ္မလုပ္ႏိုင္ေတာ့တဲ့အခ်ိန္၊ အနားယူခ်ိန္အတြက္ ေငြေၾကးကို ဘယ္အခ်ိန္မွာမဆို စတင္စုေဆာင္းလို႔ရပါတယ္။ ဒါေပမယ့္ ငယ္ရြယ္စဥ္အခ်ိန္မွာ စုေဆာင္းတာက အေကာင္းဆံုးျဖစ္ပါတယ္။ အခ်ိန္ေစာေစာက စတင္စုေဆာင္းေလေလ၊ အနားယူခ်ိန္အတြက္ ေငြမ်ားမ်ားရွိေလေလျဖစ္ပါတယ္။ အဆင္ေျပရင္ အသက္(၆၀)မတိုင္ခင္ကတည္းမွာေတာင္ အနားယူႏိုင္ပါေသးတယ္။
[sg_popup id=6]
၄။ အာမခံထားပါ။
အာမခံထားတာက မလိုအပ္ပဲ ေငြကုန္တယ္လို႔ ထင္ခ်င္စရာပါ။ ဒါေပမယ့္ မေတာ္တဆမႈေတြျဖစ္လာတဲ့အခါမွာ အာမခံရွိထားတာက သင့္အတြက္ တပန္းသာေစပါတယ္။ ဒါ့ေၾကာင့္ ေမာ္ေတာ္ယာဥ္အာမခံနဲ႔ က်န္းမာေရးအာမခံေတြေလာက္ေတာ့ ထားသင့္ပါတယ္။
၅။ ၀င္ေငြထက္နည္းသည့္ အသံုးစရိတ္နဲ႔ေနႏိုင္ေအာင္ ႀကိဳးစားပါ။
ရွာႏိုင္သမွ် ၀င္ေငြအားလံုးကို အကုန္သံုးပစ္တာက အက်င့္ဆိုးတစ္ခုျဖစ္ပါတယ္။ အိမ္စေပၚတင္ဖုို႔၊ ခရီးသြားဖို႔ စတဲ့ ႀကီးႀကီးမားမား အသံုးစရိတ္ေတြအတြက္ စုေဆာင္းျဖစ္မွာမဟုတ္ပါဘူး။ သင့္ရဲ႕ ေငြေၾကးနဲ႔ပတ္သက္ၿပီး ရွင္းလင္းတိက်တဲ့ ရည္မွန္းခ်က္ေတြ ထားရွိပါ။ သင့္ရဲ႕အသံုးစရိတ္ကို ေသခ်ာစီမံခန္႔ခြဲပါ။ အသက္(၂၀)ေက်ာ္ အရြယ္မွာ ၀င္ေငြထက္ေလ်ာ့နည္းတဲ့ အသံုးစရိတ္နဲ႔ ေနႏိုင္ခဲ့မယ္ဆိုရင္ အသက္(၃၀)ေက်ာ္အရြယ္မွာ ေငြပိုေငြလွ်ံကေလး အရံသင့္ရွိေနမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေခၽြတာစုေဆာင္းတတ္တဲ့အက်င့္ေလးကို ေမြးျမဴပါ။
၆။ မဂၤလာေဆာင္စရိတ္ကို လက္ငင္းေပးေခ်ပါ။
အသက္(၃၀)မတိုင္ခင္ အိမ္ေထာင္ျပဳဖို႔ စိတ္ကူးရွိတယ္ဆိုရင္ မဂၤလာေဆာင္စရိတ္ကို ေခ်းေငြယူဖို႔ထက္ လက္ငင္းေပးေခ်ႏိုင္ဖို႔ ႀကိဳးစားသင့္ပါတယ္။ ဒါမွသာ မဂၤလာေဆာင္ၿပီးတာနဲ႔ အျခားေငြေၾကးဆိုင္ရာ ရည္မွန္းခ်က္ေတြကို ဆက္လက္အေကာင္အထည္ေဖာ္ႏိုင္မွာ ျဖစ္ၿပီး အေၾကြးျပန္ဆပ္ဖို႔ လံုးပန္းေနစရာမလိုေတာ့မွာ ျဖစ္ပါတယ္။ မဂၤလာအခမ္းအနားစရိတ္အတြက္ အသံုးစရိတ္တစ္ခုကို သတ္မွတ္ထားၿပီး လစဥ္၀င္ေငြထဲက ပမာဏတစ္ခုကို စုေဆာင္းထားတာ အေကာင္းဆံုးပါပဲ။
၇။ ေငြေၾကးဆိုင္ရာ ေရရွည္ရည္မွန္းခ်က္ေတြ ထားရွိပါ။
ေငြေၾကးနဲ႔ ပတ္သက္လာရင္ ေရရွည္ရည္မွန္းခ်က္ေတြ ထားရွိဖို႔ အေရးႀကီးပါတယ္။ ဒီလိုရည္မွန္းခ်က္ေတြ ထားရွိျခင္းအားျဖင့္ သင္ဘာအတြက္ အလုပ္လုပ္ေနတယ္ဆိုတာကို သိေနေစႏိုင္ပါတယ္။ သင့္အသက္ (၂၀)ေက်ာ္ အရြယ္မွာ တကယ္ျဖစ္ခ်င္တဲ့အရာေတြကို ဆန္းစစ္ေဖာ္ထုတ္ၿပီး သင့္ေငြေၾကးကို လက္နက္တစ္ခုအေနနဲ႔ သံုးတတ္ရမွာပါ။
၈။ ေငြေၾကးနဲ႔ပတ္သက္ရင္ တစ္ကိုယ္ေကာင္းဆန္ပါ။
သင့္ေငြေၾကးနဲ႔ ပတ္သက္လာရင္ သင္တန္ဖိုးထားတဲ့အရာေတြအတြက္သာ ေငြကိုသံုးစြဲၿပီး အခ်ိန္တိုင္းမဟုတ္ရင္ေတာင္ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ တစ္ကိုယ္ေကာင္းဆန္တတ္ဖို႔ မေမ့ပါနဲ႔။ မလိုအပ္ပဲ အျခားသူေတြအတြက္ ထုတ္သံုးတာမ်ိဳး ဆင္ျခင္ဖို႔ ေျပာခ်င္တာပါ။ သင္တန္ဖိုးထားတဲ့အရာျဖစ္ၿပီး သင့္ကိုလည္း ေပ်ာ္ရႊင္ေစႏိုင္မယ္ဆိုရင္ သင္တတ္ႏိုင္ေနေသးသ၍ အသံုးစရိတ္ျဖတ္ေတာက္ဖို႔ မလိုပါဘူး။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++++++++
အသက်(၃၀)ကျော်မှာ ငွေရေးကြေးရေးအဆင်ပြေစေဖို့ (၂၀)ကျော်အရွယ်မှာ လုပ်ဆောင်သင့်သည့်အရာများ
(Unicode)
အသက်(၂၀)ကျော်အရွယ်ဟာ ဘဝရဲ့အကောင်းဆုံးအချိန်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဒီအချိန်မှာ သင့်အနာဂတ်မှာ ငွေကြေးကိစ္စအတွက် စိတ်ချရစေဖို့ စီမံနိုင်တဲ့အချိန်လည်း ဖြစ်ပါတယ်။ ကျောင်းပြီးလို့ အလုပ်တစ်ခုဝင်လုပ်မယ်။ မိသားစုတစ်ခုကို တည်ထောင်မယ်ဆိုရင် ရေရှည် ရေတိုနှစ်ခုစလုံးအတွက် ငွေကြေးကိစ္စ ပူပန်မနေရဖို့ အလေ့အကျင့်တစ်ချို့ကို ပျိုးထောင်ထားပေးဖို့ လိုပါတယ်။
၁။ အကြွေးကင်းအောင်နေပါ။
အကြွေးတင်နေခြင်းဟာ သင့်ကိုယ်ပိုင် ငွေကြေးကို အသုံးချဖို့ နှောင့်နှေးစေပါတယ်။ အတိုးနှုန်းမြင့်တဲ့ အကြွေးတစ်ခုသာဖြစ်ခဲ့မယ်ဆိုရင် အတိုးပေးဖို့အတွက်ချည်းပဲ ငွေကြေးတော်တော်များများကို ဆုံးရှုံးနေရပါလိမ့်မယ်။ ဒါ့ကြောင့် သင့်မှာရှိတဲ့အကြွေးတွေကို တတ်နိုင်သမျှ အမြန်ဆုံးကျေအောင်ဆပ်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အသက်(၂၀)ကျော်အရွယ်မှာ အကြွေးမတင်အောင် နေနိုင်ရင်၊ ဒါမှမဟုတ် တင်နေတဲ့အကြွေးတွေကို ကျေအောင်ဆပ်နိုင်ရင် (၃၀)အရွယ်မှာ စိုးရိမ်သောက တော်တော်လျော့ပါးသွားမှာ ဖြစ်ပါတယ်။
၂။ အရေးပေါ်သုံးစွဲဖို့ ငွေကြေးတစ်ခု စုဆောင်းထားပါ။
အသက်ကြီးလာပြီး အလုပ်များလာတာနဲ့အမျှ မျှော်လင့်မထားတဲ့ အသုံးစရိတ်တွေက ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် အရေးပေါ်သုံးစရာလိုအပ်လာရင် အဆင်သင့်ရှိနေစေဖို့ အရေးပေါ်ရန်ပုံငွေတစ်ခုကို စုဆောင်းထားရမှာ ဖြစ်ပါတယ်။ ဘယ်လောက်စုဆောင်းရမလဲဆိုတာကတော့ သင့်ရဲ့ ၀င်ငွေ၊ အသုံးစရိတ်၊ ပတ်ဝန်းကျင်အခြေအနေတို့နဲ့ သက်ဆိုင်ပါတယ်။ ဒါပေမယ့် သိပ်မများတဲ့ပမာဏတစ်ခုကို လစဉ်ဖဲ့စုထားရင်လည်း အဆင်ပြေပါတယ်။
၃။ အနားယူချိန်အတွက် စတင်စုဆောင်းပါ။
သင် အသက်ကြီးလာပြီး အလုပ်မလုပ်နိုင်တော့တဲ့အချိန်၊ အနားယူချိန်အတွက် ငွေကြေးကို ဘယ်အချိန်မှာမဆို စတင်စုဆောင်းလို့ရပါတယ်။ ဒါပေမယ့် ငယ်ရွယ်စဉ်အချိန်မှာ စုဆောင်းတာက အကောင်းဆုံးဖြစ်ပါတယ်။ အချိန်စောစောက စတင်စုဆောင်းလေလေ၊ အနားယူချိန်အတွက် ငွေများများရှိလေလေဖြစ်ပါတယ်။ အဆင်ပြေရင် အသက်(၆၀)မတိုင်ခင်ကတည်းမှာတောင် အနားယူနိုင်ပါသေးတယ်။
၄။ အာမခံထားပါ။
အာမခံထားတာက မလိုအပ်ပဲ ငွေကုန်တယ်လို့ ထင်ချင်စရာပါ။ ဒါပေမယ့် မတော်တဆမှုတွေဖြစ်လာတဲ့အခါမှာ အာမခံရှိထားတာက သင့်အတွက် တပန်းသာစေပါတယ်။ ဒါ့ကြောင့် မော်တော်ယာဉ်အာမခံနဲ့ ကျန်းမာရေးအာမခံတွေလောက်တော့ ထားသင့်ပါတယ်။
၅။ ၀င်ငွေထက်နည်းသည့် အသုံးစရိတ်နဲ့နေနိုင်အောင် ကြိုးစားပါ။
ရှာနိုင်သမျှ ၀င်ငွေအားလုံးကို အကုန်သုံးပစ်တာက အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။ အိမ်စပေါ်တင်ဖိုု့၊ ခရီးသွားဖို့ စတဲ့ ကြီးကြီးမားမား အသုံးစရိတ်တွေအတွက် စုဆောင်းဖြစ်မှာမဟုတ်ပါဘူး။ သင့်ရဲ့ ငွေကြေးနဲ့ပတ်သက်ပြီး ရှင်းလင်းတိကျတဲ့ ရည်မှန်းချက်တွေ ထားရှိပါ။ သင့်ရဲ့အသုံးစရိတ်ကို သေချာစီမံခန့်ခွဲပါ။ အသက်(၂၀)ကျော် အရွယ်မှာ ၀င်ငွေထက်လျော့နည်းတဲ့ အသုံးစရိတ်နဲ့ နေနိုင်ခဲ့မယ်ဆိုရင် အသက်(၃၀)ကျော်အရွယ်မှာ ငွေပိုငွေလျှံကလေး အရံသင့်ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ချွေတာစုဆောင်းတတ်တဲ့အကျင့်လေးကို မွေးမြူပါ။
၆။ မင်္ဂလာဆောင်စရိတ်ကို လက်ငင်းပေးချေပါ။
အသက်(၃၀)မတိုင်ခင် အိမ်ထောင်ပြုဖို့ စိတ်ကူးရှိတယ်ဆိုရင် မင်္ဂလာဆောင်စရိတ်ကို ချေးငွေယူဖို့ထက် လက်ငင်းပေးချေနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ဒါမှသာ မင်္ဂလာဆောင်ပြီးတာနဲ့ အခြားငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပြီး အကြွေးပြန်ဆပ်ဖို့ လုံးပန်းနေစရာမလိုတော့မှာ ဖြစ်ပါတယ်။ မင်္ဂလာအခမ်းအနားစရိတ်အတွက် အသုံးစရိတ်တစ်ခုကို သတ်မှတ်ထားပြီး လစဉ်ဝင်ငွေထဲက ပမာဏတစ်ခုကို စုဆောင်းထားတာ အကောင်းဆုံးပါပဲ။
၇။ ငွေကြေးဆိုင်ရာ ရေရှည်ရည်မှန်းချက်တွေ ထားရှိပါ။
ငွေကြေးနဲ့ ပတ်သက်လာရင် ရေရှည်ရည်မှန်းချက်တွေ ထားရှိဖို့ အရေးကြီးပါတယ်။ ဒီလိုရည်မှန်းချက်တွေ ထားရှိခြင်းအားဖြင့် သင်ဘာအတွက် အလုပ်လုပ်နေတယ်ဆိုတာကို သိနေစေနိုင်ပါတယ်။ သင့်အသက် (၂၀)ကျော် အရွယ်မှာ တကယ်ဖြစ်ချင်တဲ့အရာတွေကို ဆန်းစစ်ဖော်ထုတ်ပြီး သင့်ငွေကြေးကို လက်နက်တစ်ခုအနေနဲ့ သုံးတတ်ရမှာပါ။
၈။ ငွေကြေးနဲ့ပတ်သက်ရင် တစ်ကိုယ်ကောင်းဆန်ပါ။
သင့်ငွေကြေးနဲ့ ပတ်သက်လာရင် သင်တန်ဖိုးထားတဲ့အရာတွေအတွက်သာ ငွေကိုသုံးစွဲပြီး အချိန်တိုင်းမဟုတ်ရင်တောင် အချိန်တော်တော်များများမှာ တစ်ကိုယ်ကောင်းဆန်တတ်ဖို့ မမေ့ပါနဲ့။ မလိုအပ်ပဲ အခြားသူတွေအတွက် ထုတ်သုံးတာမျိုး ဆင်ခြင်ဖို့ ပြောချင်တာပါ။ သင်တန်ဖိုးထားတဲ့အရာဖြစ်ပြီး သင့်ကိုလည်း ပျော်ရွှင်စေနိုင်မယ်ဆိုရင် သင်တတ်နိုင်နေသေးသ၍ အသုံးစရိတ်ဖြတ်တောက်ဖို့ မလိုပါဘူး။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine