အျပာကားေတြ စြဲေနၿပီလား ???
(Zawgyi)
အျပာကားေတြကို ေတာ္႐ုံစိတ္၀င္စားမႈမ်ိဳးက လက္မခံႏိုင္စရာ မရွိပါဘူး။ ဒါေပမယ့္ အျပာကားေတြကို မူးယစ္ေဆး၀ါးစြဲသလို စြဲလမ္းတဲ့အဆင့္ေရာက္လာၿပီဆိုရင္ေတာ့ မေကာင္းေတာ့ပါဘူး။ ဒါဆိုရင္ သင့္ကိုယ္သင္ အျပာကားစြဲလမ္းေနၿပီလားဆိုတာကို ဒီအခ်က္ေတြနဲ႔ တိုက္ဆိုင္စစ္ေဆးလိုက္ပါ။
၁။ လူမွႈေရးေတြ ေရွာင္လာမယ္။
သင့္ရဲ႕ မိတ္ေဆြအေပါင္းအသင္းေတြ ဒါမွမဟုတ္ မိသားစု၀င္ေတြက အတူတကြ ေတြ႕ဆံုၾကဖို႔၊ သြားၾကလာၾကဖို႔ ဖိတ္ေခၚေပမယ့္ တစ္ေယာက္တည္းေနဖို႔ပဲ စိတ္အားထက္သန္ေနမယ္။ ဒီလို လူမႈေရးကိစၥေတြကို တတ္ႏိုင္သမွ်ေရွာင္ၿပီး အိမ္မွာတစ္ေယာက္တည္း ေနခဲ့ရဖို႔ပဲ ႀကိဳးစားေနမယ္၊ အိမ္ေရာက္တာနဲ႔ အျပာဇာတ္လမ္းေတြ ဖြင့္ၾကည့္ေနတတ္မယ္ဆိုရင္ စြဲလမ္းစျပဳေနပါၿပီ။
၂။ အျပာကားၾကည့္တာကို လ်ိဳ႕၀ွက္ထာမယ္။
လိင္မႈကိစၥေတြ၊ အေလ့အက်င့္ေတြနဲ႔ ပတ္သက္လာရင္ လူအမ်ားစုက လ်ိဳ႕၀ွက္ထားတတ္ၾကတာ သဘာ၀ပါပဲ။ ဒါေပမယ့္ အျပာကားစြဲလမ္းေနတဲ့သူေတြကေတာ့ သူတို႔အေနနဲ႔ အျပာကာေတြကို မၾကာခဏၾကည့္တတ္တာကို လံုး၀အသိမခံႏိုင္ေလာက္ေအာင္ကို လ်ိဳ႕၀ွက္ထားတတ္ၾကပါတယ္။
၃။ အျပာကားၾကည့္ၿပီး အခ်ိန္ကုန္မွန္းမသိျဖစ္လာမယ္။
အင္တာနက္ေပၚမွာ အျပာကားေတြ၊ ဇာတ္လမ္းအပိုင္းအစေလးေတြ တစ္ခုၿပီးတစ္ခုရွာၾကည့္ရင္း နာရီၾကည့္လိုက္မိခ်ိန္မွာ အခ်ိန္ေလးငါးနာရီကုန္သြားတာမ်ိဳး ျဖစ္ေနၿပီဆိုရင္ သင္အျပာကား စြဲေနပါၿပီ။ အျပာကားေတြကလည္း အခ်ိန္ကို ေမ့သြားေစၿပီး က်ိဳးေၾကာင္းဆင္ျခင္ႏိုင္မႈကို ကင္းမဲ့သြားေစႏိုင္ပါတယ္။ အရက္ေၾကာင့္ အသိစိတ္လြတ္သြားသလိုမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။
၄။ လက္ေတြ႕လိင္မႈဘ၀မွာ အေႏွာက္အယွက္ျဖစ္လာတယ္။
အျပာကားေတြကို တစိုက္မတ္မတ္ၾကည့္ေနမယ္ဆိုရင္ တကယ့္လက္ေတြ႕မွာ လိင္စိတ္ႏိုးၾကားဖို႔အတြက္ အခက္အခဲေတြ ရွိလာတတ္ပါတယ္။ သင့္ပါတနာနဲ႔ ဆက္ဆံတဲ့အခါမွာလည္း စိတ္ကူးယဥ္ဆန္ေနဖို႔၊ အပ်ိဳးေလးကို ေသခ်ာလုပ္ေပးဖို႔ေတြ စိတ္မ၀င္စားေတာ့ပဲ အျပာကားေတြထဲကလို လုပ္ေဆာင္ဖို႔ပဲ စိတ္အားထက္သန္ေနတတ္ပါတယ္။ တစ္ေယာက္တည္းသမားဆိုရင္လည္း အျပာကားၾကည့္ၿပီး မၾကာခဏစိတ္ေျဖျခင္းက သင့္ရဲ႕လိင္စိတ္ႏိုးၾကားမႈကို ေလ်ာ့နည္းေစႏိုင္ၿပီး တကယ္တိုက္ပြဲမွာ စြမ္းေဆာင္ရည္က်ဆင္းေစႏိုင္ပါတယ္။
၅။ တကယ့္လိင္ကိစၥကိုလည္း အျပာကားေတြလိုပဲ ျဖစ္ခ်င္လာတယ္။
သင့္ရဲ႕ အတူဖက္ပါတနာကို သင္အႀကိဳက္ဆံုး အျပာကားဇာတ္ေဆာင္မင္းသမီးနဲ႔ ႏႈိင္းယွဥ္ၾကည့္ေနမယ္။ ဒါမွမဟုတ္ သင္ၾကည့္ဖူးတဲ့ အျပာကားထဲက ဇာတ္ကြက္အတိုင္း လုပ္ၾကည့္ခ်င္ေနတယ္။ သင့္ပါတနာက လိုက္လုပ္ဖို႔ ျငင္းဆန္ေနရင္ေတာင္မွ သင္က စိတ္ဆိုးေနတတ္မယ္ဆိုရင္ေတာ့ အျပာကားစြဲလမ္းေနတာ ေသခ်ာပါတယ္။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တာၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
++++++++++++++++++++++++++++++++++++++++++++++++++++++++++
အပြာကားတွေ စွဲနေပြီလား ???
(Unicode)
အပြာကားတွေကို တော်ရုံစိတ်ဝင်စားမှုမျိုးက လက်မခံနိုင်စရာ မရှိပါဘူး။ ဒါပေမယ့် အပြာကားတွေကို မူးယစ်ဆေးဝါးစွဲသလို စွဲလမ်းတဲ့အဆင့်ရောက်လာပြီဆိုရင်တော့ မကောင်းတော့ပါဘူး။ ဒါဆိုရင် သင့်ကိုယ်သင် အပြာကားစွဲလမ်းနေပြီလားဆိုတာကို ဒီအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်ပါ။
၁။ လူမှှုရေးတွေ ရှောင်လာမယ်။
သင့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ဒါမှမဟုတ် မိသားစုဝင်တွေက အတူတကွ တွေ့ဆုံကြဖို့၊ သွားကြလာကြဖို့ ဖိတ်ခေါ်ပေမယ့် တစ်ယောက်တည်းနေဖို့ပဲ စိတ်အားထက်သန်နေမယ်။ ဒီလို လူမှုရေးကိစ္စတွေကို တတ်နိုင်သမျှရှောင်ပြီး အိမ်မှာတစ်ယောက်တည်း နေခဲ့ရဖို့ပဲ ကြိုးစားနေမယ်၊ အိမ်ရောက်တာနဲ့ အပြာဇာတ်လမ်းတွေ ဖွင့်ကြည့်နေတတ်မယ်ဆိုရင် စွဲလမ်းစပြုနေပါပြီ။
၂။ အပြာကားကြည့်တာကို လျို့ဝှက်ထာမယ်။
လိင်မှုကိစ္စတွေ၊ အလေ့အကျင့်တွေနဲ့ ပတ်သက်လာရင် လူအများစုက လျို့ဝှက်ထားတတ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် အပြာကားစွဲလမ်းနေတဲ့သူတွေကတော့ သူတို့အနေနဲ့ အပြာကာတွေကို မကြာခဏကြည့်တတ်တာကို လုံးဝအသိမခံနိုင်လောက်အောင်ကို လျို့ဝှက်ထားတတ်ကြပါတယ်။
၃။ အပြာကားကြည့်ပြီး အချိန်ကုန်မှန်းမသိဖြစ်လာမယ်။
အင်တာနက်ပေါ်မှာ အပြာကားတွေ၊ ဇာတ်လမ်းအပိုင်းအစလေးတွေ တစ်ခုပြီးတစ်ခုရှာကြည့်ရင်း နာရီကြည့်လိုက်မိချိန်မှာ အချိန်လေးငါးနာရီကုန်သွားတာမျိုး ဖြစ်နေပြီဆိုရင် သင်အပြာကား စွဲနေပါပြီ။ အပြာကားတွေကလည်း အချိန်ကို မေ့သွားစေပြီး ကျိုးကြောင်းဆင်ခြင်နိုင်မှုကို ကင်းမဲ့သွားစေနိုင်ပါတယ်။ အရက်ကြောင့် အသိစိတ်လွတ်သွားသလိုမျိုး ဖြစ်စေနိုင်ပါတယ်။
၄။ လက်တွေ့လိင်မှုဘဝမှာ အနှောက်အယှက်ဖြစ်လာတယ်။
အပြာကားတွေကို တစိုက်မတ်မတ်ကြည့်နေမယ်ဆိုရင် တကယ့်လက်တွေ့မှာ လိင်စိတ်နိုးကြားဖို့အတွက် အခက်အခဲတွေ ရှိလာတတ်ပါတယ်။ သင့်ပါတနာနဲ့ ဆက်ဆံတဲ့အခါမှာလည်း စိတ်ကူးယဉ်ဆန်နေဖို့၊ အပျိုးလေးကို သေချာလုပ်ပေးဖို့တွေ စိတ်မဝင်စားတော့ပဲ အပြာကားတွေထဲကလို လုပ်ဆောင်ဖို့ပဲ စိတ်အားထက်သန်နေတတ်ပါတယ်။ တစ်ယောက်တည်းသမားဆိုရင်လည်း အပြာကားကြည့်ပြီး မကြာခဏစိတ်ဖြေခြင်းက သင့်ရဲ့လိင်စိတ်နိုးကြားမှုကို လျော့နည်းစေနိုင်ပြီး တကယ်တိုက်ပွဲမှာ စွမ်းဆောင်ရည်ကျဆင်းစေနိုင်ပါတယ်။
၅။ တကယ့်လိင်ကိစ္စကိုလည်း အပြာကားတွေလိုပဲ ဖြစ်ချင်လာတယ်။
သင့်ရဲ့ အတူဖက်ပါတနာကို သင်အကြိုက်ဆုံး အပြာကားဇာတ်ဆောင်မင်းသမီးနဲ့ နှိုင်းယှဉ်ကြည့်နေမယ်။ ဒါမှမဟုတ် သင်ကြည့်ဖူးတဲ့ အပြာကားထဲက ဇာတ်ကွက်အတိုင်း လုပ်ကြည့်ချင်နေတယ်။ သင့်ပါတနာက လိုက်လုပ်ဖို့ ငြင်းဆန်နေရင်တောင်မှ သင်က စိတ်ဆိုးနေတတ်မယ်ဆိုရင်တော့ အပြာကားစွဲလမ်းနေတာ သေချာပါတယ်။
မိန်းကလေးတိုင်း တောင့်တာပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine